(Chapter 1)
အခန်း ၁
Number seven secondaryကရက်စက်တယ်။ ဤသည်မှာ ကျောင်းစတက်ပြီး နှစ်ပတ်အကြာတွင် He Pingyi ကောက်ချက်ချခြင်းဖြစ်တယ်
“အခုကသြဂုတ်လတောင်ရောက်နေပြီ ကျောင်းခေါင်းဆောင်တွေက နေ့ခင်းပိုင်း အပြေးလေ့ကျင့်ခန်းကို ဘယ်လိုရောက်လာတာလဲ။” သူဒီလိုပြောပေမဲ့ He Pingyi က ဖွင့်ထားတဲ့စာအုပ်ကို စားပွဲပေါ်ပစ်ချလိုက်ပြီး သူ၏ခြေတံရှည်ရှည်တွေကို ထိုင်ခုံပေါ်တင်လိုက်ပြီး Wang Xiaowei လည်ပင်းကို ဆွဲကာခေါ်ထုတ်လိုက်တယ်။
“မင်းရဲ့ ဦးလေး!” အရပ် 180 စင်တီမီတာဝန်းကျင်ရှိ Wang Xiaowei သည် အသက်ရှုမဝသည်အထိ ရင်ကြပ်သွားခဲ့တယ်”လွှတ်စမ်းပါကွာ၊ ငါမသွားဘူး။”
“မင်း လူကောင်ကြီးနဲ့ဖျားချင်ယောင်ဆောင်ပြီးအတန်းကျော်တာရှက်စရာကောင်းတယ်လို့မထင်ဘူးလားဟမ်”
“ငါ ကဘာလို့နေမကောင်းချင်ယောင်ဆောင်ရမှာလဲငါ…”
Wang Xiaowei စကားမဆုံးခင် He Pingyi က “ငါသိပါတယ်။ မင်းညီမရဲ့အိုးပင်ကိုမင်းကွဲအောင်လုပ်လိုက်တာ သူမင်းနောက်က လိုက်ရိုက်လို့မင်းလှေကားကနေခုန်ချတာဘာမှမဖြစ်ဘဲမြေပြင်ပေါ်မှာထိုင်ရက်ကျပေမယ့် ပထမထပ်မှာနေတဲ့ ကလေးတစ်ယောက်တင်ထားတဲ့ စကိတ်ပြားတစ်ခု ရှိနေတော့ မင်းသေတာဘဲမလား”
“သွားကွာ” Wang Xiaowei က စိတ်မရှည်စွာဖြင့်ပြောက “အိုးပင်တောင်မဟုတ်ဘူးသူစိုက်ထားတဲ့succulentပင်ပါကွာ ဒါပေမယ့် ငါ့ညီမကသေချာဂရုစိုက်ပြုစုပျိုးထောင်ထားတာ”
“အိုး.. succulentပင်” ဟု pingyi ကအဲ့နှစ်ခုဘာများကွာလို့လဲတွေးကာ “အဲဒါက အိုးပင် ဘဲမဟုတ်ဘူးလား”
“အိုးပေါက်” Wang Xiaowei သည် သူ့ပခုံးပေါ်ရှိ He Pingyi လက်မောင်းကို ခါယမ်းလိုက်ကာ “ငါ့ကို မဆွဲနဲ့။”
Pingyiသည် ခါတိုင်းကဲ့သို့ ပျင်းရိစွာ ရယ်မောလိုက်သည်။
စာသင်နှစ်စတင်ပြီး နှစ်ပတ်အကြာတွင် Wang Xiaoweiကသူ့အတန်းဖော်သည် လုံးဝနိုးမလာတော့ကြောင်း ခံစားလိုက်ရပြီး သူ့မျက်လုံးများသည် တစ်ချိန်လုံး တစ်ဝက်မှိတ်တေယ်။ မေးခွန်းတစ်ခုဖြေဖို့ ဆရာက သူ့ကိုဆွဲခေါ်လာတဲ့အခါမှာတော့ သူ့မျက်လုံးတွေက တစ်ဝက်ကျော်လောက်သာဖွင့်လာတော့တယ်။ Wang Xiaoweiကဆွဲထားသော ကော်လာကို ဖြောင့်ဖြောင့်ထားပြီး He Pingyiကို ဘေးတိုက်ကြည့်လိုက်မိတော့ He Pingyiရဲ့ နဖူးရိုးပေါ်မှာရှိနေတဲ့အမာရွတ်ကို မြင်လိုက်ရတယ်။အမာရွတ်က တိမ်မြုပ်သော်လည်းကျယ်ဝန်းတယ်။ Wang Xiaoweiကအမာရွတ်က ဘယ်ကလာတာလဲလို့ မေးပေမယ့် He Pingyi က မဖြေခဲ့ပါဘူး။ ဒါပေမယ့်Wang Xiaoweiက ၎င်းကို အလွန်သိချင်နေခဲ့သည်။ သူမြင်တိုင်း ပါးစပ်ထဲလွတ်ကျသွားတဲ့ စကားလုံးတွေကိုလုံးဝမထိန်းနိုင်တော့ဘူး။
