Chapter 6
[Unicode]ချီမုယောင်နှင့် ရှီးဟွိုင်တို့သည် ယုတ္တိမဆန်သော သဘောတူညီမှုကို ကမ်းလှမ်းလက်ခံခဲ့ကြသည်။
ရှီးဟွိုင်သည် ချီမုယောင်အား သူ၏ဂိုဏ်းကျင့်စဉ်ကို သုံးကာ အခြေတည်အဆင့်အထိရောက်အောင် ကူညီပေးမည်။ဤနည်းဖြင့် ရှီးဟွိုင်သည် ဂူမှထွက်ခွာနိုင်ပြီး ချီမုယောင်လည်း နောက်ထပ် သက်တမ်း နှစ်၂၀၀ အထိ ဆွဲဆန့်ထားနိုင်လိမ့်မည်။
၄သည် နှစ်ဦးနှစ်ဖက် အပြန်အလှန် ကောင်းကျိုးသက်ရောက်သော အခြေအနေပါပေ။
ရှီးဟွိုင်မှာ ချုပ်နှောင်ခံထားရသော်လည်း ချီမုယောင်သည် ကျင့်ကြံနေစဉ်အတွင်း မည်သည့် တဏှာရာဂကိုမှ အလိုလိုက်ခြင်းမျှမရှိခဲ့ပါချေ။သူသည် အမြဲတမ်းပင် တစ်ဖက်သူ၏ခြားရမည့်စည်းကို စောင့်ထိန်းခဲ့သည်။
ပထမဆုံးအကြိမ် ရှီးဟွိုင်အပေါ် သတိလစ်သွားသည့်အခိုက်မှအပ သူသည် အမြဲလိုလို ကျင့်ကြံပြီးပြီးနောက် ကျောက်ဖျာပေါ်မှ ကသုတ်ကရက်ဆင်းတတ်သည်။ရှီးဟွိုင်ကို သန့်ရှင်းပေးပြီးနောက် ထောင့်လေးတစ်ထောင့်ဆီသွားကာ သူ့စုပ်ယူထားခဲ့သောစွမ်းအင်များကို ပြန်၍ကျင့်ကြံနေလိမ့်မည်။
ရှီးဟွိုင်သည် အစက လန့်စရာကောင်းလှသော အကြိမ်အရေအတွက်ကြောင့် စိတ်ထဲစနိုးစနောင့်ဖြစ်နေခဲ့သော်လည်း တဖြည်းဖြည်းပင် အသားကျလာခဲ့သည်။
အားလုံးခြုံလိုက်သော် ဒီရက်ပိုင်းအတွင်း၌သူလုပ်မျှကိစ္စအကုန်လုံးသည် ကျောက်ဖျာပေါ်တွင် လှဲနေလျက် ချီမုယောင် စွမ်းအင်များကိုစုပ်ယူပြီးချိန်တွင် ခဏတဖြုတ်စကားပြောခြင်း သို့မဟုတ် ချီမုယောင်နဲ့အတူကျင့်ကြံခြင်းသာရှိခဲ့သည်။ထိုကျင့်ကြံချိန်များက သူ့အတွက် တစ်ခုတည်းရှိသော အာသာဖြေမှုတစ်ခုသာဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း နှစ်ဝက်ခန့်ဖြတ်သန်းလာပြီးနောက် အမှတ်မထင်သောအရာတစ်ခုမှာ ပေါ်ပေါက်လာခဲ့သည်။
ရှီးဟွိုင် ထပ်၍ စိတ်ဖောက်လာခဲ့ပြန်၏။
ရှီးဟွိုင်သည် မွေးကတည်းက သူ့ကိုယ်ထဲတွင် စိတ်ရိုင်းတစ်ခုရှိခဲ့သည်။
သူလူလောကထဲ စတင်ဝင်ရောက်လာကတည်းက ဟွေ့စွမ်းအားတစ်ဝက်ကို သူ့ကိုယ်ထဲတွင် ချိတ်ပိတ်ထားခြင်းခံခဲ့ရသည်။ထိုအရာသည် လူတစ်ယောက်၏ကိုယ်ခန္ဓာကို စတေးကာ အံ့ဖွယ်သားရဲနှင့် ဝိညာဉ်စာချုပ်ချုပ်ဆိုလိုက်ခြင်းနည်းတစ်ခုပင်။
ပုံမှန်ပင် ဝိညာဉ်စာချုပ်အရ ထိုသူသည် ထိုသားရဲ၏အရှင်သခင်ဖြစ်လာပြီး သူအလိုရှိသမျှအမိန့်ပေးခိုင်းစေနိုင်သည်။
သို့ပေမဲ့ ဟွေ့သည် သူ့အဖေချုပ်ဆိုထားခဲ့သည့် ဝိညာဉ်စာချုပ်၏အလိုကို ဆန့်ကျင်နေခဲ့သည်။စာချုပ်ကပင် ထိုသားရဲကိုဖိနှိပ်နိုင်စွမ်းမရှိပါတော့ချေ။၄က ရှီးဟွိုင်အပေါ် ဘေးအန္တရာယ်အဖြစ်ပင် ပြောင်းလဲသွားခဲ့သည်။
ကျင့်ကြံရေးလောက၌ သူ့အဖေအကြောင်း ပြောကြသည့်စကားတစ်ခွန်းရှိသည်။
ချင်ကျဲဂိုဏ်းသခင်က သိုးမွှေးလိုချင်လို့သွားခဲ့ပေမဲ့ လက်ဗလာနဲ့ပြန်လာခဲ့ရတယ်။ အဲ့အစား အံ့ဖွယ်သားရဲရဲ့ ကျွန်တောင်ဖြစ်လာခဲ့ပါရောလား။
