Chapter 2
အမုန်းမီးလေး ငြိမ်းပေးပါ
💦 💦💦💦💦💦
အပိုင်း ၂
💦💦💦💦💦💦
ကြာရိပ် အတွက် ဘဝတစ်ခုလုံး ရိုက်ချိုးခံလိုက်သဖြင့် ဘဝလမ်းတွေက ပကတိ အမှောင်ဖြစ်သွားခဲ့လေပြီ။
မျက်ရည်တွေနှင့် ပြည့်လျှံနေသော သူမအတွက် ရှေ့ဆက်ရမည့် လမ်းတွေက ဝိုးတဝါးပင် ဖြစ်နေလေသည်။
ရူပါ တစ်ယောက် မှော်ရုံဝန်း စံအိမ်ကြီး ရဲ့ လမ်းချိုးအတိုင်း ကားကို မောင်းဝင်လာလေရာ အရှေ့မှ မြင်လိုက်ရသော အရိပ်ကလေးကြောင့် ကားကို ရပ်လိုက်လေတော့သည်။
“ဟိတ်”
ကားပေါ်မှ ဆင်းကာ ကြာရိပ် ရှိရာသို့ လျှောက်ခဲ့လေပြီး
“မင်း ကြာရိပ်ဖြူ မဟုတ်လား”
အသံလာရာကို ကြည့်လိုက်တော့
“ဟင်”
ကြာရိပ် မှတ်မိလိုက်လေသည် သခင်လေး နဲ့ လက်ထပ်မည် ဆိုသော မမ ဖြစ်နေလေသည်။
“ဘာဖြစ်လာတာလဲ ညီမလေး လာ အမ ကားပါတယ် ကားပေါ်တက်”
ရူပါ ငိုရှိုက်နေသော ကြာရိပ် လက်ကို ဆွဲကာ ခေါ်ခဲ့လိုက်လေသည်။
ကြာရိပ်ကို ကားထဲဝင်ထိုင်စေပြီး
“မှော်ရုံဝန်း စံအိမ်မှာ ဘာဖြစ်လာတာလဲ အမ ကို ပြောပြပါ”
ကြာရိပ် သူမ ကို မျက်ရည်လေး များစွာဖြင့် မော့ကြည့်လာလေရာ ရူပါ သက်ပြင်းကို ရှိုက်လိုက်ပြီး
“ပြောမှာသာ ပြောပါ ညီမလေး အမ ကို ဘာမှ အားနာစရာမလိုဘူး”
ကြာရိပ်လည်း ထိုအခါမှ တင်းထားတဲ့ စိတ်တွေကို လွှတ်ချကာ ဖြစ်ကြောင်း ကုန်စင်ပြောပြလေတော့သည်။
အကြောင်းစုံကို ပြောပြလို့ အပြီးတွင်တော့ ရူပါ တစ်ယောက် ဒေါသများစွာ ဖြစ်ပေါ်လာကာ လက်သီးဆုတ်ထားမိလေသည်။
“တောက် မိုက်ရိုင်းလိုက်ကြတာ စစ် ရှင့်ကို ကျွန်မ အဲ့လောက်ထိအောက်တန်းကျမယ်လို့ မထင်ခဲ့မိဘူး ”
စိတ်တွင် တီးတိုးရေရွတ်ရင်း ကြာရိပ်ကို သနားဂရုဏာ သက်စွာပင် ထွေးပွေ့လိုက်မိလေသည်။
“ညီမလေးရယ် မင်း ဘဝကလည်း ဖက်ပေါ်ဆူးကျတဲ့ ဘဝပါလား”
ကြာရိပ်လည်း သူမကို ပွေ့ဖက်လာသော မမရူပါရဲ့ ရင်ခွင်တွင် အားကိုးတကြီး ငိုရှိုက်မိလေသည်။
💦💦💦💦💦 💦💦💦💦💦
“ရူပါ မောင်ကို တွေ့ချင်တယ် ဆိုတာ”
ရူပါ စစ် မျက်နှာကို စူးစူးရဲရဲ ကြည့်လိုက်ပြီး
“ကြာရိပ်ဖြူ ကို လက်ထပ်ပါ”
“ဘာ ဘယ်လို”
