Chapter - 8.1
- Home
- All Mangas
- မခစားလိုက... သတ်စေ!
- Chapter - 8.1 - အပိုင်း (၈) အရှက်ခွဲခံလိုက်ရတဲ့ အရှင်မင်းကြီး (၁)
အပိုင်း (၈) အရှက်ခွဲခံလိုက်ရတဲ့ အရှင်မင်းကြီး (၁)
ယွီဖင် ဝင်လာတဲ့အချိန်မှာ ကျွန်မကတော့ ထမင်းပန်းကန်လုံးကို ကိုင်ပြီး ပါးဖြဲနားဖြဲစားနေတာပေါ့။
သူမက ဖုန်းကျောက်ဝမ်ကို လှလှပပ ဦးညွှတ်နှုတ်ဆက်လိုက်ပေမဲ့ ကျွန်မကတော့ တစ်ချက်တောင် မျက်လုံးကို လှန်ကြည့်ဖို့ စိတ်မဝင်စားပါဘူး။ ကျွန်မရဲ့တူကို တစ်ချက်အမ,မှာ ဝက်သားနီးနှစ်တုံးကို ယူထားပြီးပြီ။ ယောက်ျားသားတွေကိုတောင် ကျော်လွန်ပြီး စစ်တန်းလျားမှာတုန်းက လေ့ကျင့်ခဲ့တဲ့ အသားလုနည်းကို အသုံးချလိုက်ပြီး အသားတွေကို ကျွန်မရဲ့ပါးစပ်ထဲ အသားတွေကို အနှောင့်အယှက်ကင်းကင်း သွပ်ထည့်လိုက်ပြီးနောက်မှာ ထမင်းတစ်လုပ်ကို ပါးစပ်အပြည့်ထပ်ထည့်လိုက်တယ်… တကယ့်ကို သောက်ကျိုးနဲ အရသာရှိချက်ပဲ။
သူမက စက်ဆုပ်သလို မျက်နှာထားနဲ့ ကျွန်မဝတ်ထားတဲ့ အဝတ်အစားနဲ့ ထမင်းစားနေတဲ့ ကျွန်မရဲ့အပြုအမူကို အခါခါ စူးစိုက်ပြီး ကြည့်နေလေတယ်။ ဒီကိစ္စနှစ်ခု ဒီလောက်အထိ ဆက်စပ်နေလိမ့်မယ်လို့ တစ်ခါမှ မစဥ်းစားခဲ့မိဖူးဘူး။ ကျွန်မက ဂါဝန်ပဲဝတ်ဝတ်၊ ယောက်ျားလေး ဘောင်းဘီပဲဝတ်ဝတ် စားတာတော့ စားရအုံးမှာပဲလေ။
ကျွန်မကို သူ့ကို ဖော်ဖော်ရွေရွေပဲ ပြုံးပြလိုက်ပြီးတော့ ပြောလိုက်ပါတယ်။
“ယွီဖင်ကို နှုတ်ဆက်ပါတယ်”
မက်မွန်တောထဲမှာတုန်းက ရှောင်ထျန်းက ကျွန်မကို ပြောခဲ့တယ်လေ။ ကျွန်မက နန်းတော်ထဲမှာ ကိုယ်လုပ်တော် မိဖုရားတွေကို ဒူးထောက်စရာမလိုဘူးလို့ ဖုန်းကျောက်ဝမ်က ခွင့်ပြုထားတယ်တဲ့။ အခုမှပဲ ဒီနှုတ်မိန့်က အသုံးဝင်မှန်း သိလိုက်ရတယ်။ ဒါက စကားနဲ့ပြောဖို့တောင် အရမ်းကို အံ့ဩစရာကောင်းနေပြီလေ။
မိုးနတ်မင်းကြီး သိပါတယ်။ ကျွန်မ ဒူးမထောက်ချင်ဆုံးသူက ချင်းယွီကျန်းပဲပေါ့။ မက်မွန်တောထဲမှာ အဲဒီတစ်ခါ ဒူးထောက်ခဲ့တယ်ဆိုတာလည်း သူမကို အရှက်ခွဲချင်ရုံသက်သက်ပဲလေ။ အရင်တုန်းကဆိုရင် သူမက ကျွန်မကို ဒုက္ခပေးဖို့ ဒီလှည့်ကွက်တစ်ခုထဲကိုပဲ သုံးခဲ့တာ….။ ဒီလှည့်ကွက်က အသုံးဝင်သေးလားဆိုတာကို သိချင်ရုံလောက်ပါပဲ။