“မင်းရဲ့…”
“အယ်?” Pingyiသည်ခေါင်းကို လှည့်ကာ ပင်မအဆောက်အဦရဲ့ဒုတိယထပ်မှာရှိတဲ့ အသံချဲ့စက်ဆီသို့ လှမ်းကြည့်လိုက်သည်။ သူက အံ့သြဟန်ဆောင်ပြီး မျက်ခုံးနှစ်ဖက်ကို ပင့်တင်ကာ “ဟေး၊ သီချင်းပြောင်းတယ်”
ဒါကိုကြားတော့ Wang Xiaowei က “အိုး၊ သူတို့ က” Chrysanthemum Terrace ” ကို မတီးတော့ဘူး ၊ ဒါက ဘယ်လိုသီချင်းမျိုးလဲ”
Pingyiသည် သီချင်း၏ တေးသွားဖြင့် အမေးကိုမဖြေဘဲ ခေါင်းကို နှစ်ကြိမ်ခါယမ်းလိုက်တယ်ကာ လမ်းဆက်လျှောက်သွားတော့တယ်
တစ်နှစ်ပတ်လုံးတွက် He Pingyi ၏ အနှစ်သက်ဆုံးရာသီမှာ ပူလောင်ပြီးထုံထိုင်းသောနွေရာသီဖြစ်သည်။
စင်္ကြံတွင် လူများဖြင့် ပြည့်ကျပ်နေပြီး He Pingyi ၏ မြင်ကွင်းသည်တုန်လှုပ်ရှုပ်ပွနေပြီး တစ်ဝက်လောက်ဖုံးနေကာလမ်းလျှောက်ရင်း အိပ်ပျော်သွားသလိုပင် ခံစားလိုက်ရသည်။ အိပ်ငိုက်နေတဲ့အချိန်ဆိုHe Pingyi သည် အဆုံးစွန်သောပျင်းရိခြင်း၏ပြယုဂ်ပင်ဖြစ်နိုင်သည်။ ဥပမာပြောရရင် အခုအချိန်မှာသူ့ခန္ဓာကိုယ်ကို လှုပ်ရှားဖို့ စွမ်းအင်အချို့တောင် မကျန်တော့ဘူး။ He Pingyi မြေပြင်ပေါ်နင်းမိတိုင်း Wang Xiaowei သည် He Pingyi ၏ အရိုးအဆစ်များနှင့် ကိုယ်တွင်းအင်္ဂါတွေတုန်လှုပ်ပြီး ခေါင်းမှ ခြေဖျားအထိ ကြွက်သားတွေမူးဝေလာမည်ကိုတစ်ချိန်လုံးစိုးရိမ်ခဲ့ရသည်။
He Pingyi သည် အလွန်အိပ်ငိုက်နေသဖြင့် တစ်ချိန်လုံးသမ်းဝေနေတယ်။ သူ့လက်ကို လည်ပင်းကိုဖြေလျော့ဖို့လည်ကုပ်ကိုဖိထားပြီး မျက်လုံးပင်မဖွင့်နိုင်ဘဲလန်းဆန်းသွားအောင်အကြောဖြေလိုက်တယ် ။ သူ့ပခုံးတွေက တင်းမာနေပြီး သူ့လက်တစ်ဖက်ကို အလိုအလျောက်လွှဲလိုက်တယ်ကာ အဲ့လက်တစ်ဖက်ကသူ့နောက်ကလူကိုထိသွားတယ်။
Pingyi တုန်လှုပ်သွားပြီး ခေါင်းက ချက်ချင်း ကြည်လင်သွားသည်။ သူ အလျင်စလို လှည့်ကြည့်လိုက်တော့ သူ့နောက်ကလူကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ဘဲ “တောင်းပန်ပါတယ် တောင်းပန်ပါတယ်” ဆိုပြီး အလျင်စလို တောင်းပန်လိုက်တော့တယ်။
