Chapter 3
အမုန်းမီးလေး ငြိမ်းပေးပါ
🌷🌷🌷🌷🌷🌷🌷🌷
အပိုင်း ၃
🌷🌷🌷🌷🌷🌷🌷🌷
၃ နှစ်ခန့်ကြာသော် အခါ
🌷🌷🌷🌷🌷🌷🌷🌷
အချိန်တွေက ကုန်တာ မြန်လိုက်တာ။
ကြာရိပ်ဖြူ ဆိုသော သူမ ဘဝထဲကို သမီးလေး ချစ်လွန်းဖြူ ရောက်ရှိခဲ့သည့်ပင် ၂ နှစ်ကျော်ခဲ့လေပြီ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ကြာရိပ် ပျော်ပါသည်။
ကျေနပ်သည်။
ကြာရိပ် အနားမှာ ကြာရိပ် ချစ်ရသော သမီးလေး ရှိနေပြီ ဖြစ်သဖြင့် ကြာရိပ်၍ ရှေ့ဆက်ရမည့် နေ့တို့သည် ဟိုအရင်ထက်ပင် တက်ကြွနေလေ၏။
အခုဆို ကြာရိပ် ဘဝဟာ သမီးလေး အတွက်
ကြာရိပ် အသက်က သမီးလေး အတွက်ဖြစ်ခဲ့၏။
လွန်ခဲ့တဲ့ ၁ နှစ်ကျော် အထိ မမရူပါရဲ့ စောင့်ရှောက်မှုအောက်တွင် သူမ နေခဲ့သော်လည်း အခုချိန်မှာတော့ တောင်ပေါ်ဒေသက သူမရဲ့ မွေးရပ် ဇာတိ
ရွာလေးမှာပင် ပြန်လည် နေထိုင်ခဲ့လေသည်။
မမ ရူပါလည်း အခုဆို သူ့အိမ်ထောင်နှင့် သူ ဖြစ်နေပြီ မဟုတ်ပါလား။
သူမ အတွက် တစ်ဝမ်းတစ်ခါးရေးကတော့ ရွာစွန်းက စိုက်ပျိုးရေး ခြံလေးမှာ နေ့စား အလုပ်လုပ်ရင်း ဘဝကို ရပ်တည်နေရလေသည်။
သူမ နေရေးထိုင်ရေးလည်း ထို ခြံလေးမှာ အလုပ် လုပ်မှ အဆင်ပြေခဲ့လေသည်။
သူမအတွက် ဝမ်းစာ အတွက် အလုပ်ရသလို နေရေးအတွက်လည်း ထိုခြံလေးရဲ့ အလုပ်သမားတန်းလျားမှာ အဆင်ပြေခဲ့လေသည်။
“ကြာရိပ် ရေ”
“ရှင် ဒေါ်လေး မြိုင်”
ဒေါ်လေးမြိုင် ဆိုသည့်မှာ ထိုခြံ အလုပ်သမားခေါင်းဆောင်ရဲ့ ဇနီးဖြစ်သည်။
ကြာရိပ် သမီးလေးကို ချော့သိပ်နေစဉ် ဒေါ်မြိုင်ရဲ့ အသံကြောင့် အပြင်ထွက်လာခဲ့ပြီး
“ဘာဖြစ်လို့လဲ ဒေါ်လေးမြိုင်”
“သြော် ကိစ္စက အထွေအထူးမဟုတ်ပါဘူး မနက်ဖြန် ဒီခြံပိုင်ရှင် သခင်လေး လာမယ် အဲ့ဒါ ထမင်း ဟင်း ချက်ဖို့ သမီး ကြာရိပ် ဒေါ်လေးကို လာကူညီစေချင်တယ်”
“ဟုတ် ကဲ့ ဒေါ်လေး မနက် ကြာရိပ် ဒေါ်လေးဆီ လာခဲ့မယ်နော်”
“အေး အေး အဲ့ဒါဆို ဒေါ်လေး သွားမယ်နော်”
ဒေါ်လေးက သူမ ကို နှုတ်ဆက်၍ ထွက်သွားလေသည်။
ဒေါ်လေးမြိုင် ဆိုတာ ဒီခြံကို စရောက်စဉ်ကတည်းက သူမ ကို သမီးအရင်း တစ်ယောက်လို စောင့်ရှောက်ခဲ့သူတစ်ဦးဖြစ်လေသည်။
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷
ပြင်ဦးလွင် မြို့လေးက သာယာလိုက်တာ။
ဒီမြို့လေးကို စစ်မရောက်ဖြစ်ခဲ့တာ အတော်ပင်ကြာခဲ့လေပြီ။
မြန်မာပြည်ကို ပြန်ရောက်လျှင်ပင် ရန်ကုန်မှာ သူ့နေချင်စိတ် မရှိခဲ့ပေ။