ဝိညာဉ်စာချုပ်ကိုချုပ်ဆိုပြီးနောက် ချင်ကျဲဂိုဏ်းသခင်၏ခန္ဓာကိုယ်မှာ ဟွေ့၏မီးတောက်များပျံ့နှံ့လာခဲ့လျက် နေ့ရောညပါ အလွန်ဆင်းရဲဒုက္ခကို ခံစားခဲ့ရသည်။သူသည် ကျင့်ကြံရေးလောက၏ ကြောက်စရာအကောင်းဆုံး တစ္တကြေီးဖြစ်လာခဲ့သော်လည်း အပြန်အလှန်အနေနှင့် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသောဒုက္ခကို ခံစားနေခဲ့ရသည်။
ခွဲထုတ်ခြင်းမှလွဲ၍ သူသည် ရွေးချယ်စရာမရှိသောကြောင့် အရဲစွန့်ကာ အခြား အခြေတည်ဖွံ့ဖြိုးစအဆင့်သာရှိသေးသော သူတို့၏ကလေးငယ်ကိုယ်ထဲ စွမ်းအင်တစ်ဝက်ကို ချိတ်ပိတ်ထားခဲ့သည်။အဖေနှင့်သားသည် သူတို့နှဖူးပေါ်တွင် နဂါးချိုတစ်ချောင်းစီရှိကြပြီး ဝန်ထုပ်ကြီးကို တစ်ယောက်တစ်ဝက်စီခွဲယူခဲ့ကြသည်။ ရှီးဟွိုင်၏ချိုမှာ ညာဖက်တွင်ဖြစ်သည်။
သနားစရာကောင်းလှသည့် ရှီးဟွိုင်ငယ်လေးသည် သူဖွားမြင်လာချိန်မှစ၍ အင်းဆက်ရာပေါင်းများစွာ သူ၏အသားကို အဆက်မပြတ်ဆုတ်ဖြဲနေသည့် နာကျင်မှုဖြင့် စတင်ရှင်သန်လာခဲ့ရသည်။ဟွေ့၏ ရက်စက်ကြမ်းကြုတ်သောသဘာဝက သူ၏အကျင့်စရိုက်အပေါ် လွှမ်းမိုးခဲ့ပြီး သူ့အား စိတ်တိုလွယ်၊ ရက်စက်ပြီး သွေးဆာလွယ်သောသူတစ်ယောက် ဖြစ်စေခဲ့သည်။
ဟွေ့နဂါးမီးတောက်ပျံ့နှံ့မှုများပြားလာပြီး သူကိုယ်တိုင်မထိန်းချုပ်နိုင်သည့်အခါ ရှီးဟွိုင်မှာ သူ၏ဆင်ခြင်တုံတရားပျောက်ဆုံးသွားပြီး စိတ်ဖောက်ပြန်သည့် အခြေအနေသို့ ရောက်သွားတော့သည်။
သူသည် ရန်သူလား၊မိတ်ဆွေလားမခွဲခြားနိုင်ပါတော့ချေ။လက်ထဲရှိ ဓားတစ်ချောင်းဖြင့် ရက်စက်၊စိတ်လွတ်နေသည့်သားရဲသဖွယ် လမ်းတစ်လျှောက်ရှိလူများကို အစုအပြုံလိုက်သတ်ဖြတ်ခဲ့ပြီး သူသတိပြန်ဝင်လာသည့်အခါ အလောင်းပုံများကလွဲ၍ ဘာမျှမကျန်ပါခဲ့ပေ။
သူ၏ဝတ်ရုံမှာ သွေးများဖြင့် ရွဲနစ်နေပြီး သူခြေလှမ်းလှမ်းခဲ့သည့်နေရာတိုင်း သွေးခြေရာများကျန်ခဲ့ကြောင်း အသင်ပြောနိုင်ပေသည်။
ဤအရာက ရှီးဟွိုင်အပေါ် လူတိုင်း မုန်းသွားစေသည့်အကြောင်းပင်ဖြစ်ကာ နောက်ဆုံးတွင် အားလုံး၏ပစ်မှတ်ထားခြင်းခံရသော မိစ္ဆာတစ်ကောင်ဖြစ်လာသည်။
သို့ပေမည့် လက်ရှိရှီးဟွိုင်မှာ ဆယ့်ရှစ်နှစ်အရွယ်သာရှိသေးပြီး ချင်ကျဲဂိုဏ်းသခင်ထိန်းချုပ်နိုင်သေးသည့် အရွယ်၌သာရှိသေးသည်။ထိုကြောက်မက်ဖွယ်ကောင်းလှသည့်ဖြစ်ရပ်များမှာ မဖြစ်လာသေးပါချေ။
သို့သော်လည်း ချင်ကျဲဂိုဏ်းသခင်ဆုံးပါးသွားပြီး ပြီးပြည့်စုံသော စာချုပ်တစ်ခုလုံးကိုလက်ခံလိုက်ရခြင်းက ရှီးဟွိုင်၏အဆုံးမဲ့ သတ်ဖြတ်ချင်စိတ်များစတင်ချိန်ပါပင်။
ပုံမှန်ရှီးဟွိုင်သည် တစ်လတစ်ကြိမ်လောက်သာ စိတ်ထဖောက်လေ့ရှိသည်။
ထို့ပြင် မကြာသေးခင်မီက သူ့ဆီမှ မသန့်စင်သောစွမ်းအင်အမြောက်အများကို ချီမုယောင်စုပ်ယူခဲ့သောကြောင့် နှစ်ဝက်အတွင်း ရောဂါထပ်မဖောက်လာခဲ့ပါချေ။ဤကား ပထမဆုံးအနေဖြင့် ရှီးဟွိုင်အား ယခုအခြေအနေဖြင့် တွေ့ရခြင်းဖြစ်သည်။
သူ ကမ္မဠာန်းထိုင်နေရင်း သူ၏ဝင်လေထွက်လေကိုထိန်းချုပ်နေစဉ် ရှီးဟွိုင်၏ကြမ်းတမ်းလှသည့် လည်ချောင်းသံများက သူ့ကိုလန့်ဖြန့်သွားစေသည်။ချီမုယောင်သည် ကမ္မဠာန်းထိုင်နေခြင်းကို ချက်ချင်းရပ်တန့်လိုက်ပြီး သူ၏ခြေထောက်ကို အမြန်လှမ်းစေလိုက်သည်။
“ရှီးဟွိုင်!”