သူ့မျက်လုံးထဲမှာ ကျန်နေတဲ့အစိုဓာတ်က အခုထိမပျောက်သေးဘဲ သမ်းထားတာကြောင့်ဘဲလား ဒါမှမဟုတ် စင်္ကြံမှာ အလင်းရောင်ကျဲတာကြောင့်များလား ဒါမှ မဟုတ် လူအရမ်းများနေလို့များလားဘဲ… ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူ့ကို ဒီအခိုက်အတန့်ကို လှည့်ကြည့်စေတယ်။ He Pingyi ၏ အမြင်အာရုံတစ်ခုလုံးသည် ဖရိုဖရဲဖြစ်ပြီး ဝေခွဲမရဖြစ်ကာ — ‘တောင်းပန်ပါတယ်’ ဟု ပြောနေသေးသည်။ လူငယ်သည် စကားမပြောဘဲ နှုတ်ခမ်းလေးကို ဖွဖွလေး ပြုံးပြပြီး သူ့ကို ကြည့်လိုက်တယ်။
ကျောင်းစင်္ကြံတွင်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာကတစ်ဖြည်းဖြည်းသူ့အတွေးများကြည်လင်လာတဲ့အချိန်မှာတော့ သူ့အတွေးထဲကလူငယ်ရဲ့မျက်နှာက တစ်ဦးတည်းသောပြတ်သားသောတည်ရှိမှု ဖြစ်လာခဲ့သည်။
“နူးညံ့သိမ်မွေ့သည်”
တကယ်တော့ဒါက Hepingyi တွေးလိုက်မိတဲ့ စကားပါဘဲ။
တစ်ချိန်ကဤစကားလုံးသည် စာကြောင်းများကိုအသံပိုကောင်းစေရန်သာ စာရေးရာတွင်အသုံးပြုသည်ဟု သူထင်ခဲ့ဖူးသည်။ အခုတော့ ဒီစကားလုံးနှစ်လုံးကိုသူအမှန်တကယ်နားလည်လိုက်တာကသူခေါင်းလှည့်ကြည့်လိုက်တဲ့အချိန်မှာမြင်တွေ့လိုက်ရတဲ့ ကောင်လေးတစ်ယောက်ရဲ့ပြုံးနေတဲ့အမူအရာကြောင့်ဖြစ်မယ်လို့ သူဘယ်တုန်းကမှမထင်ခဲ့မိဘူး။
ဒီအချိန်မှာ သူ့ရဲ့ ထိတ်လန့်မှုကို ဖော်ပြရမယ်ဆိုရင် He Pingyi ဟာ သူ့ခေါင်းထဲက ထွက်လာတဲ့ မယဉ်ကျေးတဲ့ စကားလုံးနှစ်လုံးကိုသာ ဖော်ပြနိုင်မှာပါ။ အောက်ဆီဂျင်ပြတ်တောက်သွားသလိုပဲ He Pingyi ဟာ သူရဲ့ဆင်ခြင်တွေးတောနိုင်စွမ်းကိုဆုံးရှုံးသွားတော့တယ်။ သူသည် မိုက်မဲစွာခေါင်းလှည့်ကာ ခြေလှမ်းနှစ်လှမ်းကို နောက်ပြန်ဆုတ်လိုက်သည်။
စင်္ကြံထဲကနေအထွက် နေမင်းကြီးကသူ့မျက်နှာကို တစ်ဖန်ပြန်ထွန်းလာတဲ့အခါ Hepingyiရဲ့စိတ်ထဲမှာပြင်းထန်ပြီး ယှဉ်လို့မရတဲ့အတွေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာတယ်။ ရူးသွပ်ပြီး ဒေါသကြီးတဲ့ အတွေးတစ်ခု.. သူသာမိန်းကလေးဆိုရင် ငါသူ့ကိုလိုက်ဖမ်းပြီး လက်ထပ်မှာသေချာတယ်ဆိုတဲ့အတွေးဘဲဖြစ်တယ်။
ဒါကသူပုံမှန်တွေးသင့်တဲ့အတွေးမျိုးနဲ့မတူဘဲHe pingyiကသူ့ကိုယ်သူတောင် ကြောက်ရွံ့လာခဲ့တယ်။ Ping yiသည် အနည်းငယ်မှိန်းနေပြီး သူ့ခန္ဓာကိုယ်က အလိုအလျောက်ရပ်တန့်သွားကာ နောက်သို့လှည့်ကြည့်လိုက်သည်။ ကျောင်းဝတ်စုံတွေဝတ်ထားတဲ့ ကျောင်းသားတွေ တယောက်ပြီး တယောက် စင်္ကြံကနေ ထွက်လာကြပြီး သူအကြာကြီးရှာခဲ့ရပေမယ့်အဲ့လူသားလေးရဲ့မျက်နှာကိုတော့မတွေ့ခဲ့ရပါဘူး။
Wang Xiaowei ကသူစကားပြောနေတုန်းမှာပဲ သူ့ဘေးမှာဘယ်သူမှမရှိတာကို ရုတ်တရက်သတိထားမိလိုက်က သူ့ကို အံ့ဩစွာကြည့်နေမိတယ်။
“မင်းဘာလုပ်နေတာလဲ?”
