Prologue
Yun Xunငယ်ငယ်တုန်းက Fu Chengshuချီခေါ်တာခံရပြီး သူ့အိမ်ကို ခေါ်သွားကာ၁၀နှစ်ကျော်ကြာအောင် အလိုလိုက်တာခံခဲ့ရသည်။
စည်းမဲ့ကမ်းမဲ့ဖြစ်လောက်အောင်ကို သူကအလိုလိုက်တာကို ခံခဲ့ရသည်။သူကလေးဘဝတုန်းက ချားရဟတ်ကိုကြိုက်တော့ Fu Chengshuကကစားကွင်းတစ်ခုဆောက်ပေးသည်၊ YunXunက သကြားလူသားကိုကြည့်ချင်တော့တစ်မြို့လုံးက ကျေးလက်ပညာရှင်တွေကိုဖိတ်ပြီး အလှည့်ကျစီ သူ့အတွက်ပြသစေခဲ့သည်။
Yun Xun အရွယ်ရောက်ချိန် အနုပညာလောကထဲ ဝင်ချင်သောအခါမှာလည်း Fu Chengshu က အကောင်းဆုံးအသင်း နှင့် အရင်းအနှီးတွေကိုထုတ်ပေး၊ ထိပ်တန်းအဆက်အသွယ်အခွင့်အရေးတွေကိုပေးပြီး အထက်တန်းအောင်ပြီးခါစကျောင်းသားအသစ်လေးကို ချက်ချင်း ပထမတန်းစားအနုပညာရှင်ဖြစ်အောင် လုပ်ပေးခဲ့သည်။
နောက်ပိုင်းမှာ နှစ်ယောက်သား လက်ထပ်ဖို့ မှတ်ပုံတင်တောင် ယူခဲ့ကြသည်။လူချမ်းသာအသိုင်းအဝိုင်းအတွင်းမှာရော အပြင်မှာရောYun Xunကိုမနာလိုသူ မရှိဖြစ်သွားခဲ့သည်။ Fuဥက္ကဠရဲ့ အထူးနှစ်သက်ခြင်းကို ဘယ်သူကမခံချင်မှာလဲ?
အနုပညာလောကထဲက ထိပ်သီးတစ်ယောက်ဖြစ်တဲ့ Liu Ningပြန်မရောက်မလာချင်းပင်။ဒီတစ်ယောက်က Fu Chengshu လက်အောက်မှာအောင်မြင်ခဲ့သော ပထမဆုံးအနုပညာရှင်ဖြစ်ပြီး သူရဲ့လရောင်ဖြူဆိုပြီး ကောလာဟလတွေထွက်ထားသေးတယ်ဆိုတာကို လူတိုင်းက ရုတ်တရက် သတိရသွားကြသည်။
တစ်နည်းအားဖြင့်တော့ Yun Xun က ဒီအတိုင်း အစားထိုးခံသာသာပဲ။အကုန်လုံးက Yun Xun အရှက်ကွဲတာကို ဟားတိုက်ရယ်ကြဖို့စောင့်နေကြပေမယ့် မထင်မှတ်ပဲ သူတို့ စောင့်လိုက်ရတာက Fu Chengshu ကသူ့ရဲ့ရိုက်ကွင်းထိ လိုက်သွားတယ် ဆိုသောသတင်းသာဖြစ်သည်။
Yun Xun ရှုတင်ရိုက်ရသောအချိန်မှာ ရာသီဥတုအေးနေသောကြောင့် Fu Chengshu က သူ့ရဲ့ကုတ်အင်္ကျီချက်ချင်းဝတ်ပေးပြီး Yun Xun၏လက်ကလေးတွေကို သူ့လက်ထဲမှာကိုင်ထားပေးပြီး နွေးအောင်လုပ်ပေးသည်။ရေကပူနေရင် သူကိုယ်တိုင်အေးအာင် မှုတ်ပေးပြီး Yun Xun နှုတ်ခမ်းထိကို ခွက်ကိုတေ့ပြီးတိုက်ပေးသည်။
Yun Xun သူ့ကို ကြည့်လိုက်တာနှင့်တစ်ပြိုင်နက် သူဘာလိုချင်လဲ ဆိုတာကိုFu Chengshu တန်းသိနေသည်။
ကြီးမားလှတဲ့Fuမိသားစု၏ ဥက္ကဋ္ဌကြီးက လက်ထောက်လေးတစ်ယောက်အတိုင်းပင်။
အားလုံးကအံ့အားသင့်သွားပြီးဘယ်သူကလရောင်ဖြူဆိုတာကိုပြောရခက်သွားခဲ့သည်။Yun Xunတစ်ယောက်ကတော့ Liu Ningနာမည်သံကိုကြားတာနှင့် သူ့မျက်နှာလေးက မာထန်သွားပြီး ကြမ်းတမ်းစွာ ပြောလိုက်သည်။
“ကွာရှင်းမယ်!မကွာရှင်းတဲ့လူက ငါမြေးပဲ!”
Fu Chengshu လူတွေအားလုံးရဲ့ရှေ့မှာ တစ်စက်လေးတောင် မျက်နှာမပျက်ဘဲ “ဘိုးဘေးလေးရယ်”ဟုဆိုကာ သူ့၏ရင်ခွင်ထဲပွေ့ချီလိုက်သည်။၁၀နှစ်ကျော်ကြာပြီးနောက် ပထမဦးဆုံး “မလုပ်ပေးနိုင်ဘူး”ဟု
Yun Xunအားငြင်းဆိုလိုက်သည်။သူ့အသံကို လေးနက်စွာဖြင့်ပြောလိုက်သည်။
“လိမ္မာပါကွာ၊မင်းလုပ်ချင်တာမှန်သမျှ အိမ်ပြန်ရောက်ရင် လုပ်လို့ရတယ်”
[Fu Chengshu-ဖူချန်းရှု/
Yun Xun-ယွမ်ရွှမ်လို့ဖတ်လို့ရပါတယ် chineseနာမည်ဆိုတော့အသံထွက်တွေမှားရေးမှာစိုးတာကြောင့်Eလိုသာရေးပါမယ်]
[*သကြားလူသားဆိုတာ ဒီလိုလေးပါ တရုတ်နန်းတွင်းကားတွေဆိုပါတတ်တယ် ဒါကတော့အကောင်ပုံလေးတွ သူကတော့ လူသားပုံလေးပေါ့]