(Chapter 2)
အခန်း ၂
He Pingyiသည် သူနှင့်ကောင်လေးတစ်ယောက်ကိုတစ်ယောက် သိနေပြီဟုယူဆလို့ရပြီလားမသိ။ အဲဒီနေ့ကသူ့ကိုပြုံးပြခဲ့ပေမယ့် သူ့နာမည်နဲ့သူဘယ်ကလာမှန်းတောင် မသိပေ။နောက်တစ်ခါပြန်ဆုံရင်တော့စကားအနည်းငယ်ဖလှယ်ရမည်ဟုတွေးနေသည်။ ဒါပေမယ့်အကြိမ်ပေါင်းများစွာထပ်ပြေးတာတောင် ကောင်လေးကိုမတွေ့ရတော့သည်မှာ ထူးဆန်းလှသည်။
မူလကဒီနေ့ ကာယအတန်းမှာ He Pingyi ဟာ စာသင်ခန်းထဲမှာ မှောက်လျက်အိပ်ဖို့ဘဲ စီစဉ်ထားပေမယ့် အတန်းတိုင်းတွင် ဘတ်စကတ်ဘောကစားသည့် ကောင်လေးအချို့ အမြဲရှိနေတတ်သည်။ ဒီအချိန်မှာ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး နေနိုင်ကြတဲ့အချိန်ဖြစ်သဖြင့်ကျောင်းသားများသည်လက်လွှတ်မခံကြပါ။ သင်္ချာဆရာက အတန်းပြီးသွားပြီလို့ ကြေငြာလိုက်တာနဲ့ Wang Xiaowei က စားပွဲအောက်ကနေ ဘတ်စကတ်ဘောကို ခြေထောက်နဲ့ ဆွဲထုတ်ပြီးလက်နှစ်ဖက်ဖြင့်ကိုင်ကာ He Pingyiအား အားကစားကွင်းကိုအမြန်သွားကြမယ်လို့တိုက်တွန်းလိုက်တယ်။
He Pingyi အတွက် ဘတ်စကတ်ဘောသည်လွယ်ကူသောကိတ်မုန့်တစ်ပိုင်းမျှသာဖြစ်သည်။ ဒါ့အပြင် ကျောင်းသားတွေကြားထဲမှာသူကစားတာက တော်တော်ကောင်းတယ်လို့ ယူဆနိုင်တယ်။He ping yiကဘတ်စကတ်ဘောကိုချောချောမွေ့မွေ့ဆော့နိုင်တယ်။ဘောလုံးကို ပစ်ဖို့ကြံရွယ်နေတဲ့အချိန်မှာဘဲHe pingyiကသူတော်တော်ကြာကြာမခံစားရတဲ့ရင်တုန်မှုကိုခံစားလိုက်ရတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ He Pingyi ရဲ့ အခြေအနေက ပိုကောင်းလာပြီး ကွင်းထဲမှာလူနှစ်ယောက်ရဲ့စည်းချက်ဟာ ရုတ်တရက်ကွဲလွဲသွားခဲ့တယ်။ ဥပမာအားဖြင့်၊ Wang Xiaowei သည် ဘောလုံးကို ပစ်သောအခါ၊ သူသည် ကွင်းကို မကြည့်ဘဲမည်သည့်နေရာကိုကြည့်နေသည်ကို မသိပါ။နားနေစဉ်တွင် He Pingyi သည် ရှေ့သို့ တိုးလာပြီး Wang Xiaoweiအား ထူးထူးခြားခြား “မင်းဘာလုပ်နေတာလဲ?”