He Pingyi က Wang Xiaowei ကို ချက်ချင်းမေးလိုက်သည် “ဘယ်အတန်းထဲမှာ ရုပ်ရည်သန့်ပြန့်တဲ့ကောင်လေးရှိလဲ အရမ်းကြည့်ကောင်းတဲ့ ကျောင်းသားလေး”
“ဟမ်ဘာလဲ?” ခေါင်းစဉ်ကရုတ်တရတ်ရောက်လာတော့ Wang Xiaowei အံ့သြကာသူ့ခေါင်းကိုHe pingyiဘက်သို့လှည့်ကြည့်လိုက်တယ်။
“အသားအရည်နူးညံ့တယ်၊ အရပ်လည်းမရှည်ဘူး၊အတော်အသင့်လောက်…” He Pingyi နှစ်ခါလောက်လှည့်ကြည့်လိုက်တော့ Wang Xiaowei ရဲ့ မျက်နှာမှာ နားမလည်နိုင်တဲ့အမူအရာကို တွေ့လိုက်ရပြီး “မေ့လိုက်ပါ၊ အရေးမကြီးဘူး”လို့သာပြောလိုက်တယ်
အတန်းတစ်ခုစီသည် အပြေးမစမီဦးစွာစုဝေးကြပြီး တာဝန်ကျသော ကျောင်းသားများလည်း တက်ရောက်ရမည်ဖြစ်သည်။ ကျောင်းသားများကို တစ်ချိန်လုံးဆိတ်ငြိမ်စွာထိုင်မနေသင့်ကြောင်း ကျောင်းက ညွှန်ကြားထားသည်။ရွေ့လျားခြင်း သို့မဟုတ် မတ်တပ်ရပ်ခြင်းကို တားဆီးနိုင်သည့် ပြင်းထန်သောအခြေအနေမဟုတ်သေးသရွေ့ ကျောင်းသူကျောင်းသားများဟာ အခြားသူများနှင့်အတူ နေပူထဲတွင်မတ်တပ်ရပ်ကာ နေပူလှန်းနေရဆဲဖြစ်သည်။ ဒါကလည်းခုနကHe Pingyi က Wang Xiaowei ရဲ့ အကြောင်းပြချက်ကို ရှုံ့ချခဲ့ရတဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။ အကြောင်းပြချက်တစ်ခုခုကြောင့် ထွက်သွားဖို့တောင်းဆိုတဲ့ မိန်းကလေးတွေတောင် ဒီမှာပဲရပ်နေကြရပြီး Wang Xiaowei ဟာ စာသင်ခန်းထဲမှာ ပုန်းပြီးအိပ်ဖို့အာရုံတွေ ရှိနေပါတယ်။
နောက်ဆုံးတွင် သူတို့သည်စည်းဝေးပွဲနေရာသို့ရောက်ရှိလာသောအခါ၊ Wang Xiaowei သည်တစ်ဖက်တွင် မတ်တပ်ရပ်ရန် တောင်းဆိုခဲ့သော်လည်း He Pingyi ၏ ကော်လာမှ ဆွဲထုတ်ခံခဲ့ရသည်။ Wang Xiaowei သည် ထိုနေရာတွင်သာ သူ့ကိုယ်သူငြီးတွားလျက်ရပ်နေရတော့သည် ။ အခြားတစ်ဖက်တွင်မူ He Pingyi ယခုချိန်ထိထိုပုံစံမှ ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးပေ။
