Chapter - 8.2
- Home
- All Mangas
- မခစားလိုက... သတ်စေ!
- Chapter - 8.2 - အပိုင်း (၈) အရှက်ခွဲခံလိုက်ရတဲ့ အရှင်မင်းကြီး (၂)
အပိုင်း (၈) အရှက်ခွဲခံလိုက်ရတဲ့ အရှင်မင်းကြီး (၂)
ကျွန်မရဲ့မျက်နှာပြောင်တိုက်တတ်တဲ့အကျင့်ကို အားကိုးရင်း သူ့ရဲ့မဖွယ်မရာမှုကို ကြည့်မနေတော့ဘဲ ဟိုနား သည်နားမှာ အလုပ်များအောင် လုပ်နေလိုက်တယ်။ ဒါပေမဲ့ ဖုန်းကျောက်ဝမ်က ကျွန်မကို မခံချင်အောင်လုပ်ဖို့ ဆုံးဖြတ်ထားတဲ့ပုံပဲ။ သူက နောင်တမရတဲ့အပြင် တစ်လက်မကို ရသွားပြီးဆိုတော့ သူက တစ်ပေကို မှန်းချင်နေတာ။ ကျွန်မကို လက်ယက်ခေါ်ပြီး သူ့ ပြောလိုက်သေးတယ္။
“အန်းယိ ဒီကိုလာပြီး ငါကိုယ်တော်ရဲ့ကျောပြင်ကို ချေးတိုက်ပေးအုံး”
ကျွန်မမှာ နားကြားများမှားသွားသလားလို့ သံသယဖြစ်မိသွားမတတ်ပဲ။ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်ပဲ လုပ်နိုင်တော့တယ်။ သူက အသံကို မြင့်လိုက်ပြီး
“ငါကိုယ်တော်ရဲ့ကျောပြင်ကို အခုထိလာမတိုက်ပေးသေးဘူးလား”
အဝတ်အစားအားလုံးကို ချွတ်ထားပြီး ရေထဲမှာ ကိုယ်တပိုင်းစိမ်ထားတဲ့ ဖုန်းကျောက်ဝမ်က ရှက်လို့ မျက်နှာနီရဲသွားသင့်တာကို အဲဒီအစား သူက မရှက်နေဘဲနဲ့ တခြားလူကို ညွှတ်တွားသွားအောင် လုပ်နိုင်တဲ့ အမိန့်အာဏာတစ်ခုနဲ့ ဖြစ်နေလိုက်သေးတယ်။ သူ့ဖီးနစ်မျက်လုံးတွေက ကျွန်မကို တည့်တည့်စိုက်ကြည့်နေပြီး သူ့မျက်လုံးအိမ် နက်နက်ထဲမှာ ပြင်းထန်လေးလံတဲ့ခြိမ်းခြောက်မှုတစ်ခု ပါနေလေရဲ့။ ကျွန်မလည်း အင်္ကျီလက်ကို ပင့်၊ မျက်နှာပူပူနဲ့ ရှေ့တိုးသွားလိုက်ပြီး တစ်လှမ်းလုံး ရေရွတ်နေလိုက်တယ်။
“ရှောင်ဟွမ်ကို ရေချိုးပေးတာလို့ပဲ မှတ်လိုက်ပါမယ်လေ”
ရေချိုးကန်အစွန်းနားက ပုဝါနဲ့ ဆပ်ပြာကို ကောက်ကိုင်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို လှည့်ဖို့ လက်ဟန်ပြလိုက်ပြီးမှ စပြီး တိုက်ချွတ်ပေးလိုက်တယ်။
