Chapter - 6.1
- Home
- All Mangas
- မခစားလိုက... သတ်စေ!
- Chapter - 6.1 - အပိုင်း (၆) လမ်းကျဥ်းတစ်ခုပေါ်က ရန်သူများ၊ မျက်လုံးနီနီနဲ့ချစ်သူလုဖက် (၆.၁)
အပိုင်း (၆) လမ်းကျဥ်းတစ်ခုပေါ်က ရန်သူများ၊ မျက်လုံးနီနီနဲ့ချစ်သူလုဖက်
နန်းတော်ဥယျာဥ်ထဲက မက်မွန်တောက အစာခြေတဲ့နေရာမှာ အထောက်အကူပြုဖို့ အပျင်းပြေ လမ်းလျှောက်လို့ကောင်းတဲ့ နေရာတစ်ခုဖြစ်သလို ချစ်သူတွေ ချိန်းတွေ့လို့ကောင်းတဲ့ နေရာတစ်ခုပေါ့။
. . .
အဲဒီနှစ်မှာ ချန်နိုင်ငံတော်ကြီး ဖျက်ဆီးခံလိုက်ရပြီး ရှေ့တန်းကနေ ပြန်လာတဲ့ ကျွန်မကို ရှောင်ဟွမ်က ဆွဲထွက်သွားတာ နန်းတော်ဥယျာဥ်ထဲက မက်မွန်းပန်းတွေကို သွားကြည့်ချင်လို့တဲ့လေ။ နှစ်တိုင်း ၃လပိုင်းဆိုရင် နန်းတော် ဥယျာဥ်ထဲက မက်မွန်ပွင့်တွေက ကြက်သွေးရောင်လွှမ်း မွှေးပျံ့နေတာ ဘရိုကိတ်သားကို အပုံလိုက်ချထားသလို၊ အနီရောင်တိမ်တွေကို အလွှာလိုက်ထပ်ထားသလိုပဲ။ ဒါက ပန်းသီးရိုင်းတွေ စွေးစွေးနီတဲ့ ရာသီဆိုလည်း အဟုတ်ပဲ။
အပြင်လောကကတော့ စစ်မီးနဲ့အဆိပ်သင့်တာ သနားစရာပါ။ ချီနိုင်ငံရဲ့စစ်တပ်က နေပြည်တော်ကို ဝင်တိုက်နေပြီး မြို့တံခါးကို တစ်ချက်ချင်း ထုရိုက်နေတဲ့ သစ်တုံးထုသံက လူတွေရဲ့ဆန္ဒကို ရက်ရက်စက်စက် ထုခြေနေတဲ့ လေးလံတဲ့တူကြီးတစ်ခုလို သူတို့ရဲ့စိတ်ဆန္ဒတွေနဲ့ သတ္တိတွေကို ထိန်းချုပ်လို့မရနိုင်လောက်အောင် တုန်လှုပ်နေတဲ့အထိ ထုခြေနေလေရဲ့။ တကယ်တော့ ကျွန်မတို့လည်း အဲဒီနေရာကို မသွားခဲ့ပါဘူး။
. . .