ကျွန်မရဲ့ခါးနဲ့ကျောပြင်က တုတ်ချောင်းတစ်ချောင်းလို ဖြောင့်မတ်နေပြီး ဒူးထောက်လိုတဲ့ ဆန္ဒ တစက်ကလေးမှမရှိတာကို တွေ့လိုက်ရတော့ အဲဒီခေါင်ရမ်းပန်းလို မျက်နှာလေးက နည်းနည်းလေး ရှုံ့မဲ့သွားခဲ့တယ်။ အခုနေ သူမရဲ့လက်ထဲမှာ ကြာပွတ်တစ်ချောင်းသာရှိနေခဲ့ရင် သေချာပေါက် ကျွန်မကိုယ်ပေါ်ကို လွဲရိုက်ပြီးလောက်နေပြီ။ ကံဆိုးချင်တော့ အခြေအခံအားဖြင့် မင်းကြီးရှေ့တော်ကို ခစားရတဲ့အခါ ဘာထက်ရှတဲ့ပစ္စည်းကိုမှ ယူလာခွင့်မရှိဘူးလေ။ မင်းကြီးနဲ့ တစ်အိပ်ရာထဲမှာ အိပ်ဖို့ရည်ရွယ်ချက်ရှိတဲ့ တော်ဝင်မိဖုရားတစ်ယောက်အနေနဲ့ ဒီစည်းမျဥ်းကို ပိုပြီးတော့တောင် တင်းတင်းကြပ်ကြပ် လိုက်နာရအုံးမယ်။
သူမက ဖုန်းကျောက်ဝမ်ကို ချိုသာလွန်းတဲ့ အပြုံးနဲ့ ပြုံးပြလိုက်ပြီး ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်တယ်။
“မင်းကြီး ဒီနေ့ မက်မွန်တောထဲမှာ ကျွန်မ ဒီကညီမလေးကို တွေ့ခဲ့သေးတယ်၊ ဒီညီမလေးရဲ့ ရုပ်သွင်က တကယ်ပဲ ကျက်သရေရှိပြီး တင့်တယ်လှပါတယ်၊ ကျွန်မတို့ ညီအစ်မတတွေဖြစ်တဲ့ အရှင့်မိဖုရားတွေက နန်းတော်ထဲမှာပဲ အထီးကျန်ပြီး နေလာရတာ၊ မင်းကြီးက ကျွန်မတို့ကို အဖော်ပြုပေးမဲ့ နောက်ထပ်ညီမလေးတစ်ယောက်ကို ရှားရှားပါးပါး ရှာပေးခဲ့တာပဲ၊ တစ်ခုပဲ၊ ကျွန်မ ဒီညီမလေးရဲ့နာမည်ကို မသိဘူးထင်တယ်”
ကျွန်မမှာ အကြိမ်အနည်းငယ်လောက် နင်သွားပြီးမှ ကျွန်မလည်ချောင်းထဲက ထမင်းတွေကို မြိုချသွားနိုင်ခဲ့တယ်။
ဒီလူရဲ့ မျက်နှာပြောင်းလဲနိုင်စွမ်း ပညာကတော့ စီချွမ်းပြဇာတ်အဖွဲ့ရဲ့အခြေခံလို့တောင် မှတ်ယူသင့်တယ်။ သူမကို ဂရုမစိုက်နေတော့ဘဲ ကျွန်မလည်း အသာတကြည်နဲ့ အလျှော့ပေးလိုက်ရတော့တယ်။
ဖုန်းကျောက်ဝမ်ကတော့ တုံးတိတိလေသံတစ်ခုနဲ့ ပြောလိုက်သေးတယ်။
