Chapter 2
ကျင့်ကြံရေးလောကအတွင်းပထမဆုံးပြုလုပ်ကြသည့် ဓလေ့မှာ ဆံပင်ဖြတ်ခြင်းနှင့် ချင်ခြင်းအာသာကိုစွန့်ပယ်ခြင်းပင်။အစာအစားမစားဘဲနေခြင်းသည် လောကီလောကအားနောက်ချန်ရစ်ထားခဲ့ခြင်းဖြစ်သည်။
အစားအစာမစားသည့်ကတည်းက သူတို့သည် သာမန်ကဲ့သို့ အလေးအပေါ့သွားစရာမလိုပါတော့ချေ။
ကျင့်ကြံသူများဖြစ်ရာ သူတို့သည် ဂူထဲတွင် အပိတ်ခံထားရသည့်တိုင် သာမန်လူများထက် ပို၍ခံနိုင်ရည်ရှိသောကြောင့် အဆင်ပြေနေသေးသည်။သို့ပေမည့် အနားရှိ အမှောင်ထု၏မွန်းကျပ်မှုကြောင့် ရံဖန်ရံခါ၌ သူတို့အပေါ် ဆိုးကျိုးသက်ရောက်လာကြသည်။
အမှောင်ထုသည် လူသားများအား ဆိတ်ငြိမ်သည့် မြူခိုးသဖွယ်စားသုံး၏။၎င်းသည် သူတို့၏လက်ချောင်းထိပ်ဖျားများ အမဲရောင်မသန်းလာခင်အထိ နှေးကွေးစွာဖြင့် သူတို့၏အရေပြားအတွင်းသို့စိမ့်ဝင်သွားကြသည်။သူတို့သည် အချိန်ကြာမြင့်စွာ မအီမသာဖြစ်လာလိမ့်မည်။
ချီမုယောင်သည် ရှီးဟွိုင် မည်သို့ဒေါသရှိပုံကိုသိထားလေရာ ဂူထဲဝင်ပြီးနောက် အသက်ပြင်းပြင်းပင်မရှူရဲပါချေ။သူသည် ထိုကောင်လေး၏ပြင်းထန်သောအမျက်ဒေါသအားခံရမည်ကိုကြောက်နေ၏။
ရလဒ်အားဖြင့် သူသည် ကိုးရက်တိုင်တိုင် ဂူ၏ပပ်ကြားအက်လေးထဲတွင် ဒူးအားပိုက်လျက် မလှုပ်မရုပ် ထိုင်နေခဲ့သည်။
စိတ်ပျက်အားငယ်နေသည့် မှိုလေးတစ်ပွင့်ကဲ့သို့ သူတစ်လက်မပင် မရွေ့ပါချေ။
ရှီးဟွိုင်သည် သူအားစိတ်ကူးထဲ၌ပင် အရေးမပေးပါချေ။တစ်ချိန်လုံး သူသည် စကားတစ်လုံးမှ မပြောခဲ့ပေ။
ချီမုယောင်သည် သူ၏အရေးပေးမှုအားမလိုခဲ့ချေ။ရှီးဟွိုင် သူ့ကိုပြဿနာမရှာမရွေ့ သူဝမ်းမြောက်နေမည်ဖြစ်သည်။
ရုတ်တရက်ပင် ရှဲရှဲဟူသောဆူညံကြီးက ဤဖုန်းဆိုးမြေအောက်လှိုဏ်ဂူကြီးတစ်လျှောက် ပဲ့ထင်လာ၏။
မည်သူမျှ လှုပ်ရှားခြင်းမရှိကြ။ထိုအသံသည် ရှီးဟွိုင်၏လမ်းကြောင်းမှလာခြင်းလည်း မဟုတ်ပေ။
ချီခုယောင်သည် အသံကြားရာလမ်းကြောင်းအတိုင်း ခေါင်းမော့ကြည့်လိုက်သည်။ထို့နောက် သူ၏ခွဲခြားစိတ်ဖြာစွမ်းအင်ကို နယ်မြေတစ်ခုလုံးအားဖြန့်ကျက်လိုက်သည်။သို့ပေမည့် အနားမကပ်နိုင်သေးခင်မှာပင် သူ၏စိတ်ပင်လယ်သည် တိုက်ခိုက်ခြင်းခံလိုက်ရ၏။ထိုစိတ်အာရုံကြောင့် သူ၏ခြေဖျားပင် ဆတ်ခနဲတုန်ယင်မိသွားစေသည်။
ဒီဂူထဲမှာ တစ်ခြား သက်ရှိတွေရှိနေတယ်!
