Chapter 1
မှောင်သည်။
အလွန့်အလွန်မှောင်သည်။
မျက်လုံးထဲမြင်နိုင်သမျှမှာ အမှောင်ထုကြီးသာ စိုးမိုးနေ၏။ သန်းချီလှသော အရိုးပဒေသာများ အနားယူလျက်ရှိသည့် မြေအောက်မင်ရည်လောက သို့မဟုတ် သေခြင်းတရားမြစ်တစ်စင်းလိုမျိူး…..
ချီမုယောင်သည် အမှောင်ထဲတွင် ဖုံးကွယ်ထားသောနေရာသို့မရောက်ခင် အကြီးအကဲယောင်ဝမ်၏ထိုးသိပ်မှုကြောင့် အိတ်ထဲ၌ အနည်းဆုံး လေးနာရီကြာခန့်နေခဲ့ရသည်။ သူသည် သူ့အားမျက်ကန်းဖြစ်စေသည့် အိတ်အတွင်းရှိ ကြာရှည်ချိန်ကိုပင် မယုံသင်္ကာဖြစ်လာသည်။
အေးစက်သည့် အမှောင်ထုက သူ့ကို ဆိတ်ငြိမ်စွာပင် မွန်းကျပ်စေသည်။ မည်သည့်နေရာကို ရောက်နေမှန်း သူမသိသည့်အပြင် ဤနေရာသည် မည်သို့ပုံစံမျုးဖြစ်မည်ကိုလည်း သူမသိပါချေ။
သူလှုပ်ရှားသင့်လား မလှုပ်ရှားသင့်ဖူးလား ဆိုသည်ကိုတောင် မသိပါချေ။ ကိုယ်ကို အနည်းငယ် ရွှေ့ရုံဖြင့် သူသည် အဆုံးမဲ့သောချောက်ကမ်းပါးထဲ ကြမ်းတမ်းစွာကျသွားမည်လားလဲမသိ….
အကြီးအကဲယောင်ဝမ်သည် သူ၏စိုးထိတ်မှုကို စိတ်ထဲမထားပါချေ။ သူ၏အိတ်ကို ဖြည်ချပြီးနောက် လှောင်ရယ်လာခဲ့သည်။
အကြီးအကဲယောင်ဝမ်သည် အမှောင်ထဲ၌ နှစ်ပေါင်းများစွာနေလာခဲ့သူဖြစ်၏။ သူ၏မြင့်မားလှသော ကျင့်ကြံအဆင့်တိုင်းဆိုင်လျှင် သူ၏ညဖက်မျက်စိအမြင်သည် ချီမုယောင်ထက် ပိုဿ သာာလွန်သည်။ သူသည် မှောင်မဲနေသည့် ပတ်ဝန်းကျင်အား အတားအဆီးမဲ့စွာ သွားလာနိုင်၏။
အကြီးအကဲယောင်ဝမ်သည် သူ၏အင်္ကျီလက်များကို ခါထုတ်လိုက်ရင်း တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
“အယုတ်တမာကောင် မင်းကိုယ်မင်း စိတ်ချလက်ချ ဣန္နြေရရနေနိုင်သေးတယ်ပေါ့ မင်းအဖေ မင်းကို လာကယ်မယ်လို့ တွေးနေတာလား မခွင့်မရှိတော့ဘူး ဒီရတနာကျွန်းလေးကို အကာအကွယ်ပေါင်းများစွာ ချထားတာ မင်းအဖေမင်းကို ရှာတဲ့နေရာမှာ အခက်အခဲဖြစ်နေမှာကို စိုးမိပါရဲ့ မင်းအဖေ မင်းကို ခြေရာခံနိုင်တဲ့အချိန်ကျရင် မင်းမြေအောက်မှာ အရိုးစုဖြစ်သွားလောက်ပြီ”
ချီမူယောင်သည် အကြီးအကဲယောင်ဝမ် ပြောသောစကားများမှာ သူ့ကိုဆိုလိုခြင်းမဟုတ်ဘဲ တစ်ခြားတစ်ယောက်ကို ပြောခြင်းဖြစ်ကြောင်း နားလည်၏။
သူတို့ပြောနေသည်ကို နားထောင်ရင်း ချီမုယောင်၏နောက်ကျောသည် စက္ကန့်အနည်းငယ်အတွင်း အေးစိမ့်လာတော့သည်။ သူ၏စိတ်နှလုံးသည် သားရိုင်းအုပ်စုတစ်ခု၏အလိုက်ခံနေရသော မက်မွန်ပန်းသမင်ငယ်လေးကဲ့သို့ ကြောက်လန့်နေရပြီး နေရအဆင်မပြေပါချေ။
တော်လောက်ပြီ သူထင်ထားတဲ့အတိုင်း ပြဇာတ်က………..
