the demon venerable’s wistful desire
ဝိညာဉ်ပြန်ဝင်စားလာပြီးနောက် ချီမုယောင်သည်အဓိကဗီလိန် ရှီဟွိုင်နှင့် “နက်မှောင်တဲ့အခန်းငယ်” ဟုခေါ်သော ဂူတစ်ခုထဲမှာပိတ်ခံထားရလေသည်။မိစ္ဆာကျင့်ကြံသူ၏ ခန္ဓာကိုယ်အားသံကြိုးများဖြင့်ချည်နှောင်ထားပြီး သူ၏ကျင့်ကြံရေးအမြုတေလည်း ချိတ်ပိတ်ထားခံရ၏။ချီမုယောင်၏အခြေအနေကိုပြောရမည်မှာ…………အနည်းငယ် ကို့ရို့ကားယားနိုင်လှသည်။ဂူ၏ကန့်သတ်ချက်စည်းမျဉ်းများအား ဖယ်ရှားနိုင်ရန်အတွက် နှစ်ကိုယ်တူကျင့်ကြံရန် လိုအပ်သည်။ထိုမှသာသူတို့ကိုယ်သူတို့ကယ်တင်နိုင်မည်ဖြစ်၏။
သို့ပေမည့်……..သူသည် ဟယ်ဟွမ်းဂိုဏ်း၏ယောက်ျားလေးတပည့်ဖြစ်နေသောအခါ
အားးးးးးးးးးးးးးးး! သူနဲ့နှစ်ကိုယ်တူကျင့်ကြံရမည့်သူဟာ မည်သူဟုထင်ပါသနည်း? ဟိုအဓိကဗီလိန်ကြီးနဲ့လား?
သူပြန်ဝင်စားထားသည့် ဤစာအုပ်ဖတ်ထားသည့်သူတိုင်းသိကြသည်။ ထိုအမြှောက်စာ ရှီဟွိုင်နှင့်နှစ်ကိုယ်တူကျင့်ကြံတဲ့သူတိုင်း တမူဟုတ်ချင်းအသေဆိုးနှင့်သေရမည်ဆိုသည်မှာ
ပြေးရမယ်! ကန့်သတ်ချက်စည်းချပြီးချင်းချင်း သူတချိုးတည်းလစ်ပြေးရမယ်
*****
ရှီဟွိုင်အကယ်ခံရပြီးနောက်ပိုင်း ရူးသွားပြီထင်ရဲ့။ သုံးလောကလုံးကိုသတင်းလွှင့်လိုက်ပြီး အဲ့လူကိုလိုက်ရှာနေသည်။
သူသည် အဲ့လူ၏နာမည်အားမသိသလို သူ့ရဲ့ပုံပန်းသဏ္ဍာန်ကိုလည်းမသိပါလေ။ သူသိသည်မှာ ထိုလူသည် ဟဲဟွမ်ဂိုဏ်းရဲ့ယောက်ျားလေးတပည့်ဆိုသည်သာပင်။
လူတိုင်းက သူ့ကိုသုံးနှစ်ကျော် ကျင့်ကြံရေးမီးဖိုလုပ်သွားသည့်ထိုကောင်လေးအား သတ်ဖြတ်မလိုလိုက်ရှာနေတယ်လို့ ထင်ကြသည်။
ချီမုဟောင်သည် တလောကလုံးမှာအညံ့ဆုံးကျင့်ကြံရေးဂိုဏ်းဖြစ်တဲ့ ယွဲ့ချုန်းကျောင်းတော်ကို အသုံးမကျဆုံးဖြစ်တဲ့ဝိညာဉ်ရင်းမြစ်နဲ့ရောက်လာခဲ့သည်။
လူတိုင်းကသူ့ကိုစွမ်းအားမရှိတဲ့အလှလေးလို့ပြောကြပြီး သုံးလောကလုံးရဲ့နံပါတ်တစ်အလှဆုံးသူဟူသော ဂုဏ်ပုဒ်မထိုက်တန်ကြောင်း ရည်ညွှန်းပြောဆိုကြလေ၏။
အထွေထွေဆိုင်ရာအမတညီလာခံ၌ မိစ္ဆာကျင့်ကြံသူများသည် သူတို့ဖာသာသူတို့မိတ်ဆက်ပြီးဝင်လာကြ၏။
မိစ္ဆာမီးလျှံတွေနဲ့လွမ်းခြုံထားသောကောင်လေးသည် လူအများရှေ့၌ရပ်လျက်ရှိနေ၏။ သူသည် စိတ်တိုလွယ် ရက်စက်ကြမ်းကြုတ်ပြီး တားဆီးမရနိုင်သောမိစ္ဆာအဖြစ် သတင်းပျံ့လျက်ရှိသည်။ ခုတော့သူဟာ အမှန်ဂိုဏ်းများကြားတွင် ထင်ရှားသောအိမ်မက်ဆိုးကြီးဖြစ်လာချေပြီ။
လူတိုင်းသည် တောင့်တင်းနေလျက်ရှိပြီး အချိန်မရွေးသူတို့ကိုယ်သူတို့ကာကွယ်နိုင်ရန် အသင့်ပြင်ထားလျက်ရှိ၏။သူတို့ ချီမုယောင်နား ရှီဟွိုင်ရောက်သွားသည်ကိုမြင်သည့်တိုင်အောင်ပေါ့။
ကျဉ်းမြောင်းသောမျက်လုံးများဖြင့် သူဤသို့ထင်မြင်ချက်ပေးလေ၏။
“မင်းရဲ့ကျင့်ကြံရေးက ခုထိအရေးကြီးတဲ့အချက်တွေမချိုးဖောက်နိုင်သေးတာ ကူပြီးကျင့်ကြံပေးဖို့ငါမရှိတာကြောင့်များလား?”
ချီမုယောင်ဟာဆွံ့အသွားလျက်
“ဒီကကျင့်ကြံရေးမိတ်ဆွေ မင်းဘာကိုပြောနေတာလဲ? ”
ဒီတစ်ဖက်စွန်းရောက်တဲ့ကျင့်ကြံရေးလောက၌ ရှီဟွိုင်ဟာ အကြွေးဆပ်နေရရှာ၏။ ချီမုယောင်အား သူ့အိမ်တော်၌ ညှင်းဆဲရန်အလုပ်များလျက်ရှိနေသည်။
ညရောက်သော် ချီမုယောင်သည်ခါးခါးသီးသီးပင်အသနားခံလျက်ရှိပြီး
” မလုပ်ပါနဲ့တော့ ကျေးဇူးပြီးနောက်ထပ် ထပ်ပြီးမကျင့်ပါရစေပါနဲ့တော့……… ငါ့ရဲ့ကျင့်ကြံရေးက ဆရာတစ်ဆူဖြစ်မယ့်အဆင့်တောင်ကျော်တော့မယ် ”
ငါက သေတော့မယ်ထင်ခဲ့တာ ဒါပေမယ့်ဘယ်လိုဖြစ်ပြီး ငါက မိစ္ဆာအရှင်ရဲ့ လရောင်ဖြူလေးဖြစ်သွားရတာတုန်း
အလွန်တရာပိုင်စိုးပိုင်နင်းလုပ်လွန်းပြီး ခေါင်းမာလွန်းသောနတ်ဆိုးအရှင် ( gong )× ဟယ်ဟွမ်ဂိုဏ်းရဲ့တစ်ဦးတည်းသောယောကျာ်းလေးတပည့်ဟောင်းလေး ( shou )