chapter (2)
- Home
- All Mangas
- အဖွဲ့ဝင်တစ်ယောက်နဲ့ တွဲနေတာ လူမိသွားပြီ
- chapter (2) - ငါက အဲဒီလောက် အထိမခံ ကွဲလွယ်ကျိုးလွယ်မဟုတ်ပါဘူး
အပိုင်း (၂)
ငါက အဲဒီလောက် အထိမခံ ကွဲလွယ်ကျိုးလွယ်မဟုတ်ပါဘူး
ရှဲ့ရှစ်နင် မငြင်းရသေးခင်မှာ ရှန်ရွှရှီးက ဒီနေ့ရဲ့ စာတစ်ကြောင်းဇာတ်ညွှန်းလေးကိုပို့ပေးပြီးပြီ။
[မိန်းမမှမချစ်ရင် ငိုရုံပါ : ဒီနေ့ငါက နင်ချစ်လို့မရတဲ့အမျိုးသမီး၊ မနက်ဖြန်ကျ နင် တခြားသူနဲ့လက်ထပ်တော့မှာ]
[နတ်ဘုရားတွေမငိုဘူး : မဆော့ချင်ဘူး ]
[မိန်းမမှမချစ်ရင် ငိုရုံပဲ : ဒါဆိုနင်က ငါချစ်လို့မရတဲ့အမျိုးသမီး၊ မနက်ဖြန်ကျ နင်တခြားသူနဲ့လက်ထပ်တော့မှာ】
ရှဲ့ရှစ်နင်ပြောစရာပျောက်ဆုံးသွားတယ်။ ဒီလူ လူစကားနားမလည်တာလား? ပြောချင်တာဘယ်သူက ဘယ်သူကိုချစ်တာပဲဖြစ်ဖြစ် ဘာမှမထူးဘူးလေ! ဘာဖြစ်လို့ဒီလိုရှက်စရာလုပ်ဇာတ်ကြီးနဲ့ ဆော့ကြမှာလဲ?
ငြင်းချင်သေးပေမဲ့ ရှန်ရွှရှီးက သူ့ကိုငြင်းဖို့အခွင့်မပေးတော့ပဲ ဂိမ်းကိုစလိုက်တော့တယ်။
ရှန်းရွှရှီးရဲ့ အဖြူနဲ့အမည်းဓာတ်ပုံကို ရှဲ့ရှစ်နင် လှမ်းကြည့်လိုက်တယ်။ ဓာတ်ပုံကိုကြည့်ရတာ စိတ်ဓာတ်ကျစရာကြီးပေမဲ့ ဘာကြောင့်ရယ်မသိ တစ်ဖက်ခြမ်းမှာ အဲဒီလူက ပျော်ရွှင်တက်ကြွနေတာကို သူမှန်းကြည့်လို့ရနေတယ်။
ရှဲ့ရှစ်နင်မျက်လုံးတွေပိတ်ပြီးအသက်ပဲရှူသွင်းလိုက်တယ်။
ထားလိုက်တော့၊ ဒီနာမည်ကြီးနဲ့ ဒီလိုအတွဲတောင်ချိတ်ထားပြီးပြီပဲ၊ မျက်နှာပြောင်ပြောင်ပဲနေတာပေါ့။
သရုပ်ဆောင်အတန်းတက်နေရတယ်လို့ပဲမှတ်လိုက်မယ်။
ရှန်ရွှရှီးကို မသိချင်ယောင်ဆောင်လိုက်လို့ရမဲ့ ရှဲ့ရှစ်နင်ကိုယ်တိုင်တောင်မသိထားလိုက်မိပဲ ရှန်ရွှရှီးရဲ့ဂိမ်းထဲခေါ်တာကို လက်ခံတယ်ပဲ ရွေးခဲ့ပါတော့တယ်။
…
hero ရွေးတဲ့နေရာကိုရောက်လာတာနဲ့ အကြာကြီးပြင်ဆင်နေခဲ့တဲ့ စာသားကိုချပြောဖို့ ရှန်ရွှရှီးမစောင့်နိုင်တော့ဘူး။
[မိန်းမမမှမချစ်ရင် ငိုရုံပါ: တကယ်ပဲမနက်ဖြန် အဲဒီလူနဲ့လက်ထပ်ချင်လို့လား? ကိုယ့်ကိုမလိုချင်တော့ဘူးလား?】
ရှန်ရွှရှီးကပြောပြီးတာနဲ့ မြန်မြန် hero ရွေး၊ အိပ်ယာလေးပေါ်မှာလှဲ၊ ခြေထောက်နှစ်ချောင်းကိုကွေးလိုက်ဆန့်လိုက်နဲ့၊ ပါးစပ်ကိုလက်နဲ့ပိတ်ပြီး အော်ရယ်ပါရော။
အနေခက်သွားပြီ?