“မင်းဒီမှာ တစ်ယောက်တည်း အထီးကျန်နေမှာစိုးလို့ ငါ အဖော်တစ်ယောက် ဖမ်းလာတယ်”
အကြီးအကဲယောင်ဝမ်သည် နောက်ထပ် နိမိတ်မကောင်းသည့် ရယ်သံကြီးဖြင့်ရယ်လိုက်ကာ ထိုအသံသည် တစ်ပါးသူဒုက္ခရောက်နေသည်ကို အားရနေသော ဆန္ဒများနှင့်ပြည့်နှက်လျက်ရှိသည်။
သူ၏အသံကား သစ်ပင်ပင်စည်ကို ကျောက်ခဲတစ်ခဲဖြင့် ပွတ်တိုက်နေသကဲ့သို့ အတော့်ကို ကွဲအက်ကာ ကြမ်းရှနေ၏။သူ၏အသံကို နားထောင်ရခြင်းသည် တစ်ပါးသူများကိုပင် သတိလက်လွတ်တံထွေးမျိုချမိသည်အထိ မသက်မသာဖြစ်စေသည်။
အမှောင်တွင်းရှိသည် တတိယလူသည် ဆက်လက်ပင် တိတ်ဆိတ်လျက်ရှိသည်။ ချီမုယောင်၏ထိတ်ထိတ်ပျာပျာခုန်နေသည့် နှလုံးသံအပြင် အကြီးအကဲယောင်ဝမ်၏စကားပြောသံကို ကြားနေရသေးသည်။
“တစ်ယောက်တည်း အပိတ်ခံထားရတာ ပျင်းဖို့ကောင်းမှာပေါ့ ဒါကြောင့် မင်းကို အဖော်ပြုပေးဖို့ ဟဲဟွမ်ဂိုဏ်းတပည့်တစ်ယောက် ဖမ်းလာခဲ့တယ် ဒီနည်းနဲ့ မင်းတို့နှစ်ယောက် ဒီဂူထဲမှာ နတ်ဘုံစည်းစိမ်တွေခံစားလို့ရတယ်နော်”
အကြီးအကဲယောင်ဝမ်သည် စကားပြောလျက်ပင် တတိယလူအား ချုပ်နှောင်ထားသော အကာအကွယ်များနှင့် သံကြိုးများကို စစ်ဆေးနေ၏။
“ဒီဟဲဟွမ်ဂိုဏ်းတပည့်က နေရမဲ့ သက်တမ်းနည်းနည်းပဲကျန်တော့ပြီး ပါရမီနည်းနည်းပဲရှိပေမဲ့ ချီသန့်စင်ခြင်း အစောပိုင်းအဆင့်ထိရောက်နေပြီ တွေးကြည့်ရအောင် သူက လေထဲကဖယောင်းတိုင်ဖြစ်နေပေမဲ့ သူ့ရှေ့မှာ မင်းလိုမျိုးအားကောင်းတဲ့ မီးပြင်းဖိုနဲ့အတူရှိနေတာလေ မင်းရဲ့လက်တွေခြေတွေကလည်း အခတ်ခံထားရပြီး မင်းရဲ့ကျင့်ကြံရေးစွမ်းအင်တွေကိုလည်း အဖိနှိပ်ခံထားရတယ် ငါထွက်သွားပြီးရင် မင်းတို့ကို ဘယ်သူမှနှောင့်ယှက်မဲ့သူမရှိတော့ဘူး သူဘာလုပ်လိမ့်မယ်လို့ မင်းဘယ်လိုထင်လဲ”
တတိယလူသည် နောက်ဆုံးတွင် တုံ့ပြန်လာတော့သည်။ သူ၏မျက်လုံးများမှာ ရုတ်တရက်ပင် ပွင့်လာကာ အမှောင်ထုအတွင်းသို့ စိုက်ကြည့်နေ၏။ အကြီးအကဲယောင်ဝမ်သာ သူ၏အပြုအမူကို မြင်လိုက်ရပြီး ထိုအကြည့်သည် အကြီးအကဲယောင်ဝမ်၏ရယ်သွမ်းမှုကို ပို၍ ထိန်းမနိုင်သိမ်းမရ ဖြစ်စေသည်။
တတိယလူ၏လက်များနှင့် ခြေထောက်များမှာ အမှန်ပင် သံကြိုးများဖြင့် ချည်နှောင်ထားခံရပြီး သူ၏ကျင့်ကြံရေးစွမ်းအားများကိုလည်း ဖိနှိပ်ထားသည်။ သူသည် အမြုတေစွမ်းအင်ကိုပင် ကိုယ်တွင်း၌ မလှည့်ပတ်နိုင်ပါချေ။
ထိုအခြေအနေများအောက်တွင် သူသည် အဟာရမလိုဘဲ အကြာကြီးအသက်ရှင်နေနိုင်သည့်အချက်မှလွဲ၍ ကျင့်ကြံရန် သာမန်သင်ခါစခန္ဓာကိုယ်အဆင့်တွင်သာရှိပြီး သေမျိုးလူသားတစ်ယောက်နှင့် ကွဲပြားခြားနားမှုမရှိပါချေ။ သူ၏ယခုအခြေအနေကို လွယ်ကူသည့် ပစ်မှတ်အဖြစ် သင့်လျှော်စွာဖော်ပြနိုင်၏။
အကယ်၍ ဟဲဟွမ်ဂိုဏ်းတပည့်သာ သူ့အား မီးပြင်းဖိုအဖြစ် အသုံးပြုလာခဲ့သည်ရှိသော် သူအနေနှင့် လုံးဝရှောင်လွှဲစရာမရှိတော့ချေ။
သူ၏ထိတ်လန့်နေသည့်အမူအရာအားတွေ့သော် နောက်ဆုံးတွင် ကလဲ့စားချေနိုင်ခဲ့ပြီဟူသော အကြီးအကဲယောင်ဝမ်၏ရိုင်းစိုင်းကြမ်းကြုတ်လှသည် အပြုံးမှာ ကျယ်ပြန့်လာခဲ့သည်။
သူသည် နောက်ဆုံးဦးတည်ချက်ကို လျင်မြန်စွာပြောဆိုလာခဲ့၏။
“အိုး ဟုတ်သား ငါပြောဖို့မေ့သွားတယ် ငါဖမ်းလာတဲ့ ဟဲဟွမ်ဂိုဏ်းသားက အမျိုးသမီးဂိုဏ်းတပည့်မဟုတ်ဘူး အဲ့အစား သူတို့စောင့်ရှောက်ထားတဲ့ အမျိုးသားဂိုဏ်းတပည့်လေး ဟဲဟွမ် အမျိုးသားဂိုဏ်းတပည့်လေးရဲ့ မီးပြင်းဖိုအဖြစ် အသုံးချခံရမှာဆိုတော့ …..ကျွတ်…. ကျွတ် ကျွတ်…..”