ဗိုက်ပြည့်နေအောင် စားသောက်ပြီး ကျွန်မမှာစောင့်ရှောက်ပေးရမယ့် ကလေးလည်း မရှိတော့ဘူးဆိုတော့ နွေဦးနေ့ရက်တွေက တောက်ပပြီး နေသာတယ်လို့ပဲ ခံစားမိလိုက်တယ်။ ထျန်းပင်းချင်က အဖော်လိုက်လုပ်ပေးပြီး ကျွန်မက အနီးတဝှိုက်ကို လျှောက်လာပြီးမှ နောက်ဆုံးတော့ မက်မွန်ပွင့်တောဆီမှာ အဆုံးသတ်သွားခဲ့တယ်။ နူးညံ့တဲ့မွှေးရနံ့က ကျွန်မနှာခေါင်းထဲ ဝင်လာပြီး အနီရောင်တိမ်သား ခန်းဆီးတစ်ခုက ကျွန်မရဲ့မျက်လုံးတွေထဲမှာ ပြည့်သွားပြီး ကျွန်မနှလုံးသားထဲမှာ အေးချမ်းမှုကိုပဲ ခံစားလိုက်ရတယ်။ ကျွန်မ ကိုယ့်ဟာကိုယ် စဥ်းစားမိလိုက်တယ်။ ချီနိုင်ငံရဲ့အကျဥ်းသားတစ်ယောက်က ဝမ်းဗိုက်ပြည့်လို့ လှပတဲ့ရှုခင်းကို ရှုစားနေနိုင်တာ ရှောင်ဟွမ်များ သိခဲ့ရင် သူက အရမ်းကို နောင်တရနေမိမလားလို့လေ။
ဒီလိုနေရာမျိုးမှာ ချင်းယွင်ကျန်းနဲ့ မမျှော်လင့်ဘဲ တွေ့ရတာလည်း ဒီအတိုင်း လမ်းကျဥ်းလေးထဲမှာ ရန်သူနဲ့တွေ့လိုက်ရသလိုပဲ။
နန်းတွင်းအစေခံမလေး လေးယောက်က ချင်းယွီကျန်းနောက်ကနေ တန်းစီပြီးလိုက်လာခဲ့တယ်။ ကျွန်မ မမှတ်သလောက်ကတော့ ကျွန်မအသက်အရွယ်နဲ့ယှဥ်ရင် သူက တစ်နှစ်ငယ်ပါသေးတယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ သူက အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်လို ဝတ်စားထားလေရဲ့။ လည်ပင်းလေးကို ဆန့်ပြီး မက်မွန်ပန်းသစ်တောကို မျက်နှာမူထားတဲ့ ကျောက်တုံးတံတားလေးကို စိတ်မရှည်လက်မရှည်နဲ့ ကြည့်နေတယ်။ သူ့ရဲ့ပြင်းပြတဲ့ ဆန္ဒနဲ့ဆိုရင် သူက အားမားကျောက်ဆောင် (ဇွဲရှိလွန်းတဲ့အတွက် ပင်လယ်နတ်သမီးရဲ့ ချီးမြောက်ခံရတဲ့အမျိုးသမီး)တောင်ဖြစ်နိုင်တယ်။
ထျန်းပင်းချင်နဲ့ကျွန်မက သူတို့နောက်ကနေ ဖြတ်အသွားမှာ ဒီထူးဆန်းတဲ့မြင်ကွင်းကို မြင်လိုက်ရပြီး ရှေးလူကြီးတို့ရဲ့အဆိုကို လက်ခံနိုင်သွားခဲ့တယ်: သက်ရှိသတ္တဝါတွေ မဆုံတွေ့ကြတဲ့နေရာတစ်ခု ရှိသေးလို့လားတဲ့။