ဖုန်းကျောက်ဝမ်ရဲ့ခန္ဓာကိုယ်တစ်ပိုင်းက ကျောက်စိမ်းရေချိုးကန်အစွန်းကို ဖက်တွယ်ထားတယ်။ မှင်ရည်ဆံသား၊ ပျားရည်ရောင်အသားအရည်၊ သူ့ရဲ့အဖိုးတန်လှတဲ့ကျောပြင်တစ်လျှောက်မှာ အမာရွတ်တစ်ချို့နဲ့ သံလိုမာကျောလှတဲ့ကြွက်သားတွေကို ပိုင်ဆိုင်ထားတာပဲ။ ဒီလို အားမာန်အပြည့်နဲ့ ရက်စက်ကြမ်းကြုတ်တဲ့အသွင်က သားမွှေးမရှိတဲ့ သားရိုင်းကောင်တစ်ကောင်နဲ့ ဘာမှကို မခြားဘူး။ သူဆိုတာလေ မုန်းစရာကောင်းတဲ့ သားရိုင်းကောင်ကြီးပါ။ ကျွန်မက နှစ်ကြိမ် သုံးကြိမ်လောက် တိုက်ချွတ်ပေးလိုက်အပြီးမှာ သူက တိုးတိုးလေးပြောရဲလာသေးသတဲ့။
“အန်းယိ ငါကိုယ်တော်ရဲ့နန်းတော်ထဲမှာ မင်း ဗိုက်ဝအောင် မစားရလို့လား”
တစ်ခြားသူတစ်ယောက်ရဲ့ အမိုးအောက်မှာ နေတဲ့သူတစ်ယောက်အနေနဲ့ ဦးညွှတ်ထားဖို့ကလွဲပြီး ရွေးစရာမရှိလေတော့ ကျွန်မလည်း ဒါကို သည်းခံထားလိုက်ပြီး အားထည့်ပေးလိုက်တယ်။
သားရိုင်းကောင်ကြီးက ခပ်တိုးတိုးရယ်မောလိုက်ပြီး သူ့စကားကို ဆက်ပြောလိုက်သေးတယ်။
“အန်းယိ၊ မင်းနဲ့ ငါကိုယ်တော် သိလာတာ အခုဆိုရင် ခြောက်နှစ်ရှိသွားပြီ၊ ဒါတောင် မင်းမှာ ဒီလို လုပ်ကိုင်နိုင်စွမ်းနဲ့ ကောင်းကွက်ရှိနေတာကို ငါကိုယ်တော် မသိခဲ့ရဘူးပဲ”
ဒီလူကြီးက အတိတ်က အောင့်သက်သက်ဖြစ်ခဲ့တဲ့အရာတွေကို ပြန်ပြောနေတော့ ကျွန်မ သူ့ကို မုန်းမိတော့တာပဲ။ ဘဝရဲ့မဟာစိတ်ချမ်းသာမှုကြီးကို ဆောင်ထားတဲ့ ဒီအသွင်ပြင်ကို မြင်လိုက်ရတာ ကျွန်မမှာ သည်းမခံနိုင်တော့လောက်အောင်ပါပဲ။ လျှက်တပြက်အခိုက်တန့်မှာ ကျွန်မရဲ့ခြေထောက်က ပျံတက်သွားပြီး ချီနိုင်ငံရဲ့ မင်းကြီးကို ကျောက်စိမ်းရေချိုးကန်ထဲရောက်သွားအောင် တစ်ချက်ကန်ပစ်လိုက်တယ်။ အင်္ကျီလက်ကို ခါချလိုက်ပြီး ကျွန်မ ထွက်လာခဲ့လိုက်တယ်။
ဘာပဲဖြစ်ဖြစ်လေ ဖုန်းကျောက်ဝမ်နဲ့ သိခဲ့ဖူးတယ်ဆိုတာ တခြားသူတွေကို ထုတ်ပြောဖို့ အရမ်းရှက်စရာကောင်းခဲ့တဲ့ ကျွန်မရဲ့ ရှက်စရာအတိတ်အပိုင်းအစတစ်ခု အမြဲဖြစ်ခဲ့ရတာပဲ။
. . .