ဤတစ်ခေါက်တွင်မူ အဆုံး၌ တတိယလူသည် နှုတ်ဖြင့်တုံ့ပြန်လာ၏။
“ဘာလို့ တစ်ခါတည်း ကိစ္စတုံးအောင်မသတ်ပစ်လိုက်ရတာလဲ ဘာလို့ ခုလို ဒုက္ခတွေခံပြီးထားထားရတာလဲ”
ထိုအသံသည် တစ်ချိန်တည်းမှာတင် အေးစက်မှုကိုသယ်ဆောင်ထားပြီး လေးနက်နေ၏။
ဘေးလူဖြစ်သည့် ချီမုယောင်တိုင်အောင် သူ၏စိတ်နှလုံးအတွင်းမှ ထိုစကားလုံးများ၏အေးစက်မှုကို ခံစားနေရသည်။
ချီမုယောင်သည် သူ၏ဘေးပတ်လည်မှ အရာများကို လိုက်စမ်းရင်း ဤနေရာမှ ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးစားနေ၏။ သို့ပေမည့် အကြီးအကဲယောင်ဝမ်၏ကျင့်ကြံရေးစွမ်းအားတစ်ခုကား သူ့အားထိုင်နေရာမှ ထမရအောင်ဖိနှပ်ထာ၏။
“ငါမင်းကိုသတ်မရဘူး တကယ်လို့ မင်းကို သတ်မိလိုက်ရင် ချင်ကျဲဂိုဏ်းသခင် လုံးဝရူးသွားပြီး ငါ့ရဲ့ဂိုဏ်းကျန်တစ်ခုလုံးကို ချေမှုန်းပစ်မှ အဖေတူသားတူ မင်းတို့နှစ်ယောက်စလုံးက အစွန်းရောက်နေတဲ့အရူးတွေပဲ”
အကြီးအကဲယောင်ဝမ်၏ အသံသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။သူ၏အသံသည် ဝမ်းနည်းပူဆွေးဟန်ပါ၍ စိတ်ထိခိုက်နာကျင်နေသည့်ပုံလည်း ပေါက်လေသည်။
သူသည် ကျောက်ဖျာဖက်သို့ တစ်ပတ်လှည့်ကာ ပြန်လှည့်လာခဲ့ပြီး ထပ်ပေါင်းပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ငါမင်းအတွက် လွတ်လမ်းမချန်ခဲ့မှာတော့ မဟုတ်ပါဘူး ငါ့ရဲ့အကာအရံတွေက ကျင့်ကြံရေးအခြေခံအဆင့်ရောက်တဲ့ဘယ်သူမဆို ထိုးဖောက်နိုင်တယ်။သူက မင်းကိုသုံးပြီး အဲ့အဆင့်ထိကျင့်ကြံနိုင်ရင်တော့ သူလည်းလွတ်မြောက်နိုင်ပြီး မင်းကိုပါ ကယ်နိုင်ဖို့အခွင့်အရေးရှိတယ်။ဒါပေမယ့် ဘယ်သူသိမှာလဲ မင်းကို လွတ်အောင်လုပ်ပေးဖို့ ဒီအရှုပ်ထုတ်လေးက ဘယ်နှနှစ်လောက် အချိန်ယူရမလဲ ဆိုတာ”
“ငါ့ကို ထွက်လို့ရအောင်ကူမယ်” သံကြိုးခတ်ခံထားရသောအမျိုးသားသည် လှောင်ရယ်ရယ်လိုက်သည်။
” ငါဒီကထွက်ရတဲ့နေ့က မင်းတို့တစ်ဂိုဏ်းလုံး မျိုးဆက်တုန်းမယ့်နေ့ပဲ။ မင်းတို့မြေးတင်မကဘူး မင်းရဲ့တပည့်တွေရော မြေးတပည့်တွေရော အကုန်သေစေရမယ်”
အကြီးအကဲယောင်ဝမ်သည် သူ့၏စကားလုံးများကို အထင်အမြင်သေးစွာ ကျိတ်ရယ်လိုက်သည်။
” နို့စားသွားလေးပဲရှိသေးတဲ့ ကောင်ဆိုးလေးဆီက ဘယ်လိုတောင် စိတ်ကြီးဝင်နေတဲ့စကားတွေထွက်လာပါလိမ့် “
အကြီးအကဲယောင်ဝမ်၏မျက်လုံးထဲတွင် သူသည် ဆယ့်ရှစ်နှစ်မျှသာရှိသောကောင်လေးတစ်ယောက်ဖြစ်သည်။ သူ့ထံ၌ ကောင်းမွန်သောအလားအလာများရှိနေသည့်တိုင်အောင် ယခုတွင် ထိုကောင်လေးသည် သူ့အတွက် အန္တရာယ်မရှိပေ။
အခြေခံကျင့်ကြံရေးသမားလေးက မြင့်မြတ်တဲ့ ကောင်းကင်ဘုံ ဝိညာဉ် အစတည်အဆင့်ကို မည်သို့လွန်ဆန်နိုင်မည်လော
သေချာပေါက် ရယ်ဖွယ်ပြုစရာပေ။
သို့သော်လည်း တတိယလူသည် ဤသို့ ပြန်ဖြေလာခဲ့သည်။
“ခင်ဗျား စောင့်ကြည့်နေ “
သူ၏အသံသည် မလေးနက်သလို မပေါ့လည်းမပေါ့ပါးပါပေ။ သို့သော်လည်း ချီမုယောင်၏စိတ်နှလုံးအား အကြောက်တရားများဖြင့် တုန်လှုပ်စေသည်။
ထိုလူသည် သူပြောသည့်စကားကို ဖြစ်အောင်လုပ်မည်ဟု သူသိလေသည်။ထို့အပြင် သူသည် အလွန့်အလွန်ရှုပ်ထွေးလွန်းသည့် နေရာသို့ရောက်ချေပြီ။