ချန်နိုင်ငံ ရွေ့တော်ဝင်မင်းသားရဲ့ ပထမဇနီးကနေ မွေးလာတဲ့ အကြီးဆုံးသမီးဖြစ်တဲ့ ချင်းယွင်ကျန်းက မောက်မာပြီး ကျွန်မရဲ့ခေါင်းကို တက်နင်းတတ်လေ့ရှိတယ်။ ကျွန်မ ထင်ထားတာက ချန်နိုင်တော်ပြီး ဖျက်က်ဆီးခံလိုက်ရပြီဆိုတော့ ဒီကောင်မလေးကလည်း ဘာပဲဖြစ်ဖြစ် တော်ဝင်မိသားစုရဲ့ သေရေးရှင်ရေး အကြပ်အတည်းထဲမှာ ပါသွားလိမ့်မယ်လို့ ထင်ထားခဲ့တာမလား။ ဘယ်သူက ထင်ထားမှာလဲ။ ရှောင်ဟွမ်ကို အပြင်ဘက်မှာ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းနဲ့ ပျိုးထောင်ရင်း ပတ်ပြေးနေရပြီးမှ ဖမ်းခံလိုက်ရတဲ့ အဆင့်နိမ့်အကျဥ်းသားတစ်ယောက်ဖြစ်လာပြီး ပြန်ခေါ်လာခံခဲ့ရတဲ့ ငါနဲ့ယှဥ်ရင် ပိုပြီး နိမ့်ကျသလို အဆင့်မသာနိုင်တဲ့ ဒီမိန်းကလေးက ထန်းပင်းချင်ကို အရင်ဆုံး ရှေ့ထွက်ပြီး နှုတ်ဆက်ခိုင်းရလောက်တဲ့အထိ ဖြစ်လာမယ်လို့လေ။
“ယွီဖင်ကို နှုတ်ဆက်ပါတယ်” ဆိုတဲ့စကားက ကျွန်မအတွက် ကြည်လင်နေတဲ့ကောင်းကင်ကနေ ခေါင်းပေါ်ကို မိုးကြိုးပစ်ချလိုက်သလိုပါပဲ။ ကျွန်မရဲ့ ရှုပ်ထွေးသွားတဲ့ စိတ်အခြေအနေက လက်ရှိအချိန်က နေခင်းဖြစ်ရမဲ့အစား ညပိုင်းဖြစ်သွားလို ထင်ယောင်ထင်မှားတောင် ဖြစ်သွားခဲ့တယ်။
_ သူမဆိုတဲ့ ချင်းယွီကျန်းက ဖုန်းကျောက်ဝမ်ရဲ့ ဖင်အဆင့်မိဖုရား ဖြစ်လာသတဲ့လား။
ဒါက ဒီအတိုင်းကို လောကကြီးရဲ့ အကြီးမားဆုံးဟာသတစ်ခုပဲ။
ဟိုတုန်းကတော့ ရန်ဖင်ကို ရတဲ့နည်းနဲ့ လက်ထပ်ပြီး သူ့မိန်းမဖြစ်လာဖို့ မရမက ကြိုးစားခဲ့တာမဟုတ်ဘူးလား။
တစ်ချိန်က ကျွန်မရဲ့အုံးနှောက်ကို အရည်ထွက်တဲ့အထိ ဖျစ်ညစ်ပြီး သူ့ကို လက်တုန့်ပြန်ချင်မိတဲ့အထိ ကျွန်မ သူ့ကို အရိုးထဲအထိ မုန်းခဲ့ဖူးတယ်။ ကျွန်မ မသိခဲ့တဲ့နေရာတစ်ခုမှ ကံတရားက အစောကြီးကတည်းက သူ့ကို ရက်စက်တဲ့ရိုက်ချက်တစ်ခု ပေးခဲ့ပြီးပြီဆိုတာကို ကျွန်မ လုံးဝ မစဥ်းစားခဲ့မိဘူး။
ဒီအရာထက် ပိုပြီးစိတ်ကျေနပ်စေတဲ့သတင်း ဘာရှိအုံးမှာလဲ။