“သူက သူ့အဖေရဲ့ တဦးတည်းသောသမီးပါ၊ သူ့မှာ အစ်ကို ဒါမှမဟုတ် အစ်မရှိတယ်လို့ ငါကိုယ်တော် တခါမှ မကြားခဲ့ဖူးဘူး”
ကျွန်မ စိတ်ထဲမှာ အသည်းအသန် အော်ရယ်မိတော့တယ်။ မင်းကြီးရယ်။ မနေ့က မင်းကြီးရဲ့နန်းတော်ကို ဝင်လာပြီးကတည်း အရှင်က လူကောင်းတစ်ယောက်ပဲလို့ အခုမှ စဥ်းစားမိတော့တယ်။
သူက ကျွန်မကို တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ ဘာမှမဟုတ်သလို မေးလိုက်တယ်။
“ယွီဖင် ရောက်လာတာ ဘာကိစ္စများရှိလို့လဲ”
အဲဒီအခိုက်မှာ ချင်းယွီကျန်းက သူ့စောစောကမှတ်ချက်ကြောင့် ကြောင်အမ်းအမ်းနဲ့ နေရာမှာတင် အေးခဲသွားပြီး သူမရဲ့ကျင့်ဝတ်တွေကို မေ့သွားလိုက်တာ ကျွန်မက လှည့်ကြည့်လိုက်တာတောင် အခြေအနေမှန်ကို ပြန်ရောက်မလာသေးဘူး။ ဖုန်းကျောက်ဝမ်က သူ့ဒေါသကို ဖိနှိပ်ထားပြီး သူမကို နောက်တစ်ခါ ထပ်မေးလိုက်တော့မှ သူမက ပိုးသား လက်ကိုင်ပုဝါနဲ့ သူမရဲ့မျက်လုံးထောင့်ကို နည်းနည်းပါးပါး သုတ်လိုက်တော့တယ်။ သူမရဲ့မျက်လုံးစပ်လေးတွေ ချက်ချင်းရဲတက်လာပြီး မျက်ရည်တွေက အထပ်ထပ်ကျလာတာကို မြင်လိုက်ရတယ်။ ချိချိနဲ့နဲ့ သူမက ရှိုက်ငိုလိုက်ပြီး
“ဒီနေ့ မက်မွန်တောထဲမှာ ကျွန်တော်မျိုးမက ဒီကမိန်းကလေးကို မတော်တဆ အပြစ်လုပ်ခဲ့မိပါတယ်၊ သူက မင်းကြီးရဲ့နန်းဆောင်က လာတာလို့ ကြားမိလို့ပါ၊ ဒါကြောင့် ကျွန်တော်မျိုးမ အထူးတလည်လာရောက်ပြီး တောင်းပန်ရခြင်းပါ”
အယ်။ ကျွန်မက ‘ညီမလေး’ကနေ ‘မိန်းကလေး’ ချက်ချင်းဖြစ်သွားပါရောလား။ ချင်းယွီကျန်းဆိုတဲ့အတိုင်းပဲ အခြေအနေကို မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့တာပဲ။
ချင်းယွီကျန်းအပေါ် ကျွန်မရဲ့နားလည်မှုအရဆိုရင် ဒါက သေချာပေါက် အလိမ်အညာတစ်ခုပဲ။ သူက ကျွန်မကို လာရှာတာ အမှန်ပဲ။ ဒါပေမဲ့ အခြေအနေက ညီတူညီမျှပဲလား၊ ဒါမှမဟုတ် တောင်းပန်ရမယ့် အခြေအနေလား ဆိုတာကိုတော့ ကြည့်ရအုံးမှာကိုး။
ခုနက ဖုန်းကျောက်ဝမ်ရဲ့ အဲဒီရက်ရက်စက်စက် စကားတစ်ခွန်းကြောင့်သာမဟုတ်ရင် သူ မင်းကြီးဆီမှာ ကျွန်မကို လာတိုင်တာ သိသာတယ်။