အနေခက်သွားတာပဲပေါ့။
ဒါပေမဲ့အဲဒီတစ်ခုခုကိုဖြစ်အောင်လုပ်ချင်စိတ်က အရှက်တရားထပ်ပိုများနေတယ်လေ။
အရင်တုန်းက သူတစ်နေ့အောင်မြင်လာမယ်လို့ရှန်ရွှရှီး တွေးခဲ့ဖူးတယ်၊ အဲဒါကြောင့်အမြဲ ပျော်ပျော်နေတတ်တဲ့စရိုက်ကို ထုတ်မပြခဲ့လို့ သူ့ပုံစံက ရုပ်တည်ပြီးအလေးနက်ထားတတ်တဲ့ပုံဖြစ်နေခဲ့တာ။ ဒါပေမဲ့ဘယ်သူသိခဲ့မှာလဲ၊ အလေးနက်စထားကတည်းက နာမည်ကိုမကြီးလာတော့တာပဲ…အရင်ကတည်းက မအောင်မြင်ခဲ့တာလည်းဖြစ်နိုင်ပါတယ်လေ။
သူဖုန်းကိုကြည့်ပြီး မျက်ခုံးပင့်မိတယ်။
စိတ်မဝင်စားဘူးလို့ ဟိုဖက်ကပြောပေမဲ့လည်း အခက်အခဲမရှိ၊ သူပြောချင်တဲ့ စာသားနှစ်ကြောင်းတောင်တိုက်ရိုက်ပို့လိုက်နိုင်တာပဲ။
[နတ်ဘုရားတွေမငိုဘူး: ငါနင့်ကိုဘယ်တုန်းကမှ မလိုချင်ခဲ့တဲ့ဥစ္စာ၊ နင့်ဘက်ကပဲ တစ်ဖက်သပ်မျှော်လင့်ပြီး အတွေးစိတ်ကူးတွေယဉ်ထားတာမဟုတ်ဘူးလား?]
[နတ်ဘုရားတွေမငိုဘူး: မနက်ဖြန်ငါ့မင်္ဂလာဆောင်ကို နင်မလာရင်ကောင်းမယ်၊ နင့် မျက်နှာမြင်ရရင် စိတ်ညစ်နေရမှာမလို့ 】
စာနှစ်ကြောင်းတည်းနဲ့ ရှန်ရွှရှီး နှလုံးသားလေးနာကျင်လာတာကိုခံစားလိုက်ရတယ်။ ဒီလူကတကယ့်ကို ရက်စက်နိုင်လွန်းတာပဲ။
ရှန်ရွှရှီးထထိုင်ပြီး chat ကိုဖွင့်တယ်။
[မိန်းမမှမချစ်ရင် ငိုရုံပါ: ကိုယ့်ကို စိတ်မကျေနပ်အောင် တမင်လုပ်ယူတာလို့ သံသယဖြစ်မိတယ်! ]
[နတ်ဘုရားတွေမငိုဘူး: ဟုတ်တယ်၊ သိသွားသားပဲ 】
ရှန်ရွှရှီး အော်ရယ်မိတယ်။ ဒီတစ်ယောက်က တကယ်ပက်ပက်စက်စက်ပြောတတ်တာပဲ! ငါနဲ့လိုက်မကစားပေးချင်တဲ့အကြောင်းရင်းက လုပ်ရမဲ့ဇာတ်ကောင်ကြီးကိုမကြိက်လို့ပေါ့လေ! အဲဒါကိုအခုထိမဝန်ခံဘူးပေါ့။
နှစ်ယောက်သားက ချက် ထဲမှာပြောနေတုန်း၊ ကျန်တဲ့ဂိမ်းထဲက အဖွဲ့ဝင်သုံးယောက်က “?” လေးတွေကိုစီစီရီရီ တန်းစီပို့ထားကြတယ်။
[မိန်းမမှမချစ်ရင် ငိုရုံပါ: Lu နဲ့တောင်သွားချတယ်? ငါနဲ့ဂိမ်းထဲမှာတောင် လမ်း တူတူမလျှောက်ချင်တဲ့အထိပဲလား?]