ထိုကြောင့်လည်း ပြင်ဦးလွင် မြို့သို့ သူ ခရီးဆက်ခဲ့ခြင်း ဖြစ်သည်။
သူ့ကားလေးရဲ့ ဦးတည်ရာက ဆင်ချောင်းဝက်ဝံ ရွာ အနီးက ကြက်မောက်ခြံ သို့ဖြစ်သည်။
ကားလေးကို ကြက်မောက်ခြံထဲ မောင်းဝင်လာခဲ့ပြီး ကားပေါ်မှ စစ် ဆင်းလိုက်လေသည်။
ထိုစဉ် သူ့မျက်ဝန်းထဲ ဝင်လာသည့်က ဂါဝန် အဖြူလေးနှင့် ပြေးလွှား ဆော့ကစားနေသော ဆံပင်ဂုတ်ထောက်လေးဖြင့် ကလေးငယ်လေး တစ်ဦးပင် ဖြစ်သည်။
ထိုကလေး ကို တွေ့လိုက်ရလျှင်ပင် သူ့ ရင်ထဲမှာ နွေးလျှသွားရလေသည်။
ဘာကြောင့်မှန်းမသိ နှလုံးသား တစ်ခုလုံး ရှိန်းမြနွေးထွေးမှုသည် သူ့ကိုယ်သူတောင် မသိလေဘဲ နှုတ်ခမ်းတစ်စုံက နှစ်လိုဖွယ်ရာပြုံးနေမိလေသည်။
သူ ထိုကလေး အနားသို့ လျှောက်လာလိုက်ပြီး ထိုကလေးလေးရဲ့ လှုပ်ရှားမှုတွေကို မျက်တောင်မခက် ကြည့်နေမိလေသည်။
“မီးမီးရေ”
ထိုစဉ် စူးရှရှ အသံတစ်ခုကြောင့် စစ် လှည့်ကြည့်လိုက်တော့ ကြာရိပ်ဖြူ ဖြစ်နေလေသည်။
“တောက် ”
စစ်တစ်ယောက် ကြာရိပ်ကို မြင်သည့်နှင့် မျက်ခုံးကို အချိုးကျကျ တွန့်ချိုးကာ တောက်တစ်ချက် ကို ပြင်းထန်စွာ ခေါက်ရင်း လှည့်ထွက်လာခဲ့လေသည်။
သူကို ကြာရိပ်ကတော့ မမြင်လိုက်ပေ။
မီးမီးလေးကိုသာ ပွေ့ချီပြီး သူ နှင့် ဆန့်ကျင်ဘက် အရပ်သို့ သူမ ကျောခိုင်းထွက်ခဲ့လေသည်။
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷
“သခင်လေး ခရီးပန်းလာတယ် ရေချိုးလိုက်နော် ဒေါ်မြိုင် ထမင်းပွဲ ပြင်လိုက်မယ်”
“နေဦး ဒေါ်မြိုင် ကျွန်တော် သိချင်တာလေး တစ်ခုရှိလို့”
သူ့ လက်ကို ကာ၍ ဒေါ်မြိုင် ကို ဟန်တားလိုက်ရာ
“ဟုတ်ကဲ့ မေးပါ သခင်လေး”
“ဟို ခြံထဲမှာ ကစားနေတဲ့ ကလေးက ဘယ်သူလဲ”
“သြော် မီးမီးလေးကို မေးတာထင်တယ် မီးမီးလေးက ဒီခြံမှာ အလုပ်လုပ်နေတဲ့ ကြာရိပ်ဖြူ ရဲ့ သမီးလေ နာမည်က ချစ်လွန်းဖြူ တဲ့”
“ဘာ ကြာရိပ်ဖြူ ရဲ့ ကလေး ”
သူ့ စိတ်မှာ တီးတိုးရေရွတ်လိုက်မိလေသည်။
“ကြာရိပ်ဖြူ မင်းကို ငါ့ အထွေးအထူး လိုက်ရှာ စရာ မလိုပဲ မင်းက ငါ့ အရှေ့ ရောက်လာတာပဲ တွေ့မဲ့တွေ့တော့လည်း မင်း တစ်ယောက်တည်း မဟုတ် မင်းရဲ့ ကလေးရော ရေကန်အသင့် ကြာအသင့်ပဲ မင်း ငါ့ဘဝကို ရိုက်ချိုးခဲ့သလို မင်းဘဝလဲ ငါ့ လက်ထဲမှာ စတစီ ဖြစ်စေရမယ် ဟား ဟား ”
တစ်ယောက်တည်း ရေရွတ် ရင်း ကျေနပ်စွာ ဟားတိုက်ရယ်မောလိုက်သူက စစ်ရယ်ပါ။
🌷🌷🌷🌷🌷 🌷🌷🌷🌷🌷 🌷🌷🌷🌷🌷
ရက်စက်လိုက်တာ သခင်လေးရယ်
စာရေးသူ
မေခြူးသွယ်