အဲဒီအပြင် ယွီဖင်ဆိုတဲ့ မိဖုရားအရာနဲ့ သူမက ကျွန်မလို နာမည်မသိ၊ ရာထူးမရှိတဲ့လူတစ်ယောက်ကို တောင်းပန်တယ်ဆိုတာက ဖုန်းကျောက်ဝမ်က ကျွန်မကို သည်းမခံနိုင်စရာ အမြင်ကျဥ်းတဲ့မိန်းမတစ်ယောက်လို မြင်သွားအောင် လုပ်ဖို့ ကြိုးစားနေတာလေ….။ နှမြောစရာပဲ။ ကျွန်မက အရင်က ဆိုးရွားတဲ့အရာတွေကို လုပ်ခဲ့ပြီးပြီလေ။ ဒါပေမဲ့ ဖုန်းကျောက်ဝမ်ရဲ့မျက်လုံးထဲမှာ ကျွန်မရဲ့ပုံရိပ်ကို ဘယ်တုန်းက ဂရုစိုက်ခဲ့ဖူးလို့တုန်း။
ကျွန်မလည်း ပန်းကန်လုံးကို ပြန်ချထားလိုက်ပြီး စပ်စုပြီး မေးလိုက်တယ်။
“ယွီဖင်မယ်မယ် ဒီအညတရ ပိုသိချင်မိတဲ့အကြောင်းက လက်ကိုင်ပုဝါပေါ်မှာ ဘာများ သုတ်ထားလဲဆိုတာကိုပါ၊ ငရုတ်သီးနှစ်များလား၊ ဒါက ဘယ်လိုဖြစ်တာလဲ၊ ငိုတာကို မျက်ရည်တွေက ညစ်လိုက်တာနဲ့ ခဏအတွင်း ကျလာတာလာလေ”
သူမက အရမ်းကို ရှင်းရှင်းလင်းလင်းနဲ့ လှပပငိုနေလိုက်တာ…. ကျွန်မရဲ့စကားတစ်ချို့နဲ့ နှောင့်ယှက်ခံလိုက်ရတော့ သူမလက်ထဲက လက်ကိုင်ပုဝါကို ဆွဲဖြဲချင်စိတ်ပေါက်သွားမှာပဲ။
ကျွန်မက သူမ အဲလို လုပ်မှာကို မြန်မြန်ဆန်ဆန်ပဲ တားမြစ်လိုက်တာပေါ့။
“မယ်မယ် ဒီလိုလှပတဲ့လက်ကိုင်ပုဝါလေးကို ထိုးဖို့ဆိုတာ မယ်မယ့်အတွက် လွယ်မှာမဟုတ်ဘူး၊ မယ်မယ် လက်ကိုင်ပုဝါပေါ်မှာ ဘာတွေ သုတ်ထားလဲဆိုတာကို သိဖို့ မယ်မယ့်ဆီက လက်ကိုင်ပုဝါကို ကျွန်မက လုယူမှာမဟုတ်ပါဘူး၊ ကျွန်မက ဘယ်လိုနည်းနဲ့မှ ငိုချင်တာမဟုတ်လို့လေ၊ မယ်မယ်လည်း သည်းခံမနေသင့်ပါဘူး၊ နောက်ဆုံး လက်ကိုင်ပုဝါတစ်ထည်ကို လုံးချေဆုပ်ဖြဲလိုက်လည်း ပြန်ရောက်သွားတာနဲ့ နောက်တစ်ထည် ထပ်ထိုးလို့ရတာပဲလေနော်၊ အားထုတ်မှုအားလုံးကိုတော့ မယ်မယ်ပဲ လုပ်ရမှာပေါ့လေ နော့်”
ကျွန်မသာ အဲဒီလက်ကိုင်ပုဝါဖြစ်ခဲ့ရင် အပိုင်းပိုင်းအစစဖြစ်အောင် ဆွဲဆုပ်ခံရလောက်ပီးပြီ။
“အဟမ်း ဟမ်း__”