စစ် ကိုယ့်နားကိုယ်ပင် မယုံနိုင်ဖြစ်သွားရလေသည်။ ဒီစကားက စစ်ချစ်ရပါသော
ကိုယ့်ချစ်သူတစ်ယောက်က ပြောလာတဲ့ စကားတဲ့လား။
“မောင် က ကြာရိပ်ဖြူကို ဘာလို့ လက်ထပ်ရမှာလဲ မောင်နဲ့သူ ဘာမှမပတ်သတ်တာ”
သူ့ စကားကြောင့် ရူပါ ဒေါသဖြစ်သွားကာ
“မသိချင်ယောင်မဆောင်ပါနဲ့ ကိုစစ်လွန်းရောင် ရှင်နဲ့ ကြာရိပ်ဖြူ ငြိစွန်းခဲ့တာတွေ အားလုံး ကျွန်မ သိထားပြီးပြီ”
“ဘယ်သူပြောတာလဲ”
“ကာယကံရှင် ကိုယ်တိုင်ဆိုရင်ရော”
ရူပါ မျက်ခုံးပင့်ကာပြောလာလေရာ
“အဲ့ဒါ အမှန်တရား မဟုတ်ဘူး အဲ့ဒါလိမ်စဉ်ကြီး”
ရူပါ စစ်ကို စိတ်ပျက်စွာကြည့်လိုက်ပြီး
“မိန်းကလေးတစ်ယောက်က သူအရှက်နဲ့ သိက္ခာကို ချနင်းခံခဲ့ရတာတောင် ရှင့် ပါးစပ်က လိမ်စဉ်ကြီးလို့ ပြောနေသေးတယ်
ကောင်းပြီလေ ကြာရိပ်ဖြူ ကို ရှင် လက်ထပ်စရာမလို သလို ကျွန်မ ကိုလည်း ရှင့် လက်ထပ်စရာမလိုဘူး”
“ဟင်”
ရူပါ စကားကြောင့် စစ် အံ့သြသွားရပြီး
“မင်း အဲ့လိုလုပ်လို့ မရဘူး ကိုယ့်ကို လက်ထပ်ရမယ် ”
အမိန့်ဆန်ဆန် ထွက်ပေါ်လာသော စစ််စကားကြောင့် ရူပါ ခနဲ့သလို ပြုံးလိုက်ပြီး
“sorry ပါ ကိုစစ်လွန်းရောင် ကျွန်မ ဒီမင်္ဂလာပွဲကို ဖျက်သိမ်းပါရစေ”
စကားအဆုံးတွင် ရူပါ လှည့်ထွက် လာခဲ့လေသည်။
ရူပါ ရဲ့ နောက်ပါးမှာတော့ စစ် တစ်ယောက် ဒေါသစိတ် မခံချင်စိတ် မုန်းတီးစိတ် နားကြည်းစိတ်တွေ နဲ့ ကျန်ရစ်ခဲ့လေတော့သည်။
“ဒါတွေ အားလုံးက မင်းကြောင့် ဖြစ်တာ ကြာရိပ်ဖြူ မင်းကို ငါ့ မုန်းတယ် ဒီအမုန်းမီး အစပျိုး ထွန်းညှိသူဟာ မင်းဖြစ်နေတော့ ငါ့ရဲ့ အမုန်းတွေကို ခံနိုင်ရည် ရှိဖို့ မင်းကြိုးစားထားလိုက်တော့”
💦💦💦💦💦 💦💦💦💦💦
“မာမီ သား သွားတော့မယ် ”
“ကောင်းကောင်းမွန်မွန် သွားနော် သားလေး ကျန်းမာရေးလဲ ဂရုစိုက် ”
“ဟုတ်ကဲ့ပါ မာမီ”
စစ် မာမီ ကို နှုတ်ဆက်ပြီး စံအိမ်မှ ထွက်ခွာလာခဲ့လေသည်။
သူ မြန်မာပြည်မှာ နေချင်စိတ် မရှိတော့ပေ။ ဒါကြောင့် မာမီ နှင့် စံအိမ်ကို သူ ကျောခိုင်းခဲ့ခြင်းဖြစ်သည်။ ရူပါ ထံမှ မင်္ဂလာပွဲ ဖျက်သိမ်းခြင်း ခံလိုက်ရကတည်းက သူ့ ဘဝက သေဆုံးသွားခဲ့လေသည်။