ကံဆိုးစွာဖြင့် စိတ်ဖောက်ပြန်နေသော ရှီးဟွိုင်မှာ သူအသံကိုမကြားရပါချေ။ သူသည် ဆက်လက်ပင် အော်ဟစ်နေခဲ့ပြီး အထိမခံနိုင်အောင်ပင် တွန့်လိမ်နေခဲ့သည်။ သူ့ကို ချည်နှောင်ထားသော သံမဏိကြိုးများမှာ စတင်၍ လှုပ်ယမ်းလာခဲ့သည်။
ရှီးဟွိုင်သည် သွေးရူးတန်းရူးဖြစ်နေလျက် အားကြီးစွာချုပ်နှောင်ထားခြင်းမှ လွတ်ရန်ကြိုးပမ်းနေသောကြောင့် ဂူ၏အကာအရံစည်းများမှာ တဖန်အသက်ဝင်လာခဲ့ပြန်သည်။
ပါးလွှာသောလေထုမှပေါ်ပေါက်လာသည့် လှိုင်းပေါ်လှိုင်းထပ်ဆင့်သော ဝိညာဉ်စွမ်းအားသည် ကြာပွတ်များသဖွယ် စတင်တိုက်ခိုက်လာခဲ့သည်။မည်သည့်နေရာမှ လာ၍ မည်သည့်နေရာကိုတိုက်မည်ဟူသော ကာရန် သို့မဟုတ် သတ်မှတ်ချက်မရှိပေ။
ဂူကြမ်းပြင်မှာ စတင် တုန်ခါလာခဲ့သည်။နံရံများမှ ကျောက်အပိုင်းအစငယ်များကျလာခဲ့သည်။ဟိန်းသံကဲ့သို့ အသံများက အဆက်မပြတ် ထပ်ဆင့်ထပ်ဆင့်ထွက်ပေါ်လာသည်။
အန္တရာယ်ကိုအပထားကာ ချီမုယောင်သည် ရှီးဟွိုင်၏ခေါင်းစီလက်လှမ်းကာ သူ၏လက်မနှင့် လက်ခလယ်ဖြင့် ဖိလိုက်ပြီး တစ်ကြိမ်ထပ်၍ တားဆီးရန် ကြိုးပမ်းလေသည်။
ကံမကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် သူကျရှုံးသွားခဲ့သည်။ထိုအစား ရှီးဟွိုင်ထံမှာ စွမ်းအင်တစ်ချို့ပါ သူ့ထံသို့ တန်ပြန်ရောက်လာခဲ့သည်။သူ့ကိုယ်ထဲရှိ ကိန်းဝပ်နေသောအရာမှာ ထိန်းမနိုင်သိမ်းမရဖြစ်နေဟန်တူပြီး ထိုတားဆီးသည့်အဆောင်များကို သတင်းဆိုးဟု နားလည်ဟန်တူသည်။
နောက်ဆုံးအချိန်က သူသည် အိပ်မက်မိစ္ဆာကြောင့် တုံ့ပြန်ခြင်းဖြစ်ပြီး ယခုကမူ လုံးလုံးပင် ထိန်းမနိုင်သိမ်းမရဖြစ်သွားခြင်းဖြစ်သည်။ယခုတစ်ခေါက်မှာ အရင်ကထက် မယှဉ်နိုင်လောက်သည်အထိ ပိုခက်ခဲသည်။
ထိုအခိုက်တန့်၌ ချီမုယောင်သည် ရှီးဟွိုင်ချုပ်နှောင်ခံထားရခြင်းအပေါ် ကျေးဇူးတင်မိသည်။ မဟုတ်ပါလျှင် ရှီးဟွိုင်အစောကတည်းက သူ့ကို သတ်သွားပြီးလောက်ပြီ။
ချီမုယောင်သည် ရှီးဟွိုင်ကို တန်ပြန်တိုက်ခိုက်သည့် အဆောင်စည်းများ၏တုံ့ပြန်တိုက်ခိုက်မှုမှ ကာကွယ်ရန် သူ၏မျက်ခုံးကြားမှ သွေးတစ်စက်ကိုထုတ်ယူကာ လက်များကိုပူးကပ်၍ အကာအရံတစ်ခုပြုလုပ်ရန် သာရှိတော့သည်။
ကံမကောင်းစွာဖြင့် သူ၏စိတ်ဝိညာဉ်မှာ ထိုသို့သောလုပ်ဆောင်ချက်ကို ပြုလုပ်ရန် အားနည်းလွန်သည်။သူ၏အကာအရံမှာ အက်သွား၍ ခဏလေးမှာပင် ပျောက်ကွယ်သွားသည်။
ချီမုယောင်မှာ ကျောက်ဖျာပေါ်သို့လက်ထောက်၍ ရှိးဟွိုင်ကိုသူ့ကိုယ်တစ်ခုလုံးဖြင့် ကွယ်ကာ ကာကွယ်ပေးရုံမှလွဲ ရွေးချယ်စရာမကျန်တော့ချေ။
အသက်သွင်းခံထားရသော ဝိညာဉ်စွမ်းအားများက သူ့ထံသို့ အလင်းအလျင်ဖြင့် တစ်ချက်ပြီးတစ်ချက် ကျရောက်လာခဲ့သည်။မီးပွားများက အရင်ကစုပုံနေသည့်ဒဏ်ရာများပေါ်တွင် တဝဲလည်လည်ရစ်ဝဲနေခဲ့ပြီး နာကျင်မှုအားပို၍ နက်ရှိုင်းစေသည်။ ဂိုဏ်းအပြင်သို့ထွက်ခဲသောချီမုယောင်သည် သူဘဝတွင် အကြီးမားဆုံးသော တိုက်ခိုက်မှုကြောင့် ဝေဒနာများခံစားနေခဲ့ရသည်။
