Chapter 1
၀၁
တစ်နေ့သ၌ ဘောင်းဘီမပါသော လုပ်ကြံသတ်ဖြတ်သူကို တောင်ကြားစံအိမ်တွင် ဖမ်းမိခဲ့သည်။
သခင်လေး: ဘာဖြစ်တာလဲ။
ကိုယ်ရံတော်: ဒီလူက စံအိမ်မှာ လဝက်လောက်ကြာအောင် ပုန်းလျှိုးကွယ်လျှိုး နေခဲ့တာပါ။
သခင်လေး: ဘာလို့ တစ်ယောက်မှ သတိမထားမိတာလဲ။
ကိုယ်ရံတော်: သူက အစေခံတွေနဲ့ စားလိုက်အိပ်လိုက်နေပြီး ညဘက်ဆို မာကျောက်ကစားပါတယ်။ အစေခံတွေက သူ့ကိုလှည့်စားရတာ လွယ်တယ်ဆိုပြီး ဖုံးပေးထားကြတာ။ ခုနကလေးတင် အစေခံတွေ သူ့ကို လှည့်စားနေတာသိပြီး သရုပ်မှန်ပေါ်လာတာပါ။
သခင်လေး:… သူ ဘာလို့ ဘောင်းဘီဝတ်မထားတာလဲ။
ဒေါသထွက်နေသော ရှောင်ထန်းမန်: မရှိတော့ဘူးလေ! မင်းရဲ့အစေခံတွေကို ကောင်းကောင်း သင်မပေးထားဘူးလား။ တော်တ်ောဆိုးတဲ့ လောင်းကစားပဲ!
၀၂
သခင်လေး: မင်းက လုပ်ကြံသတ်ဖြတ်သူ မဟုတ်ဘူးလား။
ရှောင်ထန်းမန်: ဟုတ်တယ်လေ။
သခင်လေး: ဒါဆို မာကျောက်ကစားပြီး ပုန်းနေမယ့်အစား ဘာကြောင့် ငါ့ကို မသတ်တာလဲ။
သခင်လေး: ငါ ဘယ်သူ့ကိုမှ မသတ်ဖူးဘူး။ သစ်သားရုပ်နဲ့ပဲလေ့ကျင်တယ် မဟုတ်လည်း မာကျောက်ကစားတယ်။
ဆွံ့အနေသော သခင်လေး: …. ဒီနေရာကို လာတာ ဘာအတွက်လဲ။
ရှောင်ထန်းမန်: တွန်းအားပေးခံရတာ။ ထန်ဂိုဏ်းတပည့်တွေက လေ့ကျင့်ရေးပြီးရင် တာဝန်ပြီးအောင်လုပ်ရတယ်။
အပြုံးတစ်ခုနှင့် သခင်လေး: ငါ့ကို သတ်ဖို့လား။
ရှောင်ထန်းမန်က ရိုးရိုးသားသား ခေါင်းညိတ်သည်: ဟုတ်တယ်။
လက်မောင်းတို့ ဆန့်တန်းပေးသော သခင်လေး: ဒါဆို လာလေ။
စိတ်မရှည်တော့သော ရှောင်ထန်းမန်: ငါပြောပြီးပြီ။ သစ်သားရုပ်တွေနဲ့ပဲ လေ့ကျင့်တာပါဆို။
ရယ်ချင်စိတ်ကို ထိန်းနေရသော သခင်လေး: လူတွေနဲ့ မလေ့ကျင့်ဖူးဘူးပေါ့။
ရှောင်ထန်းမန်: ဘာလို့ ထူးထူးဆန်းဆန်းပြောနေတာလဲ။ ငါ့ကို သတ်ချင်တာပဲဖြစ်ဖြစ် ခြေလက်အင်္ဂါတွေ ဖြတ်တောက်ချင်တာပဲဖြစ်ဖြစ် မြန်မြန်လုပ်စမ်းပါ။
တွေးဆနေသော သခင်လေး: ငါ့မင်းကို သတ်မယ်လို့ ဘယ်သူပြောလဲ။
ရှောင်ထန်းမန်: ဒါဆိုလည်း သွားတော့မယ်။
သခင်လေး: ဘယ်ကိုလဲ။ ဘောင်းဘီလည်း မပါဘဲနဲ့။
သခင်လေး: သူတို့ကို ပြန်ပေးခိုင်းလိုက်။
သခင်လေး: ဟင့်အင်း။
ရှောင်ထန်းမန်:….