[နတ်ဘုရားတွေမငိုဘူး: ဟုတ်တယ် အမှန်ပဲ၊ ငါနင်နဲ့အဝေးဆုံးနေရာကိုသွားချင်တာ၊ ဖြစ်နိုင်ရင် ကမ္ဘာတစ်ဖက်ခြမ်းကိုတောင်သွားလိုက်ချင်တယ်]
[အလုပ်မသွားချင်ဘူးလို့: နေပါဦး၊ နှစ်ယောက်သားဟန်ဆောင်နေကြတာလား? အတည်ကြီးဖြစ်နေကြတာလား?]
[မိန်းမမှမချစ်ရင် ငိုရုံပါ: အခုတောင် တအားကိုဝမ်းနည်းနေရပြီ၊ ငါ့မေတ္တာတွေကို မယုံကြည်သေးဘူးလား?]
[မိန်းမမှမချစ်ရင် ငိုရုံပါ: သူငါနဲ့ အတွဲမချိတ်ခင် ငါးနှစ်တောင်ကြာအောင် လိုက်ကြိုက်ခဲ့ရတာ၊ အဲဒါသူ့မင်္ဂလာဆောင်မတိုင်ခင် သုံးရက်မှရလိုက်တာလေ! ]
[အလုပ်မသွားချင်ဘူးလို့: အာ၊ ဒါဆိုမင်းကသနားစရာပဲ]
ရှန်ရွှရှီးမနေနိုင်ပဲ အော်ရယ်မိပြီ။
တစ်ဖက်ခန်းမှာတော့ ရှဲ့ရှစ်နင်ရဲ့ မျက်နှာက မထိန်းနိုင်အောင် ရှုံ့တွနေပြီ။ ခံလည်းမခံစားနိုင်တော့ဘူး၊ ဘာမှလည်းပြောမထွက်တော့ဘူး။
အင်းပေါ့၊ ငါ့မျက်နှာက အဲဒီတစ်စုံတစ်ယောက်ထက် အများကြီးပို အရေခွံပါးနေတာပဲ။
သူ့မျက်နှာကိုလက်နဲ့ပုတ်ကြည့်ရင်း မှန်မကြည့်နေတာတောင် သူ့မျက်နှာက နီနေလောက်မှန်း သိနေတယ်၊ မျက်နှာပူနေရင် သိသာတာကိုး။
ရှဲ့ရှစ်နင် အစကတော့ သူဘာမှဆက်မပြောရင် ရှန်ရွှရှီးလည်း တစ်ယောက်တည်းဘာမှလုပ်လို့မရဘူးလို့ထင်လိုက်တာ။ ဒီလူက သူ့ကိုဘယ်သူမှစကားပြောလည်း တစ်ကိုယ်တော်ရှိုးပွဲ လုပ်နိုင်မယ်လို့ဘယ်သူကထင်မိမှာလဲ?
ဒါပေမဲ့တစ်ခါတစ်လေ၊ တဖက်လူက သူ့ကိုတမင် လှောင်နေတာလို့ ရှဲ့ရှစ်နင် ခံစားမိနေတယ်။
[မိန်းမမှမချစ်ရင် ငိုရုံပါ: ငါ့ကိုအရမ်းရွံရှာနေလို့အဖွဲ့နဲ့တောင်မကစားချင်တော့ဘူးလား?]