လွန်ခဲ့တဲ့ခြောက်နှစ်တုန်းကပေါ့။ ချန်နိုင်ငံတော်နဲ့ ချီနိုင်ငံတော်ကြားက ဆက်ဆံရေးက ညီညွှတ်မျှတပြီး ချစ်ကြည်လေးမြတ်တယ်လို့ မှတ်ယူလို့ရပါတယ်။ တခါတလေ ပဋိပက္ခလေးတစ်ချို့ရှိခဲ့ပေမဲ့ နှစ်နှစ်နိုင်ငံက အချင်းချင်းရဲ့ နယ်နိမိတ်ကို ယှဥ်ပြိုင်ထိုးဖောက်ရတဲ့အထိ မဖြစ်ခဲ့ကြဘူး။ ချီနိုင်ငံရဲ့ မင်းကြီးက နယ်စပ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် ချန်နိုင်ငံကို သံတမန် စေလွှတ်ခဲ့တယ်။ အဲဒီသံတမန်က အဲဒီတုန်းက ချီနိုင်ငံရဲ့အိမ်ရှေ့မင်းသား ဖုန်းကျောက်ဝမ်ပေါ့။
အဲတုန်းက ကျွန်မက ၁၄နှစ်ပဲ ရှိသေးတယ်။ ပြီးတော့ ရှောင်ဟွမ်ရဲ့စာဖတ်ဖော်ဖြစ်လာတာ နှစ်အနည်းငယ်ရှိသွားပြီ။ ကျွန်မရဲ့ ရန်ဖင်ကိုစွဲလမ်းစိတ်က မပြောင်းလဲသေးဘူး။ အဲဒီလတ်တလောနှစ်တွေမှာပဲ ရန်ဖင်က ရေကုန်ရေခမ်း လေ့ကျင့်လာခဲ့တာ။ အရပ်လည်း အမြန်ကြီးရှည်လာပြီး ကျွန်မထက် ခေါင်းတစ်လုံးတောင်နီးပါးတောင် ပိုမြင့်လာခဲ့တယ်။ သူက အရင်တုန်းကလို ကျွန်မ ဆွဲထုတ်သွားနိုင်တဲ့ ကောင်ငယ်လေးတစ်ယောက် မဟုတ်တော့ဘူး။
သူက ကြီးလာတာနဲ့အမျှ ပိုပြီးချောလာလိုက်တာ ကျောက်စိမ်းလေးလိုပဲ။ အားလုံးကိုလည်း နိမ့်နိမ့်ချချ ယဥ်ကျေးသမှုနဲ့ ဆက်ဆံတတ်တယ်။ ကျွန်မကို တွေ့လိုက်တဲ့အချိန်ကျမှ သူ့မျက်လုံးတွေက ရေခဲကျောက်ဆူးလို ချွန်ထက်သွားပြီး ကြည့်လိုက်တဲ့ အကြည့်တစ်ချက်က နွေရာသီရဲ့အပူဆုံးကာလမှာတောင် လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ပေါ်က နွေးနေတဲ့ချွေးတွေကို အေးခဲသွားစေနိုင်တယ်။
. . .
ညဥ့်ယံတစ်ခုမှ ကျွန်မက မက်မွန်တောထဲက သစ်ပင်တစ်ပင်ရဲ့ခွကြားမှာ ထိုင်ရင်း ခေါင်းကိုမော့ပြီး ဒီအရာတွေအားလုံးကို လုံးဝအလိုမရှိပါလျက်နဲ့ မှတ်မိနေခဲ့တယ်။ အခုတော့ ဒါကို ငယ်ရွယ်ပြီး သွေးပူနေတဲ့အချိန်မှာ လူငယ်တစ်ယောက်ရဲ့နှလုံးသားက သံလိုမာကျောနေတာကို မသိခဲ့တာလို့ပဲ ရှင်းပြရမှာပဲ။
…
