(Decription)

သနားစရာကောင်းသည့် shou ကလေး အန်းလော့တစ်ယောက် မတော်တဆဖြစ်စဥ်အတွင်းတွင် စီးပွားရေးနယ်ပယ်က သခင်လေးတစ်ယောက်၏ ခန္ဓာကိုယ်ထဲ ရောက်သွားလေသည်။
အဘိုး၏နှစ်သက်ခြင်းခံရသော မြေးကြီးတစ်ယောက်အနေဖြင့် ညီအစ်ကိုအချင်းချင်းကြား အာဏာလုပွဲတွင် အမြောက်စာခံတစ်ယောက်သာ ဖြစ်နိုင်ပုံရလေသည်။ ယင်းထက် ပိုကြောက်ဖို့ကောင်းသည်က……
တိတိလေး သူ့ကို ကြည့်သောအကြည့်များက တဖြည်းဖြည်းနှင့် ထူးဆန်းလာခြင်းပင်။ ဒါအပြင် တစ်လက်မပေး တစ်ပေလိုချင်နှင့် ကမ်းတက်လာခြင်းပင်။
တိတိဆီကနေ အဖိခံထားရသည့် ထိုတစ်ခဏတွင် အန်းလော့ သောကရောက်စွာ စဥ်းစားမိသည်က ဤထူးဆန်းလှသော “ညီအစ်ကိုအချစ်” ဆက်ဆံရေးမှ ဒီတစ်သက် မလွတ်မြောက်နိုင်တော့ဘူးလား ဟူ၍ပင်။
အန်းလော့ (မျက်မှောင်ကြုတ်လျက်) : ငါပြန်လည်မွေးဖွားလာပြီးနောက်မှာ ထူးဆန်းတဲ့လူတွေနဲ့ မပေါင်းချင်ဘူး
တစ်စုံတစ်ယောက် (အနောက်တွင် ရုတ်တရက်ပေါ်လာကာ ပြုံးလျက်ဖြင့်) :ကောကော စောနက ဘာပြောနေတာလဲ?
အန်းလော့ : …… ဘာမှမပြောပါဘူး
____________________
Xiao Dream