အဘယ်ကြောင့်ဆို ရူပါ ကို သူ့ အသက်ထက် ချစ်သောကြောင့်ဖြစ်သည်။
“ရူပါရယ် မောင် မင်းအပေါ် သစ္စာရှိခဲ့တာ မင်း တစ်နေ့ သိလာမှာပါ”
သူ ရင်ထဲမှာ တီးတိုးဆိုရင်း မျက်ဝန်းများကို မှိတ်ပစ်လိုက်လေသည်။
💦💦💦💦💦 💦💦💦💦💦
“ညီမလေး ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား”
နွမ်းလျှနေသော ပုံစံ ရှိနေသော ကြာရိပ်ကို ရူပါ မေးလိုက်ခြင်းဖြစ်သည်။
ရူပါတစ်ယောက် ကြာရိပ်မှာ သွားစရာ နေစရာမရှိဘူး ဆိုတာ သိလိုက်ရလျှင် ကြာရိပ် ကို ပိုသနားသွားကာ ကြာရိပ် အတွက် နေစရာ စီစဉ် ပေးခဲ့လေသည်။
“ဟုတ် မမ နေရတာ ဘယ်လိုကြီးလဲ မသိဘူး ရင်ထဲမှာလည်း မကောင်းဘူး ခေါင်းတွေလဲ မူးနေတယ် ”
“ဟုတ်လား အဲ့လိုဆို ဆေးခန်းသွားမှ ရမှာပေါ့ ဆေးခန်းသွားမယ် အဝတ်အစားသွားလဲ”
“ဟုတ်မမ”
ရူပါ ကြာရိပ် ကို ခေါ်ကာ သူငယ်ချင်း ဆေးခန်းသို့ လာခဲ့လိုက်လေသည်။
ဆေးခန်းအရောက်တွင် ကြာရိပ်ကို စမ်းသပ်ပြီး ဆရာဝန်က
“ရူပါ နင်နဲ့ သူ ဘယ်လို ပတ်သတ်လဲ”
“ဘာဖြစ်လို့လဲ မေဦး ”
“သူမှာ ကိုယ်ဝန်ရှိနေပြီ”
“ဟင်”
ဆရာဝန် မမ ရဲ့ စကားသံကြောင့် ကြာရိပ် မျက်ဝန်းများ ဝိုင်းစက်သွားရလေသည်။
ရူပါ ကတော့ အံ့သြဟန် မပေါ်။
သူမ မျက်နှာပေါ်တွင်တော့ ဒေါသ နှင့် ရွံ့ရှာမုန်းတီး မှု ပုံရိပ်တွေက အထင်သား ပေါ်လာလေသည်။
ကြာရိပ်ကတော့ ပါးပြင်ပေါ်သို့ ကျဆင်းလာသော မျက်ရည် တစ်စက်ကြောင့် ခေါင်းကို ငုံ့ပြီး မိမိ ဗိုက်ကလေးကို သာ လက်ဖြင့် အုပ်လိုက်မိလေသည်။
ရူပါ သူမလေးကို ကြည့်ပြီး စိတ်မကောင်း ဖြစ်မိလေသည်။
“ညီမလေးရယ် မင်း ဘဝက အဲ့လောက်တောင် ဆိုးရှာရသလားကွယ် စစ်လွန်းရောင် ဒါတွေ အားလုံးက ရှင့်ကြောင့်ဖြစ်ရတာ တာဝန်မယူပဲ ခေါင်းရှောင်သွားတဲ့ ရှင့်ကို ကျွန်မ ရွံ့တယ် စိတ်ချ ဒီကလေးကို ကျွန်မ ရအောင် မွေးခိုင်းမယ် တစ်နေ့ ရှင့် ကြာရိပ် အရှေ့ ဒူးထောက်ခစားစေရမယ်”
စိတ်တွင် ကျိန်းဝါးရင်း ကြာရိပ် အတွက် ရှေ့ရေးကို သူမ ရင်လေးနေမိသည်။
💦💦💦💦💦 💦💦💦💦💦
💦💦💦💦💦
စာရေးသူ
မေခြူးသွယ်