Chapter 1
အမုန်းမီးလေး ငြိမ်းပေးပါ
💦💦💦💦💦💦💦
အပိုင်း ၁
💦💦💦💦💦💦💦
“မှော်ရုံဝန်း” စံအိမ်တော်”
စံအိမ်တော်ကြီးက ခြံဝန်းကြီးကျယ်သလောက် အိမ်တော်ကြီးကလဲ အလွန်ပင် ခန့်ညားထည်ဝါနေလေသည်။
စံအိမ်တော် ခြံဝန်း အတွင်းသို့ ဝင်လာသော အမျိုးသမီး နှစ်ဦးသည်
တစ်ဦးက ၅၀ ကျော် အရွယ်ရှိမည်ဖြစ် အမျိုးသမီး တစ်ဦး
တစ်ဦးကတော့ ၂၃ နှစ်လောက်သာ ရှိဦးမည့် မိန်းကလေး တစ်ယောက်ဖြစ်သည်။
စံအိမ်ကြီးအတွင်း အရောက်လေတော့
“မမြထား ရောက်ပြီလား”
“ဟုတ်ကဲ့ သခင်မကြီး”
သခင်မကြီး အရှေ့အား ဒေါ်မြထား နှင့် မိန်းကလေး ငယ် ရိုကျိုးစွာ ဒူးထောက်ထိုင်လိုက်လေသည်။
“မမြထား သူက”
ဒေါ်မြထား ဘေးမှ မိန်းကလေးအားကြည့်ပြီး
“ဒါက ကျွန်မရဲ့ တူမပါ
မိဘသားချင်းမရှိ ခိုကိုးရာ မဲ့နေလို့ ဒီမှာ သူအတွက် အလုပ်ကလေး တစ်နေရာ လောက် ရမလားဆိုပြီး ခေါ်ခဲ့တာပါ မယ်မယ်ကြီး”
“ကောင်းပြီလေ ဒါဆိုလည်း အလုပ်ပေးရတာပေါ့ ဒါနဲ့ သူနာမည်က”
“ကြာရိပ်ဖြူ ပါ သခင်မကြီး”
သခင်မ ကြီးက ခေါင်းကို ငြိမ့်လိုက်ပြီး
“ကောင်းပြီ သူ့ကို သင့်တော်တဲ့ နေရာမှာ အလုပ်တာဝန် စီစဉ်ပေးပါ ပြီးတော့ အိမ်တော်ရဲ့ လိုက်နာရမဲ့ စည်းကမ်းချက်တွေကိုလဲ ပြောပြလိုက်ပါ”
“ဟုတ်ကဲ့ပါ သခင်မကြီး”
ကြာရိပ်အတွက် ခိုလှုံစရာ အရိပ်တစ်ခု ရခဲ့လေပြီ။
ကြာရိပ် ဘဝက ခိုကိုးရာမဲ့ဖြစ်ခဲ့ရပေမယ့် ဒေါ်လေး မြထားကြောင့် ခိုလှုံ့စရာ အရိပ်တစ်ခု ရခဲ့သည့်အတွက် ကျေနပ်မိပါသည်။
ဘာပဲဖြစ်ဖြစ် ရရှိလာသော ဘဝလေးက ကြာရိပ် အတွက် အဆင်ပြေမှာပါလေ။
💦💦💦💦💦💦💦💦💦💦💦💦💦💦
“မာမီ သားပြန်လာပြီ”
ဒေါ်ခင်ခင်ကြီး သားဖြစ်သူကို ကြည့်လိုက်ပြီး
“ဘယ်လိုလဲ သား ဖိတ်စာတွေ အဆင်ပြေခဲ့ရဲ့လား”
“ဟုတ် ပြေပါတယ် မာမီ”
“ကိုစစ်က သိပ်စေ့စပ်တာ အန်တီ ရဲ့ ရူပါ
တောင် မင်္ဂလာပွဲ အတွက် ဝတ်စုံဘက် မလှည့်အားဘူး ဖိတ်စာနဲ့တင် ခေါင်းရှုပ်နေတာ ကိုစစ်က ဝတ်စုံ အတွက်ပါ အားလုံးစီစဉ်ခဲ့ပြီ”