Wang Xiaowei ၏မျက်နှာသည် အနည်းငယ်သဘာဝမကျဖြစ်နေကာသူ့ပုံမှန် အရှက်မရှိသောအသွင်အပြင်နှင့် မတူဘဲ မျက်လုံးချင်းဆုံကာရှောင်ထွက်သွားသည်။
He Pingyi သည် Wang Xiaoweiမှခိုးကြောင်ခိုးဝှက်ကြည့်နေသည့် နေရာကို လှမ်းကြည့်လိုက်ရာ တတိယအဆင့်တွင် ထိုင်နေသည့် မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။ သူမသည် ပခုံးပေါ်တွင် ဖြန့်ထားသော ဆံပင်ကောက်ကောက်ရှည်ရှည်ရှိပြီး နွေရာသီတွင် ဝတ်ဆင်လေ့ရှိသော ပိုလိုရှပ်အင်္ကျီကို ၀တ်ထားသည်။ He Pingyiပင်လျှင် သူမ၏အလှကို ရိုးရိုးသားသား ချီးမွမ်းရပေမည်။
He Pingyi သည် မည်သည့်အမူအရာမှမရှိဘဲ တစ်ချက်ကြည့်လိုက်ပြီးနောက် Wang Xiaowei ၏ ခေါင်းနောက်ကို လက်ဖြင့် ပုတ်လိုက်ပြီး “ကြည့်တာရပ်ပြီး ဘောလုံးကစားတော့”
သို့သော် လက်ရှိတွင် အားကစားကွင်းတွင် Wang Xiaowei သည် ခိုးကြည့်နေတဲ့တစ်ဉီးတည်းမဟုတ်ကြောင်းကိုသူသိနေပြီးကွင်းတစ်ဝိုက်ကို လှည့်ကြည့်မိသည်။
He ping yiသည် ဘောလုံးကိုလက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း ခေါင်းကိုစောင်းထားသည်။ ဒုတိယပိုင်းမှာတော့ ကစားပွဲက ယခုလောက်မချောမွေ့ဘူးလို့ ခံစားခဲ့ရတယ်။
“ဟေး။” ဘေးနားကWang Xiaowei က ရုတ်တရက်သူ့ကို လှမ်းဆွဲလိုက်ပြီး သူ့နားထဲမှာ တိုးတိုးလေး “သူမကိုသိလား မင်းကိုပြောမယ်အဲ့တာအခန်းရှစ်က Wen Xiangying…”
“အခန်းရှစ်?” Pingyiသည် ခေတ္တရပ်လိုက်ပြီးနောက်ချက်ချင်းပင် စိတ်အားထက်သန်လာသည်။ သူကကွင်းပြင်တစ်လျှောက်သူ့မျက်လုံးတွေနဲ့ လှည့်ပတ်ကြည့်လိုက်တယ်။
အပြုံးမျက်နှာလေးရော ဘယ်လိုလဲ။
“He Pingyi!”
အသင်းဖော်တစ်ယောက်က ရုတ်တရက် သူ့ကိုခေါ်တယ်။ He Pingyi တုံ့ပြန်မှုက အနည်းငယ်နှေးကွေးသွားကာ သူသည် အသင်းဖော်၏ ဦးတည်ရာကို လှမ်းကြည့်လိုက်ချိန်မှာတော့ ဘောလုံးကသူ့ခေါင်းပေါ်တွင် ပျံနေပြီဖြစ်သည်။ အဝေးက လှိမ့်နေတဲ့ ဘတ်စကတ်ဘောကို ကြည့်ပြီး နောက်ပြန်လှည့်ကာ သူ့အသင်းဖော်ဆီ လက်ကို မြှောက်ကာ သူ့အမှားအတွက် တောင်းပန်ခဲ့တယ်။
He pingyiသည် ဘောလုံးဆီသို့ ပြေးသွားကာ ကောက်ကိုင်လိုက်သည်။ ကွင်းထဲသို့လှည့်ပတ်ကြည့်ကာ ရှာဖွေခြင်းကိုသူမစွန့်လွှတ်ခဲ့ပေ။ အားကစားကွင်း၏ တစ်ဖက်ခြမ်းရှိ တောင်တက်နံရံရှေ့တွင် လူတစ်စု စုရုံးနေကြသည် ။ တောင်တက်နေသူကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း အောက်ခြေလူများထံမှ ဗရုတ်သုတ်ခ အော်ဟစ်သံကို ကြားလိုက်ရသည်။
“မိန်းကလေးတွေကတောင်မင်းထက် ပိုမြန်နိုင်တယ်!”
“အသုံးမကျပါဘူးကွာ ဆင်းခဲ့!”