သူသည် ဟဲဟွမ်ဂိုဏ်း၏အထင်ကရအမွေအနှစ် ယပ်တောင်ဝိုင်းအား ထုတ်လိုက်ပြီး သူကိုယ်သူအသင့်ပြင်လိုက်သည်။
ကျင့်ကြံရေးအဆင့်အရ သူသည် ထိုင်စောင့်ရုံဖြင့် ထိုသက်ရှိသတ္တဝါကြီးနှင့် မယှဉ်နိုင်ပါချေ။သူ၏ခွဲဖြာစိတ်စွမ်းအင်တွန်းကန်ခံလိုက်ရသည့်အချိန်မှစ၍ သူ၏ခေါင်းကိုက်ဝေဒနာမှာ တရစ်ဝဲဝဲကျန်ရှိနေသေးသည်။အကယ်၍ အဖွဲ့တစ်ဖွဲ့က မကောင်းသောအကြံအစည်ဝင်လာခဲ့သည်ဆိုလျှင် သူ၏အောင်မြင်နိုင်သည့်အလားအလာမှာ နည်းပါးလှသည်။
သို့ပေမည့် ထိုသတ္တဝါကြီးမှာ သူ့အားစိတ်ဝင်စားဟန်မတူချေ။ သူကိုခဏတာကြည့်ပြီးနောက် ချုပ်နှောင်ထားခံရသည့် ရှီးဟွိုင်ပေါ်သို့ ခုပ်အုပ်လိုက်သည်။
ရှီးဟွိုင်သည် သူလှဲနေသည့်နေရာမှ မရွေ့နိုင်ချေ။ရှီးဟွိုင် ဂူအတွင်း၌ သတ္တဝါကြီးတစ်ကောင်ရှိနေသည်ကိုအံ့အားသင့်ခြင်းမရှိသည့်အပြင် အရင်ကလည်း သူသည် ထိုသတ္တကြီး၏တိုက်ခိုက်ခြင်းကိုခံခဲ့ရဟန်ပုံပေါ်သည်။သူပြန်၍ မတုံ့ပြန်နိုင်သည့်ကတည်းက သဘောရှိအတိုင်း လွှတ်ပေးထားရုံသာ တတ်နိုင်တော့သည်။
ထိုအကြောင်းတွေးကြည့်လိုက်ပါလျှင် မကြာသေးမီက ထိုသတ္တဝါကြီးသည် ရှီးဟွိုင်၏သွေးကိုသောက်၊ အသားကိုစား၍ သူ၏စိတ်စွမ်းအားများကိုစုပ်ယူခြင်းကာ ကောင်းကောင်းအသက်ရှင်နေခြင်း ဖြစ်နိုင်သည်။
ရုတ်တရက်ပင် သတ္တဝါကြီးသည် အားများစွာသုံး၍ရှီးဟွိုင်အပေါ်အပေါက်ကြီးတစ်ခုအားထိုးဖောက်လိုက်သည်မှာ လူငယ်လေး၏ခန္ဓာကိုယ်သည် တွန့်သွား၍ သံကြိုးများအချင်းချင်းရိုက်ခတ်ကြသည်အထိပင်။လေထုများမှာ ပေါများလှသည့်သွေးနံ့များဖြင့်ပျော်ဝင်ပျံ့နှံ့လာခဲ့သည်။
ကျင့်ကြံသူများထံတွင် သာမန်ထပ်ကောင်းသော အနံ့အာရုံရှိရာ ချီမုယောင်သည် ၎င်းအား သဘာဝကျစွာဖြင့် သတိထားမိလေသည်။
သူသည် အလတ်လယ်လေလွှာထဲသို့မခုန်ချခင် ခြေဖျားအားထောက်လိုက်ကာ စိတ်ညစ်စရာကောင်းသည့် သတ္တဝါကြီးအား ယပ်တောင်ဝိုင်းဖြင့် ဖြတ်ရိုက်လိုက်သည်။ရှီးဟွိုင်အပေါ်တိုက်ခိုက်နေသည့် ထိုသတ္တဝါကြီးမှာ ယာယီဖယ်ခွာလိုက်ပြီး ထွက်ပြေးသွားသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ချီမုယောင်၏ ကျင့်ကြံရေးသည် နိမ့်ပါးလှသည်။သူ၏အမြင်စွမ်းအင်မှာ သေမျိုးများထက်ပို၍သာလွန်သော်လည်း ပိတ်မှောင်နေသည့် ပတ်ဝန်းကျင်မျိုးတွင်မူ အချည်းနှီးသာပင်။သူစိတ်စွမ်းအင်သည် ပတ်ဝန်းကျင်ရှိအရာများ၏တည်နေရာများကို အာရုံခံစားနိုင်ရန် လုံလုံလောက်မသန်မာပါချေ။သူသည် တိုက်ခိုက်ရန်အတွက် အသံကိုသာမှီခိုရတော့သည်။
သတ္တဝါကြီးအားမောင်းထုတ်လိုက်ပြီးနောက် ရှီးဟွိုင်၏ကျောက်ဖာအပေါ် ခြေတစ်ဖက်ချလိုက်သည်။ရှီးဟွိုင်အပေါ်မတက်နင်းထားသည်ဟုသေချာမှသာ သူ၏အခြားခြေထောက်တစ်ဖက်အား မဝံ့မရဲဖြင့်ချလိုက်သည်။