အဲဒီတုန်းကလည်း ဒီလိုနွေဦးကုန်ခါနီးအချိန်ပဲ။ ညစာစားပွဲတစ်ခုမှာပေါ့။ နေ့လည်ခင်းတုန်းက မက်မွန်တောထဲမှာ ရှောင်ဟွမ် အတူအဖော်လုပ်ပေးနေခဲ့တယ်။ ပန်းပွင့်တွေက အနီရောင်တိမ်လို တောက်ပတဲ့ဘရိုကိတ်သားလို ပွင့်လန်းနေတဲ့ ဒီသစ်တောကြီးကို မနှစ်သက်ဖို့က ဘယ်ဖြစ်နိုင်ပါ့မလဲ။ ဒီသစ်ပင်တွေအောက်မှာ ရန်ဖင်နဲ့ သာယာကြည်နူးစရာညလေးတစ်ခု ကုန်ဆုံးနိုင်မယ့်အခွင့်အရေးကို စိတ်အားထက်ထက်နဲ့ ဆန္ဒပြုမိတာပဲ။ ဒီလိုနဲ့ ချီနိုင်ငံ အိမ်ရှေ့မင်းအတွက် ကျင်းပပေးတဲ့ ကြိုဆိုရေးညစာစားပွဲက စောစောစီးစီး လှစ်ထွက်လာခဲ့လိုက်တယ်။ အရမ်းကို စောတာမှ ….ကျွန်မ အတွက်ပေါ့လေ… ချီနိုင်ငံအိမ်ရှေ့မင်းသားရဲ့ အသွင်ကိုတောင် ဝိုးတဝါးတွေ့နေရသေးတယ်။ အဲဒီ… မက်မွန်ပွင့်နေတဲ့သစ်ပင်အောင်မှာ ထိုင်ရင်း ရန်ဖင်ကို ရူးရူးမိုက်မိုက် စောင့်နေခဲ့တာပေါ့။
ပုံမှန်ဆိုရင် နန်းတော်ထဲမှာ သွားလာနေကြတဲ့သူတွေအားလုံးက နန်းတွင်းအစေခံတွေကို ဘယ်လိုချော့မော့ရမလဲဆိုတာကို သိထားကြပြီးသားပဲ။ ကျွန်မက ရှောင်ဟွမ်ဘေးမှာ အကြာကြီးနေလာပြီး မင်းဆရာရဲ့သင်ကြားမှုကို လိုက်နာခဲ့ပေမဲ့ ကျွန်မ အမြဲတမ်း အထူးတလည် အာရုံစိုက်ထားမိတဲ့ အရည်အချင်းတစ်ခုတော့တယ်။ ဒါက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်တဲ့နည်းပဲ။ ရှောင်ဟွမ်ရဲ့ဘေးက ကုန်းကုန်းတွေအားလုံးက ကျွန်မ ရက်ရက်စက်စက် ဖိနှိပ်တာကို ခံကြရပေမဲ့ ကျွန်မက အဖေ့ဆီကရတဲ့ မုန့်ဖိုးကိုတော့ အမြဲတမ်း ရက်ရက်ရောရောသုံးတယ်လေ။ ဒီတော့ ကျွန်မလက်ထဲက သူတို့ရခဲ့တဲ့ ဆုတော်ငွေတွေကလည်း အရမ်းကို လုံလုံလောက်လောက်ပဲပေါ့။ ကျွန်မအတွက် သူတွေက တော်တော်လေး နာခံကြတဲ့သူတွေပါ။
ရှောင်ဟွမ်က စားသောက်ပွဲမှာ အချိန်အကြာကြီးမနေဘဲ ခိုးထွက်လာမယ်ဆိုတာကို ကျွန်မ ခန့်မှန်းမိနေတယ်။ ဒါနဲ့ သူ့ဘေးက ကုန်းကုန်းကို အထူးတလည် မှာထားလိုက်တယ်။ အိမ်ရှေ့မင်းသား တုန်းနန်းဆောင်ကို ပြန်သွားရင် ကုန်ကုန်းကနေပြီး ရန်မျိုးနွယ် လူငယ်လေးကို အိမ်ရှေ့မင်းသားက ကိစ္စတစ်ချို့တိုင်ပင်ချင်လို့ မက်မွန်တောထဲ လာခဲ့ဖို့ တိတ်တဆိတ်ဖိတ်ခိုင်းလိုက်ကြောင်း သွားပြောခိုင်းလိုက်တာပေါ့။