ကျွန်မမှာ ‘ဟား’ခနဲအော်ရယ်ရလောက်အောင် ကိုယ့်ဟာကို မထိန်းချုပ်နိုင်ခဲ့တာတော့ အမှန်ပဲ။ အဲဒီအသံကို ကြားလိုက်တော့ သူမက ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းလှည့်လိုက်ပြီး ကျော့ရှင်းလှတဲ့မျက်ခုံးတွေက မသိမသာ တွန့်ရှုံ့သွားပြီး လုံးဝမပျော်ရွှင်နိုင်တဲ့ပုံနဲ့ ကျွန်မကို ဒေါသတကြီး ခပ်စိမ်းစိမ်းကြည့်နေလိုက်တယ်။ သူမဘေးက နန်းတွင်းအစေခံမလေးက အသံကျယ်ကျယ်နဲ့ ပြစ်တင်မာန်မဲတော့တယ်။
“အတင့်ရဲလိုက်လေ၊ ယွီဖင်ရှေ့မှာရောက်နေတာတောင် ဒူးမထောက်သေးဘူးလား၊ နင် ဘယ်နန်းဆောင်ကလဲ၊ ဒီလောက်တောင် ရိုင်းစိုင်းရသလား”
အဲဒီနန်းတွင်းအစေခံကို မျက်နှာချင်းဆိုင်လိုက်ပြီး ထျန်းပင်းချင်က ဝါးစားမတတ်ခပ်စိမ်းစိမ်းကြည့်လိုက်ပြီး
“အဆင့်နိမ့်အစေခံမ နင်က မင်းကြီးရဲ့နန်းတော်က လူတွေကို ပညာပြရဲသေးတယ်ပေါ့လေ၊ လာကြစမ်း၊ သူ့ကို အပြစ်ပေးခန်းဆီ ဆွဲသွားလိုက်” သူ့ရဲ့စောစောက တရိုတသေ နှုတ်ဆက်ပုံကို လုံးဝမမြင်ရတော့ဘူး။
သူ့စကားက ကျွန်မကို ကာကွယ်ပေးဖို့ လှိမ့်လုံးတစ်ခုလို့ပဲ သဘောထားလိုက်ပြီး ကျွန်မက သူ့ကို ကျေးဇူးတင်တဲ့အကြည့်နဲ့ ကြည့်လိုက်ပေမဲ့ အနက်ရောင်ဝတ် လူတစ်ယောက်က နောက်ကနေ ရုတ်တရက်ပေါ်လာပြီး သူမက ကလေးရုပ်ဖြစ်နေပေမဲ့လည်း နန်းအတွင်းစေခံကို သယ်သွားလိမ့်မယ်လို့တော့ ထင်မထားမိခဲ့ပါဘူး။ အဲဒီနန်းတွင်းအစေခံမလေးက မိုးအောက်မြေပြင်တခွင်လုံးကြားအောင် အော်ငိုရင်း “ယွီဖင်ကယ်ပါလို့” သူမကို တောင်းပန်နေလေရဲ့။ ထင်မထားတာက သူမရဲ့ “ယွီဖင်”ဆိုသူက ဒီသုံးနှစ်အတွင်းမှာ တိုးတက်လာပုံများက သူမက ထျန်းပင်းချင်နဲ့ မငြင်းခုံတော့ပဲ အဝေးကို ဆွဲခေါ်သွားခံလိုက်ရတဲ့ အဲဒီနန်းတွင်းအစေခံမလေးကို ဒီအတိုင်း ကြည့်နေလေတယ်။ အဲဒီနောက်မှာမှ သူမက ဘာမှမဖြစ်သလို ပြောလိုက်တယ်။
“ထျန်းကုန်းကုန်း ဒီကလေးမလေးတစ်ယောက်အတွက်နဲ့ ဘာလို့ စိတ်ရှုပ်ခံနေတာလဲ”
အပ်တစ်ချောင်းလို မျက်လုံးအစုံက ကျွန်မရှိရာဖက်ကို ထိုးစိုက်လာပြီး
“ဒီမိန်းကလေးက … အရမ်းရင်းနှီးတယ်နော်”
