chapter (1)
- Home
- All Mangas
- အဖွဲ့ဝင်တစ်ယောက်နဲ့ တွဲနေတာ လူမိသွားပြီ
- chapter (1) - အနုပညာလောကကနေ ငါအနားယူတော့မယ်
အပိုင်း (၁)
အနုပညာလောကကနေ ငါအနားယူတော့မယ်
“ဒီလိုနေ့တွေ ဘယ်တော့မှများ ပြီးမှာလဲ? အသက်တောင်မရှင်နိုင်တော့ဘူးလို့ ခေါင်းဆောင်ရေ! ခေါင်းဆောင်ကြီး? ရှန်ရွှရှီး!” ချောင်ရွန့်လင် ကသူ့ဘေးက ခေါင်းအုံးကိုယူပြီး ရှန်ရွှရှီးကို လှမ်းပစ်ထည့်လိုက်တယ်။
ရှန်ရွှရှီးကတော့ ခေါင်းအုံးက သူ့မျက်နှာကိုထိပြီးကန်ထွက်သွားတာကို အသာလေးပဲငြိမ်ခံနေတယ်။ ဆိုဖာပေါ်မှာ မျက်လုံးလေးမှိတ်ပြီး မှီနေတုန်း။ ရေနွေးနွေးပူပူနဲ့ အပြုတ်ခံရမှာကို မကြောက်တော့တဲ့ ဝက်သေကြီးလိုပဲ။
“မသိဘူးလေ၊ ငါတို့အိမ်အသစ်ရှာလို့ရတာပဲ။ ကုမ္ပဏီကတော့ ငါတို့ကိုလုံးလုံးလက်လျော့လိုက်ပြီ ငါကုမ္ပဏီကနေ ထွက်သွားပြီးရင်လည်း ဘာဆက်လုပ်မယ်လို့ တွေးမရဘူး၊ အချိန်ပြည့် live လွှင့်ကြရင်လည်း ပိုက်ဆံရတာပဲ၊ စာချုပ်ပြည့်သွားရင် broadcast အေဂျင်စီတစ်ခုခုမှာ ဝင်လုပ် မဟုတ်လည်း ကိုယ့်ဟာကိုယ် စလုပ်ပေါ့ ဒါမှမဟုတ် အလုပ်ပြောင်း၊ စာပဲဆက်လေ့လာဘာညာ”
ရှန်ရွှရှီးက အသံကိုတဖြည်းဖြည်း ပျင်းတွဲပြီးအီလေးဆွဲ၊ လေးတိလေးကန်နဲ့ဆက်ပြောတယ်။
“သွားဖို့လမ်းတွေကတော့အများကြီးပဲ၊ အဆိုးဆုံးကတော့ အမှိုက်ကောက်ဖို့ပဲ”
မပီမပြင်အပြုံးတုကြီးနဲ့ ချောင်ရွန့်လင်ကပြန်ပြောတယ်။
“ခေါင်းဆောင်ကြီး ဒီလိုပျင်းနေပုံနဲ့တော့ အမှိုက်ကောက်ဖို့အိပ်ယာထတဲ့အချိန်မှာ အမှိုက်ကသူများတွေကောက်လို့ကုန်နေလောက်ပြီ”
ရှန်ရွှရှီးရဲ့နှုတ်ခမ်းထောင့်တွေ အောက်ကိုတဆုံး ကွေးညွတ်ပြီး မျက်ခုံးပင့်လို့ ချောင်ရွန့်လင်ကိုကြည့်တယ်: “ဆူပူတာအရမ်းကြမ်းတမ်းတာပဲ”
“တတိယအကြီးဆုံးလေးက ပန်ကိတ်ရောင်းဖို့ တွန်းလှည်းပြင်နေပြီ၊ ဘယ်နားမှာရောင်းမလဲတောင်နေရမလဲတောင်ရွေးပြီးနေပြီ။ ငါတို့နားက မီးရထားဘူတာဘေးမှာ၊ အသီးအရွက်ဈေးတန်းထဲတဲ့”
ချောင်ရွန့်လင်ကမသိမသာသက်ပြင်းချရင်း “Xiaozishu* မှာအလုပ်အတွေ့အကြုံ ပိုစ့် အခု ၈၀၀ လောက် သူဖတ်ပြီးသွားပြီ၊ သူ့ပုံကအရမ်းယုံကြည်ချက်ပြည့်ဝနေသလိုပဲ”