[မိန်းမမှမချစ်ရင် ငိုရုံပါ: ငါအရမ်းဝမ်းနည်းတာပဲ၊ ငါသတ်လိုက်တဲ့သူဆီမှာတောင် မင်း ပစ္စည်းသွားမကောက်ချင်တော့ဘူး၊ ငါနဲ့ တစ်စက်ကလေးမှတောင် ပတ်သက်ချင်စိတ်မရှိတာလား? ]
[မိန်းမမှမချစ်ရင် ငိုရုံပါ: ဘာဖြစ်လို့ထပ်သေသွားတာလဲ? တောင်ကြားလမ်းထဲမှာ အဲဒီလောက်တောင်ပဲ မနေချင်တော့တာလား? ]
သူအသတ်ခံလိုက်ပြီဆိုတဲ့ ဖုန်းမျက်နှင်ပြင်ပေါ်ကစာသားကို ရှဲ့ရှစ်နင် မျက်မှောင်ကြုံကြည့်မိတယ်။
အစက စာပြန်မလို့ပေမဲ့ တစ်ခါထပ်ပြီးအမှောင်ကျသွားတဲ့ဖုန်းကိုကြည့်ပြီး တိတ်တိတ်လေး keyboard ကိုပြန်ပိတ်လိုက်တော့တယ်။
သူအခုထိဘာမှမပြောသေး။
[မိန်းမမှမချစ်ရင် ငိုရုံပါ: အမှန်ပဲပေါ့ နင်ငါ့ကိုချစ်ပါတယ်၊ အချစ်အတွက်အသက်ပေးပြီး ငါ့ဆီရောက်လာခဲ့တာပဲ!]
ဂိမ်းပြီးသွားပြီ၊ ရှန်ရွှရှီး ချက်ချင်းပဲ ချစ်ဖို့ကောင်းတဲ့စတစ်ကာလေးရွေးပြီး ပို့လိုက်တယ်။
ရှဲ့ရှစ်နင် လိမ္မာနေတဲ့ကြောင်ပုံစတစ်ကာကိုမြင်ပြီး “လုပ်ချင်ရာလုပ်ပြီးမှ ပန်းနုသွေး” ဆိုတာကြီးကို နည်းနည်းလက်တွေ့ခံစားလိုက်ရသလိုပဲ။
[မိန်းမမှမချစ်ရင် ငိုရုံပါ: ဘာဖြစ်လို့ငါနဲ့လိုက်မဆော့တာလဲ! ]
[ဘုရားတောင်ချစ်မှာမဟုတ်လို့ ငိုလိုက်: ဒါနဲ့ မင်းတို့ကြားထဲ အသံတစ်ချက်မှမထွက်ပဲ ဘာမှမပြောမဆိုနေတာက ငါ့ဟာငါ ဖန်တီးစီစဉ်လိုက်တဲ့ ဒရာမာဇာတ်ကွက်လေးပါ]
ရှန်ရွှရှီးစာပြန်တော့မဲ့အချိန်မှာ၊ ဘေးအခန်းက တစ်ခုခုတိုက်မိသလိုအသံကျယ်ကြီးကြားလိုက်လို့ လန့်ပြီးထခုန်မိတယ်။
နံရံကိုကြည့်ပြီး မျက်ခုံးကြုံ့သွားရတယ်။
ဘေးအခန်းမှာနေတဲ့သူအကြောင်းစဉ်းစားပြီး ရှန်ရွှရှီး နည်းနည်းမရေမရာဖြစ်နေခဲ့ပေမဲ့ သူချက်ချင်းပဲ ဖုန်းပိတ်ပြီး ကုတင်ပေါ်ကထသွားတော့တယ်။ တံခါးရှေ့မှာရပ်၊ ခဏလောက်တုံ့ဆိုင်းနေပေမဲ့ အဆုံးမှာ ရှဲ့ရှစ်နင်ရဲ့တံခါးကို ခပ်သာသာလေးခေါက်လိုက်ပါတော့တယ်။
ရှဲ့ရှစ်နင်းကုတင်ဘေးကိုကိုင်ပြီး သူခလုတ်တိုက်မိလို့ ကျသွားတဲ့ခုံကိုကြည့်ရင်း မျက်လုံးပိတ်၊ အသက်ပြင်းပြင်းရှူ၊ မျက်ရည်ကျမလာအောင် မနည်းထိန်းနေရတယ်။ သူ့ခြေချောင်းတွေနာလွန်းလို့ ရူးပါသွားချင်နေပြီ။
ဘယ်အချိန်တုန်းက ဒီနားကို ခုံကရောက်လာတာလဲ?