ဒေါ်ခင်ခင်ကြီး ချွေးမ ဖြစ်လာမည့် ရူပါခင် စကားကြောင့် ပြုံးလိုက်ပြီး
“စစ်လွန်းရောင်က အန်တီ သားပဲ ဒီလောက်တော့ ရှိရမှာပေါ့”
ဒေါ်ခင်ခင်ကြီး စကားကြောင့် ရူပါနှင့် စစ် ပြုံးမိကြလေသည်။
“သခင်မကြီး အအေးရပါပြီ”
ကြာရိပ် အအေးခွက်လေး ကိုင်ကာ ဒေါ်ခင်ခင်ကြီး အရှေ့ချပေးလိုက်လေရာ
“ညည်း သခင်လေး နဲ့ သခင်မလေး အတွက် ကော်ဖီ နှစ်ခွက်ဖျော်ခဲ့ဦး”
“ဟုတ်ကဲ့ သခင်မကြီး”
ကြာရိပ် ပြန်လှည့်ထွက်သွားတော့ ရူပါက
“အန်တီ သူက ဘယ်သူလဲ အရင်က ဒီမှာ မတွေ့ဘူးပါဘူး”
“ဟုတ်တယ် ရူပါရဲ့ ဒေါ်မြထား ရဲ့ တူမလေ
၃ ရက်ပဲ ရှိသေးတယ် ဒီကိုရောက်တာ”
“သြော်”
ရူပါ တစ်ယောက် စစ် စကားကြောင့် ကြာရိပ်ဆိုသော ကလေးမလေးကို ပြန်မြင်ယောင်မိလာလေသည်။
💦💦💦💦💦💦💦💦💦💦💦💦💦💦
“စစ် မင်းသောက်တာ များနေပြီ တော်တော့”
စစ် လက်ထဲက ဝိုင်ခွက်ကို ဆွဲယူလိုက်သူက ဒေါက်တာကျော်စွာဖြစ်သည်။
ဒေါက်တာကျော်စွာ ဆိုတာ စစ် ရဲ့ သူငယ်ချင်း ရူပါခင် ဆိုသော စစ်ချစ်သူ ရဲ့ အစ်ကို ဖြစ်သည်။
“မင်းကလဲကွာ ငါ့ မမူးသေးပါဘူး”
လျှာလေး အာလေး ပြောနေသူက မမူးသေးဘူးတဲ့။ ကျလဲ ကျတဲ့ အကောင်။
ကျော်စွာ မြန်မာပြည် ပြန်ရောက်သော နေ့မှာ သူငယ်ချင်းတွေ စုဖွဲ့ ပျော်ပွဲစားကြခြင်းဖြစ်သည်။
“လာ ထ မင်းကို ငါ့လိုက်ပို့မယ်”
မလိုက်ချင် လိုက်ချင်ဖြင့်ပင် ကျော်စွာ ဆွဲခေါ်ရာသို့ စစ် ပါလာခဲ့လေသည်။
စစ်ကို ကားထဲ တွဲခေါ်ခဲ့ပြီး ကျော်စွာ ရဲ့ ဦးတည်ရာက စစ် တို့ စံအိမ်သို့~~~~။
💦💦💦💦💦💦💦💦💦💦💦💦💦💦
အိမ်ရှေ့မှ ကားစက်ရပ်သံကြောင့် ကြာရိပ် အပြေးအလွှား ပြေးထွက်လာခဲ့လေသည်။
ဟင်
မြင်လိုက်ရသော မျက်ဝန်းတွေက ကြာရိပ် မျက်ဝန်းအစုံ ဝိုင်းစက်သွားရလေသည်။
“သခင်လေး”
သူမ ကြောင်ပြီး စုံရပ်နေစဉ်
“ညီမ သူ့ကို ကူတွဲပါဦး ”
“သြော် ဟုတ် ဟုတ်ကဲ့”
စစ် ကို ကျော်စွာ လက်ထဲမှ သူမ ဆွဲခေါ်လိုက်ရာ