He Pingyi သည် သူတို့၏ ရယ်မောဖွယ်ရာ အကြောင်းအရာများကို ရှင်းရှင်းလင်းလင်း မကြားနိုင်သော်လည်း နံရံပေါ်တွင်တက်နေဆဲဖြစ်သည့် လူနှစ်ယောက်၊ လက်ဝဲဘက်တွင်တစ်ယောက် ညာဘက်တွင်တစ်ယောက် ရှိနေသည်ကို တွေ့လိုက်ရသည်။ တစ်ယောက်ကပိန်လှီတဲ့သူ့လက်မောင်းတွေကိုပေါ်လွင်နေတယ်။
He Pingyiချက်ချင်းလှည့်ပြီး ဘတ်စကတ်ဘောကွင်းဆီသို့ခြေလှမ်းအနည်းငယ်ပြန်ပြေးလိုက်ကာ ဘောလုံးကို ပစ်ချလိုက်ပြီး Wang Xiaowei ကို “ငါအရင်ပြန်နှင့်မယ်!”လို့ပြောကာပြန်ပြေးသွားတယ်
တောင်တက်နံရံဆီသို့ပြန်ရောက်သောအခါ ဤခဏလေးအတွင်းမှာဘဲ ကောင်လေးသည် မလှမ်းမကမ်းသို့ ရွေ့နေပြီဖြစ်သည်။ တကယ်တော့ဒီတောင်တက်တံတိုင်းက လုံးဝ မမြင့်ဘူး။ သူ့အတွက် ကလေးကစားရတာနဲ့ ပိုတူတယ်။ဒါပေမယ့် He Pingyi သည် ကောင်လေး၏ ရုန်းကန်မှုကို မြင်နိုင်သည်။ ကောင်လေးမှာ အားအင်ကုန်ခန်းပြီး ထိန်းထားရုံသာရှိသည်ဟု သူမှန်းဆမိသော်လည်း ဆင်းရန် ဆန္ဒမရှိဘဲတောင့်ခံနေတယ်။
ပင်းယီသည် ခေါင်းကို ညင်သာစွာ ယမ်းကာ သက်ပြင်းချရင်း ဆက်လျှောက်လာခဲ့သည်။
တစ်ဖက်က မိန်းကလေးက ထိပ်ကိုရောက်ပြီးနောက် မြေပြင်ပေါ်ကကောင်လေးတွေက အမှိုက်စကားတွေပြောဖို့ ဒီအခွင့်အရေးကို ဆုပ်ကိုင်ထားကြတယ်။ သူတို့ရဲ့ဟာသတွေက ပိုပိုပြီး မညှာမတာဖြစ်လာပြီး အထက်ကကောင်လေးကိုလုပ်နိုင်လား မလုပ်နိုင်ဘူးလားလို့ မေးနေကြတယ်။
He Pingyiမျက်မှောင်ကြုတ်ပြီး ကောင်လေး၏ လက်နှင့် ခြေထောက်များ အနည်းငယ် တုန်ရီလာသည်ကို သတိပြုမိသည်။ သူ လှည့်ကြည့်လိုက်တော့ အခန်းရှစ်က ကာယဆရာမက တုန်လှုပ်ချောက်ချားစွာ မော့ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“Jing Can၊ မင်း ပင်ပန်းရင် ဆင်းလာခဲ့။ ပထမအကြိမ်မှာ နံရံမတက်နိုင်တာက ပုံမှန်ပါပဲ။”
ကာယပညာဆရာမကလည်း မဖြစ်နိုင်ဘူးလို့ ခန့်မှန်းထားပုံရပြီး အပေါ်ကတက်နေတဲ့ ကောင်လေးအတွက် အမြန်လွတ်လမ်းရှာဖို့ ကြိုးစားနေပေမယ့် ကောင်လေးကဆရာမပြောတာကိုကြားပုံမရဘဲ လက်တစ်ဖက်က တုန်ရီနေပြီး ကျန်တစ်ဖက်ဖြင့် အပေါ်သို့တက်သွားတယ်။
Pingyiသည် ခက်ခက်ခဲခဲ စာလေ့လာသည့် အမျိုးအစားမဟုတ်သလို အင်တာနက်ကိုစွဲလန်းသူလည်း မဟုတ်သောကြောင့် ကံကောင်းထောက်မစွာပင် သူသည် အဝေးမှုန်နှုန်း တဖြည်းဖြည်း မြင့်တက်လာသည့်ဤကျောင်းဝင်းအတွင်း၌ အလွန်ကောင်းမွန်သော 20/20 အမြင်အာရုံကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။ နောက်ဆုံးတွင် သူသည် ဆူညံနေသော လူအုပ်ကြားတွင် ရပ်နေရင်းကောင်လေးကိုကြည့်နေခဲ့တယ်။ဤအခိုက်အတန့်တွင်ကောင်လေး၏လက်နောက်ဘက်တွင် အပြာရောင်သွေးပြန်ကြောများ ပေါက်ထွက်နေသည်ကိုပင် ထင်ရှားစွာမြင်နေရပါသည်။
နေက ကောင်းကင်မှာ တောက်လောင်နေဆဲဖြစ်သောကြာင့််အပေါ်ဆုံးက ကောင်လေးက တော်တော်စိတ်မသက်မသာ ဖြစ်နေရမယ် လို့ Pingyiက တွေးလိုက်တယ်။
ကောင်လေးက သူ့လက်တွေ ခြေတွေကို ဖြည်းညှင်းစွာ ရွှေ့လိုက်ပြီး နောက်ဆုံးမှာတော့ အခက်အခဲများစွာနဲ့ ထိပ်ကို ရောက်သွားတယ်။
He Pingyi သည် တောက်ပနေသော နေရောင်ခြည်ကို မျက်နှာမူရင်းငြိမ်သက်စွာ ရပ်နေကာ ခေါင်းကို တစ်ချိန်လုံး မြှောက်ထားလိုက်ရင်း ကောင်လေးတောင်တက်နံရံကနေ ဘေးကင်းစွာ ဆင်းသွားတာကို မြင်ပြီးမှသာသက်ပြင်းတစ်ချက်ချလိုက်ပြီး သန့်စင်ခန်းဆီသို့သွားဖို့ပြင်လိုက်တယ်။
တင်းမာမှုက သူ့ခန္ဓာကိုယ်မှ ထွက်သွားပြီး ဖြည်းညှင်းစွာ လမ်းလျှောက်လာရင်း He Pingyi သည် ယခုမှပင် အခြားသူများကောင်လေးကိုခေါ်ဝေါ်သော နာမည်ကို ဂရုတစိုက် မှတ်မိလာသည်။ Jing Cai ? Jing Can?