“နေရာကတော့ကောင်းတယ် ငါသဘောတူသား” ရှန်ရွှရှီးက ခေါင်းတညိမ့်ညိမ့်ဖြင့်၊
“ငါတို့ဒါဆို ပိုက်ဆံရှာနိုင်မှာပေါ့ ငါတို့ထဲကတချို့လည်း ကူညီပြီးလုပ်ရင် လုပ်အားခရဖို့စောင့်ရုံပဲ”
ချောင်ရွန့်လင်ကမဲ့ရွဲ့ပြီးပြန်မေးတယ်။
“ဒါဆိုနင်ကရောဘာလုပ်မှာလဲ? အခုတလောလည်း နင်live လွှင့်ဖြစ်တာမရှိဘူးလေ”
“ဂိမ်းဆော့နေတယ်လေ” ရှန်ရွှရှီးကမတ်တပ်ထပြီး အကြောဆန့်တယ်။
“နေဦး ပြောရင်းမှ ဒါ ငါဂိမ်းဆော့ဖို့အချိန်ပဲ အနာဂတ်အကြောင်းနောက်မှပြောမယ်၊ သူ့ဟာသူတော့တဖြည်းဖြည်းအဆင်ပြေသွားမှာပေါ့ သိပ်မပူနေပါနဲ့ ငါတို့တစ်နေ့ ဝုန်းဆို ထအောင်မြင်သွားနိုင်တာပဲ”
ချောင်ရွန့်လင်ကရှန်ရွှရှီးရဲ့နောက်ကျောကိုကြည့်ရင်း ထပ်သက်ပြင်းချရတော့တယ်။
အဖွဲ့လိုက်ပွဲဦးထွက်ဖို့အခွင့်ရတုန်းက ငါးယောက်သား ဘယ်လောက်တောင်တက်ကြွနေခဲ့ကြလဲ မှတ်မိသေးတယ်။ ပွဲထွက်ကတည်းက အခုထိ ဒီလို ယောင်ချာချာဖြစ်နေရလိမ့်မယ်လို့ ဘယ်သူကထင်ခဲ့မိမှာလဲ?
လေးနှစ်တောင်ကြာပြီးလို့ သူတို့စာချုပ်က နောက်တစ်နှစ်ဆို ပြည့်တော့မယ်။
ဖြစ်ချင်ရာဖြစ်ပြီး တွန်းလှည်းနဲ့မုန်းရောင်းတဲ့သူကရောင်းနေပြီ။
ရှန်ရွှရှီးအတွက်တော့ အမြဲနှမြောဖို့ကောင်းတယ်လို့ ချောင်ရွန့်လင်ခံစားရတယ်။ သူကအဲဒီတုန်းက တစ်ယောက်တည်း ပွဲထွက်ဖို့အခွင့်အရေးရှိခဲ့တယ်လေ၊ ဒါပေမဲ့အဖွဲ့အတွက်နဲ့ အဖွဲ့ထဲမှာပဲနေပြီး သူ့မှာရှိခဲ့တဲ့အောင်မြင်မှုလေးတွေပါအကုန် ပလုံခံလိုက်ရတာ။ အဆင့် ၁၈ ကနေ ၈၈ ကိုကျသွားသလိုပေါ့။ သူနောင်တရသလားတော့မသိတော့ပါဘူး။
သူဆိုရှယ်မီဒီယာအကောင့်ကိုဖွင့်ကြည့်လိုက်တယ်။ သာမန် Internet ပေါ်က နာမည်ကြီးတွေနဲ့ယှဉ်လိုက်ရင် သူ့ကို follow ထားတဲ့လူ တအားနည်းပေမဲ့လို့ သင်ထားတာမကြာသေးတဲ့ အကကွက်တချို့ ကကြည့်ပြီး ဗီဒီယိုတင်ထားတယ်။ ကွန်းမန့်တစ်ခုရဖို့ ၁၀ မိနစ်လုံးလုံးစောင့်ခဲ့ပေမဲ့ မထင်မရှား influencer လောက်ကတောင် သူနဲ့ယှဉ်ရင် ပိုနာမည်ကြီးနေတာပါပဲ။
ချောင်ရွန့်လင်ကအသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး အတတ်နိုင်ဆုံးလုပ်ပြုံးကြီးတစ်ခု လုပ်ပြန်တယ်။ သူ့အခြေအနေနဲ့ ဆယ်လီတွေကိုလိုက်အထင်သေးနေဖို့ ဘာအဆင့်ရှိလို့တုန်း?