ထိုသို့တိုင် ချီမုယောင်သည် ဆက်၍ တောင့်ခံရန် ကြိုးပမ်းလျက် ရှီးဟွိုင်၏ကိုယ်အစိတ်အပိုင်းတိုင်းကို ကွယ်ထားကာ အကောင်းဆုံးကာကွယ်ပေးနေခဲ့သည်။
ဤသည်မှာ သူတို့ပထမဦးဆုံးအနေနှင့် အတူတူနီးနီးကပ်ကပ်ရှိနေခြင်းပင်။ယခုတွင်မူ ချီမုယောင်သည် ရှီးဟွိုင်ဘယ်လောက်အရပ်ရှည်သလဲအပေါ် ပို၍ သတိထားမိလာရသည်။
ရှီးဟွိုင်၏ ခန္ဓာကိုယ်ကိုထက်ဝက်ပိုင်းလိုက်လျှင် သူတို့၏ရင်ဘတ်ချင်းမှာ အချင်းချင်းဖိကပ်ပြီး သူသည် ရှီးဟွိုင်၏ခြေချင်းဝတ်များအထိရောက်အောင် ကြိုးပမ်းနေရဆဲပင်။
သူ၏လက်များလည်း အတူတူပါပေ။ချီမုယောင်သည် ရှီးဟွိုင်၏လက်ဖဝါးများအထိရောက်အောင် သူ၏လက်ချောင်းများကို ခက်ခက်ခဲခဲပင် ဆွဲဆန့်ထားရသည်။
သူတို့ရဲ့ အရပ်ကွာခြားချက်က ဒီလောက်တောင် ကွဲခြားနေတာလား?
ထိုခဏတွင် အခြားသောအတွေးတစ်ခုက ချီမုယောင်၏စိတ်ထဲ ဖျတ်ခနဲပေါ်လာသည်။ ဒီလောက်နာတာ အံ့ဖွယ်မဟုတ်တော့ပါဘူး……
“ရှီးဟွိုင်! ရှီးဟွိုင် ! ထတော့ !” ရှီးဟွိုင်ကို ကာပေးရင်း ချီမုယောင်သည် သူအားနိုးလာစေရန် ကြိုးပမ်းလျက်ရှိသည်။
ကံကောင်းစွာဖြင့် ရှီးဟွိုင်၏သွေးရူးတန်းရူးဖြစ်သည့်အချိန်မှာ သိပ်မကြာခဲ့ပါပေ။ ဆယ့်ငါးမိနစ် ကြာပြီးနောက် သူ၏အသိစိတ်မှာ ဖြည်းဖြည်းချင်း ပြန်ရောက်လာခဲ့သည်။လွန်ခဲ့သည့် ခြောက်လကသာ ချီမုယောင် သူ့ဆီမှ ဆက်တိုက်စုပ်ယူခြင်းမပြုခဲ့ပါလျှင် အနည်းဆုံးရက်အနည်းငယ်တစ်ခါလောက် သူစိတ်ထဖောက်လိမ့်မည်။
သူမျက်လုံးဖွင့်လိုက်ပြီးနောက် တစ်ခုခုမှားနေမှန်းသူခံစားလိုက်ရသည်။
ဂူအတွင်းရှိ လေထုမှာ အလွန်ပင် ဖုန်များထလျက်ရှိပြီး အသက်ရူရန် အဆင်မပြေကြောင်း သူတွေ့သွားသည်။ပြင်းထန်သောမြေငလျင်လှုပ်ခတ်မှုအချို့ ဖြစ်ပွားခဲ့သောကြောင့် ကျောက်စကျောက်နများမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလျက်ရှိသည်။
တစ်ယောက်ယောက်သည် သူ့အပေါ်၌ရှိ၏။သူနိုးလာပြီးနောက် အပေါ်ကသူသည် သူ့ကိုယ်ကိုရွှေ့ကာ ထလိုက်ပြီး သူ့ကိုကြည့်နေဟန်တူသည်။
“ မင်းနိုးပြီလား”
သူပြင်းထန်လှသည့် သွေးနံ့ကို ရလိုက်သည်။ ချီမုယောင်သည် ဒဏ်ရာပွင့်နေသောကြောင့် ခက်ခက်ခဲခဲပင် လှုပ်ရှားနေရသည်။
သူ၏ပါးစပ်ကိုဖွင့်ကာမေးလိုက်သည်။
“ငါထပ်ပြီး စိတ်ဖောက်သွားခဲ့တာလား”
သူ၏လည်ချောင်းမှာ အစောပိုင်းကအော်ဟစ်နေခဲ့သောကြောင့် အတော့်ကိုနာကျင်နေကာ သူ၏အသံမှာ ကွဲအက်လျက် တိုးလျနေ၏။
“အင်း” ချီမုယောင်သည် ကျောက်ဖျာမှ သူ့နေရာသို့ရောက်ရန် ရုန်းကန်နေပြီး သူလက်လွှတ်လိုက်သည်နှင့် အလဲလဲအပြိုပြိုဖြစ်သွားခဲ့သည်။
ရှီးဟွိုင်သည် သတိလက်လွတ်ဖြင့် သူ့ကို ဖမ်းဆွဲရန် ကြိုးပမ်းခဲ့သော်လည်း ခဏအကြာတွင် သံကြိုးများက သူ့ကိုရစ်ပတ်ထားကြောင်း အမှတ်ရသွားသည်။
ရှီးဟွိုင် မတုံးအပါချေ။ သူသည်ဘာဖြစ်ခဲလဲဆိုသည်ကို သဘောပေါက်နှင့်နေခဲ့ပြီးဖြစ်သည်။