ကျွန်မရဲ့စိတ်ထဲမှာတော့ တိတ်တိတ်လေး စိတ်အေးမိသွားခဲ့တယ်။ တော်ပါသေးရဲ့။ ထွက်ပြေးဖို့ လုံးဝမစဥ်းစားခဲ့မိပေလို့ပဲ။ မဟုတ်လို့ကတော့ နောက်တစ်ခါ ထပ်ပြီးအဖမ်းခံရရင် နေရာမှာတင် သေချာပေါက် သေရလိမ့်မယ်။ ဘယ်လိုလုပ်ပြီး အသက်တောင် ရှင်နိုင်ပါတော့မလဲ။ ချင်းယွီကျန်းရဲ့ အပ်တစ်ချောင်းလို မျက်လုံးတွေကို မြင်လိုက်ရတော့ ကျွန်မက အသံထွက်ပြီး ရယ်လိုက်မိတယ်။ ကျွန်မ မေ့သွားတော့မလိုလေ။ ဒီလူက ကျွန်မကို အမျိုးသမီးအဝတ်အစားနဲ့ တခါမှ မမြင်ခဲ့ဖူးဘူးပဲ။
“ယွီဖင်ကို နှုတ်ဆက်ပါတယ်၊ မင်းကြီးရဲ့ဂုဏ်အရောင်အဝါအောက်မှာ ယွီဖင်တစ်ယောက် ဂုဏ်ရောင်ထွန်းပြောင်ပြီး ချမ်းသာကြွယ်ဝပါစေ၊ အဆုံံးမရှိ ပျော်ရွှင်သက်ရှည်ပါစေ”
ကျွန်မက အမှားတစ်ဝက် အမှန်တစ်ဝက်ပါတဲ့ ဆုမွန်ကောင်းကို ကြားလိုက်ရတော့ ချင်းယွီကျန်းရဲ့ တင့်တယ်လှတဲ့မျက်နှာက ပြာတစ်ဝက် ဖြူတစ်ဝက်ဖြစ်သွားတော့တယ်။ သူမက တုန်ယင်နေတဲ့လက်နဲ့ ကျွန်မကို လက်ညိုးထိုးပြီး
“နင်… နင်… နေပါအုံး နင်က ဘယ်သူလဲ”
ထျန်းပင်းချင်က ကမာတစ်ကောင်လို နှုတ်ဆိတ်နေလိုက်ပြီး အရမ်းကို ရိုကျိုးတဲ့အမူအရာတစ်ခုကို ဆောင်ထားလိုက်တယ်။ သူက သူ့ပါးစပ်ကို တင်းနေအောင်စေ့ထားပြီး တခြားနေရာကို ကြည့်ရင်း ဒီလိုနဲ့ သူမကို ပြောပြဖို့ ငြင်းဆန်လိုက်တော့တယ်။
_ ဒီနန်းတွင်း ကုန်းကုန်းလေးက တမင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာပဲ။
ကျွန်မ စိတ်ထဲမှာ ကျိတ်ပျော်နေတုန်း နန်းတွင်းအစောင့်တဖွဲ့က အဲဒီကျောက်တံတားကို ဖြတ်လျှောက်လာခဲ့ကြတယ်။ ဦးဆောင်တဲ့သူက အဆင့်လေးစစ်ဖက်အရာရှိ ဝတ်စုံကို ဝတ်ထားပြီး ကျောက်စိမ်းလေးကို ထူးခြားနေမှတော့ သေချာပေါက် ရန်ဖင် ပဲပေါ့။
သူတို့ပြောတဲ့ စကားတွေက တကယ်မှန်တာပဲ။ တစ်ယောက်က ပြဇာတ်ကောင်းတစ်ခုကို ကြည့်ချင်ရင် တစ်ယောက်ကတော့ ပြဇာတ်စင်ကို ဆောက်ပေးလိမ့်မယ်တဲ့။
ကျွန်မတစ်ယောက်ထဲက ပြဇာတ်ကြည့်ရမယ်ဆိုမှတော့ ထင်းနည်းနည်းလောက် ထပ်ထည့်လိုက်ရလည်း စိတ်မကွက်ပါဘူး။