Number Seven Secondary၏တတိယနှစ်ကို သီးခြားကျောင်းဝင်းအဆောက်အအုံတစ်ခုအဖြစ် သတ်မှတ်ပေးခဲ့ပြီး စမ်းသပ်ခန်းကို နှစ်ထပ်တိုက်ငယ်အတွင်းတွင်ထပ်မံခွဲခြားထားသည်။ ဆရာ့ရုံးခန်းနှင့် ရေချိုးခန်းများကို ပထမထပ်တွင် တွေ့နိုင်ပြီး စာသင်ခန်းများမှာဒုတိယထပ်တွင် တည်ရှိသည်။ စုစုပေါင်း အတန်းခြောက်တန်း၊ လေးခုသည် သိပ္ပံကို ဗဟိုပြုကာ လစ်ဘရယ်အနုပညာကိုအဓိကထား းသင်ကြားခဲ့သည်။ သိပ္ပံနှင့် လူသားပညာ အတန်းများကို လှေကားထစ်တစ်ခုတွင်ခွဲခြားထားတယ်။ အဆောက်အဦးတစ်ခုလုံးမှာ ဒီအတန်းတွေပဲရှိတာတောင်အဲ့လူသားလေးကိုဘာလို့တစ်ခါမှမမြင်မိရတာလဲ သူသည် တခြားသင်ရိုးညွှန်းတမ်းအောက်တွင်ရှိပါသလား။
Ping yiသည် သူ့လက်ကို အိတ်ကပ်ထဲ တွန်းထည့်ပြီးမျက်မှောင်ကြုတ်ကာ ခြေဖဝါးဖြူ ဖြူလေးများကို မြေပြင်ပေါ်ရှိမျဉ်းကြောင်းပေါ်သို့လှမ်းတက်လိုက်သည်။
မျက်မှန်မတပ်ထားတဲ့အရပ်ပုပု အသားဖြူဖြူနှင့်ကောင်လေးတစ်ယောက်ကပြုံးကာရပ်နေတယ်။
“အပြင်ထွက်ခွင့်တောင်းတဲ့လူရှိသေးလား။” အတန်းအကြံပေး Chen Ji က အတန်းရှေ့မှာ ရပ်ပြီး မေးတယ်။
“ဟုတ်တယ်!”
Chen Ji သည်အားကစားကော်မတီကို စတင်တောင်းဆိုနေတဲ့အချိန် He Pingyi ရုတ်တရက်အော်လိုက်ပြီး လက်ကိုမြှောက်လိုက်သည်။
သူ့အနားတွင် တချိန်လုံး စိတ်ဆိုးနေခဲ့သော Wang Xiaoweiသည် ပုစဉ်းရင်ကွဲတစ်ကောင်သည်အခြားသူများကိုလှည့်စားရန် ၎င်း၏ခွံလွတ်ကိုချန်ထားခဲ့ပုံသကဲ့သို့ ဤဟန်ဆောင်သော စစ်ပြေးမှုကြောင့် အံ့အားသင့်သွားကာ “ဟမ်ငရဲ?”