သူ၏စိတ်ထဖောက်ခြင်းက ဂူ၏အကာရံစည်းများကိုအစပျိုးစေခဲ့ပြီး ချီမုယောင်က သူ့ကိုဒိုင်းကာသဖွယ် ကာကွယ်ပေးခဲ့သည်။
သူထပ်မေးလိုက်သည်။
“မင်းဆိုးဆိုးရွားရွားထိခိုက်ထားတာလား”
မထိနိုင်၊ မမြင်နိုင်၊ ဘာမှမလုပ်နိုင်သော်ငြားလည်း ဆိုးရွားလှသောသွေးညှီနံ့က သူ့ပါးစပ်အတွင်း၌ ဆိုးရွားသောအရသာကြီးအဖြစ် ကျန်နေခဲ့သည်။
သူ့ဖက်ဆီရောက်အောင် ချီမုယောင်သည် အားတင်းကာ တစ်ဖက်ခြမ်းဆီသို့ တွားသွားခဲ့သည်။
“အတော်လေးနာရုံပါ”
သူ၏အသံမှာ မျက်ရည်ဝဲနေသည်အသံအတိုင်းဖြစ်ပြီး ဒဏ်ရာများကြောင့်ဖြစ်တန်ရာသည်။
ချီမုယောင်သည် ပျစ်ခဲနေသောသွေးများကြောင့် အင်္ကျီက ဒဏ်ရာအပေါ်ကပ်နေမည်ကို စိုးရိမ်ရာ လေးကွေးစွာဖြင့် သူ၏ဂိုဏ်းဝတ်စုံကိုချွတ်လိုက်သည်။ထို့နောက် သူ၏အိတ်ထဲမှဆေးမှုန့်ကိုထုတ်ယူလိုက်ပြီး သူ၏ကျောပေါ်သို့ သုံးရန် အဝေးရှိ အရာများကို ရွေ့လျားစေသည့်နည်းကို အသုံးချ လိုက်သည်။ဆေးမှုန့်နှင့် သူ၏ဒဏ်ရာထိထိချင်း လတ်ဆတ်မှုနာကျင်မှုတစ်ရပ်က သူ့အပေါ်လှပ်ပြေးသွားသည်။
သူအသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်တိုင်း နောင်တကြောင့် တုန်လှုပ်နေမှုက ရှီးဟွိုင်၏နှလုံးသားကို နာကျင်စွာဆွဲဆန့်ထားသကဲ့သို့ပေ။
သူအက်ကွဲစွာပြောလိုက်သည်။
“တကယ်ဆို ငါ့ဝတ်ရုံမှာ ခုခံနိုင်တဲ့ဂုဏ်သတ္တိရှိတယ် မင်းငါ့ကို စောင့်ရှောက်ပေးဖို့မလိုဘူး ကိုယ့်ဖာကိုယ်သာ လုံခြုံအောင်နေပါ”
ချီမုယောင် နားလည်သဘောပေါက်လာခဲ့သည်မှာ ဘယ်အရာကများ သူ၏စိတ်လှုပ်ရှားဒေါသထွက်ခြင်းမှ လွတ်မြောက်နိုင်လိမ့်မည်နည်း။ ရှီးဟွိုင်သည် ဂိုဏ်းကြီးတစ်ခု၏သခင်ငယ်လေးဖြစ်သည်။သေချာပေါက်ပင် သူ၏အဝတ်များမှာ သာမန်ထက်ထူးခြားချက်ရှိလေသည်။
“ငါမေ့သွားတာ…”
သူခဏတာတွေးပြီးနောက် မေးလိုက်သည်။
“ဒါဆို အရင်က ဝိညာဉ်သားရဲက ဘာလို့ မင်းကိုတိုက်ခိုက်နိုင်ခဲ့တာလဲ”
“အဲ့အကောင်က မင်းမလာခင်တည်းက တစ်နေရာကိုတည်း ရက်အတော် တိုက်ခိုက်ခဲ့ပြီး ခုခံစနစ်မှာ အပေါက်တစ်ခုဖြစ်သွားအောင်လုပ်ခဲ့တယ် နောက်ဆုံးတစ်ခေါက်ကပစ်မှတ်ထားခဲ့တဲ့နေရာကလည်း အဲ့နေရာပဲ”
“ငါသိပြီ”
“မင်းရဲ့ဂိုဏ်းတူဝတ်စုံမှာရော အလားတူအရာတစ်ခုခုမရှိဘူးလား” ရှီးဟွိုင်မေးလိုက်သည်။
”အဲ့လိုပုံစံမျိုးမူကွဲဟာတော့ရှိတာ မှန်တယ် ဒါပေမဲ့ အဆင့်နိမ့်ကျင့်ကြံသူတွေက အဆင့်နိမ့်ဝတ်စုံပဲရကြတယ်လေ ခြုံကြည့်ရင်တောင် ငါတို့ဂိုဏ်းကအဲ့လောက် ပိုက်ဆံမတတ်နိုင်ဘူး”
“ငါထပ်ပြီး စိတ်ထပ်ဖောက်လာခဲ့ရင် မင်းငါ့ရဲ့ဝတ်ရုံအောက်မှာလာပုန်း”
“ဒါက မင်းကိုအနှောင့်အယှက်မဖြစ်စေဘူးလား”
ထိုစကားလုံးများက ရှီးဟွိုင်အပေါ် ထင်ထားသည်ထက် ပို၍ အရှိုက်ထိစေသည်။သူဒေါသထွက်သွား၏။
“မင်းမထိသင့်တဲ့နေရာကို နှစ်ဝက်ကြာအောင် ထိခဲ့ပြီးသွားပြီ ဒါပေမဲ့ အခုကျတော့ အန္တရာယ်ကင်းတဲ့နေရာတွေကို ထိဖို့တောင် ဆတ်ဆတ်ထိမခံဖြစ်နေပြန်တယ်။ အစောတည်းက လုပ်ပြီးသားကိစ္စကို မင်းက ဘာကြောင့် ထပ်ပြီးမလုပ်နိုင်ရတာလဲ”