ရန်စသည့်အသံကြောင့် အကြီးအကဲယောင်ဝမ်သည် သူ့အား ကြိမ်းလိုက်ပြန်သည်။
” သိပ်ပြီး စိတ်ကြီးဝင်မနေနဲ့ ကောင်ဆိုးလေး “
“အခုအချိန်မှာ စိတ်ကြီးဝင်နေတာကို ဖျောက်ဖို့ အရမ်းခက်ခဲလွန်းတယ်။ ဒီအခြေအနေက ခင်ဗျားရဲ့မြေးလေးနဲ့တူတူပဲမဟုတ်ဖူးလား။ အိုး ဒါပေမဲ့ ငါသူ့လက်တွေခြေတွေကို ဒုက္ခိတဖြစ်အောင် ချိုးတုန်းက နာလွန်းလို့ သူငိုတာလေ သူ့ဘောင်းဘီထဲတောင် စိုတယ်။ဘယ်လိုတောင်ရယ်စရာကောင်းလိုက်ပါလိမ့်။ မင်းဘာလို့ တစ်ကြိမ်လောက်စမ်းမလုပ်ကြည့်တာလဲ တကယ်လို့ မင်း ငါ့ကိုသတ်ရင်ရော ငါသူ့လိုသရဲဘောကြောင်နေမလားဆိုတာ ကြည့်ရအောင်”
“မင်းဒီလောက်ဆိုးဆိုးဝါးဝါးသေချင်နေရင် မင်းကိုသတ်ပေးဖို့ တခြားလူမိုက်တစ်ယောက်ကိုရှာလိုက် “
အကြီးအကဲယောက်ဝမ်သည် သူ၏အင်္ကျီလက်များကိုခါကာ သူ၏ကျန်ရစ်လျက်ရှိသောဒေါသများကို မျိုချရန် ကြိုးပမ်းလျက်ရှိသည်။အကယ်၍ ဤနေရာတွင်ကြာကြာနေပါက သူ၏ဒေါသများမှာ ပိုမိုထိန်းမရနိုင်ပြီး ထိုကောင်လေးအား တကယ်သတ်မိသွားမည်ကို စိုးရိမ်မိလေသည်။ ထိုအခါမှ ချင်ကျဲ ဂိုဏ်းသခင်သည် သေချာပေါက် ခွေးရူးသဖွယ် သူတို့၏တပည့်များနောက်သို့ လိုက်သတ်လိမ့်မည်။
သူသည် ချင်ကျဲဂိုဏ်းသခင်ကိုကြောက်လန့်သောကြောင့် ထိုကောင်လေးကို ဒုက္ခမပေးနိုင်သော်လည်း သူ၏ကလဲ့စားကိုလည်း လက်မလျော့နိုင်ပါချေ။ သူ၏ဦးနှောက်အား ရက်အနည်းငယ်အလုပ်ပေးခိုင်းစေပြီးနောက်တွင် ဤနည်းလမ်းဖြင့် ကောင်ဆိုးလေးအားနှိပ်စက်ရန် တဖန်ပြန်လာခဲ့ခြင်းဖြစ်သည်။
ချင်ကျဲဂိုဏ်း၏အငယ်ဆုံးသခင်လေးသည် မာနကြီး ရက်စက်၍ စိတ်လွတ်တတ်သည်ကို မသိသောသူမည်သူရှိမည်လော။
အကယ်၍ သူသည် ဟဲဟွမ်ဂိုဏ်းအမျိုးသားတပည့်ရဲ့ မီးလင်းဖိုအဖြစ်အသုံးပြုခံရကြောင်းသတင်းသာ အပြင်၌ ပြန့်သွားလေသော် သူ၏လက်ကျန်ဘဝတစ်လုံး အရှက်တရားအမဲစက်ကြီးသည် သူ့နောက်သို့ လိုက်နေလိမ့်မည်။
သူသည်အစောကတည်းက စိတ်မနှံ့ပေ။ ဤသို့သောအရှက်ရစရာဖိအားများဖြင့်ကြုံတွေ့ရသော် ထိုအရာသည် သူ့အား ကျင့်ကြံနေသည့်အချိန်တွင် မဟုတ် သူ၏စိတ်အား ပိုမိုဆိုးရွားစေ၍ ကြားရှိ စိတ်ကြည်လင်နေသည့်အချိန်အား တိုတောင်းစေသည်။
ထိုအခါ ချင်ကျဲဂိုဏ်းသည် သူ့ကိုယ်အတွင်းရှိ ဟွေ့ နဂါးမီးလျှံအား ဖိနှိပ်နိုင်မည်မဟုတ်တော့ပပေ။
သူတို့၏စကားဝိုင်းကို နားထောင်ပြီးသည့်နောက်တွင် ချီမုယောင်သည် သူ့ထံ၌ လွတ်မြောက်ရန်အခွင့်အရေး မရှိတော့ကြောင်း ပို၍ သေချာစွာ နားလည်သဘောပေါက်လာခဲ့သည်။
သူသည် ကျောက်ခင်းကုတင်ပေါ်တွင် အကျဉ်းချခံထားရသောသူ၏နာမည်ကိုတောင် သိ၏။
သူ့နာမည်သည် ရှီဟွိုင်ဖြစ်ပြီး သူသည်
“ပန်းနုဝါဖုံးအုပ်ထားသော ဒုဓရိုက်မှုများ”မှ အကြီးဆုံးဗီလိန်တစ်ဦးဖြစ်သည်။
ပြီးနောက်ချီမုယောင်ကိုယ်တိုင်ကရော …….သူသည် သေချာပေါက် အမြောက်စာဇာတ်ကောင်မျှသာဖြစ်သည်။
တကယ်တမ်းမှာမူ သူသည် ဟဲဟွမ်းဂိုဏ်းတွင်းသို့ဝင်သည့်အချိန်ကပင် သူ၏ကံကြမ္မာအား ကြိုသိထားပြီးဖြစ်သည်။
ဟဲဟွမ်ဂိုဏ်းရဲ့တစ်ဦးတည်းသော အမျိုးသားတပည့်အနေနဲ့……………
ဒီအချက်အလက်စာအုပ်ထဲမှာပြထားတဲ့အတိုင်းပဲ အတော်တိကျတယ်။
မူရင်းအရဆို ဒီစာအုပ်ရဲ့ ဇာတ်ညွှန်းက ဒီလိုမျိုးဖြစ်လိမ့်မယ်……..,.
