(Characters)
JingCanဆိုတဲ့characterကိုဖန်တီးထားပုံကအရမ်းလက်တွေ့ဆန်တယ်။သူ့ဇာတ်ကောင်ကိုကြည့်ရင်စာနာတတ်တာရောကြောက်ရွံ့မှုတွေကိုပါတွေ့ရလိမ့်မယ်။တကယ်တော့သူကသာမာန်ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းချင်နေတဲ့ကောင်လေးတစ်ယောက်ပါဘဲ။သူ့ဇာတ်ကောင်ကအရမ်းလူသားဆန်ပြီးလက်တွေ့နဲ့နီးစပ်လို့သူ့ကိုတကယ်ကြိုက်မိတယ်။
He Pingyiဇာတ်ကောင်ကိုတော့အများကြီးမပြောချင်ပါဘူး။မပြောချင်ရတာကိုလဲဖတ်ကြည့်ရင်နားလည်မယ်လို့ထင်ပါတယ်။ဒါပေမယ့်သူကဖတ်တဲ့သူရဲ့နားလည်ပေးနိုင်မှုအပေါ်မှလိုက်ပြီးကွာခြားသွားနိုင်တဲ့ဇာတ်ကောင်တစ်ခုပါဘဲ။He Pingyiကငါကိုယ်ချင်းစာနိုင်တဲ့ငါနဲ့နီးကပ်တဲ့ဇာတ်ကောင်တစ်ခုလို့ခံစားရတယ်။
“Mental health matters”
Plot:
ဒီnovelကသာမာန်အချစ်အထက်တန်းကျောင်းအချစ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပြီးဇာတ်ကွက်နဲ့ပတ်သတ်ပြီးထူးခြားတာမရှိပေမယ့်ဇာတ်ကောင်တွေနဲ့သူတို့ရဲ့အတွေ့အကြုံတွေကနေဇာတ်ကွက်ဖြစ်ပေါ်လာတာဖြစ်တယ်။အဓိကဇာတ်ကောင်တွေဘဲမဟုတ်ဘဲside characterတွေကိုပါအရောင်အသွေးစုံစုံလင်လင်နဲ့လှလှပပရေးသားထားတဲ့novelတစ်ပုဒ်ဖြစ်လို့ လေးနက်လှပလှတယ်