“ဒါပေမဲ့ မင်းစိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုပြီး စည်းမျဉ်းရှိတယ်လေ”
“ငါမင်းကို ခွင့်ပြုချက် ပေးထားပြီးပြီ။ မင်းငါ့ကိုထိလို့ရတယ်”
“ဒါပေမဲ့ မင်းအရင်ကငါ့ကို ထိခွင့်မပြုခဲ့ဘူးလေ”
“မင်း! မင်း” ရှီးဟွိုင်သည် မချင့်မရဲဖြစ်ကာ စကားများကို ထပ်၍မပြောနိုင်တော့ပါချေ။ သူသည် လက်သီးများကို ကျစ်ကျစ်ဆုပ်လိုက်ပြီး သူ၏အသက်ရှူသံကလည်း အနည်းငယ် ဆိုးရွားနေသည်။
ဒီငနဲက အရင်ကငါပြောသမျှကျနားထောင်ပြီး အခုမှ လုပ်ခိုင်းသမျှကိုငြင်းနေတယ်
ငါချီမုယောင်ကို လိမ္မာတယ်လို့ ဖော်ပြရမလား၊ ဒါမှမဟုတ်ပေကတ်ကတ်နိုင်တယ်လို့ ဖော်ပြသင့်သလား။
ချီမုယောင်သည် သိုသိုသိပ်သိပ်ပင် သူ၏ဒဏ်ရာများကို စည်းနေခဲ့သည်။သူတိုးတိုးလေးပြောလိုက်၏။
“ခန့်မှန်းကြည့်ရတာ အချိန်နောက်ကျလိမ့်မယ်ထင်တယ် ငါအပြည့်အဝပြန်ကောင်းဖို့ ခဏနားဖို့လိုတယ် ပြီးတော့ အဲ့အချိန်အတွင်းမှာ ထပ်ပြီး ကျင့်ကြံမှာမဟုတ်ဘူး”
“တကယ်လို့ လိပ်အိုကြီးသာ ငါ့ရဲ့အနန္တရတနာခေါင်းလောင်းကိုသာ မယူသွားခဲ့ရင် ငါမင်းကို အနာသက်သာစေဖို့ အနာလိမ်းဆေးကောင်းကောင်းပေးလိုက်ပြီးပြီ”
“မင်းမှာလဲ ပစ္စည်းတွေအများကြီး ကောင်းကောင်းထည့်လို့ရတဲ့အရာ ရှိတာလား”
“အင်း”
ဤသည်မှာ ပထမဆုံးအကြိမ်အနေနှင် ရှီးဟွိုင်သည် သူ၏အနန္တရတနာခေါင်းလောင်းအကြောင်း ပြောပြလာခဲ့ခြင်းပေ။
သာမန်ကျင့်ကြံသူတစ်ခု၏ချန်ခွင်းအိတ်သည် ပစ္စည်းအခုသုံးဆယ်အထိသာ သိုလှောင်နိုင်ပြီး ဟဲဟွမ်ဂိုဏ်းတပည့်၏ လိပ်ပြာဖြူမက်မွန်ပွင့်ဆွဲကြိုးကမူ အခုတစ်ရာအထိ သိုလှောင်နိုင်သည်။ သူ၏ဖော်ပြထားသောနာမည်အတိုင်းပင် အနန္တရတနာခေါင်းလောင်းကမူ တစ်သောင်းသောအရာအထိဆံ့နိုင်ပြီး ကောင်းမွန်သောအရည်အသွေးရှိကာ ရှားပါးသောရတနာပါပေ။
ရှီးဟွိုင်သည် အနန္တရတနာခေါင်းလောင်း ဆုံးရှုံးသွားခြင်းအပေါ် သိပ်ပြီးဂရုမစိုက်ခဲ့ပါချေ။ ချီမုယောင်ကို သူ့ဒဏ်ရာအတွက် ပိုကောင်းသောဆေးမပေးနိုင်သည့်အခါကျမှ ဝမ်းနည်းသတိရလာရသည်။
ရှီးဟွိုင်ထပ်၍ ပြောလိုက်ပြန်သည်။
“ငါ့ရဲ့ဘယ်ဖက်နားနဲ့လည်ပင်းမှာ ကျောက်နက်နားကပ်နဲ့ လည်ဆွဲရှိတယ် ဖြုတ်ယူထားလိုက် သူတို့ကလည်း ခုခံနိုင်တဲ့အမွေအနှစ်ပစ္စည်းတွေပဲ နောက်တစ်ကြိမ် ငါစိတ်ဖောက်ပြန်သွားခဲ့ရင် မင်းအဲ့ပစ္စည်းတွေကို ကိုင်ထားလိုက်ပေါ့”
“နောက်ကျမှပေါ့ ငါအခုမလှုပ်ရှားချင်သေးဘူး”
“အရမ်းနာသေးလို့လား”
“အင်း”
ဤအခိုက်အတန့်၌ ရှီးဟွိုင်လည်း ဘာမှမလုပ်ပေးနိုင်ပါချေ။ သူအချည်းနှီးပင် မေးရုံသာတတ်နိုင်သည်။
“မင်းဘာလို့ ငါ့ကို ကာကွယ်ပေးခဲ့ရတာလဲ”
“ငါတွေးခဲ့တာ ငါက ကျင့်စဉ်စွမ်းအားတွေနဲ့ ကုသဖို့လွယ်ပေမဲ့ မင်းကျတော့မလုပ်နိုင်ဘူးလေ အဲ့တာကြောင့် အဲ့အစားငါအထိအခိုက်ခံလိုက်ရင် ပိုပြီးကောင်းသွားမှာမို့”