“အကို သူကို အိမ်ထဲတော့ လိုက်မပို့တော့ဘူးကွာ အလုပ်ကိစ္စလေးရှိလို့ ဒါနဲ့ အန်တီခင် တို့ရော”
“မရှိဘူး သူ့ မိတ်ဆွေ တွေ ဆီ သွားတယ် ညနေမှ ပြန်ရောက်မယ် ကြီးကြီးမြထားနဲ့ ဦးဘလူ ပါ ခေါ်သွားတယ်”
“သြော် အေး အဲ့ဒါဆို အကိုသွားမယ်နော်”
“ဟုတ် ဟုတ်ကဲ့”
ကျော်စွာ ကားထွက်သွားတော့ ကြာရိပ် လည်း စစ် ကို တွဲကာ သူ့အခန်းရှိရာသို့ တက်ခဲ့လေသည်။
အခန်းထဲ ရောက်တော့ စစ်အား ခုတင်ပေါ် တင်ပေးစဉ်
“ရူပါရယ် မောင် သိပ်ချစ်တယ်ကွာ”
ရုတ်တရတ် စစ် ရဲ့ ပွေ့ဖက်မှုကြောင့် သူမ ကြောင်သွားကာ စစ် ရင်ခွင်ထဲ ရောက်သွားရလေသည်။
“ချစ်တယ် ရူပါရယ်”
အနမ်းကြမ်းတွေက သူမ ပါးပြင်ပေါ်သို့
“မဟုတ်ဘူး မဟုတ်ဘူး သခင်လေး မှားမယ် ရူပါ မဟုတ်ဘူး ကြာရိပ်ပါ”
ကြာရိပ် သူရဲ့ ပွေ့ဖက်မှုက လွှတ်မြှောက်ရန် ရုန်းရင် ဆိုလာလေရာ
“ဘယ်ကကြာရိပ်လဲ မသိဘူးကွာ ချစ်တယ်
ရူပါရယ်”
“တောင်းပန်ပါတယ် ကြာရိပ်ကို လွှတ်ပေးပါ”
ကြာရိပ် ရဲ့ တောင်းပန်သံများက အချည်းအနှီးသာ
ဘာကိုမှ မမြင်နိုင်သော စစ် တစ်ယောက်ကတော့ ပန်းရိုင်းတစ်ပွင့်ကို မြတ်နိုးစွာ နမ်းရှိုက်မိနေလေသည်။
💦💦💦💦💦💦💦💦💦💦💦💦💦💦
“တိတ်ဆိတ်နေကြပါလား တစ်အိမ်လုံးလည်း ဘယ်ရောက်နေကြပါလိမ့် ”
ဒေါ်ခင်ခင်ထား ပြန်ရောက်လာချိန်မှာ တိတ်ဆိတ်နေသော စံအိမ်ကြီးကြောင့် သားဖြစ်သူ အခန်းရှိရာသို့ တက်ခဲ့လေသည်
အပေါ်ရောက်တော့ အခန်းတံခါးက ပွင့်လျှက်။
သားတော်မောင်ကလည်း အိပ်မောကျနေလေသည်။
သားတော်မောင် ဘေးတွင် တရှိုက်ရှိုကိငိုနေသူက ကြာရိပ်ဖြူဖြစ်သည်။
“ဟင် ကြာရိပ်ဖြူ ညည်း ဒီမှာ ဘာလုပ်နေတာလဲ”
သူမ ရဲ့ အဝတ်အစားတွေကြည့်လိုက်တော့လည်း ဖရိုဖရဲဖြစ်နေလေသည်။
ကြာရိပ် မျက်ရည်များစွာဖြင့် ကြည့်လိုက်တော့ သခင်မကြီးဖြစ်နေလေသည်။
သခင်မကြီးကို တွေ့လိုက်ရလေတော့ သူမအတွက် အားကိုးရသွားပြီ ဟူသော အသိကြောင့်