အကယ်၍ လှိုဏ်ဂူထဲတွင် အလင်းစသာရှိခဲ့ပါက သင်တို့သည် သူတို့နှစ်ယောက်၏ယခု ပုံစံအားတွေမြင်နိုင်လိမ့်မည်ပင်။
သူ၏ခြေလက်များမှာ သံကြိုးများအခတ်ထားရလျက် ရှီးဟွိုင်သည် ကျောက်ဖာပေါ်တွင် 太’ အက္ခရာအတိုင်း ပြန့်ပြန့်ကြီးလှဲနေသည်။သို့သော်လည်း 火’ ပုံစံက သူဖြစ်နေသည့်ပုံအား ကောင်းမွန်သောရှု့ထောင့်တစ်ချို့နှင့် ပို၍ဖော်ပြရန် သင့်လျော်ပြီး 太’ က ပိုမိုပြည့်စုံသည့်ပုံစံအနေဖြင့် ကမ်းလှမ်းနေသကဲ့သို့ပင်။
ချီမုယောင်၊ သူကား ကျောက်ဖာအပေါ်ပိုင်း တစ်ဖက်တစ်ချက်တွင် 亽’ ပုံစံအတိုင်း ရပ်လျက်ရှိသည်။ သူ၏ခြေထောက်များမျာ ရှီးဟွိုင်၏ခါးဘေးဖက်တစ်ခြမ်းစီတွင် အခိုင်အမာရပ်ထားသည်။ အကယ်၍ သူ၏ခြေထောက်များမှာ ပိုနီးကပ်လိုက်သော် ရှီးဟွိုင်အပေါ်သူတက်နင်းမိတော့မည်ပင်။
သူဖြည်းညင်းစွာပင် ညွတ်ကိုင်းလိုက်ပြီး စိုးရိမ်စွာ မေးလိုက်သည်။
အဲ့ကောင်ကြီး မင်းကိုကိုက်သွားတာလား”
အင်း”
သွေးတွေအများကြီးထွက်နေလား”
မထွက်ဘူး အပေါ်ယံထိခိုက်မိရုံပဲ”
ရှီးဟွိုင် စကားပြောလာကတည်းက ဒဏ်ရာမှာ အပေါ်ယံပင်ဖြစ်ကြောင်း သေချာလေသည်။
မူရင်းဝတ္ထုဇာတ်ရိုး၏ သုံးပုံနှစ်ပုံလောက်တွင် ရှီးဟွိုင်မှာ မျက်လုံးကန်းသွားခဲ့သည်။စာဖတ်သူများကပင် သူ့အား နောက်ပြောင်လျက် ရှောင်လုံရှား မျက်ကန်းနဂါးလေး’ ဟုရည်ညွှန်းပြောဆိုကြသေးသည်။
(小龙瞎’ – မျက်ကန်းနဂါးလေး)
သံတူကြောင်းကွဲ အသံတစ်မျိုးရှိသေး၏။ လုံရှား(龙虾 – ပုစွန်ထုပ်)သည် လုံရှား(龙瞎- မျက်ကန်းနဂါး)အသံနှင့်အတူတူဖြစ်သည်။ထို့ကြောင့် သူတို့သည် သာမန်ပင် သူ့အား ရှောင်လုံရှား(小龙虾 – ပုစွန်ထုပ်လေး) ဟုခေါ်ကြသည်။
အဆုံးသတ်မှာ ပို၍ ဆိုးရွားလွန်းသည်။နောက်ဆုံးအဆုံးအဖြတ်ပွဲ၌ ရှီးဟွိုင်မှာ လက်တစ်ဖက်အားဆုံးရှုံးလိုက်ရပြီး သူ၏ကျန်တစ်ကိုယ်လုံးမှာလည်း သွေးချင်းချင်းနီလျက်ရှိသည်။ ဒဏ်ရာများအားလုံးကြား၌ အကောင်းပကတိအသားစဟူသည်မှာ မကျန်ရစ်ခဲ့ချေ။ဤအခြေအနေတွင် သူ့ကိုဆန့်ကျင်၍ ထိပ်တိုက်ရင်ဆိုင်သူမှာ အဓိကဇာတ်ဆောင်ဖြစ်ပြီး ဒုတိယအဓိကဇာတ်ဆောင်နှင့် အဓိကဇာတ်ကောင်တို့၏ချစ်သူတို့မှာ သူငယ်ချင်းကောင်းများဖြစ်ကြလေသည်။သူတို့သည် ရှီးဟွိုင်အား အားအင်ကုန်ခန်းစေပြီး သေစေရန် တားမြစ် အစီအရင်အား သုံးခဲ့ကြသည်။
ချီမုယောင်သည် သူ၏ယပ်တောင်ဝိုင်းကို လက်ထဲ၌ ကိုင်ထားလျက် နိုးနိုးကြားကြားပင် ထလိုက်သည်။
အဲ့ကောင်ကြီး ဒီလောက်လွယ်လွယ်နဲ့ အလျှော့ပေးမှာမဟုတ်သေးဘူး အနားမှာပုန်းနေပြီး ပြန်တိုက်ဖို့အခွင့်အရေးရှာနေတာဖြစ်မယ် ငါအဲ့ကောင်ကြီးကိုရှင်းပြီးမှ မင်းရဲ့ဒဏ်ရာကိုပတ်တီးစည်းပေးမယ်”
