2 choice

5
Your Rating
2 choice 5 (1)
153
Comments
1 Users bookmarked This
Follow
( 0 Followers )
X

Follow

E-mail : *

သူနာမည်မိုင်။ဟုတ်တယ်သူနာမည်ကမိုင်ဆိုတဲ့စကားလုံးတစ်ခုတည်း။အလိုလိုက်ခံရတဲ့ချမ်းသာတဲ့အိမ်ကသခင်လေးတစ်ယောက်ပေါ့။ဒါပေမယ့်သူမှာလျှို့ဝှက်ချက်တစ်ခုရှိတယ် အဲ့တာကတော့သူကgayတစ်ယောက်ဖြစ်တယ်ဆိုတာပဲ…

 

သူကgayဆိုတာကိုလျှို့ဝှက်ပြီးနေခဲ့တယ် လျှို့ဝှက်ချက်ဆိုတာအမြဲမရှိဘူးဆိုတဲ့သဘောအတိုင်းပဲ တနေ့တော့သူ့ရဲ့လျှို့ဝှက်ချက်ကို သူ့ရဲ့သူငယ်ချင်း ဒီဇိုင်းကသိသွားတယ် ဒီဇိုင်းကသူ့ရဲ့ငယ်သူငယ်ချင်းနောက်ပြီး သူ့ရဲ့တိတ်တခိုးချစ်ရတဲ့အချစ်ဦးဆိုလဲဟုတ်တယ် ဒါပေမယ့်ဘယ်သူကထင်မှာလဲနောက်ကျောကထိုးတဲ့ဓားကပိုနာတယ်ဆိုတာ…

 

[Host…]

 

“”နားအူလိုက်တာ ငါအိပ်နေတာကိုဘယ်သူ နှောင့်ယှက်နေတာလဲ ထွက်သွားစမ်း””

 

ဒါကိုကြားလိုက်တဲ့ Banကခေါင်းခါလိုက်ပြီး သူပြောရမယ့်စကားတွေကို ဆက်ပြောလိုက်တယ်။နားထောင်တာမထောင်တာ သူ့အပိုင်း ပြောရမှာကကိုယ့်အပိုင်း..

 

[Host..ကျနော်ကsystem520ပါ Hostသေသွားပြီးလူပြန်ဝင်စားဖို့ကျွန်တော်နဲ့ချိတ်မိသွားတာပါ]

 

“”ဘာ…ငါသေသွားတယ်””

 

မိုင်ပြောပြီးပြီးချင်း ခေါင်းကတဆစ်ဆစ် ထိုးကိုက်လာပြီး ပြန်မြင်လာတဲ့မှတ်ဉာဏ်တွေ။သူကားအက်စီးဒန့်ဖြစ်ခဲ့တယ် သူမသေခင် မြင်လိုက်ရတာက သူ့ကိုပြုံးပြီးကြည့်နေတဲ့ဒီဇိုင်း ပြီးတော့သူ့ဘေးနားကပ်ပြီးပြောတယ်။

 

“”မင်းကငါလိုချင်တဲ့အရာတွေကိုပဲအမြဲရနေတာ ငါမင်းကိုမုန်းတယ် ရွံစရာအခြောက်””တဲ့

 

မိုင် ဝေ့တတ်လာတဲ့မျက်ရည်တွေကိုသိမ်းလိုက်ပြီး သူအခုရောက်နေတဲ့နေရာကိုကြည့်လိုက်တယ်။ဒီနေရာကအာကာသပြင်လိုနေရာကြီး ဒါပေမယ့်တိမ်တွေပါရှိတယ်။သူက အခုတိမ်တခုပေါ်မှာထိုင်နေတာပဲ။ပတ်ဝန်းကျင်ကိုလေ့လာပြီးတဲ့နောက်မှာ သူခုနကအသံကြားရာဘက်ကို မှန်းဆပြီးပြောလိုက်တယ်

 

“”ဒီတော့ ငါသေသွားပြီပေါ့””

 

ဒါကိုကြားတော့ Banကသူ့ကိုမမြင်နိုင်ပေမယ့်လို့ခေါင်းငြိမ့်လိုက်ပြီး ဆက်ပြောလိုက်တယ်။

 

[Host…လူပြန်ဝင်စားရမယ် ဒါပေမယ့်ပြန်ဝင်စားဖို့ပေးတဲ့missionတွေလုပ်ရမယ် ပြီးတော့ hostမေ့နေတာက Hostက လူပျိုပဲရှိသေးတယ်လေ အဲ့တော့ကောင်းကင်ဘုံကအမိန့်ချလိုက်တယ်Host missionလုပ်တဲ့ကမ္ဘာတိုင်းမှာလူပျိုဖြစ်ရဘူး]

 

“”ဘာ””

 

[မအံ့သြပါနဲ့ Hostကအဲ့missionတွေမှာ အိပ်ရုံပဲလေ မဟုတ်ရင်အပြစ်ပေးခံရမှာ]

 