ဖုန်းကျောက်ဝမ်က မိန်းမတစ်ယောက်ကို ပြုံးပြတယ်ဆိုတာ ရှားရှားပါးပါးပါပဲ။ ပြီးတော့ ဒီမှာ ကျွန်မ ဒီလိုတွေးလိုက်မိတယ်။ သူ့မှာ အားနွဲ့သူ မိန်းမသားတွေကို ဘယ်လိုကာကွယ်ပေးရမယ်ဆိုတဲ့ ခံစားချက်ကို မသိတာပါလားလို့လေ။ နောက်ဆုံး ကျွန်မအတွက်ကတော့ ကိုက်ပစ်တာမဟုတ်ရင် ကျိတ်ခြေပစ်တာပဲ။ နည်းနည်းလေး တစက်ကလေးမှာ နူးညံ့တာမျိုးမရှိဘူး။ ဒါပေမဲ့လည်း အခုတော့ ကျွန်မက သူ့ချစ်လှစွာသောမိဖုရားကို ငိုသွားတဲ့အထိ အနိုင်ကျင့်မှာ စိုးရိမ်လေတော့ သူက ကျွန်မကို ဟန့်တားဖို့ အကြိမ်ကြိမ် ချောင်းဟန့်ပြနေလေရဲ့။
“အန်းယိ ပေါ့ပျက်ပျက်နဲ့၊ တစ်လက်မကို ရပြီဆိုပြီး တစ်ပေကို ရချင်မနေနဲ့၊ အပြုအမူကို ထိန်းစမ်း”
ကျွန်မလည်း ဖုန်းကျောက်ဝမ်ကို တောင်းပန်ကြည့် ကြည့်လိုက်ပါတယ်။ မင်းကြီးရယ်။ ဒီအပြစ်သား အရှင့်ရဲ့ချစ်လှစွာသော မိဖုရားကို စဥ်းစားပေးဖို့ မသိတာမျိုး မဟုတ်ပါဘူး။ အရှင့်မိဖုရား ကျွန်တော်မျိုးမရဲ့ခေါင်းကို တက်နင်းဖို့ ကြိုးစားနေတာလေ… ကျွန်တော်မျိုးမက ဒါကို အကြိမ်ကြိမ်ဆိုတော့ ဘယ်သည်းခံနိုင်ပါ့မလား။
အားပါးတရ ပြုံးပြလိုက်ပြီး ကျွန်မရဲ့ခေါင်း ငဲ့စောင်းလိုက်ပြီးမှ လက်ခုပ်တီးရင်း အားကျတဲ့စိတ်နဲ့ ပြောလိုက်တယ်။
“ယွီဖင်မယ်မယ်၊ အရှင်မက တကယ့်ကို ကောင်းကောင်းမွန်မွန် ကျိန်စာတိုက်ခဲ့တာပဲ၊ မယ်မယ်က ဒီအညတရလေးကို အဲဒီနည်းနဲ့ပဲ ကျိန်စာတိုက်နေတာ၊ အရင်တုန်းကလည်း ဒီအညတရလေးက မယ်မယ့်ရဲ့အစ်ကိုရန်ဖင်ကို လုယူသွားမှာ အမြဲတမ်း စိုးရိမ်ခဲ့တာလေ၊ ဒီအညတရလေးက မယ်မယ့်ရဲ့ အစ်ကိုရန်ဖင်နဲ့ ခြေလှမ်းဆယ်လှမ်းအကွာအဝေးအတွင်းမှာ ရောက်နေတာနဲ့ မယ်မယ်က ကျွန်မပေါ်ကို ကြာပွတ်နဲ့ ရွယ်ပြီး ကျိန်ဆဲတော့တာပဲ၊ အခုတော့ ဒီလိုကွဲပြားခြားနားပြီး ရဲစွမ်းသတ္တိရှိလှတဲ့ မဟာချန်နိုင်ငံတော်ရဲ့ ကျွန်မတို့ အမျိုးသမီးတွေက__”
ဒေါသကြောင့် နင်သွားတဲ့ ချင်းယွီကျန်းမှာ စကားပြောဖို့ရာ ခက်ခဲသွားလေတော့ ကျယ်ကျယ်လောင်လောင်နဲ့ အော်ဟစ်လေတော့တယ်။
“မင်းကြီး အန်းယိ ပြောနေတာတွေကို အရှင် ကြားပါရဲ့လား”
ကျွန်မက ဖြည်းဖြည်းချင်း တုန့်ပြန်ရင်း ဖုတ်ခနဲ ဒူးထောက်ချလိုက်ပြီး အကြိမ်ကြိမ် ဦးချလိုက်တယ်။