ရှီးဟွိုင်၊ သို့ပေမည့် ကြမ်းတမ်း၍အေးစက်သည့်အမှန်တရားက သူ့ကိုရိုက်ခတ်မိသွားသည်။
မင်း အဲ့အကောင်ကြီးကို မယှဉ်နိုင်ဘူး”
ရှီးဟွိုင်သည် သနားစရာကောင်းလောက်အောင်ညံ့ဖျင်းသော ချီသန့်စင်ခြင်းအစောပိုင်းသာရှိသေးသည့် ချိမုယောင်၏ကျင့်ကြံရေးအဆင့်အား သိမြင်ခံစားရပေသည်။သာမန်အဆင့်လောက်ဖြင့် ရှီးဟွိုင်၏ကိုယ်ထဲသို့ စွမ်းအားပို့ပေးရန် ချီမုယောင်အတွက် ခက်ခဲလွန်းနှင့်လေပြီ။အဆင့်မြင့်သည့်အဆင့်များကဲ့သို့ ထူးခြားလွန်ကဲသည့် အထွတ်အထိပ်တောင်ရှစ်ခုမှ နှစ်ခုဖြစ်သော ယင်းယန်စွမ်းအားသွေးကြောများကို နိုးဆွနိုင်သည့်အဆင့်များသည် သေချာပေါက် သူ၏လုပ်နိုင်စွမ်းများအား ကျော်လွန်နေ၏။
သို့ပေမည့် သူ့ကိုတိုက်ခိုက်လာမည့် ပြဿနာကောင်ကြီးမှာ အမဲရောင် ကျင့်ကြံရေးအဆင့်ပေ။
ကျင့်ကြံရေးစွမ်းအားပိုင်ဆိုင်ထားသည့်သားရိုင်းများ၏အဆင့်မှာ အောက်ပါအတိုင်းပေ၊ ကောင်းကင်ဘုံအဆင့်၊ ကမ္ဘာမြေကြီးအဆင့်၊ အမဲရောင်အဆင့်နှင့် အဝါအဆင့်ပေ။ဤတစ်ကောင်သည် ဖွဲ့စည်းပုံပြောင်းပြန်ဖြစ်လိမ့်မည်။အနိမ့်ဆုံး ကျားလျှင်ပင် ကောင်းကင်ဘုံအဆင့်’ ဟုယုံရန် ခက်ခဲလှသည်……
အမဲရောင်အဆင့်မှာ ကျင့်ကြံရေးလောကတွင် အခြေချီစွမ်းအင်အဆင့်နှင့် ညီမျှ၏။ချီမုယောင်မှာ အမှန်ပင် ထိုအကောင်ကြီးအားမယှဉ်နိုင်ချေ။
ငါသိတယ်” သို့ပေမည့် ချီမုယောင်သည် နောက်ဆုတ်နေရန်ကို ငြင်းဆန်နေဆဲပေ။သူသည် ဘေးပတ်ဝန်းကျင်အား ဆက်လက်ပင် စစ်ဆေးနေ၏။
ငါဘေးမှာရပ်ပြီး တစ်သက်လုံး အဲ့အကောင်ကြီးမင်းကိုတိုက်ခိုက်နေတာ မကြည့်နိုင်ဘူး ပြီးတော့ မင်းသေသွားရင် အဲ့ဟာကြီးက ငါ့ဆီရောက်လာဦးမှာ ဒီလုပ်ရပ်က ကိုယ့်ကိုကိုယ်ရှင်သန်နိုင်ဖို့အတွက် စဉ်းစားဆုံးဖြတ်တာပဲ ငါကနဂိုတည်းက သေဖို့သက်တမ်းနီးနေပြီ ဒါကြောင့် မသေခင်လေး ကောင်းတာတစ်ခုခုလုပ်ရတာ မဆိုးရွာလောက်ဘူးထင်ပါတယ်”
ရှီးဟွိုင်၏ကိုယ်နေဟန်ထားမှာ သူလှဲနေတိုင်းပင် မပြောင်းလဲပါချေ။သူတစ်ခွန်းမှ မပြောတော့သည်နှင့် သူ၏သံကြိုးသံများမှာလည်း တဖန်တိတ်ဆိတ်သွား၏။
ဤသတ္တဝါကြီးမှာ ပို၍ နီးကပ်လာ၏။သည်းကြီးမဲကြီးတဇွတ်တိုက်ဆွဲလာသံကြောင့် ချီမုယောင်သည် တဖြည်းဖြည်းပင် အားနည်းချက်အား တွေ့လာလေသည်။ အများဆုံးမှာ ယခုအခြေအနေသည် သရေကျနေသည့် စစ်တုရင်ကစားပွဲတစ်ခုကဲ့သို့ မှတ်ယူနိုင်သည်။
သို့ပေမည့် သတင်းကောင်းမှာ ချီမုယောင်သည် သူ့ပြိုင်ဖက်ပုံစံအား အကြမ်းဖျင်းတွေးလို့ရလာခြင်းပေ။
ထိုအကောင်တွင် သံကဲ့သို့မာကျောသော တောင်ပံများရှိပြီး လိုက်မမှီနိုင်လောက်သည့် အမြန်နှုန်းနှင့် လှုပ်ရှားသည်။၎င်းတို့အားလုံးအားဆက်စပ်တွေးတောကြည့်လိုက်သော် ထိုအကောင်ကြီးသည် ဝိညာဉ်လင်းနို့သားရဲအမျိုးအစားတစ်မျိုးမျိုးဖြစ်ပေလိမ့်မည်။