“”ချီးမို့လို့ မအံ့သြရမှာလား ငါကတွေ့ရာလူနဲ့အိပ်ရမှာလား Fuck ပဲ””

 

[Hostအပြစ်တင်မယ်ဆိုလဲ ကိုယ့်ကိုကိုယ်ပဲအပြစ်တင် အသက်က20နှစ်ရှိတာတောင် ရည်းစားမထားဘူးတဲ့ လူပျိုရှိသေးလို့လား အနည်းဆုံးတော့ရည်းစားရှိကြတယ် ရည်းစားတောင်မထားဘူးတာHostက ကျောက်ခေတ်ကလား]

 

“”မင်းကhostလား ငါကhostလား ဖဲ့ဖို့ကြီးပဲ

 

ထားလိုက်တော့ ငါ့ကိုmissionအကြောင်းသာရှင်းပြ””

 

[Hostက ကမ္ဘာတိုင်းမှာမတရားသေဆုံးသွားတဲ့လူတွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရမှာပါ လူပြန်ဝင်စားဖို့လိုတဲ့pointတွေစုရမှာပါ ဒါပေမယ့်OOCမဖြစ်ရဘူး လိုအပ်တဲ့ပစ္စည်းကိုpointနဲ့ဝယ်လို့ရတယ် point10000ပြည့်ရင်လူပြန်ဝင်စားလို့ရတယ်]

 

“”ငါလဲမတရားသေတာပဲဟာကို….

 

ဒါပဲမလား လွယ်ပါတယ်””

 

သူ့ကိုယ်သူအထင်ကြီးနေတဲ့လူကို ကြည့်ပြီးBanညစ်ကျစ်ကျစ်ပြုံးလိုက်တယ်။သို့ပေမယ့် ဆက်ပြီးပြောလာလေတယ်။

 

[ဆန္ဒမစောနဲ့လေhost လောကကြီးမှာ အလွယ်ရတဲ့ဟာဘာရှိလို့လဲ hostသာmissonကျဆုံးသွားရင်hostရဲ့ဝိဉာဉ်စွမ်းအားတွေကိုနှုတ်မှာ hostရဲ့ဝိဉာဉ်စွမ်းအားသာကုန်သွားရင် hostလူပြန်ဝင်စားလို့ရမှာမဟုတ်တော့ဘဲ ကျွန်တော့လိုsystemအဖြစ်ဆက်နေရလိမ့်မယ် ပြီးတော့OOCဖြစ်ရင်hostဆီကpointsတွေကိုနှုတ်မှာပါ]

 

“”ဒါဆိုရင်မင်းက ရှုံးသွားတဲ့ဝိဉာဉ်တစ်ခုပေါ့””

 

[အဲ့လိုသတ်မှတ်လို့ရပါတယ် Host]

 

“”အင်း..ငါနားလည်ပြီ””

 

မိုင်နားလည်သွားတာကို သိတဲ့အခါဆက်ရှင်းပြစရာမလိုတော့ဘူးလို့ Banတွေးလိုက်တယ်။ထို့နောက်မှာတော့ သူ့အရှေ့ကအချက်အလက်တွေကိုကြည့်ကာပြောလိုက်တယ်။

 

[Hostကိုအမှတ်တွက်ပေးပါ့မယ်

points-100/10000

ဝိဉာဉ်စွမ်းအင်-100/100

သိုလှောင်ရုံ-~~~

ကျွမ်းကျင်မှု-~~~

Missionပြီးဆုံးမှု-0

ကျွန်တော်ကhostရဲ့စိတ်ထဲမှာအမြဲရှိနေမှာပါHost ယောကျာ်းလေးဖြစ်ချင်လား မိန်းကလေးဖြစ်ချင်လား]

“”ရူးနေလို့လား ငါကယောကျာ်းလေးလေယောကျာ်းလေးအဖြစ်ပဲမွေးဖွားချင်တယ်””

[ဟုတ်ပါပြီ hostကယောကျာ်းလေးပါ]

မိုင်ထွက်ခွာခါနီးကာမှ သူအခုထိsystemရဲ့နာမည်ကိုမမေးရသေးဘူးဆိုတာသိသွားတယ်။သူ့ဘက်က တချိန်လုံးsystemလို့ပဲ မခေါ်ချင်ပါဘူးနော်။ဒါကိုတွေးမိတော့ ချက်ချင်းပဲထုတ်မေးလိုက်တယ်။

“”ဒါနဲ့ ငါမင်းကို ဘယ်လိုခေါ်ရမလဲ””

[ကျတော်တို့systemတွေကိုတော့ကုဒ်နံပါတ်အတိုင်းပဲ ခေါ်ကျတာများတယ် တကယ်လို့အဲ့လိုမခေါ်ချင်ရင်Host ကျွန်တော့်ကိုနာမည်ပေးလေ]

“”ဒါဆို ငါမင်းကိုBanလို့ခေါ်မယ်””

Author Profile

Latest entries
Genre(s)
Tags(s)