Pingyiသည် ခေါင်းကို လှည့်ကြည့်လိုက်တော့ ကောင်လေးက သူ့အတန်းဖော်တွေနဲ့ မနေတော့တာကို တွေ့လိုက်ရတယ်။ အဲ့အစား အားကစားကွင်းဘေးရှိ သစ်ပင်ရိပ်ဆီသို့ ဦးခေါင်းအနည်းငယ်ငုံ့ကာ ရှေ့သို့ လျှောက်သွားနေပြီး အဝင်ဝမှာရှိတဲ့ကြော်ငြာဘုတ်တစ်ခုမှာရပ်နေတယ်။ He Pingyiသည် ရေချိုးခန်းဆီသို့ လျှောက်သွားရင်း ကောင်လေးသည်ကြော်ငြာဘုတ်နောက်တွင်ကွယ်နေသည်ကိုတွေ့လိုက်ရသည် ။ He Pingyi သည် ခဏရပ်ကြည့်နေသော်လည်း ဖိနပ်တစ်ရံ၏ ရံဖန်ရံခါ သေးငယ်သောလှုပ်ရှားမှုမှလွဲ၍ကျန်အရာအားလုံး ကြော်ငြာဘုတ်ဖြင့် ပိတ်ဆို့ခံထားရကာ အခြားမည်သည့်အရာကိုမျှ မမြင်ရသည့်အတွက် ကောင်လေးဘာလုပ်နေသည်ကို မသိရပေ။
ကောင်လေးက ခဏလောက်မပြေးနိုင်တော့ဘူးလို့ He pingyiကခန့်မှန်းမိတယ်။ သူနဲ့ ဘယ်လိုရင်းနှီးအောင်လုပ်ရမယ်ဆိုတာ တကယ်ကို မတွေးတတ်သေးဘူး။ ထို့ကြောင့် အထဲသို့ဝင်ကာ လက်ကိုဆေးပြီး အိတ်ကပ်ထဲထည့်ကာ ပြန်ထွက်လာခဲ့သည်။ လမ်းတစ်ဝက်တစ်ပျက်မှာပဲ He Pingyi က တစ်ခုခုထူးဆန်းနေသလို ခံစားလိုက်ရပြီး ခဏလောက်စဉ်းစားမိကာ ပစ္စည်းတွေထားတဲ့အခန်းထဲကိုဘတ်စကတ်ဘောငှားဖို့ ပြေးသွားတယ်။
သူသည် ဘတ်စကတ်ဘောကိုသူ့လက်ထဲတွင် အပြန်ပြန်အလှန်လှန် လွှင့်ပစ်ကာ လျစ်လျူရှုဟန်ဆောင်ရင်း သစ်ပင်ရိပ်သို့ ရောက်သောအခါ He Pingyiသည် ဘယ်ဘက်လက်မှ အင်အားအနည်းငယ်ထုတ်ကာ ညာလက်ကို ရည်ရွယ်ချက်ရှိရှိ ချော်ထွက်သွားစေပြီး ဘတ်စကတ်ဘောကို မတော်တဆရည်ရွယ်ချက်ရှိရှိ တွန်းထုတ်ပစ်လိုက်တယ်။
ကောင်လေးက မြေပြင်ပေါ်မှာ ငုတ်တုတ်ထိုင်နေတယ်။ ဘတ်စကတ်ဘောက သူ့ရှေ့သို့တစ်ရွေ့ရွေ့လှိမ့်ပြီး ရပ်သွားတယ်။
ပင်းကြီးသည်ကောင်လေးရှေ့တွင်ရပ်သွားသော ဘောလုံးကို ကြည့်ပြီး ဝမ်းသာအားရအတွေးထဲတွင် အော်ဟစ်လိုက်သည်။ ကွက်တိဘဲ…!