He Pingyi ၏ စိတ်ပိုင်းဆိုင်ရာအနေအထားသည် Wang Xiaowei ထက် သိသိသာသာ ကောင်းမွန်ပြီး ပြတ်ပြတ်သားသား လူတန်းမှ ထွက်ခွာသွားခဲ့သည်။ ထွက်ခွာသွားစဉ်တွင် သူ၏အနေအထိုင်တွင်အဆင်မပြေမှုများကို ရိပ်မိနိုင်သည်။
ကျောင်းသားအုပ်စုထွက်ခွာသွားသောအချိန်ထိ Wang Xiaowei သည် He Pingyi ကို ဒေါသတကြီး ဆဲဆိုနေဆဲဖြစ်သည်။
နေ့ခင်းနေမင်းကြီးကောင်းကင်မှာတောင်ပနေချိန်မှာ ပထမတန်းကအနားယူကြတယ်။ He Pingyi သည်မျက်လုံးမဖွင့်နိုင်သော်လည်း ဖြတ်သွားသော ကျောင်းသားအုပ်စုများကို ဇွဲမလျှော့ဘဲ ငုံ့ကြည့်နေမိသည်။ သူ့အား စိတ်အနှောက်အယှက်ဖြစ်စေသည်မှာ သူတို့၏ကျောင်းသည် အခြားသူများကို အတုယူကာ “plate style” အပြေးလေ့ကျင့်ခန်းများ ပြုလုပ်စေခြင်းပင်ဖြစ်သည်။ လက်ဖဝါးတစ်ဖက်မှ အကျယ်အဝန်းသည် ကျောင်းသားများ၏ ကျောနှင့် ရင်ဘတ်များကို ပိုင်းခြားကာ တစ်ဖက်၏ထိပ်တွင် ပန်းကန်ပြားများကဲ့သို့ လက်တွေ့ကျကျ အချင်းချင်း ကပ်ထားသည်။ တခါတရံမှာ အပြင်ဘက်အစွန်းကလူတွေကို လုံးဝမမြင်ရဘူး။
သူ Pingyi ကိုယ်တိုင်လည်း အခု ဘာလုပ်နေလဲ မသိ။ ကောင်လေးက ဘယ်အတန်းကိုရောက်နေလဲ သူသိချင်တာဖြစ်ကောင်းဖြစ်နိုင်သလို သူနဲ့သူငယ်ချင်းဖြစ်ချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်…
နောက်ပိုင်းမှာတော့ He Pingyi ဟာ ဒီအချိန်ကိုပြန်မြင်ယောင်မိပြီး အဲဒီအခိုက်အတန့်ဟာ အိပ်မက်မဟုတ်ဘူးဆိုတာကို သက်သေပြချင်နေတာလည်း ဖြစ်နိုင်တယ်။ ဤကမ္ဘာကြီးတွင် ထိုကဲ့သို့ ပြုံးနေသည့်အမူအရာသည် အမှန်တကယ်တည်ရှိနေရဲ့လားလို့သူရှုပ်ထွေးနေတယ်။
အခုလိုမျိုးတစ်ခုခုကို ဖမ်းဆုပ်ချင်တဲ့စိတ်က ကြုံခဲ့ဖူးတာ ကြာပြီ ၊ အဲဒီ့ကတည်းက ကြုံခဲ့ဖူးတာ ကြာပြီ ။
နေကိုမျက်နှာမူလျက်ping yiသည် ဖြတ်သန်းသွားသော အဖွဲ့များသည် အတန်းဆောင်ပုဒ်များ ရွတ်ဆိုရင်း “တစ်၊ နှစ်၊ သုံး၊ လေး” ဟု ကြွေးကြော်ခဲ့ကြသည်ကိုကြည့်နေသည်။ Pingyiကတော့ မျက်နှာမလွဲမိအောင် အစွမ်းကုန်ကြိုးစားစောင့်ကြည့်နေတယ်။ နှာခေါင်းကို ငုံ့ကြည့်ရုံ ဒါမှမဟုတ် မျက်လုံးထောင့်က ကြည့်ရင်တောင် အားလုံးကို ဂရုတစိုက်နဲ့ ဖော်ထုတ်ရမယ်။ ဒါပေမယ့် တော်တော်ကြာတဲ့အထိ pingyiဟာ အဲဒီလူရဲ့အရိပ်ကိုတောင် မမြင်ရသေးပါဘူး။