ရှီးဟွိုင်သည် သာမန်ကာလျှံကပင် သူ၏တိုက်ပွဲအားကြည့်နေပြီး ချီမုယောင်က တိုက်ခိုက်လျှင် သူအပေါ်ခြေထောက်တက်မနင်းမိစေရန် သူ၏ခြေထောက်များကိုကြည့်နေ၏။
ထို့နောက် သူသည် ထောင်ဖမ်းရန် ဝိညာဉ်ကျောက်တုံးများအားပစ်ချလိုက်သည်။
တိုတောင်းလှသည့် အကြည့်တစ်ချက်တွင် ရှီးဟွိုင်၏နှုတ်ခမ်းများမှာ အပေါ်သို့ ကွေးတက်သွားလေသည်။
ဒါဆို သူကလုံးလုံးတုံးနေတဲ့ အရူးတစ်ယောက်တော့မဟုတ်ဘူးပဲ
ကျင့်ကြံရေးစွမ်းအားမြင့်သည့် တစ်ကောင်ကောင်ကို တိုက်ခိုက်ရမည်ဆိုလျှင် သင့်အနေနှင့် စွမ်းအားကောင်းမွန်လှသည့် အမွေအနှစ်ပစ္စည်း သို့မဟုတ် စွမ်းအားချိတ်ပိတ်အကြံအစည် သို့မဟုတ် ထောင်ချောက်ဆင်ရန်လိုအပ်ပေသည်။
ရှီးဟွိုင်သည် ချီမုယောင်အား ကြည့်ရုံဖြင့် အစီအရင်တွင် အတော်တော်ကြောင်း သိနိုင်သည်။ချီမုယောင်သည် သူ့ကိုယ်သူအား ဟဲဟွမ်ဂိုဏ်း၏အရှုပ်ထုပ်တပည့်မဖြစ်စေရန် မျှော်လင့်ချက်ထားကာ အစီအရင်များကို ဂရုစိုက်ကာ လေ့လာခဲ့ခြင်းဖြစ်သည်။
ချီမုယောင်၏အစီအရင်အသုံးပြုပုံများမှာမဆိုးလှသော်လည်း သူသည် အကြားအာရုံမည်မျှကြားရသည့်အပေါ်တွင်သာ မှီခိုထားရလေရာ သူအာရုံစူးစိုက်မှုသည် လွင့်ပျံ့လျက်ရှိသည်။
ရှီးဟွိုင်သည် နောက်ဆုံးတွင် စကားဟလာခဲ့သည်။
“နေရာသုံးခုကို ပြောင်းကြည့်တာ ဒါမှမဟုတ် ကောင်းကင်ကကြယ်ကြွေတာလိုမျိုး အပြောင်းအလဲတွေအများကြီးကို ပေါင်းစပ်ကြည့်လိုက်”
ချီမုယောင်သည် ချက်ချင်းပင် လက်တစ်ဖက်ဖြင့်သူ၏အစီအရင်များကိုလုပ်လိုက်ပြီး ရှီးဟွိုင်အကြံပေးသည့်အတိုင်း အစီအရင်အား ပြောင်းလဲလိုက်သည်။
ရှီးဟွိုင်သည် အတော်ကြာနားထောင်နေခဲ့ပြီး ထပ်၍ သတိပေးလိုက်သည်။
မင်းရဲ့စိတ်စွမ်းအင်ကိုထပ်ဖြည့်”
ငါ့မှာ မီးစွမ်းအင်အရင်းအမြစ်မရှိဘူး ” ချီမုယောင်သည် အလျင်စလိုပင် ပြန်ဖြေလိုက်ပြီး သူ၏အစီအရင်အပေါ်ဂရုစိုက်လျက်ရှိသည်။
ဒါဆိုလည်း မင်းငါ့ဆီကစွမ်းအင်နဲ့ ဆွဲကြည့် မင်းဘယ်လိုလုပ်ရလဲသိတယ်မလား”
“သိတယ် ဒါပေမဲ့ ရပါ့မလား”
ထိုမတိုင်ခင်က ရှီးဟွိုင်သည် ချီမုယောင်အား သူ့အသားမထိရန် သတိပေးခဲ့သည်။
ပြီးရင်ငါပြောတဲ့အတိုင်း တိုက်လိုက်”
ရှီးဟွိုင် အထင်အမြင်သေးစွာပြောလိုက်သည်။
ထိုစဉ် သူသည် ချီမုယောင် သူ၏ဖိနပ်များအား ချွတ်နေသည်ကိုသတိထားမိလိုက်သည်။တိုတောင်းတောင်းပင် တောင်းပန်ပါတယ်” ဟုပြောလိုက်ပြီးနောက် သူသည် ခြေတစ်ဖက်ဖြင့် ရှီးဟွိုင်အပေါ်သို့ တက်နင်းလိုက်သည်။
သူ၏ခြေထောက်မှာ ခွတီးခွတနေရာအားရောက်နေသည်ကိုသတိထားမိလိုက်ပြီးနောက် သူသည် ကိုယ်နေဟန်ထားကိုပြောင်းလိုက်သည်။
ရှီးဟွိုင် – …..