“တောင်းပန်ပါတယ် အိုး…” He Pingyi တုံ့ဆိုင်းသွားပြီး လက်တစ်ဖက်ကမသိစိတ်ကနေ သူ့ခြေထောက်ကို ပုတ်လိုက်မိသည်။ “ငါသတိမထားမိလိုက်ဘူး။”
ကောင်လေးက မော့ကြည့်လိုက်တော့ He Pingyi ကိုတွေ့ပြီး အံ့သြသွားပုံရတယ်။ He Ping yiသည် အောက်ကိုငုံ့ကြည့်လိုက်မိကာ ကောင်လေးရဲ့ ဖိနပ်ကြိုးတွေကကြိုးမချည်ထားဘဲ ခြေကျင်းဝတ်ဒဏ်ရာကို စစ်ဆေးဖို့ ဘောင်းဘီအောက်ခြေကိုအပေါ်သို့ လှိမ့်တင်ထားသည်ကိုတွေ့လိုက်ရတယ်။
“မင်းဒဏ်ရာရနေတာလား?” Ping yiက ချက်ချင်းဘဲမေးလိုက်သည်။
ကောင်လေး၏ ပါးစပ်ထောင့်များ လှုပ်ယမ်းသွားသော်လည်း ပါးစပ်မဖွင့်ဘဲ သူ့ကို တည့်တည့်ကြည့်နေဆဲဖြစ်သည်။
“နံရံတက်ရင်းဖြစ်တာလား”Ping yiသည် တိတ်ဆိတ်မှုကို ဂရုမစိုက်သလို သဘာဝကျကျ မေးလိုက်တယ်။
ဒီတစ်ခါတော့ ကောင်လေးက သူ့ဘောင်းဘီကိုအောက်သို့ပြန်ဆွဲချပြီး မတ်တပ်ထရပ်လိုက်တယ်။
တကယ်တော့ He Pingyi နဲ့ ပေါင်းသင်းဖို့ဆိုတာသိပ်မလွယ်လှပါဘူး။ တခြားသူသာဆိုရင် He Pingyi ဟာ စက္ကန့်ပိုင်းမျှပင်မကြည့်ဘဲ ထွက်သွားလိမ့်မယ်။ သို့သော်ယခုအခါတွင်တော့He pingyiရဲ့ စိတ်ထဲတွင်ကောင်လေးကိုနောက်ထပ်ဘာပြောရမလဲဖြင့်သာအံ့သြစရာကောင်းစွာ နစ်မွန်းနေပုံရပြီး သူဘာကြောင့် လျစ်လျူရှုခံရသည်ကို တွေးတောရန် အချိန်မရှိ၊မကျေနပ်မှုတစ်စုံတစ်ရာပင် မခံစားရပေ။
He Pingyi က သူ့လက်ကို မြှောက်ပြီး သူ့ကိုယ်သူ ညွှန်ပြရင်း “မင်းငါ့ကို မမှတ်မိဘူးလား?”
ပထမအကြိမ်က စင်္ကြံမှာ ဖြစ်ပြီး ဒုတိယ အကြိမ်ကတော့ အားကစားကွင်းမှာ ဖြစ်ပါတယ်။ နှစ်ကြိမ်စလုံးသည် စက္ကန့်အနည်းငယ်မျှသာ ကြာသည်။ သို့သော် ထိုအစိတ်စိတ်အမွှာမွှာစက္ကန့်အနည်းငယ်ကို
He Pingyi ၏စိတ်ထဲတွင် အကြိမ်ပေါင်းထောင်ပေါင်းများစွာ တွေးတောပြီးဖြစ်တယ်။
ကောင်လေးက သူ့ကို လျစ်လျူရှုလိုက်သည် ။ သို့သော် He Pingyi သည် ကောင်လေး၏ မျက်လုံးများတွင် သူ့ကိုမကြိုက်သည်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်နိုင်ဘဲ ကောင်လေးကို တွေ့ခဲ့ပုံအကြောင်း ပြောပြတော့ ကောင်လေးကနောက်ဆုံးမှာ ပါးစပ်ကို ဖွင့်လိုက်တယ်။
“ငါတို့တွေ့ခဲ့ဖူးတာလား?”