“အဆင်ပြေရဲ့လား” ရှန်ရွှရှီး တံခါးထပ်ခေါက်ပြီးမေးတယ်။
“ဘာမှမဖြစ်ဘူး” ရှန်ရွှရှီးအသံကြားလိုက်ရတော့ ရှဲ့ရှစ်နင် ငြိမ်ငြိမ်လေးနေရင်းပြန်ဖြေလိုက်တယ်။
“ဒါပေမဲ့နင့်အသံတုန်နေတယ်လေ” ရှန်ရွှရှီး တံခါးကိုဖြည်းဖြည်းချင်းတွန်းဖွင့်ပြီး ရှဲ့ရှစ်နင်ကိုကြည့်ပြီး ထပ်ပြောတယ်။
“တကယ်အဆင်ပြေရဲ့လား? ငါကခေါင်းဆောင်ပဲလေ အကူအညီလိုရင်ဘာမှ မစဉ်းစားနေနဲ့”
တစ်ယောက်နဲ့တစ်ယောက်ကြည့်ရင်း ရှဲ့ရှစ်နင်က လုပ်ပြုံးတစ်ခုနဲ့ပဲ။
“ဒီတိုင်း ခုံနဲ့တိုက်မိတာပါ”
ရှဲ့ရှစ်နင်ရဲ့ ခြေထောက်ကို ရှန်ရွှရှီးကြည့်ပြီးပြောတယ်။
“ငါတွေ့ပါတယ်၊ တုန်တောင်တုန်နေတာကို”
ရှဲ့ရှစ်နင် သူ့ခေါင်းကိုနှိမ့်ကြည့်လိုက်တော့၊ သူ့ကုတင်က သူ့ခြေထောက်ကို မကွယ်နေမှန်း သိလိုက်ရပြီ။ နှုတ်ခမ်းကိုတင်းတင်းစိပြီး ခြေထောက်ကို ထိန်းရင်း လှုပ်ဖို့ကြိုးစားပေမဲ့ နည်းနည်းလေးမှတောင် လှုပ်မရဖြစ်နေတယ်။ ခြေထောက်တစ်ခုလုံးကိုကြည့်ရတာ အလုပ်မလုပ်တော့သလိုပဲ။
“ရှက်ဖို့ကောင်းတယ်” ဆိုတဲ့စကားလုံးကနေ ဒီနေ့လွတ်မြောက်ဖို့မရှိဘူးလား?
မြင်သွားတဲ့သူကလည်းရှန်ရွှရှီး!
ရှန်ရွှရှီးဖြစ်နေလို့ကို ပိုဆိုးတာ။
ရှဲ့ရှစ်နင်ရဲ့နီနေတဲ့မျက်နှာက အခုတဖြည်းဖြည်း ဖြူဆုတ်ဆုတ်ဖြစ်လာနေပြီ။
မျက်လုံးချင်းဆုံသွားတယ်။
“စိတ်ပူပေးလို့ကျေးဇူးပဲ၊ ဒါပေမဲ့ကိစ္စမရှိဘူး သွားလို့ရပြီ”
ရှဲ့ရှစ်နင်မျက်နှာနဲ့ခန္ဓာကိုယ်ကို အတော်ထိန်းထားရင်း လက်သီးဆုပ်၊ မသက်မသာနဲ့အကြည့်လွှဲလိုက်တယ်။
“တကယ်အဆင်ပြေရဲ့လား? ဆေးရုံသွားဖို့လိုလား?” ရှန်ရွှရှီးက တံခါးကိုပိုတွန်းဖွင့်ပြီး အထဲထိဝင်လာပြီ။ ရှဲ့ရှစ်နင် ခြေထောက်ကိုကျုံ့ထားမိပေမဲ့လည်း ရှန်ရွှရှီးက ငုံ့ထိုင်ပြီး ခြေထောက်ကိုလှမ်းကြည့်တယ်။
ရှန်ရွှရှီးနည်းနည်းမသေမချာဖြစ်နေပေမဲ့ ခန့်မှန်းကြည့်လိုက်တယ်။
“တအားမြန်မြန်ယောင်ကိုင်းလာသလိုပဲ…အရိုးကျိုးသွားတာတော့မဟုတ်ပါဘူးနော်?”