သူငါ့ရဲ့အဝတ်တွေညစ်ပတ်မှာစိုးနေတာလား?
ချီမုယောင်သည် ရှီးဟွိုင်၏ကိုယ်မှ မီးစွမ်းအင်ပုံစံ ထိုးနှက်ချက်တစ်ခုကို ဆွဲယူလိုက်သည်။ဤနည်းလမ်းမှာ မိစ္ဆာဂိုဏ်းများသာမည်သို့အသုံးရသလဲဆိုသည်ကို သိသောနည်းလမ်းပေ။
မိစ္ဆာဂိုဏ်များတွင် ထင်ရှားကျော်ကြားလှသည့် အမှန်တရားဂိုဏ်းများထက် ကျင့်ကြံရေးသမားအနည်းငယ်သာရှိသည်။သူတို့သည် ထူးဆန်း၍ ယုတ္တိမဆန်သော အတတ်ပညာများကိုသာသင်ကြားရသည်။၎င်းမှာ သူတို့သည် ရန်သူအများအပြားကိုဆန့်ကျင်တိုက်ခိုက်ကြရာတွင် အတူတူလုပ်ကြသော အချိန်တိုင်းလိုလို ထုတ်လုပ်နိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။
အုပ်စုဖွဲ့တိုက်ခိုက်ခြင်းဖြင့် အခြေတည်အဆင့်သာရှိသောမိစ္ဆာဂိုဏ်းသားများက တခဏချင်းမှာပင် ရွှေအမြုတေအဆင့်ရှိသည့်ကျင့်ကြံသူများအပေါ်အစီအရင်များချမှတ်နိုင်သည်။
ဤနည်းလမ်းသည် စွမ်းအင်ပေးကမ်းသူနှင့် လက်ခံသူတို့ပူးပေါင်းကာ သူတို့ကိုယ်ပိုင်မဟုတ်သော အခြားဒြပ်စင်တစ်မျိုးဖြင့်တိုက်ခိုက်ခြင်းဖြစ်သည်။
တိုက်ခိုက်သံများကို သေသေချာချာနားထောင်လိုက်ပြီးနောက် ရှီးဟွိုင်စတင်လိုက်သည်။
ရှစ်မျိုးသောစွမ်းအင်အထွတ်အထိပ်၊ ကောင်းကင်ဘုံကတာဝန်ခန့်အပ်သောကြယ်စင်တွေနဲ့ စွမ်းအင်ထပ်ဖြည့်မယ်”
ချီမုယောင်သည် အစောကတည်းကပင် သူပြောသည့်အတိုင်းလှုပ်ရှားပြီးဖြစ်သည်။ရှင်းလင်းစွာပင် သူသည် ရှီးဟွိုင်အတိုင်း အဆုံးသတ်လိုက်သည်။
ဤသည်မှာ ချီမုယောင်၏ပထမဆုံးစွမ်းအင်လွှဲပြောင်းခြင်းအတတ်ပညာကိုအသုံးပြုခြင်းမဟုတ်သော်လည်း လွှမ်းမိုးလွန်းသောမီးစွမ်းအင်သည် သူထင်ထားသည့်အတိုင်းပင် ထိန်းချုပ်ရန် ခက်ခဲလွန်းပေသည်။
မီးအလင်းတန်းအား အပေါ်မျက်နှာပြင်ပေါ်ကိုပစ်လွှတ်လိုက်ပြီး သူ၏အရိပ်မှာရွေ့လျားသွားသည်။တွန်းကန်အားက သူ့အားကျောက်ဖျာအပေါ်မှ ပြုတ်ကျစေလိုက်သည်။သူပြုတ်ကျသွားသည်နှင့် ဂိုဏ်းသခင်သူ့အားပေးအပ်ထားသည့် အရေးပေါ်အဆောင်အား အသုံးချရန် သတိရသွားပြီး လက်ဟန်ဖြင့် ထိုအဆောင်အား အကောင်ကြီးဆီတည့်တည့်သို့ ပစ်လွှတ်လိုက်သည်။
စစ်မှန်သောမီးလျှံနှင့် ဝိညာဉ်အခြေတည်အဆင့်ကျင့်ကြံသမားလုပ်ထားသော ချိတ်ပိတ်အဆောင်မှာ သားရဲကြီးအား နှိမ်နှင်းရန် လုံလောက်ပြီးဖြစ်၏။ထိုသားရဲကြီးသည် မြေပြင်ပေါ်သို့မကျသွားခင် အော်ဟစ်လိုက်ဟန်တူသည်။သို့သော်လည်း လင်းနို့များအသုံးပြုသည့်နှုန်းလွန်အသံများမှာ လူသားများမကြားနိုင်လေရာ အသံမထွက်နှင့်ပင် သေသွားသည်ဟုထင်မှတ်သွားစေနိုင်သည်။