ငြိမ်သက်ပြီး ချီတုံချတုံ ဖြစ်နေသော ဤအသံသည် He Pingyi နားလည်နိုင်ဖို့တော့လုံလောက်သည်။
ဤသည်မှာ သူနှင့် ပထမဆုံးပြောသော စကားဖြစ်ပြီး၊ သူ့အသံကို ပထမဆုံးကြားရသည့်အချိန်၊ “ ငါတို့ ” ဟူသော စကားကို ပထမဆုံးအကြိမ်ကြားလိုက်ခြင်းဖြစ်သည်။ ရှည်လျားတဲ့ အနာဂတ်မှာ ဒီစကားတွေက He pingyiရဲ့ နှလုံးသားကိုပြန်တွေးမိတိုင်း လှုပ်ခတ်သွားစေလိမ့်မယ်လို့တော့ဒီအချိန်မှာသူမသိခဲ့ပါဘူး။
“ဟုတ်တယ်၊ ငါတို့တွေ့ဖူးတယ်။”Pingyiကပြန်ပြောလိုက်တယ်။
ကောင်လေးကနားထောင်ပြီးနောက် သူ့မျက်မှန်ကို လက်တစ်ဖက်နဲ့ တွန်းတင်လိုက်ကာ မျက်လုံးကို မှိတ်လိုက်ပြီး ခေါင်းကို ငုံ့လိုက်တယ်။ Pingyiသည် ခေါင်းကို ငုံ့ကာ ရှေ့သို့အနည်းငယ်ငုံ့ရင်းကောင်လေးရဲ့မျက်နှာကိုငြိမ်သက်စွာဆက်လက်ကြည့်နေမိလေသည်။ ကောင်လေး၏ မျက်တောင်များသည် ထူးထူးခြားခြား ရှည်လျားသည်ကိုအခုမှဘဲPingyi သတိပြုမိသည်။ ကောင်လေးရဲ့မျက်မှန်က နှာတံပေါ်မှာ နိမ့်ကျနေတော့အခုမှသိသာပြီးအရင်တစ်ခါကHe Pingyiသတိမထားမိတာအဲ့တာကြောင့်ဖြစ်မယ်။ ဒါပေမယ့် အခု သူ့ကိုကြည့်လိုက်တော့ အဲဒီမျက်တောင်ရှည်တွေက မျက်ကပ်မှန်တွေကို ပွတ်တိုက်နေပုံရတယ်။
“ဘတ်စကက်ဘောကွင်းမှာ” He Pingyi သည် ကောင်လေး၏ မျက်တောင်မွေးများကိုစိတ်ထဲမှာအမွမ်းတင်နေသဖြင့် သူ့စကားလုံးများကစာမစီလိုက်ရဘဲ ပွက်လောရိုက်နေတယ်။ “အိုး၊ မဟုတ်ဘူး၊ ငါ မင်းကို လှေကားပေါ် မတော်တဆ တိုက်မိတဲ့အချိန်၊ အပြေးလေ့ကျင့်ခန်း လုပ်နေတုန်း မင်းကို လက်ဝှေ့ယမ်းပြီး နှုတ်ဆက်လိုက်သေးတယ်”
အသက်ပင်မရှူနိုင်ဖြစ်ကာHe Pingyi က “မှတ်မိလား” ဟု အစမ်းသဘောဖြင့်ကောင်လေးအားမေးလိုက်သည်။
နေရောင်ခြည်သည် တုန်ယင်နေသော မျက်တောင်ကလေးများကို ထိရန် အောက်သို့ ပျံဆင်းလာသည်။
Pingyi က စိတ်ရှည်ရှည်နဲ့ စောင့်နေရင်းနောက်ဆုံးတွင်တော့ မမျှော်လင့်ဘဲ လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့ကိုပြုံးပြသော ကောင်လေးက ခေါင်းယမ်းကာ “ကျွန်တော် မမှတ်မိဘူး” ဟုဆိုသည်။
ဒီတစ်ခါတော့ He Pingyi က လုံးဝကို အံ့သြသွားတယ်။ ဒါပေမယ့် ကောင်လေးရဲ့အကြည့်အောက်မှာတော့ သူက မြန်မြန်ခေါင်းညိတ်ပြီး “ကိစ္စမရှိပါဘူး၊ ငါ့နာမည်က He Pingyi အတန်း 21 [1] ပါ ။ မကြာသေးခင်ကပဲ… သူတို့မင်းကိုခေါ်သံကြားရပေမယ့် ရှင်းရှင်းလင်းလင်း မကြားရဘူး။ မင်းနာမည်ဘယ်လိုခေါ်လဲ ငါမှတ်မိတာမှားမှာကြောက်တယ်။”