ရှီဟွိုင်က ဒုတိယဇာတ်ဆောင်မင်းသမီးနဲ့ မြင်မြင်ချင်းချစ်ကျွမ်းဝင်သွားခဲ့သည်။ သူ၏ငယ်ရွယ်တဲ့စိတ်ကစားမှုကြောင့် သူတို့ရဲ့ပထမဆုံးတွေ့ဆုံခန်းမှာတင် သူ့ရဲ့နာမည်ကိုမမေးခင် သူ့ဆီကအကြည့်ခွာဖို့ အလွန် ထိန်းချုပ်နေခဲ့ရသည်။
သူက မိစ္ဆာဂိုဏ်းရဲ့တပည့်ဖြစ်သောကြောင့် ဒုတိယဇာတ်ဆောင်မင်းသမီးက သူ့ကိုလျစ်လျူရှုခဲ့သည်။
နောင်တစ်ချိန်မှာ သူသည် ကိုယ့်လက်ဆကိုယ်မထိန်းနိုင်သောအကြီးအကဲဝမ်၏သားဖြစ်သူ၏ နှောင့်ယှက်ခြင်းကိုခံလိုက်ရသည်။ရှီဟွိုင်သည် သူ့အားကယ်တင်ခဲ့ပြီး ထိုတပည့်၏ခြေလက်တို့အား ဖြတ်ပစ်ခဲ့သည်။
ဒုတိယဇာတ်ဆောင်မင်းသမီးသည် သူ့အားကျေးဇူးမတင်သည့်အပြင် သူ၏အပြုအမူများကြောင့် ခါတိုင်းထက်ပို၍ သူ့နားမှ ခွာခွာနေခဲ့သည်။
သူရဲကောင်းသည် မိန်းမလှလေးအားကယ်တင်ခဲ့သော်လည်း ရလဒ်မှာ သူ့အပေါ် ပြောင်းပြန်ပြောင်းလဲစေခဲ့သည်။
ဤသည်မှာ အကြီးအကဲယောင်ဝမ်၏ ရှီးဟွိုင်အပေါ်ရန်ငြိုးပေ။ နှစ်ပေါင်းများစွာ ထိုရန်ငြိုးအား သူ့နှလုံးသားထဲတွင် သိမ်းထားပြီးသည့်နောက် နောက်ဆုံးတွင် သူသည် ရှီးဟွိုင်ကိုဖမ်းနိုင်ခဲ့၍ ဂူတစ်ဂူထဲတွင် တစ်ဦးနှင့်အတူ ချုပ်ထားနိုင်ခဲ့ပြီ။
ဤအမြောက်စာဇာတ်ကောင်သည် ထိုအားကောင်းလွန်းသော မီးလင်းဖိုအားကြည့်လိုက်ရင်း တဖြည်းဖြည်းမကောင်းသောရည်ရွယ်ချက်များဝင်ရောက်လာသည်။ သူသည် ရှီးဟွိုင်ကိုအသုံးပြု၍ အစောပိုင်းချီသန့်စင်အဆင့်မှ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်သည် အထိကျင့်ကြံခဲ့သည်။ထို့နောက် ရှီဟွိုင်အား အသုံးပြုရန်အလိုမရှိသောအခါတွင် သူ့အားသတ်ရန်စီစဉ်ခဲ့ပြီး တစ်ယောက်တည်း ထွက်သွားလေတော့သည်။
မှန်ပါသည်။ ရှီးဟွိုင်သည်မသေခဲ့ပေ။ သူ၏နှလုံးသားထဲတွင် အကြီးအကဲယောင်ဝမ်နာမည်နှင့် ဟဲဟွမ်ဂိုဏ်းတပည့်တို့သည် နက်ရှိုင်းစွာ ထွင်းထုထားခဲ့လေပြီ။ သူတို့နှစ်ဦးလုံးသည် အမှန်ပင် ရွံရှာစက်ဆုပ်ဖွယ်သေခြင်းမျိုးဖြင့် အဆုံးသတ်ရပေမည်။
ဤမတော်တဆသည်လည်း ရှီးဟွိုင်၏စိတ်တွင်းအမှောင်တရားကိုပို၍ ထောက်ကူပေးခဲ့သည်ပင်။
သူသည်ခက်ယဉ်းစွာအသက်ရှင်နေနိုင်ရန်ကြိုးပမ်းခဲ့ပြီး အရှက်ရဖွယ်ဒုက္ခမျိုးစုံကို အောက်ကျခဲ့ပြီး အရင်ကသူကယ်ခဲ့ဖူးသည့် သူသဘောကျခဲ့သောမိန်းကလေးအား အဓိကဇာတ်ကောင်အဆက်အသွယ်နှင့်ရှာရန်သာကျန်ရှိတော့သည်။
သူအနည်းငယ်မျှပို၍ သိခဲ့ခြင်းသည်က သူအတွက်အသက်ရှင်နိုင်သည့်အခွင့်အရေးပိုများခဲ့သည်။
ချီမုယောင်၏အမြင်အားပြောရမည်ဆိုလျှင် ဒုတိယအဓိကဇာတ်ဆောင်သည် “ကောင်းခြင်း ဆိုခြင်း”ဟူသော အမည်သမုတ်မှုများအပေါ် အလွန် ဂရုစိုက်လွန်းသည်။အကယ်၍ အစပိုင်းတွင် ရှီးဟွိုင်သည် အစွန်းရောက်သူမဖြစ်ခင် အခါက သူ့အား ရည်မွန်သောလူငယ်လေးအဖြစ် သတ်မှတ်ရနိုင်သည်။
သူသည် မြင့်မြတ်သော ကောင်းကင်ဘုံအခြေတည်ဝိညာဉ်အဆင့်သခင်နှစ်ပါး၏ သားဖြစ်သည်။သူထံ၌ ထူးခြားသော အရည်အချင်းများရှိပြီး သူ့၏အခြေခံကိုပင် အသက်ဆယ့်နှစ်နှစ်အတွင်း၌ စတင်တည်ဆောက်နိုင်ခဲ့၍ ကျင့်ကြံရေးလောကတွင် ထိုသို့ကျင့်ကြံနိုင်သော အငယ်ဆုံးသူလည်း ဖြစ်သည်။