“မဟုတ်နိုင်ပါဘူး ဒီတိုင်းတိုက်မိရုံလေးတင်ကို”
ရှဲ့ရှစ်နင် ခြောက်ကပ်ကပ်အသံကြီးနဲ့လုပ်ရယ်တယ်။
“ငါဒီလောက်ထိ အထိမခံဖြစ်နိုင်စရာ အကြောင်းမှမရှိတာ”
“မြန်မြန်ထပြီးဆေးရုံသွားရအောင်” ရှန်ရွှရှီးက ဘေးပတ်လည်ကိုလှည့်ကြည့်တယ်၊ “မှတ်ပုံတင်ဘယ်မှာလဲ? ငါယူခဲ့မယ်”
ရှဲ့ရှစ်နင်ဘာမှပြန်မပြောချင်လို့ တိတ်တိတ်နေပြီး အသံတိတ် ငြင်းဆိုလိုက်တယ်။ ဆေးရုံသွားရမှာ သူအရမ်းမုန်းတာ။
ရှန်ရွှရှီးကတော့ နောက်နေတဲ့ပုံမဟုတ်ဘူး၊ စူးစူးစိုက်စိုက် သူ့ကိုလှမ်းကြည့်လာတယ်။
“အကုန်အဲဒီအိတ်ထဲမှာ” ရှဲ့ရှစ်နင် အခန်းထောင့်ကအိတ်ကိုလက်ညှိုးထိုးပြလိုက်တယ်။
“အရိုးကျိုးတာတော့မဟုတ်ဘူးထင်တာပဲ”
“မဟုတ်ရင်တော့အကောင်းဆုံးပေါ့၊ နင့်ခြေထောက်က နင့်ပြောသလောက် အားကောင်းနေဖို့ပဲမျှော်လင့်ပါတယ်”
ရှန်ရွှရှီး အိတ်ကိုသွားယူလာပြီး ရှဲ့ရှစ်နင်မတ်တပ်ရပ်နိုင်အောင် ကူမပေးနေတယ်။
ရှန်ရွှရှီးရဲ့ မျက်နှာကိုတစ်ချက်ကြည့်ပြီး မြန်မြန်အကြည့်လွှဲရင်း အသံခပ်တိုးတိုးနဲ့ ရှဲ့ရှစ်နင် ပြောလာတယ်။
“တခြားသူတွေကိုမပြောနဲ့ ဒီတိုင်း ငါတို့လမ်းလျှောက်ထွက်တယ်ပဲပြော”
“နင့် idol တစ်ယောက်ရဲ့ ပုံရပ်ကို ထိန်းတာလည်း တကယ်ပေါ့သေးသေးမဟုတ်ဘူးပဲ”
ရှန်ရွှရှီး အတော်လေး ကူကယ်ရာမဲ့နေပြီလို့ခံစားလိုက်ရတယ်။
“စိတ်မပူနဲ့ တခြားသူတွေအကုန် အပြင်သွားတယ်”
နောက်ပြီး သူတို့နှစ်ယောက်တည်းလမ်းလျှောက်ထွက်တယ်ဆိုရင် သူများအမြင်မှာပိုထူးဆန်းနေမယ်ဆိုတာလည်း သူပြောချင်မိတယ်။
“ကောင်းတာပေါ့”
ရှဲ့ရှစ်နင်က ရှန်ရွှရှီးပေါ်ကို မသက်မသာမှီထားရင်း တစ်ချက်ထပ်လှမ်းငေးတယ်။
“ဒုက္ခများအောင်လုပ်မိပြီ…”
ရှန်ရွှရှီး ခပ်ဖွဖွရယ်လိုက်ပါတော့တယ်။