He Pingyi သည် သူ့စကားလုံးများကို ငြင်းရခက်အောင် အစွမ်းကုန်ကြိုးစားခဲ့ပြီး ငြင်းဆိုခံရမည်ကို စိုးရိမ်သဖြင့် သူ့ရင်ထဲတွင် ချွေးတွေထွက်နေခဲ့တယ်။ He Pingyiသည် အရင်က သူငယ်ချင်းဖွဲ့ဖို့ အခုလိုအစပျိုးတာမျိုး မလုပ်ဖူးပါဘူး။ ဒီလိုဆိုးရွားတဲ့အစပြုမှုမျိုးဖြစ်ဖို့လဲ သူမမျှော်လင့်ထားပါဘူး။ သူရည်ရွယ်ချက်ရှိရှိယူလာတဲ့ ဘတ်စကတ်ဘောကို ငုံ့ကြည့်ရင်း လက်ထပ်ဖို့တရားဝင်ကြင်ဖက်တွေ့ဆုံမှု တစ်ခုလို ရှက်စရာကောင်းတဲ့ နည်းလမ်းနဲ့ တစ်စုံတစ်ယောက်နဲ့ သိခွင့်ရဖို့ တောင်းဆိုခဲ့တယ် ၊ ဘယ်သူကခံနိုင်ရည်ရှိမလဲလို့တွေးနေမိတယ်။
“Jing Can”
သူ စိတ်ပျက်လက်ပျက်မဖြစ်ခင်မှာ He Pingyi ကကောင်လေး၏ပြန်ဖြေသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်။
သူ့အကြည့်တွေကိုတွေ့ဖို့ အချိန်တန်တော့ သူ့ကို မော့ကြည့်လိုက်တယ်။ ဒီပုံစံက သူ့ကို ရင်းနှီးတဲ့ ခံစားချက်ကိုပေးတယ်။ အဲဒီနေ့က စင်္ကြံမှာ နဲ့ ဒုတိယမြောက် ပြေးတဲ့ အချိန်မှာ သူ့ကို ပြုံးပြတဲ့ ပုံစံပါပဲ။ဤအပြုံးနှင့်မြင်ကွင်းသည် He Pingyi၏ နှလုံးသားကို အရည်ပျော်သွားမတက် ပျော့ပျောင်းစေခဲ့တယ်။
ထိုအချိန်တွင် He Pingyiသည် ကောင်လေးက သူ့ကို အလွန်သတိထားနေပုံရကြောင်း သတိထားမိလာသည်။ပြေးနေတဲ့အချိန်တုန်းကရော အခုရော။
“ဟမ်” He Pingyiသည် ရုတ်တရက် ကျေနပ်သွားသလို ခံစားလိုက်ရတယ်။ သူ့မျက်လုံးများကို ကြည့်ကာ သူ့နှုတ်ခမ်းပေါ်မှ နာမည်ကို ထပ်ခါထပ်ခါ မြည်းစမ်းကြည့်နေ သည်။ သူ့ပါးစပ်ထောင့်တွေကိုကော့မလာအောင်အတတ်နိုင်ဆုံး ထိန်းထားနိုင်ခဲ့တယ်။ အကယ်၍ Wang Xiaowei သာ ယခုအချိန်တွင် He Pingyi ၏ အပြုံးကို မြင်ပါက ပျင်းရိသည့်ပုံစံဖြင့်သာ ပြုံးပြနိုင်သည့် သူ့တန်းဖော်ဖြစ်မည်ဟု သူယုံနိုင်လိမ့်မည်မထင်ပေ။
“Can ကဘာCanလဲ”
“Strokeများတဲ့Can”
Jing Can က သူ့နာမည်ကို ပြောပြီးနောက် အရင်ကနဲ့ မတူဘဲ၊ သူ့ကိုစကားသေချာပြန်ပြောလာတယ်။ He Pingyi၏ တစ်ဖက်သတ်စကားပြောဆိုခြင်းကို ခွင့်မပြုတော့ပေ။ ဤအချက်က He Pingyiသည်Jing Can၏ ဆင်ခြင်တုံတရားနှင့် ပတ်သက်၍ အတည်ပြုခဲ့သည်။
“အိုး… strokeများတဲ့Can။”
He Pingyi က ထပ်ခါတလဲလဲရွတ်ဆိုရင်း အားကစားကွင်းဘက်ကို လှည့်ကြည့်လိုက်တော့ အားကစားမျိုးစုံ ကစားနေတဲ့ ကျောင်းသားအုပ်စုတွေကို တွေ့လိုက်ရတယ်။ ဟိုဘက်မှာ ဆူညံသံတွေ အရမ်းများနေပေမယ့် He Pingyi နဲ့ Jing Can နဲ့ ရပ်နေတဲ့ နေရာကတော့တိတ်ဆိတ် သာယာပြီး သက်တောင့်သက်သာရှိလှပါတယ်။
“ငါတို့အတန်းက လူစုတော့မယ်။”
တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သော အရာမှာ တိတ်ဆိတ်ခြင်းပင်ဖြစ်သည်။ ထိုစကားကြားပြီးနောက် Pingyiက ချက်ချင်း ခေါင်းညိတ်လိုက်သည်။
သူထွက်သွားဖို့ ရည်ရွယ်ချက်မရှိသေးတာကိုမြင်တော့ Jing Can က “ငါသွားပြီ၊ မင်း ဘတ်စကတ်ဘော မကစားဘူးလား?”