၀၃
သခင်လေး: ငါသာ မင်းကို မဖမ်းမိရင် မင်း ဘာလုပ်မှာလဲ။ ဗီလာမှာတော့ တစ်သက်လုံးမနေနိုင်ဘူး မဟုတ်လား။
ရိုးသားသော ရှောင်ထန်းမန်: ဘာလို့မနေနိုင်ရမှာလဲ။
သခင်လေး: …
သခင်လေး: မင်းတို့စာဖိုမှူးက အချက်အပြုတ်တော်တယ်။ အစပ်တောင်မှ ငါ့အကြိုက်နဲ့ ကိုက်တယ်။
သခင်လေးက အစေခံတစ်ယောက်ကို ညွှန်ကြားသည်: ဒီအကျဉ်းခန်းအစားအစာကို ပိုစပ်အောင် လုပ်ခဲ့။
ရိုးသားသော ရှောင်ထန်းမန်: ကျေးဇူးပဲ။
အပြုံးတစ်ဝက်နှင့် သခင်လေး: ရပါတယ်။
ရှောင်ထန်းမန်: ငါ့ဘောင်းဘီတွေ တကယ် ပြန်မပေးဘူးလား။ အကျဉ်းခန်းက အေးတယ်။
သခင်လေးက အစေခံတစ်ယောက်ကို ညွှန်ကြားသည်: သူ့ဆီကို မီးဖိုယူလာပြီး နွေးအောင်လုပ်ပေးလိုက်။
ရှောင်ထန်းမန်:…
၀၄
လျို့ဝှက်ဓားစံအိမ်၏ သခင်လေးတွင် မြေအောက်ခန်း၌ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ရှိကြောင်း လူတိုင်းသိသည်။
သခင်လေး: သူ့အခြေအနေ ဘယ်လိုလဲ။
အစေခံ: အစီရင်ခံပါတယ် သခင်လေး။ သူ ငါးပြုတ်စပ်ကို တော်တော်လေး တောင့်တနေပါတယ်။
သခင်လေး: စားဖို့ဆောင်ကို အဲဒါလုပ်ဖို့ သွားပြောလိုက်။ အစပ်ပို့ထည့်ခဲ့။ တခြားရော။
အစေခံ: အစီရင်ခံပါတယ် သခင်လေး။ သူ မာကျောက် ကစားချင်နေပါတယ်။
သခင်လေး:သူနဲ့ကစားဖို့ လူနှစ်ယောက်ခေါ်ခဲ့။ သူ နိုင်အောင်လုပ်ပေးလိုက်။ တခြားရော။
အစေခံ: အစီရင်ခံပါတယ် သခင်လေး။ သူ ဘောင်းဘီဝတ်ချင်နေပါတယ်။
သခင်လေး: ဟင့်အင်း။
၀၅
အလုပ်ရှုပ်သော တစ်နေ့တာအဆုံးတွင် သခင်လေးသည် ချိန်းတွေ့ရန် မြေအောက်အကျဉ်းခန်းဆီသို့ ပျော်ရွှင်စွာ သွားလေ၏။
ရှောင်ထန်းမန်က အမဲစားနှပ်အစပ်ကိုစားရင်း မီးဖိုဘေးတွင် မာကျောက်ကစားနေသည်။
သခင်းလေက အစေခံများကို ဖြုတ်လိုက်သည်။
သခင်လေး:ဘယ်အချိန်မှ မင်း ရှုံးမှာလဲ။
ရှောင်ထန်းမန်က တွေး၍: ငါတော့ အကြိမ်တိုင်း နိုင်နေတာပဲ။
သခင်လေး: မဆိုးပါဘူး။ (နိုင်မှာပေါ့။ မင်းနိုင်အောင်ဆော့ပေးဖို့ ငါ အမိန့်ပေးထားတာလေ။)
စိတ်လှုပ်ရှားနေသော ရှောင်ထန်းမန်:ငါ နောက်ဆုံးတော့ လောင်းကစားနတ်ဘုရား ဖြစ်လာပြီလား။
သခင်လေးက လေးနက်စွာဖြင့်: ထင်တာပဲ။
ရှောင်ထန်းမန်: ဘောင်းဘီမပါတဲ့ လောင်းကစားနတ်ဘုရား။ အဆင်ပြေတယ်လို့ထင်လား။
သခင်လေးလည်း အခိုင်အမာဟန်ဖြင့်: အဆင်ပြေတယ်။
….
အကျဉ်းခန်းထဲ ကြောက်ခမန်းလိလိ တိတ်ဆိတ်မှု ကြီးစိုးသွားလေသည်။
၀၆
သခင်လေး: ဒီနေ့ မင်းကို စစ်မေးဖို့ လာတာ။
ရှောင်ထန်းမန်: ဘာအကြောင်းလဲ။
သခင်လေး: ငါ့ကိုသတ်ဖို့ ဘယ်သူက မင်းကို လွှတ်လိုက်တာလဲ။
ရှောင်ထန်းမန်: အဲဒါက ကျပမ်းတာဝန်ပဲ။ ငါလည်းမသိဘူး။
မျက်ဝန်းများ ကျုံ့ကျဉ်းသွားသော သခင်လေး: မပြောချင်ဘူးလား။
ရှောင်ထန်းမန်: ငါ တကယ် မသိတာ။
သခင်လေး: မသိဘူးလို့ ထပ်ပြောကြည့်။ နမ်းပစ်လိုက်မယ်။
ကြောက်ပြီးတုန်ယင်လာသော ရှောင်ထန်းမန်: သိတယ်၊ သိတယ်… ရွာရှေ့ပိုင်းက လီ အာ့ကော်များလား? ဘာမှမသိတော့ဘူး။ နမ်းသာနမ်းလိုက်တော့။
သခင်လေး: ခွီး ကောင်းပြီ။ ငါ အကြွေးမှတ်ထားမယ်။
အံ့ဩသွားသော ရှောင်ထန်းမန်: ဒါမျိုးကိုတောင် အကြွေးမှတ်တယ်လား။
သခင်လေးက သူ့ကိုကြည့်ရင်း: ဟုတ်တယ်။ အတိုးနဲ့ရော။
ရှောင်ထန်းမန်: အမ်? အတိုး?
သခင်လေးက သက်ပြင်းချပြီး: ဒီနှစ်ကုန် ထပ်ဆင့်အတိုးနဲ့ဆို အနမ်းပေါင်းရာချီလောက်တယ်။
ရှောင်ထန်းမန်ခမျာ ငိုတော့၏: အကြွေးမလိုချင်ဘူး! အခုပဲနမ်းစမ်းပါ! မြန်မြန်!
အကျဉ်းခန်းတံခါးကို သော့ခတ်လိုက်သော သခင်လေး: ဟင့်အင်း။ အကြွေးပဲမှတ်မယ်။