သူ့မျက်မှောင်ကြုတ်ကာသူ့အတွေးထဲ နစ်မြုပ်ကာ စိုးရိမ်စိတ်များ နက်ရှိုင်းလာသည်။သူ့အတွေးထဲကအဲ့ဒီ့လူသားလေးကဲ့ မျက်နှာကို အသေးစိတ်ကျကျနဲ့ အကောင်းဆုံးဖြစ်အောင် သူပုံဖော်ချင်ခဲ့တယ်။ ထိုမှသာလျှင်၎င်းသည် လျင်မြန်သော ဆုံတွေ့မှုတစ်ခုဖြစ်သည်ကို သူသဘောပေါက်ပြီး ထိုမျက်နှာတစ်ဝိုက်တွင် သူ၏အာရုံအားလုံးကို သိမ်းပိုက်ထားသောထိုအပြုံးသည်သာ သူ့အာရုံကို ဆွဲဆောင်နိုင်စေခဲ့သည်— ဆံပင်ပုံသဏ္ဍာန်ကိုပင် မမှတ်မိနိုင်ပေ။
မျက်မှန်မပါတဲ့ အသားဖြူဖြူ ၊ အရပ်တိုတို နှင့် ထိုအပြုံး…
Pingyi၏မျက်လုံးများသည် ပန်းကန်ပြားများကဲ့သို့ ချက်ခြင်း ဝိုင်းစက်သွားတော့တယ် ။
နေက တိမ်၏နောက်ကွယ်မှာ အလင်းရောင်မှိန်မှိန်ဖြင့်ပုန်းအောင်းနေပြီး အတန်းတက်နေသော အတန်းသားများသည်မျဉ်းကြောင်းအချို့တွင်အော်နေကြသည် ။ Pingyiကသူတို့ကို လုံးဝလျစ်လျူရှုခဲ့တယ်။
ပထမတန်း၏အပြင်ဘက်စွန်းရှိ ကောင်လေးသည် အပေါ်နှင့်အောက် ခုန်နေကာ သူ၏ပြေးနေသောစည်းချက်သည် ကျန်သူများနှင့် သိသိသာသာကွဲပြားနေသည်။ ကောင်လေးကအနည်းငယ်မှိန်းနေသော အမူအရာနှင့်သူ့ကို ကြည့်နေတယ်။ နှာတံတံတားပေါ်တွင်ချိတ်ထားသည့် မျက်မှန်တစ်စုံနှင့် သူ့မျက်နှာမှပျောက်ကွယ်သွားသောအပြုံးကလွဲ၍ သူသည် He Pingyi၏ မှတ်ဉာဏ်ထဲကအတိုင်း ပြည့်စုံလိုက်ဖက်စွာရှိနေသည်။
ချက်ခြင်းပင် သူသည် ထိုကောင်လေးကို ပြုံးပြချင်သော်လည်းထိုသို့သော ဖော်ရွေသောအပြုအမူသည် He Pingyi နှင့် သိပ်မရင်းနှီးပေ။ ထိုအချိန်တွင်သူခံစားရသော ကြောက်ရွံ့မှုအား ထပ်လောင်းထည့်လိုက်ရာ He Pingyi ၏ နှုတ်ခမ်းထောင့်များသည်အပြုံးလုံးဝမပေါ်ပေ။
သို့သော်ပြေးနေသောအဖွဲ့သည် အဆက်မပြတ်အရှိန်ဖြင့် ရှေ့သို့ရွေ့လျားသွားပြီး သူ့ပြောရမည့်စကားကိုစဥ်းစားရန် မည်သူမျှစောင့်ဆိုင်းမနေခဲ့ကြပေ။ ကောင်လေးကို သူ့ဘေးနားကလူက သူ့မြင်ကွင်းကနေပိတ်ဆို့တော့မှာကိုမြင်လိုက်ရတော့ He Pingyi ကနောက်ကနေခြေလှမ်းနှစ်လှမ်းကို အလျင်စလိုရွှေ့လိုက်တယ်။ သူ့ဘေးနားက ကောင်မလေးက ခေါင်းညိတ်ပြီးစကားတွေပွစိပွစိရွတ်နေတယ်။ ကြောက်လန့်ပြီး သတိမထားမိအောင်အဝေးကို လှမ်းကြည့်လိုက်တယ်။
သူ၏မမျှော်လင့်ထားသော အမှားကို သတိပြုမိရင်း He Pingyi သည် ချောင်းခြောက်ဆိုးကာ မူလနေရာသို့ ပြန်သွားခဲ့တယ်။
ခေါင်းကိုပြန်မော့လိုက်ချိန်တွင် ထိုအတန်းသည် အတော်အလှမ်းဝေးနေပြီဖြစ်သည်။
ထိုလူကို တွေ့ပြီးနောက် He Pingyi သည် သူ၏ ပုံမှန် းတည်ငြိမ်သောသူ၏ အမူအရာနှင့်ဆင်ခြင်တုံတရားကို ပြန်လည် ထူထောင်ရန်ရည်ရွယ်ခဲ့သည်။ သူ့အတန်းဖော်တွေနောက်တခေါက်ပြေးတဲ့အခါ ဖြတ်သွားခဲ့တဲ့အတန်းတွေကိုရေတွက်ပြီးဒုတိယတစ်ခါပြေးဖို့စောင့်နေတယ်။ စောင့်နေစဉ်တွင် သူ့စိတ်ထဲတွင်ကောင်လေး၏ ပုံတူကို ချိန်ညှိလိုက်သည်။