“အင်း” He Pingyi သည် နောက်ဆုံးတွင် သတိပြန်လည်လာကာ “ငါသွားတော့မယ် ငါသွားမယ်။”
သူက ရှေ့ကို ခြေတစ်လှမ်းတိုးပြီး ဘောလုံးယူဖို့ အောက်ကို ငုံ့လိုက်တယ်။ သူမတ်တပ်ထရပ်လိုက်ချိန်မှာတော့ Jing Canကသူ့ကို ကြည့်နေတာကို တွေ့လိုက်ရတယ်။
“မင်း ဘတ်စကတ်ဘောဆော့တာတော်တော်ကောင်းလား”
“အင်း” ဟဲပင်ယီက ခဏလောက်စဉ်းစားပြီး ကျိုးနွံဖို့ ဆုံးဖြတ်လိုက်တယ်။ “ငါက မဆိုးဘူးလို့ ယူဆလို့တော့ရပါတယ်။ ဘတ်စကတ်ဘော ကစားချင်လို့လား၊ ငါသင်ပေးမယ်။”
ဒီတစ်ကြိမ် Jing Can ရဲ့ အပြုံးက He Pingyi သူ့ကို ပထမဆုံးစတွေ့တုန်းကထက် ပိုကျယ်တယ်။ဒါပေမယ့်ကြည့်ကောင်းနေတုန်းပါဘဲ။
“ငါက အရမ်းပုတယ်”
“ရပါတယ်၊ အားလုံးက အပျော်သက်သက်နဲ့ဘဲဟာ အရပ်က အရေးမကြီးပါဘူး။” “မင်း သင်ယူချင်ရင် ငါ့ဆီအချိန်မရွေးလာခဲ့လို့ရတယ် ငါသင်ပေးမယ်။”
အတန်း ရှစ်မှ ကာယပညာဆရာရဲ့ လေချွန်သံကြောင့်လား၊ ဒါမှမဟုတ် Jing Canကသူ တကယ် သင်ယူချင်သလားဆိုတာ မဆုံးဖြတ်ရသေးလို့လားမသိ ။ မည်သို့ပင်ဆိုစေကာမူ Jing Can က ပြုံးကာ ခေါင်းညိတ်ရင်း “ကောင်းပြီ” ဟု ပြောသည်။
ဒီအဖြေကိုရရှိပြီးနောက် He Pingyi ဟာ ဘတ်စကတ်ဘောကိုကိုင်ပြီး ထွက်ခွာဖို့စီစဉ်ခဲ့ပါတယ်။
“အိုး၊ မေ့လို့” He Pingyi လှည့်ကြည့်လိုက်ရင်း Jing Can ၏ခြေကျင်းဝတ်ကို တစ်ချက်ကြည့်လိုက်တယ်။ သူမြင်လိုက်ရတဲ့ ဒဏ်ရာတွေနဲ့ကွဲနေတဲ့ အရေခွံတွေကို ပင်းကြီး သတိထားမိသွားပြီး “မင်းဒဏ်ရာကြည့်ဖို့ ဆေးရုံကို သွားချင်လား။ မကုသရင် နွေရာသီမှာ ရောင်ရမ်းလွယ်တယ်။”
“ရပါတယ်” Jing Can က ဒါကို သိပ်ဂရုမစိုက်ပါဘူး။ ခြေထောက်ကိုလည်း မြှောက်ပြီး လှိမ့်လိုက်တယ်။ “မစိုးရိမ်ရပါဘူး။ ကျောင်းပြီးရင် ဆေးလိမ်းလိုက်မယ်”
Ping yiက ခေါင်းညိတ်လိုက်သည်။
Ping yiသည် သူ့လက်ထဲတွင် ဘောလုံးကိုကိုင်ကာ အကွာအဝေးတစ်ခုသို့ ပြေးသွားသည်။ သူပြန်လှည့်ကြည့်လိုက်တော့ Jing Can က ကြော်ငြာဘုတ်ဘေးမှာ သူ့ကို စူးစူးစိုက်စိုက်ကြည့်နေရင်းရပ်နေတုန်းဆိုတာကို တွေ့လိုက်ရတယ်။ သူ့အမူအရာက ငြိမ်သက်နေပြန်သည် ။ He Pingyi ၏နှလုံးတုန်လှုပ်သွားပြီး သူ့ခန္ဓာကိုယ်ကို လှည့်ကာ နောက်ပြန်ဆုတ်ရင်း Jing Can ကို လက်ဝှေ့ယမ်းလိုက်သည်။
Jing Can က ဘာတုံ့ပြန်မှုမှ မရှိဘဲ Pingyiအား ခေါင်းကို စောင်းကာ မျက်ခုံးတွန့်ကာ ပြုံးရင်းရပ်ကြည့်နေ၏။
Jing Canကနောက်ဆုံးမှာတော့သူ့ကိုပြုံးပြပြီး သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်တယ်။
A/N ဒီမှာJing Canရဲ့CanကStrokeနဲ့Canဆိုတာကိုမြန်မာလိုဆီလျော်အောင်ဘယ်လို့ပြန်ရမလဲမသိလို့တိုက်ရိုက်သာပြန်လိုက်ပါတယ် ထောက်သွားရင်ဆောတီးပါဘာသာပြန်တာfirst tryမလို့အမှားတွေလဲရှိနိုင်ပါတယ်နားလည်ပေးကြပါရှင့်