ရှန်ရွှရှီး အခန်းထဲပြန်လာပြီး တံခါးကိုဂရုတစိုက်သော့ခတ်တယ်။ ချောင်ရွန့်လင်ဒီရက်ပိုင်းမှာပြောတာတွေကို သူတွေးနေခဲ့တာ၊ ဒါပေမဲ့ သူအလောတကြီးနဲ့ အပူတပြင်းလုပ်လို့မရတာတွေအများကြီးရှိနေတယ်။
သူလည်းစိတ်မကောင်းဖြစ်ပါတယ်။ အနုပညာလောကထဲဝင်ခဲ့လို့ မိသားစုနဲ့အဆင်မပြေတော့ဘူး၊ အဆက်အသွယ်မလုပ်ဖြစ်တာ နှစ်ချီနေပြီ။ ဟိုးအစတုန်းကတော့ သူအရမ်းစိတ်အားထက်သန်ပြီး သူတို့ကိုဒီအလုပ်နဲ့ အောင်မြင်တာကိုပြချင်ခဲ့တာ။ အခုတော့… အဲဒီသူက အနုပညာလောကထဲမှာ ပိုက်စိပ်တိုက်ရှာတောင် မတွေ့နိုင်လောက်တော့ဘူး။ ပျော့ပျော့ညံ့ညံ့နဲ့ အိမ်ပြန်သွားရင် ပိုအဆင်ပြေပြေနေရပြီး အသက်ဆက်နိုင်မှာသူသိပေမဲ့ သူ့ဘဝမှာ “အရှုံးပေးတယ်” ဆိုတာမျိုးမှမရှိပဲ။
စားပွဲခုံအောက်ထဲ ထိုင်ခုံကိုပြန်ထည့်ပြီး ရှန်ရွှရှီးအိပ်ယာပေါ်လှဲလိုက်တယ်။ သူ့ဖုန်းက နှစ်ခါတိတိ နိုတီဝင်လာတော့ သူအချိန်ကိုလှမ်းကြည့်၊ ချက်ချင်း ငေါက်ခနဲ ထထိုင်မိတယ်။ ဂိမ်းဆော့ဖို့ လူတစ်ယောက်နဲ့
ချိန်းထားတာတောင် သူမေ့တော့မလို့။
အကောင့်ကိုနှိပ်ကြည့်ပြီး သူ့ပရိုဖိုင်းဓာတ်ပုံနဲ့ နာမည်ကိုမြင်တော့ တခဏလောက် ကြောင်ကြည့်နေမိတယ်။
အတော်လေးကြာတဲ့နောက်မှာ မနေ့ညက ပျင်းနေလို့ နာမည်နဲ့ပုံကို “အတွဲ” နဲ့လိုက်အောင်ပြောင်းထားလိုက်မှန်းသတိရသွားတယ်။
ဟုတ်တယ်၊ အမှန်ပဲ။ သူပျင်းပြီး အခုခေတ်စားနေတဲ့ ဂိမ်းထဲမှာရည်းစားအတွဲချိတ်ဖို့ လူရှာတွေ့သွားတာ။
တစ်ဖက်ကတစ်ယောက်က အသက်နှစ်ဆယ်၊ အဖြူနဲ့အမည်းဓာတ်ပုံထားထားပြီး စိတ်အားလျော့ချင်စရာ နာမည်ကြီးနဲ့၊ အကောင့် bio မှာလည်း ခြိမ်းခြိမ်းခြောက်ခြောက်ရေးထားသေး။ ဒီလိုထူးထူးခြားခြား အချက်ကြောင့် ရှန်ရွှရှီးက တခြားပိုစ့်ပေါင်းများစွာထဲကနေ အရင်ဆုံး မြင်ခဲ့တာပဲ။