“မင်းကြီးက ဉာဏ်ပညာကြီးမားလှပါတယ်၊ ဒီအပြစ်သားက တဒင်္ဂ စကားမှားသွားခဲ့တာပါ၊ ကျွန်တော်မျိုးမ ထပ်ပြီး မပြောရဲတော့ပါဘူး၊ အဲဒီ စကားကို ဒီနေ့ ထပ်မပြောရဲတော့ပါဘူး၊ ခဏအတွင်းမှာ ကျွန်တော်မျိုးမ ရုတ်တရက် စိတ်ကူးပေါက်လာတာနဲ့ ရာသီအလိုက်လည်းဖြစ်တော့ မက်မွန်တောကို သွားကြည့်မယ်လို့ စဥ်းစားမိတာ၊ ယွီဖင်က ကျောက်တံတားငယ်လေးနားမှာ အားမားကျောက်တုံး ဖြစ်တော့မယ့်အထိ ရပ်ပြီး စစ်သူကြီးရန်ဖင်နဲ့ သီးသန့်တွေ့ဆုံနေတာနဲ့ သွားကြုံလိမ့်မယ်လို့ မသိခဲ့ပါဘူး….” လျှပ်စီးလို မြန်မြန်ဆန်ဆန်ပဲ ကျွန်မ ခေါင်းကို မော့ပြီး ဖုန်းကျောက်ဝမ်ကို ခိုးကြည့်လိုက်တော့ မအံ့ဩပဲ မနေနိုင်အောင် ဖြစ်သွားခဲ့တယ်။
__ မင်းကြီး။ ဒီကိစ္စက အရှင့်အတွက်လည်း အရမ်းကို စိတ်ပျက်ဖို့ ကောင်းလွန်းလို့ မထင်မှတ်ဘဲ အရှင့်မှာ မိုးချိမ်းသံလို အမျက်ထွက်ရမယ့်အစား အဲလောက်တောင် ဝမ်းပန်းတသာနဲ့ ပြုံးနိုင်သွားရတာလား။
ချင်းယွီကျန်းကတော့ အမေနဲ့အဖေကို ဆုံံးရှုံးလိုက်ရလို့ ဝမ်းနည်းပူဆွေးနေသလို အော်ငိုရင်း မနားတမ်း ဦးချနေတော့တယ်။
“အရှင်မင်းကြီး အန်းယိရဲ့အမှိုက်လိုစကားကို နားမထောင်ပါနဲ့၊ သူက အဓိပ္ပါယ်မရှိတာတွေ ပြောရတာကို အရမ်းကျင့်သားရနေတဲ့သူပါ…”
ကျွန်မကလည်း အကြိမ်ကြိမ် ထောက်ခံပေးလိုက်ပါတယ်။
“အွန်း၊ ဒီအပြစ်သားက တကယ်ပဲ အမှိုက်စကားတွေ ပြောနေတာပါ၊ အဓိပ္ပါယ်မရှိတာတွေ ပြောနေတာပါ၊ အရှင်မင်းကြီး အတည်လို့ မမှတ်ယူလိုက်ပါနဲ့” အရှင့်ကို စိတ်ပျက်ရစေတဲ့ အရှက်ခွဲမှုကြီးကို အရမ်းကို လွန်လွန်ကျွံကျွံ ဖြစ်ခွင့်မပြုပါဘူး။ မင်းကြီးရယ် အရှင့်ရဲ့ဒီအပြုံးက အရမ်းကို မြင်လို့မကောင်းလွန်းလို့ပါ။
အားထုတ်မှုအကြီးကြီးလုပ်လိုက်ပြီးမှ ဖုန်းကျောက်ဝမ်က သူ့နှုတ်ခမ်းထောင့်က ပြုံးနေတဲ့အမူအရာကို ဖိနှိပ်ထားလိုက်တော့တယ်။ အေးတိအေးစက် သူက ပြောတော့တယ်။
“ယွီဖင် အပြစ်ကို ပြန်ဆင်ခြင်ဖို့ ယွီရွှီနန်းဆောင်ကို အခုထိ မပြန်သေးဘူးလား”
…..