ရှီးဟွိုင်၏အာရုံမှာ သားရဲကြီးအပေါ်၌သာရှိ၏။လင်းနို့ကြီးပြုတ်ကျသွားသောအချိန်သည် သူချီမုယောင်ကိုကြည့်ရန် အချိန်ကောင်းပင်။
ကံမကောင်းစွာဖြင့် သူအခွင့်အရေးအားလွဲချော်သွားခဲ့လေပြီ။တဖျတ်ဖျတ်လွင့်နေသည့် ပန်းဖျော့ရောင်ဝတ်ရုံနှင့် တိုတောင်းလှသည့် သူ၏သွင်ပြင်မှာ ရှီးဟွိုင်မြင်လိုက်ရသည့်အရာအကုန်ပါပေ။ဟဲဟွမ်ဂိုဏ်းသားသည် မည်သို့မည်ပုံရှိမှန်း သူရှာမတွေ့ခဲ့ပါချေ။
သေချာသည့်အရာမှာ ဂူထဲတွင် မီးလင်းသွားခဲ့သည့်အချိန်အား စဉ်းစားနေသော်လည်း ယခုလောလောဆယ်တွင် သူ့ထံ၌အကြံမရှိတော့ပေ။
အဆုံးထိတိုင် ချီမုယောင်မည်သို့မည်ပုံရှိမှန်းမသိလိုက်ပါချေ။
ကျောက်ဖျာပေါ်က ပြုတ်ကျသွားပြီးနောက် ချီမုယောင်သည် နာကျင်မှုကြောင့် မြေပြင်ပေါ်တွင် လှိမ့်နေ၏။သူသည် သူ၏နောက်ကျောအား ပွတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ကစဉ်ကလျားပင် ခြေလှမ်းရင်း စမ်းတဝါးဝါးနင်းကာ သူ၏ဖိနပ်အား လိုက်ရှာလိုက်သည်။
သူ၏လက်များက မတော်တဆ ရှီးဟွိုင်၏ခါးကိုသွားထိမိပြီးနောက်ရပ်တန့်သွားသည်။ချီမုယောင် အပူလောင်သွားသဖွယ် သူ့လက်အား ဆတ်ခနဲပြန်ရုတ်လိုက်သည်။
“တစ်လက်မလောက်ရှေ့တိုးလိုက် ရှီးဟွိုင်သည် သူ့အားအသိပေးလိုက်သည်။
ချီမုယောင်သည် ထိတ်ထိတ်ပျာပျာဖြင့်ထပ်စမ်းလိုက်ရာ သူ၏ဖိနပ်ကိုတွေ့သွား၍ စီးလိုက်သည်။သူသည် လင်းနို့အလောင်းရှိရာသို့ လျှောက်လှမ်းလိုက်ပြီး ဝိညာဉ်သားရဲအလောင်းများ သိုလှောင်ရာ ဝါးကျည်တောက်လေးအားထုတ်ယူလိုက်သည်။သူထည့်ပြီးနောက်ပြန်ပိတ်လိုက်သည်။
မကြာခဏ သူတို့သည် အပျော်မုဆိုးလိုက်ထွက်ကြပြီး သူတို့အတွက် အသုံးဝင်သည့်အစိတ်အပိုင်းများကို ဝိညာဉ်ကျောက်တုံးများအတွက် ဈေးတွင်ရောင်းချသည်။ပုံမှန်အားဖြင့် ဝါးကျည်တောက်လေးမှာ အများသုံးပစ္စည်းတစ်ခုပင်။
ထို့နောက် ချီမုယောင်သည် ရှီးဟွိုင်အနားသို့ တစ်ဖန်သွားပြန်သည်။သူသည် တစ်ပါးသူ၏ဒဏ်ရာအား ပိုမိုဆိုးရွားသည်အထိ မထားနိုင်ပါချေ။
ထို့ကြောင့် သူသည်ငုံ့လိုက်ကာ သွေးနံ့အပြင်းဆုံးနေရာကိုသိနိုင်ရန် အနံ့ခံလိုက်သည်။ထို့နောက် သူ၏လက်များက ရှီးဟွိုင်၏ဝတ်ရုံအပေါ်ရောက်သွားပြီး ပုခုံးမှ တံတောင်ဆစ်အကြားနေရာအား ဖြည်းဖြည်းမှန်မှန် ရွေ့လျားလိုက်သည်။
ဒဏ်ရာက ဘယ်နေရာမှာလဲ”
.”သူ၏မရိုးသားဖွယ်သော နည်းလမ်းများက ရှီးဟွိုင်အား ခဏတာဆွံ့အသွားစေ၏။