ဒါပေမဲ့ သူသွားပြီး အတွဲချိတ်တော့ အဲဒီသူက ဂိမ်းကမှားပြီးပိုစ့်တင်မိတာလို့ပြောပေမဲ့ ရှန်ရွှရှီးက အရေထူထူမျက်နှာနဲ့ သုံးရက်တိတိ နားပူစားပူသွားလုပ်ပြီးတဲ့နောက်မှာ တစ်ဖက်က သူနဲ့ အတွဲချိတ်ဖို့
သဘောတူလိုက်ပါတော့တယ်။
တစ်ဖက်ကတော့ ပြောင်းလဲသေးပုံမပေါ်ပဲ တစ်ချိန်ချိန်မှာ ထထွက်ပြေးမဲ့ပုံပေါက်ပေမဲ့လို့ ရှန်ရွှရှီးကတော့ တစ်ဖက်သူရဲ့နှလုံးသားလေး အနှေးနဲ့အမြန် အရည်ပျော်နူးညံ့လာမယ်လို့ ယုံကြည်ထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူက ချစ်ဖို့ကောင်းလွန်းလို့ သူနဲ့သိသမျှသူတွေထဲမှာ သူ့အဖွဲ့ထဲက လူတစ်ယောက်ကလွဲလို့ ဘယ်သူမှ သူ့ကိုသဘောမကျတဲ့သူဆိုတာ မရှိဘူးလေ။
တစ်ဖက်လူကို အံ့အားသင့်အောင်လုပ်ပြဖို့ ရှန်ရွှရှီးက သူ့ “အွန်လိုင်းအသွင်” ကိုအထူးတလည် ပြောင်းလဲပစ်လိုက်တယ်။
ဟိုဖက်ကနာမည်က “နတ်ဘုရားတွေမငိုဘူး” ဆိုတော့ ရှန်ရွှရှီးက “မိန်းမမှမချစ်ရင် ငိုရုံပါ” လို့ပြောင်းတယ်၊ ဟိုဖက်က အဖြူနဲ့အမည်းဆံပင်ထားထားလို့ သူလည်းဆံပင်ကို အဖြူနဲ့အမည်းပြောင်းတယ်၊ သူ့အကောင့်မှာ “ငါ့လူတွေရဲ့အတောင်ပံကိုချိုးပစ်ရင် နင်တို့နိဗ္ဗာန်ဘုံတစ်ခုလုံးကိုဖျက်ဆီးပစ်မယ်” လို့
ရေးထားလို့ ရှန်ရွှရှီးကလည်း အကောင့်မှာ “ငါ့မိန်းမရဲ့ဆံပင်ပုံစံကိုခိုးရင် နင်တို့စားစရာဆိုင်တွေအကုန်
ဖျက်ဆီးပစ်မယ်” လို့ရေးတယ်။*
【နတ်ဘုရားတွေမငိုဘူ: ?? 】
【မိန်းမမှမချစ်ရင် ငိုရုံပါ: တောင်းပန်တယ်နော် ငါနောက်ကျသွားတယ် 】
【နတ်ဘုရားတွေမငိုဘူး: နာမည်နဲ့ပုံကဘာဖြစ်တာလဲ?】
【မိန်းမမှမချစ်ရင် ငိုရုံပါ: နင့်အတွက်တမင်ပြောင်းထားတာလေ 】
【 နတ်ဘုရားတွေမငိုဘူး: အခုပဲနာမည်ကို တခြားတစ်ခုပြောင်းတော့မလို့ 】
【မိန်းမမှမချစ်ရင် ငိုရုံပါ: မလုပ်နဲ့! ပြောင်းလိုက်ရင် တို့ ဂိမ်းထဲမှာ အတောက်ပဆုံး မီးပန်းလေးလို အတွဲဖြစ်တော့မှာမဟုတ်ဘူး! 】*