ဆယ့်ရှစ်နှစ်ပြည့်သည့် ယခုနှစ်တွင်မူ ရှီးဟွိုင်သည် အခြေခံတည်ဆောက်ခြင်း အထွတ်အထိတ်သို့ရောက်ချေပြီဖြစ်သည်။လူအားလုံးသည် သူ့အား ရွှေအမြုတေအဆင့်သို့ ရောက်မည့် အငယ်ဆုံးသူဟု ထင်ကြေးပေးကြသည်။
အလိုလေး…. ဂူအတွင်း၌ပိတ်ခံထားရသောအချိန်သည် သူ့၏ကျင့်ကြံရေးအား နှောင့်နှေးစေသည်ပင်။
သူ၏ပေါ်ပေါက်လာမှုသည်ကား……….
လူတိုင်းသည် ကွမ်းနန် နတ်မျိုးနွယ်အား သုံးလောကလုံးတွင် အလှဆုံးအမျိုးသားများအဖြစ်သတ်မှတ်ထားကြသော်လည်း စာအုပ်တွင် ဖော်ပြထားသည့် ရှီးဟွိုင်၏ကြင်အင်လက္ခဏာများနှင့် ရုပ်ပိုင်းဆိုင်ရာသွင်ပြင်အားလုံးမှာ ပြောင်မြောက်လွန်းသည်။ အကယ်၍ သူသည် ခန့်မှန်းရခက်ပြီး တစ်ဖက်စွန်းအရမ်းမရောက်ပါက ကွမ်းနန်နတ်မျိုးနွယ်ထက်ပင် ပို၍ ထင်ရှားနိုင်သည်။
ချီမုယောင်ဦးနှောက်ထဲရှိ အစိတ်အပိုင်းများသည် ရုတ်ခြည်းပြောင်းလဲလာသည်။ ယခုအချိန်သည် ရှီဟွေ့နှင့် ဒုတိယအမျိုးသမီးဇာတ်ဆောင်တို့ကြားထဲရှိ ဆက်ဆံရေးဇာတ်လမ်းကို စိုးရိမ်ပူပန်ပေးရန် အချိန်မဟုတ်သေးပါချေ။ သူ၏ဘဝသည် ဤနေရာတွင် လောင်းကြေးထပ်နေ၏။
သူသည် ခေတ္တလောက်တုံ့ဆိုင်းနေပြီးနောက်ဆုံးတွင် စကားပြောလာသည်။
“စိတ်မူပါနဲ့ ငါမင်းကိုမထိပါဘူး မင်းငါ့ကိုတိုက်တွန်းရင်တောင် ဒီနေရာမှာတင် သေလိုက်မယ်”
ရှီးဟွိုင်သည် သူ၏ရုတ်တရက်ပြောဆိုလာမှုကြောင့် အတော်ထိတ်လန့်သွားပုံပေါက်သည်။သူသည် တိတ်ဆိတ်စွာဖြင့် စကားသံလာသည့်နေရာအား အပေါ်အောက်ကြည့်နေမိချေသည်။
အမှောင်တွင်း၌ ရှီးဟွိုင်သည် ချီမုယောင်ရှိမည့်နေရာသို့မှန်းဆ၍ ခေါင်းလှည့်လိုက်သည်။ ကံမကောင်းစွာဖြင့် သူ၏ကျင့်ကြံရေးစွမ်းအားများမှာ ချိတ်ပိတ်ထားခံရပြီး ချီမုယောင်ကိုမမြင်နိုင်သည့်အပြင် သူ၏ပုံစံသွင်ပြင်ကိုပါ ခွဲခြားနိုင်စွမ်းနည်းပါးသွားခဲ့သည်။
သူတို့နှစ်ယောက်စလုံးမြင်ရသည်မှာ အမှောင်ထုသာဖြစ်သည်။သူတို့သည် အခြားသူ၏အမြှီးလား ခေါင်းလား ကိုပင် မခွဲခြားနိုင်ချေ။
ရှီးဟွိုင်ရုတ်တရက်မေးလိုက်သည်။
“တကယ်လို့ မင်းသေသွားရင်ငါဘယ်လိုဆက်လုပ်မလဲ”
ချီမုယောင်သည် ထိုမေးခွန်းကြောင့် ကိုယ့်ကိုကိုယ် ဂုဏ်ယူမိသွားသည်။ သူသည် ရှီးဟွိုင်၏သူအပေါ်ဆက်ဆံရာတွင်စိတ်ပူပန်လျက်ရှိပြီး သူတို့ဆက်ဆံရေးသည် ဤမျှ ကောင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။
“မင်းကိုယ်မင်းအပြစ်တင်နေစရာမလိုပါဘူး။ ငါ့ရဲ့ကျင့်ကြံရေးကအရမ်းအားနည်းလွန်းပြီး နေရမယ့် ဘဝသက်တမ်းကလည်း တစ်နှစ်နှစ်နှစ်လောက်ပဲကျန်တော့တာ။ စိတ်ထဲထားမနေပါနဲ့။ ငါသေရင် မင်းနဲ့ခပ်ဝေးဝေးနေရာမှာ သေမှာပါ။ ဒါကြောင့် ငါကိုယ်ပုပ်သိုးသွားရင် မင်းဆီအနံ့လာမှာ မစိုးရိမ်ဖို့မလိုပါဘူး “
ရှီဟွေ့သည် သူ့အားနားလည်အောင် မရှင်းပြခင် သူပြောသမျှတိတ်ဆိတ်စွာနားထောင်လိုက်သည်။
“မင်းသေသွားရင် ငါဘယ်လို ထွက်ရတော့မှာလဲ”