အာ့”
အတည်ပြုလိုက်ပြီးနောက် ချီမုယောင်သည် သူ့လည်ပင်းမှ ဆေးမှုန့်ပုလင်းအားထုတ်ယူလိုက်သည်။ဒဏ်ရာမှာမည်သည့်နေရာမှန်း တိတိကျကျမမြင်ရသောကြောင့် တစ်နေရာလုံးကို အနှံ့လိုက်ဖြူးလိုက်သည်။ဆေးမှုန့်များက လေထုအား လွှမ်းခြုံသွားပြီး ရှီးဟွိုင်အား ချောင်းဆိုးကာ တစ်ဖက်သို့လှည့်သွားစေသည်။
နာလို့လား” ချီမုယောင်သည် အထင်မှားကာ သူ့ကိုမေးလိုက်သည်။
ငါ အရင်က တစ်ခါမှ ဒီလောက်ညံ့တဲ့ ဆေးမှုန့်မျိုးမသုံးဖူးဘူး”
ငါ့မှာ ဒီအမျိုးအစားပဲရှိတယ်၊ ဒါက လူမျိုးမရွေး ဘာဖြစ်ဖြစ်သုံးလို့ရတယ်လေ” ချီမုယောင်သည် ကျန်ရှိနေသေးသည် ဆေးမှုန့်အားဖြူးလိုက်ပြီး ရှီးဟွိုင်အားပတ်တီးစည်းပေးရန် ပိတ်ကျဲအားထုတ်လိုက်သည်။
ရှီးဟွိုင် အမြဲလိုလိုသုံးလေ့ရှိသည့်ဆေးမှာ ထုံးကျောက်များသည့်အများသုံးဆေးမှုန့်မဟုတ်ချေ။၎င်းသည် အသုံးပြုလိုက်ရုံဖြင့် ဒဏ်ရာများအား ချက်ချင်းလက်ငင်းပျောက်ကင်းသွားစေပြီး ပတ်တီးလည်းမလိုပါချေ။
ထူးဆန်းစွာပင် သူ၏အဝတ်အစားပေါ်တွင် ပတ်တီးများပတ်ထားလျက်ရှိသည်။
ရှီးဟွိုင်သည် ချင်ကျဲဂိုဏ်းငယ်ရွယ်သောသခင်လေးဖြစ်သောကြောင့် တော်ဝင်မျိုးနွယ်ကဲ့သို့ပင်အဆက်ဆံခံရသည်။ အကျဉ်းကျနေသည့်အချိန်မှာ သူ့အတွက် ပထမဆုံး ယခုကဲ့သို့ဆက်ဆံခံရခြင်းပင်။
အကယ်၍ ချင်ကျဲဂိုဏ်းကို ကျင့်ကြံရေးလောကအတွင်းတွင် ဒုတိယအချမ်းသာဆုံးဂိုဏ်းဟုဆိုလျှင် ပထမနေရာကိုမည်သည့်ဂိုဏ်းမှ မလက်ခံနိုင်မည်မဟုတ်ပါချေ။
အကယ်၍ လူများစွာ၏ တပ်မက်ဇောဖြင့်တိုက်ခိုက်ခြင်းကိုမခံခဲ့ရလျှင် ချင်ကျဲဂိုဏ်းသခင်သည် ဟွေ နှင့် ဝိညာဉ်စာချုပ်ချုပ်ဆိုရန် ပြင်းပြင်းထန်ထန်လုပ်ခဲ့မည်မဟုတ်။
အကယ်၍ စာချုပ်အားမချုပ်ဆိုခဲ့လျှင် ရှီးဟွိုင်အား နာကျင်လှသည့်ဘဝသက်တမ်းတစ်ခုလုံး ပေးခဲ့မည်မဟုတ်ပေ။
ချီမုယောင်သည် သူ့အားထိတွေ့နေချိန်၊ ပတ်တီးစည်းပေးချိန်တွင် အမှန်တကယ်ပင်သတိထားပြီး ဂရုတစိုက်လုပ်ပေးနေ၏။သူသည် ပိတ်ကျဲများကိုရှီးဟွိုင်၏အဝတ်ပေါ်မှ လျော့ရဲရဲပင်ချည်ပေးလိုက်သည်။
ပြီးသွားသောအခါ ချီမုယောင်သည် ခပ်လှမ်းလှမ်းမှ နေရင်း ယဉ်ကျေးသမှုဖြင့် ပြောနေဟန်တူသည်။
ကြည့် ငါ
တကယ်မင်းကို အသုံးမချဘူးနော်”
သူ၏အပြုအမူများအရ သူသည် ရှီးဟွိုင်၏ကိုယ်အားစိတ်ဝင်စားခြင်းမရှိကြောင်း သိသာထင်ရှားလှသည်။ အကယ်၍ ဝိညာဉ်သားရဲကြီးသာ ရုတ်ချည်းမပေါ်လာခဲ့ပါလျှင် သူသည်လည်း သူ့နေရာမှ တစ်စက်လေးပင်ရွေ့မည်မဟုတ်ပေ။