ဒီအချိန်မှာပဲ ရှဲရှစ်နင်၊ ရှန်ရွှရှီးရဲ့ဘေးအခန်းမှာတင်ရှိနေတဲ့သူက ဖုန်းမျက်နှာပြင်ပေါ်က စာတွေကိုကြည့်ပြီး မျက်နှာကို ရှိသမျှအားကုန်ထည့်ပြီး မဲရွဲ့လိုက်မိတယ်။ ဘာဖြစ်လို့ဒီလူကသာမန်မဟုတ်ဘူးလို့ အမြဲခံစားနေရတာပါလိမ့်။
ဒါပေမဲ့ ထားလိုက်ပါ၊ နာမည်နဲ့ပုံပဲကို မပြောင်းနဲ့ဆိုတော့လည်းမပြောင်းဘူးပေါ့။ အရင်မူလတန်း
ကတည်းက ကစားတဲ့အကောင့်ပဲလေ၊ သူ့အကောင့်ကိုလိုက်ပြောင်းနေရတာလည်းအလုပ်ရှုပ်တာပဲ။
နာမည်အသစ်စဉ်းစားဖို့ သူအရမ်းပျင်းနေလို့။
သူ့အကောင့်ကို ဖုံးကွယ်နေဖို့ထက် ဒီပြဿနာကောင်နဲ့ ငြင်းခုံရတာပိုအလုပ်ရှုပ်တာလည်း ပါတယ်။ စကားတွေအများကြီးပြောရ၊ အလိမ်အညာပေါင်းစုံထည့်နေရ။ ရှဲရှစ်နင်က သူ မိုက်ဖွင့်ပြီး
စကားပြောလို့မရဘူးလို့တော့ ပြောထားတယ်။ ဒါပေမဲ့ စာရိုက်ပြီးပြောနေရင်းတောင် ဒီပြဿနာကောင်က ဘယ်လောက်ထိ ပူညံပူညံလုပ်နိုင်တယ်ဆိုတာ ခံစားမိပါရဲ့။
【မိန်းမမှမချစ်ရင် ငိုရုံပါ: အိုကေ ဘေဘီ~ ကိုယ့်နဲ့လိုက်ရောညီထွေဖြစ်အောင်နေနေတာပဲ 】
【နတ်ဘုရားတွေမငိုဘူး: နင်နဲ့ထိုင်ရန်ဖြစ်နေဖို့က အာရုံနောက်စရာမလို့….】
【မိန်းမမှမချစ်ရင် ငိုရုံပါ: ဟင့်အင်း မယုံပါဘူး၊ လာခဲ့တော့ ကိုယ်မင်းကိုပျံသန်းပြီးခေါ်သွားပေးမှာကွ】
【နတ်ဘုရားတွေမငိုဘူး: သာမန်လိုပဲနေပေးပါ 】
ရှန်ရွှရှီးက မသိချင်ယောင်ဆောင်ပြီး ဂိမ်းထဲဝင်၊ ရှဲရှစ်နင်ကို အသင်းထဲဆွဲထည့်လိုက်တယ်။ သူ့ microphone ကိုတစ်ချက်လှမ်းကြည့်တယ်။ ဟုတ်ပြီ ပိတ်ထားတယ်။
တစ်ဖက်လူက မိုက်ဖွင့်ဖို့ပြောမလားလို့စိုးရိမ်နေခဲ့ပေမဲ့ တစ်ခါမှ မိုက်ဖွင့်ဖို့ လုံးဝမမေးလာခဲ့ဘူး၊
ဒီလိုမျိုး မမျှော်လင့်ထားခဲ့တာတော့အမှန်ပဲ။ အဲဒါကြောင့် အခုထိနှစ်ယောက်လုံး စာရိုက်ပို့ရင်းပဲပြောဆိုကြတယ်၊ ကစားတဲ့နေရာမှာလည်း စကားပြောဖို့မလိုပဲ နားလည်မဲ့ နည်းလမ်းမျိုးသုံးကြတာပေါ့။
