Chapter 1(part 2)
“ပြောပါဦး ငါ့ကိုဒီထဲခေါ်လာရတဲ့ အကြောင်းအရင်းလေး”
System – “Hostအတွက် သဘာဝတရားကြီးက တရားမျှတအောင် လုပ်ပေးနေတာမို့လို့လေ”
“ဟမ့်!.. ဘာမှကို မဆိုင်တာတွေ.. ”
System – “Hostသာ systemနဲ့ချိတ်ဆက်ပြီး ကမ္ဘာပေါင်းများစွာမှာ တာဝန်တွေကိုပြီးမြောက်အောင်လုပ်နေသရွေ့ Host ဖြစ်ချင်တဲ့ ဆန္ဒ သုံးခုကိုတောင်းဆိုလို့ရတယ်.. ဒါ့အပြင် Hostရဲ့ မူလကမ္ဘာကိုပြန်သွားလို့ရသေးတယ်”
“ငါက မသွားချင်ဘူး တာဝန်လည်းမလုပ်ချင်ဘူး ဆိုရင်ရော”
“…..”
systemလေးမှာ ဆွံ့အသွားရသည်.. သူတကယ် ဒီလိုမျိုး ပြောရဆိုရခက်တဲ့ Hostတွေအကြောင်း တစ်ခါမှမကြားဖူးဘူး.. သူ့ရဲ့ အသိsystemပြောတာဒီလိုမျိုးမဟုတ်ပါဘူးနော်.. သူရဲ့ ပထမဆုံးတာဝန်မှာပဲ Hostရွေးချယ်မှု မှားသွားခဲ့ပြီလား..
System – ” Hostသာ systemနဲ့ လက်မတွဲရင်တော့ hostတစ်ခါတည်းသေသွားလိမ့်မယ်”
“သေခြင်းတရားဆိုတာက သဘာဝပဲ.. ဘာကြောက်စရာရှိလို့လဲ သေပါစေပေါ့”
ယွန်ရှန့် ကအေးအေးလှူလှူပဲပြောလိုက်သည်
“ဒါပေမယ့် Host ရှိမှဖြစ်မယ့် လူတစ်ယောက်ရှိနေသေးတယ်လေ.. သူ့အတွက်မတွေးပေးတော့ဘူးလား.. ပြီးတော့ ကျွန်တော်ကလည်း Hostကို အားကိုးမှ ဖြစ်မယ့်ဘဝရောက်နေတာမို့ပါ”
Systemလေးက နောက်ဆုံးစာကြောင်းကို ပိုပိုလိုလိုပြောလိုက်သည်.. သူ့hostကို သူကိုယ်တိုင်ရွေးချယ်ခဲ့တာဖြစ်လို့ လွယ်လွယ်ကူကူတော့ လက်မလျော့ချင်ပါ
“ကောင်းပြီ!”
System- “???”
တကယ်ကြီး အလုပ်ဖြစ်သွားတာလားဟ
System- “ဒါဆိုရင် ကျွန်တော်တို့ အလုပ်ကြောင်းလေး ဆက်သွားကြမလားဗျ”
“အင်း”
Name-ယွန်ရှန့်
Age -21
Level-0
Store-မရှိ
Point-0
တတ်မြောက်သည့်ပညာရပ်-အတိုက်အခိုက်၊
hacking၊အချက်အပြုတ်၊ ပန်းချီ
[Host ကမ္ဘာတစ်ခုကိုသွားတိုင်း လိုအပ်တဲ့ပညာတစ်ခုကိုသင်ယူရပါမယ်.. ပြီးရင် ကမ္ဘာတစ်ခုရောက်တိုင်းHostဝင်တဲ့ ကိုယ်ကို ရုပ်ရည်မြှင့်တင်ပေးနေမှာပါ]
“ကောင်းပြီလေ…ဒါနဲ့ မင်းကsystem 917ဆိုတာအပြင် အခြားနာမည်မရှိဘူးလား”
[မရှိပါဘူး Host]
“မှတ်ထားလိုက် အခုချိန်က စပြီး မင်းနာမည်ကို ပိုးလို့ခေါ်မယ်”
*ငါ့ Hostက ထင်သလောက်မဆိုးပါဘူး
သဘောကောင်းပါတယ်.. ဒါပေမယ့်.. *
[Host ကျွန်တော်က အထီးကြီးလေ နာမည်နဲ့မလိုက်… ]
“မလိုက်ဘူးဆိုတာ မရှိဘူး”
*အင်း.. ထားပါတော့.. ငါsystemလေးရဲ့ ချစ်စရာကောင်းမှုအဖြာဖြာကြောင့် ဒီလိုခေါ်တာနေလိမ့်မယ်.. သည်းခံလိုက်!*
[ကောင်းပါပြီHost .. အခုပညာရပ်တစ်ခုကိုရွေးပြီး သင်ယူရပါမယ်]
“ကောင်းပြီ”
[အစားအသောက်ချက်ပြုတ်ခြင်း၊
ပန်းချီပညာ၊ ကလေးထိန်းခြင်း တစ်ခုရွေးပါ Host]
“ဘယ်နားက ကလေးထိန်းက ပါလာရတာလည်း.. နောက်ပြီး ကျန်တာတွေကိုကြည့်လိုက် ငါတတ်ပြီးသား”
[Hostသွားရမယ့် ကမ္ဘာအတွက်လိုအပ်လို့ ထည့်ထားပေးတဲ့သဘောပါ]
“ဒါဆို.. ”
[Hostရွေးရခက်ရင် ကျွန်တော်ပဲရွေးပေးလိုက် ပါ့မယ်.. ]
ထို့နောက် ချက်ချင်းပင် လေတစ်ချက်တိုက်ခတ်လာပြီး ယွန်ရှန့်ကို သယ်ယူသွားလေသည်..
[ကံကောင်းပါစေ Host]