“ယွီဖင်ကို လျှောက်တင်ပါတယ်၊ ချန်နိုင်ငံတော်ကြီး မပျက်သုဥ်းခင်က တော်ဝင်မင်းသမီး ယွီကျန်းဟာ သူ့စိတ်ထဲမှာ ရန်ဖင်လို့ခေါ်တဲ့ လူငယ်လေးကိုပဲ ထည့်ထားပြီး တခြားသူတွေကို လက်ဆက်ဖို့ ငြင်းခဲ့တာကို ဒီအဆင့်နိမ့်တဲ့ကျွန်မက မှတ်မိနေပါသေးတယ်၊ သုံးနှစ်တာ ခွဲခွာပြီးနောက်မှာ ဘယ်လိုဖြစ်ပြီး မယ်မယ်က တခြားအတွက် သူ့ကို ဖယ်ခွာနိုင်ရက်တာလဲ”
ယွီကျန်းရဲ့ အသားနဲ့ မျက်နှာလှလှလေးပေါ်မှာ ကျန်နေတဲ့ သွေးစနည်းနည်းလေးက လုံးဝကို ပျောက်ကွယ်သွားပုံများ တစ္ဆေတစ်ကောင်လိုပဲ။ ကျွန်မကို လက်ညိုးထိုးထားပြီး သူမရဲ့နှုတ်ခမ်းတွေက စပြီး တုန်ယင်လာခဲ့တယ်။
“မင်း… တကယ်ပဲ မင်း ဘယ်သူလဲ”
ရှိုက်သံတစ်ချက်မှာ သူမရဲ့အသံက တင်းမာပြီး နန်းဆန်နေတော့တယ်။
“နန်းတော်ရဲ့ တံခါးတွေကို ဖြတ်လာပြီးပြီဆိုပြီး မင်းက ငါ မိဖုရားကို အသရေဖျက်ရဲရသလား”
အင်း။ တစ်ယောက်ယောက်ကို အသရေဖျက်တာ။ ဒီလိုအလုပ်က ကျွန်မရဲ့နှလုံးသားထဲက စိတ်ဆန္ဒအရ အမြဲတမ်း ပြီးမြောက်အောင်လုပ်ခဲ့တဲ့အရာပဲ။
ကျွန်မက ပခုံးကို လျှောထားလိုက်ပြီး အရမ်းကို ကြောက်လန့်နေတဲ့ပုံနဲ့ နည်းနည်းလောက် တုန်ယင်ပြလိုက်တယ်။ ဖုတ်ခနဲ အသံတစ်ချက်မှာ ကျွန်မက မြေကြီးပေါ်ကို ဒူးထောက်ချလိုက်ပြီး ထျန်းပင်းချင်ရဲ့ အူကြောင်ကြောင်အကြည့်ကြားမှာပဲ ကျွန်မက ချင်းယွီကျန်းကို နှစ်ကြိမ် ဦးချလိုက်ပြီး ရှိုက်သံပါအောင် ငိုလိုက်ရင်း
“ယွီဖင် ဒီအပြစ်သားက နောက်မလုပ်ရဲတော့ပါဘူး၊ လေးစားထိုက်တဲ့မယ်မယ်ကပဲ ဒီအပြစ်သားကို ချမ်းသာပေးပါ”
ဒီပရိယာယ်ကို အတိတ်တုန်းက ချင်းယွီကျန်း ကျွန်မအပေါ်မှာ မကြာခဏ သုံးခဲ့တယ်လေ။ အကြိမ်တစ်ရာ အသုံးချလည်း အကြိမ်တစ်ရာလုံး ထိရောက်မှုရှိခဲ့တယ်။ အကြိမ်တိုင်း ဒီပရိယာယ်က ရန်ဖင်ရဲ့ဆူပူကြိမ်းမောင်းမှုကို ခေါ်လာနိုင်လိမ့်မယ်။ အခုတော့ ဒီပရိယာယ်ရဲ့ ထိရောက်မှုကို စမ်းသပ်ဖို့ ကျွန်မ အလှည့်ရောက်လာပြီ။
ကျွန်မရဲ့မျက်လုံးထောင့်နေ ရန်ဖင်က အရမ်းကိုတောင့်တင်းနေတဲ့ပုံနဲ့ ခြေလှမ်းကျဲတွေနဲ့ ရောက်လာခဲ့တာကို မြင်လိုက်ရတယ်။ ချင်းယွီကျန်းနဲ့ မျက်နှာချင်းဆိုင်လိုက်ပြီး သူက အနည်းငယ် ဦးညွှတ်နှုတ်ဆက်လိုက်ပြီး