ရှီးဟွိုင်၏အသံမှာ ပိုပို၍ ညင်သာလာခဲ့သည်။သူ၏ ဝင့်ဝါတတ်သောမာနကလေးမှာ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားရသည်။
“ဒါဆို …ဒါဆိုလည်း မင်းဘာလို့ စွမ်းအားနဲ့ ပြန်ပြီးမကုစားတာလဲ”
“အရမ်းနာတယ်ဟ…ငါ့ကိုခဏလောက်အချိန်ပေးပါဦး…”
ရှီးဟွိုင် အသံတစ်စိုးတစ်စိမျှ မထွက်ပါတော့ချေ။သို့သော်လည်း သူနာကျင်ခံစားနေရသည့်တိုင်း အသက်ရှူသံမှာ မတည်မငြိမ်ဖြစ်နေခဲ့သည်။
ချီမုယောင်သည် အချိန်ခဏယူကာ သူ၏ခြေထောက်များကို တင်ပျဉ်ခွေချိတ်လိုက်ပြီး သူ၏စွမ်းအားများကို လှည့်ပတ်စေလိုက်သည်။
သူသည် သူ၏ဂိုဏ်းဝတ်စုံအားမဝတ်ရသေးသော်လည်း ဂူမှာမှောင်ပိတ်လွန်းကာ ရှီးဟွိုင်မမြင်နိုင်သောကြောင့် မရှက်ခဲ့ပါချေ။
သူ၏ကမ္မဠာန်းထိုင်ခြင်းမှာ ရှစ်နာရီမျှသာကြာမြင့်ခဲ့ပြီးနောက် သူရပ်တန့်သွားသည်။
အလွန်အေးလွန်းသည်။
သူတွေးသလောက် ယခုဂူအပြင်ဖက်တွင် ဆောင်းရောက်နေပြီးဖြစ်နေလိမ့်မည်။ဂူအတွင်း၌ အလွန်မအေးသော်လည်း သူ၏ကမ္မဠာန်းထိုင်ခြင်းအပေါ် အဟန့်အတားဖြစ်နေဆဲပင်။
ချီမုယောင်ခိုက်ခိုက်တုန်နေ၏။ သူဆန့်ကြည့်သောအခါ ဒဏ်ရာများမှာ အတော်ပျောက်ကင်းနေပြီးဖြစ်ကြောင်း ခံစားလိုက်ရသည်။ထို့ကြောင့် အဝတ်အစားလဲရန်အတွက် ဆွဲကြိုးထဲတွင်ရှာဖွေလိုက်သည်။
သူအဝတ်များဝတ်ပြီးနောက် သူ၏ဆွဲကြိုးထဲမှ ဂွမ်းကပ်တစ်ခုထုတ်လိုက်ပြီး ရှီးဟွိုင်ဆီသို့ လျှောက်ကာသွားရင်း စောင်ခြုံပေးလိုက်သည်။
ရှီးဟွိုင် :“….”
ငါ့ကိုယ်ကအမြဲလိုလိုမီးတောက်နေတာလေ
မင်း ဟွေ့နဂါးမီးတောက်ရဲ့ အပူရှိန်အကြောင်း ဘာမှမသိဘူးလား
ချီမုယောင်သည် သူ့အတွက်ကိုမူ ကျန်သည့် နွေခြုံစောင်ပါးတစ်ထည်ကိုသာ ထုတ်ယူလိုက်သည်။သူ့၏ပုခုံးပေါ်သို့လွှမ်းခြုံလိုက်ပြီး ဂူထောင့်လေးဆီ လျှောက်သွားလိုက်သည်။
“ငါခဏလောက် အိပ်ချင်လို့ မင်းလည်း နည်းနည်းအနားယူသင့်တယ်”
ထိုသို့ပြောရင်း နေရာတစ်ဝိုက်အား အကြမ်းဖျင်းရှင်းလိုက်ကာ သူ၏စောင်ဖြင့် လှဲချလိုက်သည်။
သူ၏စိတ်ထဲ၌ နေမကောင်းသည့်အခါ အနားယူခြင်းသည့် အကောင်းဆုံးဆေးတစ်ပါးပင်။ အခြားကျင့်ကြံသူများက အိပ်စက်ခြင်းနေရာတွင် ကမ္မဠာန်းထိုင်ခြင်းကို ကျင့်သုံးကြသော်လည်း အရင်ဘဝက သေသွားပြီး ကျန်းမာရေးကိုအရေးစိုက်ရန် ဆုံးဖြတ်ထားသော သူလိုလူမျိုး၏အတွေးမှာ ဆန့်ကျင်ဖက်ပါပေ။
ရှီးဟွိုင်သည် သူ့အားမနှောင့်ယှက်ချင်သော်လည်း ဤစောင်မှာ သူ့အတွက်အရမ်းပူလွန်းသည်။သို့သော် ချီမုယောင်အား ပြန်ယူခိုင်းလျှင်လည်း ချီမုယောင် အထင်အမြင်လွဲကာ ပြန်ယူသွားမည်ကိုလည်း စိုးမိ၏။
ခဏအကြာတွင် ချီမုယောင် ဘောလုံးတစ်လုံးကဲ့သို့ကွေးလျက် ခိုက်ခိုက်တုန်နေသည့် အသံအားကြားလိုက်ရသည်။
ချီမုယောင်၏ကြီးရင့်လာသောအသက်မှာ သူ၏ဒဏ်ရာများနှင့်ပေါင်းသော် ထိုအအေးဒဏ်ကိုကြံ့ကြံ့ခံနိုင်ရန် အားနည်းလွန်းပေသည်။
“ဟေ့” ရှီးဟွိုင် အော်ခေါ်လိုက်သည်။