“အိုးးးးးး”
ချီမုယောင်သည် နားလည်မှုလွဲသွားမှန်းသိလေရာ အနည်းငယ်ရှက်စနိုးဖြစ်သွားပြီး မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်လိုက်သည်။ သို့ပေမယ့် မကြာခင်မှာတင် သူပြန်ဖြေလာသည်။
“ငါ့မှာ အသံလက်ဖွဲ့အဆောင်
တစ်ခုရှိတယ်။ ငါ…….”
“အဲ့အရေတွန့်နေတဲ့ လိပ်အိုလိုလူကြီးက ဝိညာဥ်အခြေတည်အဆင့်ကျင့်ကြံရေးသမားတစ်ယောက်နော်။ မင်းရဲ့အဆောင်လက်ဖွဲ့ကို သူမဖျက်စီးနိုင်ဖူးထင်နေတာလား “
အသံလက်ဖွဲ့အဆောင်ကိုပင် မဆိုထားနှင့် ချီမုယောင် သူကိုယ်သူ ဂူအပြင်ဖက်သို့ရောက်ရန် ကြိုးစားတူးမည်ဆိုသည်တိုင်တောင် အလားအလာမရှိပါချေ။
အမှောင်ထုအတွင်း၌ ရင်တထိတ်ထိတ်ဖြစ်စေသည့် ကမောက်ကမဖြစ်ရပ်တစ်ခုသည် ရုတ်တရက် ရောက်ရှိလာလေပြီ။
ချီမုယောင်သည် သူနှုတ်ခမ်းကိုဖိသကဲ့သို့ သူ့ခေါင်းအား တတ်နိုင်သလောက်ဆွဲ့ဆန့်သော်လည်း တခြားအစီအစဥ်မထွက်လာပေ။ ထို့မျှနှင့်ပင် သူလက်လျော့လိုက်သည်။
“အို….တောင်းပန်ပါတယ် ကြည့်ရတာ ငါ့မှာ အကြံကုန်ပြီထင်တယ်”
ရှီးဟွိုင်သည် သူ့မျက်လုံးကို တဖန်ပြန်ပိတ်လိုက်ကာ ချီမုယောင်ဆီပြောလိုက်သည်။
“ငါ့နားကဝေးဝေးနေ ငါမင်းနဲ့နီးနီးကပ်ကပ်မနေချင်ဘူး”
“အိုး ရတယ် တစ်က္ကန့်စောင့် “
ချီမုယောင်သည် စမ်းတဝါးဝါးဖြင့် သူ့ခြေလှမ်းအားနောက်ဆုတ်လိုက်သည်။ ခြေလှမ်းတိုင်းကို သူသည် မဝံ့မရဲပင် သူ့ခြေမလေးဖြင့် မြေပြင်အား အကြိမ်များစွာ စမ်းသပ်ပြီး လုံခြုံသည့်အခါမှ ရှေ့သို့ ဆက်လှမ်းသွားသည်။
သူသည်ခြေလှမ်းဆယ်လှမ်းမပြည့်သေးခင်မှာပင် နံရံသို့ ကပ်သွားလေသည်။ ထို့နောက် သူသည် နံရံကို အမှီပြုကာ ရှေ့သို့ ဆက်လျှောက်သွားလေသည်။
ဤဂူနံရံရှိကျောက်သားများသည် ကိရိယာတန်ဆာပလာများအချောသပ်ထားသည့်အတွက် လူသားများဆောက်လုပ်ထားခဲ့ဟန်တူသည်။ ချီမုယောင်ထိုင်ရန်လိုအပ်သည့် အချို့နေရာများတွင် အလွန်ကြမ်းတမ်းလျက်ရှိပြီး ညီညာမှုလည်းမရှိပါချေ။
နာရီဝက်ခန့်ကြာပြီးသည့်နောက်တွင် ရှီးဟွိုင်သည် သူထူးခြားကောင်းမွန်လှသောအကြားစွမ်းရည်ကြောင့် ချီမုယောင်သည် သူ့အား အလယ်ထား၍ ဂူအားစက်ဝိုင်းသဖွယ်ပတ်နေကြောင်း ပြောနိုင်ပေသည်။
ချီမုယောင်သည်ဒုတိယခြေလှမ်းစတင်လှမ်းခိုက်တွင် ရှီးဟွိုင်စကားပြောလိုက်သည်။
” ရပ်တော့”
သူ၏အသံသည် ချီမုယောင်ဆီသို့ ဦးတည်ရောက်သွားသည်။
“ငါဘာလို့ မင်းနဲ့အနီးဆုံးနေရာမှာရှိနေသေးတာလဲ ငါလမ်းလျှောက်လာတာဖြင့် အတော်ကြာလှပြီ”
“ဒီဂူက အရမ်းသေးတယ်။ မင်းက ဂူကိုပတ်လျှောက်နေတာ”
“အော်…….”ချီမုယောင်သည် ကျိုးနွံစွာဖြင့် အက်ကွဲကာ ရှုံ့တွနေသောမှိုလေးအဖြစ် သူ့ထိုင်နေသည့်နေရာတွင်ပြန်ဝင်ထိုင်တော့သည်။
“ဒါဆို ငါဒီနေရာမှာပဲ ပြန်ထိုင်တော့မယ်နော်။ စိတ်မပူပါနဲ့ ငါမလုပ်ပါဘူး ငါ့စိတ်နှလုံးထဲက တဏှာရာဂအတွေးတွေကို ဖြတ်တောက်ထားတယ်။ ဒါကြောင့် မင်းလွတ်သွားရင်တောင် မင်းကိုယ်က သန့်ရှင်းနေဆဲဖြစ်နေမှာပါ။ ငါဘယ်ပဲဖြစ်ဖြစ် မင်းကို မထိပါဘူး။
“…….”