ရှောင်ဟွမ်က အမြဲတမ်း ရန်ဖင်ကို အရမ်းကို အားကိုးခဲ့တာ။ တုန်းနန်းတော်ရဲ့အိမ်တော်ဝန်ရှေ့မှာတောင်သူက ‘အစ်ကိုရန်ဖင်’ ‘အစ်ကိုရန်ဖင်’နဲ့ အော်နေတတ်တာ။ မင်းကြီးရဲ့အမွေဆက်ခံသူက အားနည်းချိနဲ့တာကတစ်ကြောင်း၊ သူက နန်းတော်ထဲမှာ ကြီးပြင်းလာတာကတစ်ကြောင်း သူ့ကို သိမ်သိမ်မွေ့မွေ့နဲ့ အမြဲတမ်းဆက်ဆံတတ်တဲ့ ရန်ဖင်နဲ့ အရမ်းတည့်တယ်လေ။
ရန်ဖင် ရောက်မလာမှာကို ကျွန်မ စိုးရိမ်စရာမလိုဘူး။ ဘာလို့လဲဆိုတာ သူက ဒါကို ကျွန်မရဲ့အကြံအစည်မှန်း သိနေရင်တောင် ရှောင်ဟွမ် တကယ်ဖြစ်နေမလားဆိုတဲ့ ဖြစ်နိုင်ချေကို စိုးရိမ်လို့လေ။ နောက်ဆုံး သူ့ကို လာခေါ်ခဲ့တာလည်း ရှောင်ဟွမ်ရဲ့သီးသန့်အစေခံဖြစ်နေတာကိုး။
ကျွန်မ မက်မွန်တောထဲမှာ စောင့်နေတာ အနည်းဆုံးတစ်နာရီလောက် ကြာပြီးသွားတဲ့အခါမှ ကျောက်တုံးတံတားဆီက လာနေတဲ့ခြေသံကို ကြားလိုက်ရတယ်။ ထင်းရှူးပင်လို မားမားမတ်မတ် ရှိလှတဲ့ အဲဒီလူငယ်လေးက တစ်လှမ်းချင်း ကျွန်မဆီကို လျှောက်လာခဲ့တယ်။ အဲဒီအခိုက်တန့်မှာ ကျွန်မရဲ့နှလုံးက စကားလုံးနဲ့ ဖော်ပြလို့မရအောင် ပျာယာခတ်နေပြီး သူ နည်းနည်းလောက် ထပ်တိုးလာဖို့ မျှော်လင့်နေမိသလို သူ အနားရောက်လာမှ ကျွန်မမှန်းသိသွားပြီး လှည့်ထွက်သွားမှာကိုလည်း ကြောက်မိနေပြန်တယ်။ နတ်ဆိုးနဲ့ နတ်ဘုရားတွေ အခြေအတင်ဖြစ်နေသလို ကျွန်မ မက်မွန်တောထဲက သစ်ပင်ကြီးတစ်ပင်နောက်မှာ ကပ်နေလိုက်ပြီး သစ်ကိုင်းတစ်ခုပေါ်မှာ ချိတ်ထားခဲ့တဲ့ ဖန်သားမီးအိမ်က တဖြည်းဖြည်းနီးကပ်လာတဲ့ လူငယ်လေးကို ဝိုးတဝါး မီးရောင်ထိုးပေးထားလေတော့တယ်။
…
Translator note: ဒီဝတ္ထုကလေ timelineအလယ်ကနေ စ,ထားပြီးတော့ MCနဲ့ MLတို့ရဲ့ဆက်ဆံရေးနဲ့ MCရဲ့အတိတ်ကို ကြားညှပ်ပြီးနောက်ကြောင်း ပြန်ပြောထားတာဆိုတော့ နည်းနည်းတော့ ရှုပ်နိုင်ပေမဲ့ ဆက်ပြီးဖတ်ကြည့်ပါနော်။ ဇာတ်ရှိန်က ကျမသွားဘဲ အဆုံးထိ ဆွဲခေါ်သွားပေးမှာပါ။
…