ကျွန်မ နန်းတော်တံခါးကို ဖက်တွယ်ထားရင်း ချင်းယွီကျန်းရဲ့ ဖြေမဆည်နိုင်လို့ ကွဲကြေနေတဲ့နှလုံးသားနဲ့ သေးသွယ်ပြီး ကျက်သရေရှိလေတဲ့ပုံရိပ်လေးက တဖြည်းဖြည်း ဝေးကွာသွားတာကို မခွဲခွာရက်နိုင်တဲ့ ပုံနဲ့ စောင့်ကြည့်နေတုန်း ချင်းယွီကျန်းက လေးစားဖွယ်အသွင်ဆောင်ထားတဲ့ မျက်နှာလေးနဲ့ တောင်ကြီးတစ်လုံးလို မားမားမတ်မတ်ထိုင်နေတဲ့ ဖုန်းကျောက်ဝမ်ကို လှည့်ကြည့်လိုက်လေရဲ့။
အရှင်မင်းကြီး မင်းကြီးရဲ့စိတ်သဘေားထားဟာဖြင့် အမှန်ကို ကြီးမားလှပါပေတယ်။ မက်မွန်သီးကြိုက်တဲ့ တော်ဝင်မိဖုရားက ဥယျာဥ်တံတိုင်းကို ကျော်တက်ဖို့ကြိုးခဲ့တာကို အရှင်မင်ကြီးက လုံးဝကို စိတ်အနှောင့်အယှက်မဖြစ်ပါဘဲ သက်သက်ညှာညှာနဲ့သဘေားထားပြီးပေးခဲ့တာ ယောကျ်ားသားအားလုံးက သည်းမခံနိုင်တဲ့အရာကို သည်းခံပေးပြီး ယောက်ျားအားလုံး လက်မခံနိုင်တဲ့အရာကို လက်ခံပေးခဲ့တာပဲ။ အရှင်မင်းကြီးဟာဆိုရင်ဖြင့် ဒီလောကမှာ နောက်လင်ငယ်ခံနေရတဲ့ယောကျ်ားသားအားလုံးထဲက စံပြပုဂ္ဂိုလ်လို့တောင် မှတ်ယူလို့ရပါပေတယ်။
ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ကျွန်မ ချက်ချင်း သဘောပေါက်သွားခဲ့တယ်။ ဖုန်းကျောက်ဝမ်၊ ဒီလူက မျက်နှာလိုက်ခဲ့လေ။ သူနဲ့တစ်အိပ်ရာထဲမှာ အိပ်ရတဲ့သူအတွက် လုံးဝစိတ်အနှောင့်အယှက်မဖြစ်တဲ့အထိ သဘောကြီးပြီး သက်ညှာပေးခဲ့ပေမဲ့ ဒီသာမန်လူ အပြစ်သား ကျွန်မကိုတော့ နည်းနည်းလေးမှ မျက်နှာသာမပေးဘဲ ဒီကိစ္စကို အလျှော့မပေးဘဲ ဆွဲထုတ်ပြီး ဆန့်ကျင်ခဲ့တာပဲ။
ကျွန်မက အရှင့်ရဲ့ချစ်လှစွာသောမိဖုရားက တခြားယောက်ျားတစ်ယောက်ကို အားမားကျောက်တုံး ဖြစ်တော့မယ့်အထိ ကြည့်နေတယ်လို့ ပြောလိုက်လို့လား။ ဒီလိုဆိုရင်တောင် ကြီးမြတ်လှတဲ့အရှင်က နန်းတွင်းအစေခံမလေးကို အမိန့်ပေးသလိုမျိုး ကျွန်မကို ဆက်ဆံရလောက်အောင်တော့ သဘောထား မသေးဘူးလေ။ ဟုတ်တယ်မလား။
ရေချိုးခန်းထဲမှာ ရေနွေးငွေ့တွေနဲ့ ပြည့်လို့ပါပဲ။ အပေါ်ပိုင်း ဗလာနဲ့ ရေချိုးကန်အစွန်းမှာ ဗိုက်မှောက်ပြီး ပျင်းရိပျင်းတွဲနဲ့ လဲလျောင်းနေတဲ့ ဖုန်းကျောက်ဝမ်က ကျွန်မကို တစ်ခုပြီးတစ်ခု ဟိုသွားခိုင်းလိုက် ဒီသွားခိုင်းလိုက်နဲ့ အမိန့်ပေးနေလိုက်တာ။ ကျွန်မက လက်ဖက်ရည်ကအစ ရေအထိအားလုံးသွား သယ်ပေးနေရတယ်။ ခဏနေ ဖရဲသီးစားချင်လိုက်၊ ခဏနေ အသီးစားချင်လိုက်နဲ့။ ချင်းယွီကျန်းက ယွီရွှီနန်းဆောင်ကို ရင်ကွဲပြီးအပြေးပြန်သွားကတည်း ကျွန်မမှာ တစ်ချက်ကလေးတောင် မနားရသေးဘူး။
…