ရှီးဟွိုင်သည် ထိုအရာနှင့်ပတ်သတ်၍ မည်သည်ကိုချီးကျူးမတုံ့ပြန်ခဲ့ပေ။ သူသည် သက်ပြင်ရှည်ကြီးတစ်ချက်ကိုသာ ချလိုက်လေသည်။
အကြီးအကဲယောင်ဝမ် : ဘာလဲဟ ငါကအောင်သွယ်ဖြစ်လာတာလား
ပထမဆုံးအပိုင်းက Gongရဲ့ငယ်ငယ်ကအချိန်လေးတွေပါ အခုချိန်မှာတော့ သူက ငယ်ရွယ်တဲ့ ဂိုဏ်းသခင်လေးပါပဲ ဒါပေမယ့် နောက်ကျရင် သူကကြီးမြတ်တဲ့ မိစ္ဆာဘုရင်ဖြစ်လာမှာပါ။
တစ်ချို့အချက်များကို စိတ်တွင်း၌သာ ထားရန်-
Gong က shou နောက်ကိုတစ်ခဏတာ လိုက်လိမ့်မယ်။ သူက ချစ်သွားပေမယ့် shouက ခပ်မြန်မြန်လက်ခံလိုက်မယ့်ပုံတော့မဟုတ်ဘူး။
Gong ရဲ့ စိတ်က အချစ်ကြောင့် အနည်းရှုပ်ထွေးတဲ့ပုံမျိုး။ သူက shouရှေ့မှာတော့ ကြက်ပေါက်လေးပုံစံနဲ့တူပေမယ့် တစ်ခြားလူတွေရှေ့မှာတော့ မိစ္ဆာ ဘုရင်အတိုင်းပဲ။ ဒါကြောင့် လူတိုင်းက သူ့ကို ကြောင်သူတော်လို့ သတ်မှတ်ကြတယ်။
Gong က shou ရဲ့မီးပြင်းဖိုလေး
မူလဇာတ်လမ်းက တကယ်ဆိုရင်shou ဝိညာဥ်ကူးပြောင်းလာတာနဲ့ လုံးဝမပတ်သက်ဘူး။ Gong က ဒုတိယအမျိုးသမီးဇာတ်ဆောင်အပေါ်မှာ ခံစားချက်မရှိဘူး။ သူက အဲ့အမျိုးသမီးဇာတ်ဆောင်က ဘယ်သူမှန်းတောင် မမှတ်မိဘူး။
“မိန်းမရေ မိန်းမရေ မင်းဘယ်မှာလဲကွယ်”
သူ့မိန်းမကို မရပ်မနားလိုက်ဖမ်းနေတဲ့ မိစ္ဆာဘုရင် gongကြီးနဲ့
“ပြေးမယ် ပြေးရမယ် ငါ့ဘဝအတွက် ထွက်ပြေးရမယ်” ဆိုပြီး ခံစားချက်မဲ့စွာ အသားကုန် ခြေတင် ပြေးနေတဲ့ shou အလှလေး
T/N – Fdoo ဖတ်ရင်း ဒါလေးပါတွဲဖတ်လို့ရတယ် ဒါက ဒရာမာမချိုးဖူး ချိုချိုလေးရယ် ဟိုဖက်က ခါးရင် ဒါလာဖတ်ပေါ့
မှောင်သည်။
“အယုတ်တမာကောင် မင်းကိုယ်မင်း စိတ်ချလက်ချ ဣနြေ္နရရနေနိုင်သေးတယ်ပေါ့ မင်းအဖေ မင်းကို လာကယ်မယ်လို့ တွေးနေတာလား မခွင့်မရှိတော့ဘူး ဒီရတနာကျွန်းလေးကို အကာအကွယ်ပေါင်းများစွာ ချထားတာ မင်းအဖေမင်းကို ရှာတဲ့နေရာမှာ အခက်အခဲဖြစ်နေမှာကို စိုးမိပါရဲ့ မင်းအဖေ မင်းကို ခြေရာခံနိုင်တဲ့အချိန်ကျရင် မင်းမြေအောက်မှာ အရိုးစုဖြစ်သွားလောက်ပြီ”