“သခင်မကြီး သခင်လေး လေ ကြာ ကြာရိပ်ကို”
ဒေါ်ခင်ခင်ကြီး မျက်ခုံးကို ကျုံ့လိုက်ပြီး
“တိတ်စမ်း ကြာရိပ်ဖြူ ငါ့ကို အဓိပ္ပါယ်မရှိတာတွေ လာမပြောနဲ့ ဘယ်နှယ့် ရာရာစစ ညည်းလို မိန်းမကို ငါ့သားက မတူလိုက် မတန်လိုက်တာ”
ဟင်
ကြာရိပ် အံ့သြသွားရပြီး ဝမ်းနည်းမှုက လှိုက်တက်လာရလေသည်။
ထိုစဉ်
“မာမီ ဘာဖြစ်နေတာလဲ ဗျာ”
“ဟင် မင်းငါ့အခန်းထဲ ဘယ်လိုရောက်နေတာလဲ”
စစ် မာမီ အသံကြောင့် လန့်နိုးလာလေရာ
ဘေးမှ ငိုနေသော ကြာရိပ်ကို တွေ့လိုက်ရသော အခါ အံ့သြသွားရပြီး
မေးလိုက်ခြင်းဖြစ်သည်။
“ဒီမှာသားရယ် လိမ်စဉ်တွေ လာလုပ်နေတယ် သားက သူကို အဓမ္မကျင့်ပါတယ် ဆိုပြီး”
“ဘာ ”
မာမီ ဆီက ကြားလိုက်ရသော စကားကြောင့် စစ် ဒေါသဖြစ်သွားကာ ကြာရိပ်ကို ဆွဲထူလိုက်ပြီး
“ဖြန်း ”
“အား”
ပူထူသွားသော ပါးပြင်ကို ပွတ်သပ်လိုက်ပြီး
“ကြာရိပ် မလိမ်ပါဘူး အမှန်ပြောနေတာပါ သခင်လေး နဲ့ သခင်မကြီးရယ် ”
“တော်တော့ ကြာရိပ်ဖြူ မင်း ရဲ့ လိမ်စဉ်တွေ ဒီမှာရပ်တော့ ငါ့လို လူမှန်းမသိ မူးနေတဲ့ ကောင်က မင်းကို မတော်မရာ ကြံနိုင်မှာတဲ့လား လိမ်ရင်လည်း အခြားနည်းလမ်းနဲ့ လိမ် အခုက လိမ်စဉ်ကြီးမှန်သိသာတယ် မိန်းမယုတ်
ပိုင်းလုံးမ”
“အို မဟုတ်ဘူး မဟုတ်ဘူး”
“စောသာ နဲ့ သာထူး ဒီကောင်မ ကို ဆွဲထုတ်ပြီး ခြံပြင်ပို့လိုက် ”
“ဟုတ် ဟုတ်ကဲ့”
စောသာ နှင့် သာထူး ကြာရိပ်ကို တစ်ယောက်တစ်ဖက်ဆွဲကာ ခေါ်ထုတ်ခဲ့လိုက်လေသည်။
ကြာရိပ်လည်း သူတို့ရဲ့ စွပ်စွဲပြောဆိုမှုအောက်မှာ အရှက်နှင့် သိက္ခာတရားတွေ ရင်းနှီးခဲ့ရလေတော့သည်။
ကြာရိပ် မျက်ရည်တွေက ကြာရိပ်အတွက် အမှန်ကန်ဆုံး သစ္စာတရား တစ်ခုသာဖြစ်သည်။
မျက်ရည်များစွာဖြင့်သာ ကြာရိပ် “မှော်ရုံဝန်း” စံအိမ်ကြီးကို ကြာရိပ်ဖြူဆိုသော သူမ ကျောခိုင်းခဲ့ရင်း~~~~။
💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦
စာရေးသူ- မေခြူးသွယ်