အရင်ကတော့ ရှန်ရွှရှီးက တစ်ဖက်ကတစ်ယောက်က ယောကျ်ားလေးဖြစ်နေမှာစိတ်ပူနေခဲ့ပေမဲ့ မဟုတ်ဘူးလို့ သေချာသွားတယ်။ ယောကျ်ားလေးသာဆို သူ့ကိုသေချာပေါက် မိုက် ဖွင့်ခိုင်းခဲ့မှာ။
ဒီလိုတစ်သွေမတိမ်းမှတ်ထားရတာလည်းမထူးဆန်းပါဘူး၊ ယောကျ်ားလေးတွေပါတဲ့အဖွဲ့တချို့ထဲရောက်ဖူးတယ်၊ အကုန်လုံး သူ့ကိုမိုက်ဖွင့်ခိုင်းခဲ့တာချည်းပဲ။
“စတင်” ဆိုတဲ့ခလုတ်ကိုနှိပ်ပြီး ရှန်ရွှရှီးနဲ့ ရှဲရှစ်နင်တို့ ဂိမ်းကိုစလိုက်တယ်။ “Immortal Glory” လို့ခေါ်တဲ့ ငါးယောက်နှစ်ဖွဲ့ပြိုင်ချရတဲ့ နာမည်ကြီးဂိမ်းပဲ။ ဂိမ်းမှာ အဆင့်ခုနစ်ခုရှိတယ်၊ လောလောဆယ်တော့ သူတို့နှစ်ယောက်က အဆင့် ၄ diamond တစ်ဝိုက်မှာပဲ ကျလိုက်၊ တက်လိုက်။
အနုပညာလောကထဲမဝင်မီကလည်း ရှန်ရွှရှီး ဒီဂိမ်းဆော့ဖူးသေးတယ်။ နောက်တော့ သူ့နောက်ကြောင်းရေးရာတွေ ပေါ်မှာစိုးရိမ်တာနဲ့ အကောင့်ကို ဖျက်လိုက်တာ။
အခုတော့ အနုပညာလောကထဲကလည်း ကန်ထုတ်ခံရတော့မှာပဲဆိုတော့၊ ဂိမ်းကိုပြန် download ပြီး အကောင့်အသစ်နဲ့လာဆော့နေတာ။
【မိန်းမမှမချစ်ရင် ငိုရုံပါ: ဂိမ်းမှာပိုပြီးပျော်ရအောင်လို့ တို့ ဒီနေ့ ဇာတ်ညွှန်းလေးနဲ့သွားကြမယ်လေ စိတ်ဝင်စားတယ်မလား? 】
ရှန်ရွှရှီးပို့ထားတဲ့စာကိုကြည့်ပြီး ရှဲရှစ်နင်မျက်မှောင်ကြုံ့မိတယ်၊ တော်တော်ကြီးကိုမကောင်းတဲ့ခံစားချက်ရနေပါလား။
—-
* Xiaozishu က တရုတ် linkedIn လားပဲ၊
*သူတို့ကစားထဲဂိမ်းက ငါးယောက်ငါးယောက်ပြိုင်ချရတဲ့ honor of kings လိုမျိုး၊ ကြည့်ရတာကိုယ်ပိုင် အိမ်နေရာတည်ဆောက်တာဘာညာလည်း လုပ်လို့ရတယ်ထင်တယ်။
*ဖလန်းဖလန်းဖြစ်တာကိုပြောချင်တာလားမသိ…မီးပန်းလို့မြင်လို့မီးပန်းလိုက်ပါတယ် ဟဲ