“ကျွန်တော်မျိုး ယွီဖင်ကို နှုတ်ဆက်ပါတယ်၊ ယွီဖင်က ယွီရွှီနန်းဆောင်မှာ မင်းကြီးကို တလေးတစားနဲ့ မစောင့်နေဘဲ ဒီမက်မွန်တောမှာ ဖြတ်သွားဖြတ်လာတစ်ယောက်အပေါ်ကို ဘယ်လိုဒေါသများ ဖွင့်ထုတ်ဖို့ ကြိုးစားနေတာပါလဲ”
ရှားရှားပါးပါး သူ့လေသံထဲမှာ သတိပေးဆုံးမတဲ့ အရိပ်အယောင်တစ်ခု ပါနေခဲ့တယ်။
အရင်တုန်းကဆိုရင် ရန်ဖင်က ချင်းယွီကျန်းကို လုံးဝစိတ်မဆိုးသလောက်ပဲ။
ကျွန်မက မရှိတဲ့မျက်ရည်ကို သုတ်ပစ်လိုက်ပြီး ထျန်းပင်းချင်ဆီကို လက်တစ်ဖက် ကမ်းလိုက်ပြီး
“ရှောင်ထျန်း ငါ့ခြေထောက်တွေ အားပျော့သွားတဲ့အထိ ဒူးထောက်လိုက်ရလို့ ငါ့ကို ထူပေးပါအုံး”
ဒါတွေအားလုံးက အဲဒီခွေးကောင် ဖုန်းကျောက်ဝမ်ကြောင့်လေ။ ဒါပေမဲ့လည်း ချင်းယွီကျန်းကို ရန်ဖင် စိတ်ဆိုးနေတာကို မြင်လိုက်ရတော့ ကျွန်မ သေသွားရင်တောင် မျက်လုံးတွေကို ကျေကျေနပ်နပ်နဲ့ မှိတ်ပစ်နိုင်တယ်လို့ ခံစားလိုက်ရတယ်။
ထျန်းပင်းချင်က ကျွန်မကို ဆွဲထူလိုက်ပြီး ကျွန်မရဲ့ဒူးနားက ဖုန်တွေကို ခါပေးရင်း အနားကပ်ပြီး လေသံနဲ့ ပြောလာတယ်။
“မိန်းကလေး မင်းကြီးက တော်ဝင်အမိန့် ထုတ်ထားပါတယ်၊ မင်းက နန်းတော်ထဲမှာ ကိုယ်လုပ်တော် မိဖုရားတွေကို ဒူးထောက်ဖို့မလိုဘူးတဲ့၊ ဘယ်လိုဖြစ်ပြီး ဒူးထောက်လိုက်တာလဲ”
ကျွန်မကဖြင့် သူ့အမေလည်း မဟုတ်ပါပဲနဲ့။ နန်းတော်ထဲမှာ ကိုယ်လုပ်တော်မိဖုရားတွေကို ဒူးထောက်ပြီး နှုတ်ဆက်စရာမလိုတာ မယ်တော်ကြီးတစ်ပါးပဲ ရှိတာလေ။ ဟုတ်တယ်မလား။
ကျွန်မကို ဆယ်စုနှစ်တစ်ခုလောက် နောက်ကျပြီးမှ မွေးခဲ့တာ နှမြောစရာပဲ။ ဖုန်းကျောက်ဝမ်ရဲ့အမေက ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်း ဆုံးပါးသွားပြီပဲ။ ဒီတော့ ကျွန်မကြားထားတဲ့ စကားကိုကြည့်ရင် နန်းတော်ထဲက လက်ရှိမယ်တော်ကြီးက မင်းသမီးတစ်ယောက်ထဲကို မွေးပေးနိုင်ခဲ့တဲ့ အရင်ချီဘုရင်ရဲ့ ဒုတိယမယားပဲ။ ဒီလိုဆိုရင် သူမက ကောင်းမွန်တဲ့အလှဆင်ပစ္စည်းတစ်ခုထက် မပိုဘူးပေါ့။