ချီမုယောင် မနိုးပါချေ။
“အားကျုံ” သူထပ်၍ ခေါ်လိုက်ပြန်သည်။
“ဘာဖြစ်လို့လဲ” ချီမုယောင် မူးနောက်နောက်နှင့်နိုးလာခဲ့သည်။
“မင်းဘာလို့ ကျောက်ဖျာပေါ်မှာလာမအိပ်တာလဲ။ ငါ့ကိုယ်ထဲက ဟွေ့နဂါးမီးတောက်က ငါ့ခန္ဓာကိုယ်ကို အပူချိန်တက်စေတယ်”
“အိုး ဟုတ်သားပဲ မင်းခန္ဓာကိုယ်က အမြဲပူလောင်နေတာ အကြိမ်တော်တော်များများ မင်းကြောင့် ငါကျက်တော့မလိုတောင်ဖြစ်ခဲ့သေးတယ်….” ချီမုယောင်သည် သူ၏စောင်ဖြင့် လျှောက်လှမ်းလာပြီး ကျောက်ဖျာပေါ်သို့ တွားသွားတက်လိုက်သည်။ သူအရင်က ခြုံပေးထားသော စောင်များအပေါ်တွင် စောင်လေးကို ထပ်လွှမ်းလိုက်ပြီး ရှီးဟွိုင်ဘေးတွင် ကပ်လျက် လှဲလိုက်သည်။ ခဏအကြာတွင် စောင်များအတွင်း၌ နွေးလွန်းသောကြောင့် သူမျက်ရည်များပင်ဝဲလာသည်။ သူမျက်လုံးများပိတ်လိုက်ပြီး အိပ်ချင်မူးတူးရေရွတ်လိုက်သည်။
“လူငယ်တွေက အရမ်းစွမ်းအားပြည့်လွန်းတယ်……”
ထို့နောက်သူ အိပ်ပျော်သွားခဲ့သည်။
ချီမုယောင်သည် သူလုပ်သင့်သည့်အရာအပေါ် လုံးလုံးလျားလျား ပျောက်ဆုံးသွားချေသည်။သူခံစားရသောအပူရှိန်ကြောင့် သူ့မှာ မအီမသာဖြစ်လာခဲ့သည်။
သူသည် တစ်ချက်နှစ်ချက်လောက် လှုပ်၍ စောင်များကို ခွာချရန် စဉ်းစားနေစဉ် အိပ်နေသော ချီမုယောင်မှာ ထပ်မံလူးလွန့်လာပြန်သည်။
ချီမုယောင်သည် အလိုအလျောက်ပင် အနွေးဓာတ်ကိုရှာဖွေလာရင်း စတင်ကာ သူနားသို့ပိုပိုကပ်ရန် ကြိုးပမ်းလာသည်။ ထို့နောက်သူသည် သူ၏ခြေထောက်များကို ရှီးဟွိုင်၏ခြေထောက်များအကြား ထိုးထည့်လိုက်ပြီး သူ့အား တစ်ကိုယ်ရည်သုံးအပူပေးစက်အဖြစ် အသုံးပြုလျက်ရှိသည်။
ရှီးဟွိုင်မှာ အနည်းငယ် နေမထိထိုင်မသာဖြစ်လာခဲ့သည်။သူခြေထောက်ကို ကွေးသင့်မကွေးသင့် စဉ်းစားနေစဉ်မှာတင် ချီမုယောင်သည် သူ၏အင်္ကျီလည်ကော်လာများကို ဆွဲလိုက်ပြီး ဇိမ်ရှိစေရန် သူ့အပေါ်သို့ တိုးဝှေ့ပူးကပ်လိုက်သည်။
ရှီးဟွိုင်မှာ ရုတ်တရက်ကြီးတောင့်တင်းသွားပြီး ကြွက်သားတစ်ခုမျှပင် မလှုပ်ရှားရဲပါတော့ပင်။
ငါဒီအပူကိုဆက်ပြီး မသည်းခံနိုင်တော့ဘူးထင်တယ်
စာရေးသူရှု့ထောင်
အစောပိုင်းရှီးဟွိုင် – ထွက်သွားစမ်း
နောက်ပိုင်း ရှီးဟွိုင် – မင်းဘယ်မှာလဲ ငါ့နားလာအိပ် ဒီနေရာက နွေးတယ် မင်းနာမည်ဘယ်လိုခေါ်လဲ မင်းအရပ်ဘယ်လောက်လဲ ငါမင်းကို ထိချင်တယ် မင်းရဲ့ဆံပင်လေးဆိုရင်တောင် အဆင်ပြေပါတယ်
ဘာသာပြန်အားရွှယ်၏စာတိုလေးတစ်ဖြတ် – ဆောင်တွင်းအချိန် ချီမုယောင်နှင့် အကြွားခန်းလေး
အားရွှယ် – “ငါ့မှာ ဂွမ်းကပ်စောင်ထူကြီးတစ်ထည်ရှိတယ်”
ချီမုယောင် – “ငါ့မှာ ကျင့်ကြံဖို့ မီးပြင်းဖိုလေးအပြင် တစ်ကိုယ်ရည်သုံး လူသားအပူပေးစက်ပါရှိတယ်”
အားရွှယ် – “…..”
[Zawgyi]ချီမုယောင်နှင့် ရှီးဟွိုင်တို့သည် ယုတ္တိမဆန်သော သဘောတူညီမှုကို ကမ်းလှမ်းလက်ခံခဲ့ကြသည်။
၎သည် နှစ်ဦးနှစ်ဖက် အပြန်အလှန် ကောင်းကျိုးသက်ရောက်သော အခြေအနေပါပေ။