လှပသော အသားအရေ၊ doe eye၊ ဆွဲဆောင်မှုရှိတဲ့နှာခေါင်းနှင့် ပါးစပ်၊ မျက်ကပ်မှန်တပ်ထားသော…
ဒါနဲ့ သူ မျက်မှန်တပ်ထားတာလား။
ပင်းယီသည် ခေါင်းငုံ့ကာ ပြုံးလိုက်သည်။
အရပ်မရှည်ဘူး၊ ပိန်တယ်၊ ဆံပင်က တခြားကောင်လေးတွေထက် နည်းနည်းပိုရှည်တယ်၊ သူ့အပြုံးနဲ့…
ခုနက…သူ မပြုံးဘူး…
ထိုအတွေးများဖြင့်စိတ်ထဲတွင် ပြည့်နှက်ကာ He Pingyi အနည်းငယ် ဝမ်းနည်းသွားသည်။
ဒုတိယမြောက်ပြေးတဲ့အချိန်တွင် He ping yiသည် အဋ္ဌမတန်းသို့ရောက်ချိန်ကို တိတိကျကျစောင့်ဆိုင်းခဲ့တယ် ။ရောက်ချိန်တွင် He Pingyi ၏ အကြည့်သည် ထိုလူသားလေးကို ဖမ်းမိနေပြီဖြစ်သည်။
ဒါပေမယ့် ဒီတစ်ခါတော့ ကောင်လေးက သူ့ကိုမကြည့်ဘူး။ သူ့ကို မကြည့်ရုံတင်မကဘဲ ရည်ရွယ်ချက်ရှိရှိ ရှောင်နေပုံရပြီး ရှေ့တည့်တည့်ကိုသာအမြဲကြည့်နေတယ်။
ပင်းယီသည် လွန်ကဲနေသလားမသိသော်လည်းခေါင်းငုံ့ကာ တိတ်တဆိတ် စိုက်ကြည့်နေသေးသည်။
နောက်ဆုံးတော့ He Pingyi ရှေ့သို့ ပြေးခါနီးမှာ ကောင်လေးက ခေါင်းကို လှည့်လိုက်တယ်။ ယခင်အတိုင်းပင် He Pingyi ကို မှင်တက်စွာ ကြည့်နေလေသည်။
Pingyiသည် သူ့လက်ကို မမြင့်ဘဲ ရင်ဘတ် နားလောက်ကဖြင့်မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ He Pingyi အတွက် ဤသည်မှာ “အနူးညံ့ဆုံးနှင့် အနူးညံ့ဆုံး” အမူအရာဖြစ်ပြီး သူစုဆောင်းနိုင်သမျှ အမူအရာဖြစ်ကြောင်း ကျိန်ဆိုနိုင်သည်။
မထင်မှတ်ပဲ၊ ကောင်လေး၏ မျက်နှာသည် အလွန်တည်ငြိမ်နေပြီး He pingyeရဲ့
လက်ဝှေ့ယမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ ထိတ်လန့်မှုအရိပ်အမြွက်တစ်စက်မျှမရှိဘဲ အမူအရာပင်လုံးဝပြောင်းလဲခြင်းမရှိပေ။
Ping yiသည် သူ့လက်ကို မချဘဲ သူ့မျက်နှာပေါ်ရှိအပြုံးကိုထိန်းကာ သူ့ကိုဆက်ကြည့်နေသည်။
အချိန်သည် ထာဝရရွေ့လျားနေပုံရသည်။ Ping yiသည် အသက်ပြင်းပြင်းရှူရင်း ကောင်လေးကဂရုမစိုက်ဘဲကျော်ဖြတ်ပြေးသွားလိမ့်မည်ဟု တွေးလိုက်သည်။မထင်မှတ်ဘဲ ကောင်လေးက ရုတ်တရက် မေးစေ့ကို အနည်းငယ်မော့ကာ နှုတ်ခမ်းထောင့်စွန်းကို လှုပ်ယမ်းကာ သူ့ကို ပြုံးပြုံးလေး ကြည့်လိုက်သည်။
ထို့ကြောင့် He Pingyi သည် သူ့စိတ်ထဲတွင် နောက်ဆုံးနှင့် အရေးကြီးဆုံးဖော်ပြချက်ကို ဖြည့်စွက်နိုင်ခဲ့သည်။
သူ့အပြုံးက ချစ်စရာကောင်းတယ်။
ကြည့်လို့အကောင်းဆုံး။
နောက်ဆုံးတော့အဲဒီနေ့မှာ He Pingyi ဟာ Jing Can ကို တွေ့ခဲ့ရတယ်။