“အန်းယိ မင်း ဘာလို့ ဒီကိုရောက်နေတာလဲ”
ရန်ဖင်က ကျွန်မကို ခပ်မှိုင်မှိုင်လေး ကြည့်နေပြီး သူ့မျက်လုံးထဲက အမူအရာက အရမ်းကို ပွင့်လင်းနေတယ်။ သူက ကျွန်မကို အပေါ်အောက် တစ်ချက်ကြည့်လိုက်တယ်။ နောက်တော့ စိတ်မကျေနပ်တဲ့အတိုင်း နောက်တခါ ခေါင်းကနေခြေအဆုံး ထပ်ကြည့်လိုက်ပြန်တယ်။
ကျွန်မက ကြမ်းထော်နေတဲ့ကျွန်မရဲ့မျက်နှာကို တစ်ချက်ပွတ်သပ်လိုက်မိတယ်။ ချင်းယွီကျန်းရဲ့ ရေလို နူးညံ့သိမ်မွေ့တဲ့မျက်နှာနဲ့ ယှဥ်ရင် ကျွန်မရဲ့မျက်နှာက အရမ်းကိုကွားခြားလွန်းပါတယ်။ ပြီးတော့ ကျွန်မက နေရာတိုင်းမှာ အမျိုးသမီး အဝတ်အစားကိုလည်း ပေါ်ပေါ်ထင်ထင် ဝတ်ထားသေးတယ်။ တကယ့်ကို နည်းနည်းတော့ မြင်မကောင်းလေဘူးပေါ့။ ဒါပေမဲ့ အခုတော့ သူ ကျွန်မကို သဘောမကျမှာကို မကြောက်တော့ပါဘူး။ တဟဲဟဲ ရယ်ပြလိုက်ပြီး ကျွန်မရဲ့လက်နှစ်ဖက်ကို ယှက်ပြီး သူ့ကို နှုတ်ဆက်လိုက်တယ်။
“ဒီနိမ့်ကျတဲ့ကျွန်တော်မျိုးမက ရှုခင်းထဲ စိတ်ရောက်သွားပြီး ယွီဖင်ရဲ့စိတ်ကို နမော်နမဲ့နဲ့ နှောင့်ယှက်ခဲ့မိတာပါ၊ ဒါက စစ်သူကြီးရန် ဖြေရှင်းပေးရမယ့် ကိစ္စများလား”
ရုတ်ချည်းဆိုသလို သူ့မျက်နှာက အရမ်းကို စိတ်ပျက်သွားသလို စိမ်းဖန့်သွားခဲ့တယ်။
ဒီလို သနားစရာကောင်းတဲ့ သူ့ရုပ်လေးကို မြင်လိုက်ရတော့ ကျွန်မက ရှေ့ကို နှစ်လှမ်းလောက်တိုးသွားလိုက်ပြီး သူ့ရဲ့တောင့်တင်းနေတဲ့ ပခုံးကို ပုတ်ပေးလိုက်တယ်။ ကျွန်မရဲ့လေသံကို နှစ်ယောက်ထဲကြားနိုင်လောက်တဲ့အထိ နိမ့်ထားလိုက်ပြီး သူ့ကို သတိပေးလိုက်တယ်။
“စစ်သူကြီးရန် မင်းနဲ့ချင်းယွီကျန်းတို့က အပြန်အလှန်ချစ်မြတ်နိုးကြတာပါ၊ မင်းတို့နှစ်ယောက်ကြားမှာ ဓားမ,ချပြီး မင်းရဲ့ချစ်သူကို လုယူသွားခဲ့တဲ့သူက အရှင်မင်းကြီးဆိုတာ ရှင်းပါတယ်၊ ငါ ဒါတွေအားလုံးကို နားလည်ပေးနိုင်တယ်၊ ဒါပေမဲ့…. မက်မွန်တောအလယ်မှာ ပေါ်ပေါ်ထင်ထင် အကြောက်အလန့်မရှိ ချိန်းတွေ့တာကတော့ ဒီကိစ္စသာ ပျံ့သွားရင် လုံးဝမသင့်တော်ဘူးနော် ဟုတ်တယ်မလား”
. . .