(Prologue)
Song Yinan သတိပေးပြီးတဲ့နောက်မှာ Jing Can ကသူ့အတွက် စိတ်မသက်မသာမှုကို ခံစားခဲ့ရတယ်-ဒီအိမ်ကြီးမှာ အရာ၀တ္ထုများစွာရှိနေတာကိုလဲ သိရှိခဲ့တယ်။ အရာ၀တ္ထုများလေလေ Song Yinan ရဲ့ဇာတ်လမ်းတွေနဲ့ အဓိပ္ပါယ်တွေက ပိုပြီးများလေလေဖြစ်သည်။ ဒါပေမဲ့ Jing Can အတွက်ကတော့သမိုင်းတွေနဲ့ပြည့်နှက်နေတဲ့အိမ်ကြီးတစ်အိမ်ဖြစ်နေပြီး ထိုအိမ်ကြီးရဲ့အကြောင်းကို ပုံပြင်တစ်ပုဒ်လို နားမလည်နိုင်ဖြစ်နေခဲ့တယ်။
Song Yinanက ပြတင်းပေါက်ဆီကိုလမ်းလျှောက်သွားပြီး ပြတင်းပေါက်ကိုဖွင့်လိုက်တယ်။ ပြတင်းပေါက်ဖွင့်ရာမှာ ချောချောချူချူမဖြစ်ဘဲ တွန်းဖွင့်ခဲ့ရသည်။ ပြတင်းပေါက်ရှေ့မှာ စားပွဲတစ်လုံးရှိနေပြီး သူ့ဘေးနားက Song Yinanသည် ရုတ်တရက်လှည့်ကြည့်ပြီး သူ့အားဝှေ့ယမ်းလိုက်သည်။ နေရောင်ခြည်ရဲ့ လှည့်စားမှုဖြစ်နေနိုင်သော်လည်း ထိုအချိန်တွင် Song Yinan ရဲ့အမူအရာသည်အိမ်တွင်ရှိသော မိခင်တစ်ယောက်နှင့် လုံး၀တူညီမနေပါ။
အိမ်ရှေ့ခြံစည်းရိုးတွင် တွားသွားစပျစ်နွယ်ပင်တွေမှာ အသီးပင်သိပ်မသီးပါ။ ခြံ၀ကနေ လမ်းမပေါ်ကိုမြင်နေရသော်လည်း ယခုအချိန်က နေ့လည်စာစားချိန်ဖြစ်၍ မည်သူမျှ လမ်းပေါ်တွင်ရှိမနေဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။
“ငါငယ်ငယ်က ဒီပြတင်းပေါက်မှာအိမ်စာလုပ်ရတာကို အရမ်းကြိုက်တာ။ ပြတင်းပေါက်က မှော်ဆန်လို့ တစ်ခါတစ်လေ ပြတင်းပေါက်ကိုငေးကြည့်ရင်း အချိန်တွေကုန်သွားတတ်တယ် အချိန်တွေအကြာဆုံးဖြစ်သွားပြီး တစ်နေ့ခင်းလုံး ထိုင်ငေးကြည့်မိနေမှန်းတောင် မသိလိုက်ဘူး” Song Yinan က Jing Can ကိုကြည့်ပြီး ရုတ်တရက်နှုတ်ခမ်းလှုပ်ပြကာပြုံးပြပြီး “ပြတင်းပေါက်က မှော်ဆန်တာမဟုတ်ဘဲ စာမသင်ချင်လို့ဆိုတာကို နောက်မှသိလာတယ်”။
ထိုစကားကြောင့် Jing Canက ပေါ့ပေါ့ပါးပါးပြုံပြလိုက်ပြီး ခေါင်းကိုမော့ကာအပြင်ကိုကြည့်လိုက်တဲ့အချိန်မှာ လေပြင်းတွေတိုက်ခတ်လာပြီး သူ့ရဲ့နှလုံးသားတွေကို တုန်လှုပ်သွားစေတယ်။
“အခုကဇွန်လပဲ”
“ရေသောက်လိုက်အုန်းမယ်”
Song Yinan က စကားပြောပြီးနောက် ပြန်လှည့်သွားပြီး Jing Canက မီးဖိုချောင်ဘက်သို့လှည့်ကာ ခေါင်းငုံ့ကာစဉ်းစားရင်း ထိုင်ခုံပေါ်သို့ဖြေးညှင်းစွာ ထိုင်ချလိုက်သည်။
စားပွဲကိုငုံ့ကြည့်ကာထိုင်နေပုံသည် မူလတန်းကျောင်းသားတစ်ဦး လက်ပိုက်၍ထိုင်နေသောပုံနှင့် တူသည်။
သူ့ရှေ့တွင် စာအုပ်တန်းတစ်တန်းရှိပြီး Jing Canသည် ယခင်က Song Yinan သုံးခဲ့သင့်သော ဂျူနီယာအထက်တန်းနှင့် စီနီယာအထက်တန်းစာအုပ်များကို တစ်ချက်ကြည့်လိုက်သည်။သူသည် နှုတ်ခမ်းကိုအသာအယာကိုက်ပြီး လက်ကိုမြှောက်ကာ စာအုပ်တွေထဲကတစ်အုပ်ကိုလှမ်းယူဖို့လုပ်လိုက်တယ်။ ဒါပေမယ့် စာအုပ်ကိုထိခါနီးမှာဘဲသူ့လက်ကိုလေထဲက ပြန်ရုတ်သိမ်းဖို့ရပ်တန့်လိုက်တယ်။
ခဏအကြာတွင် Jing Can သည် သူ့လက်ကို ရုတ်သိမ်းလိုက်ပြီး အတွင်းမှ အကြောင်းအရာများ၊ ရေးထားသော မှတ်စုများနှင့် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကစာအုပ်များကို သူမြင်သလိုဘဲ စာအုပ်တန်းများကို စိုက်ကြည့်မိသည်။
လေက ရုတ်တရက် လေပူတွေတိုက်ခတ်ပြီး ပြတင်းပေါက်ဘက်က အရင်ကတိတ်ဆိတ်ပြီး အသံတစ်ခု ထွက်ပေါ်လာသလို တစ်ခုခုပြုတ်ကျသွားသည့်အသံထွက်လာပြီး ထိုအရာ၀တ္ထုသည်မြေပြင်ကို ထပ်ခါထပ်ခါ ရိုက်နေသည့်အသံမျိုးပင်ထွက်နေသည်။
ဘတ်စကတ်ဘောလား?
Jing Can သည် သူ့စိတ်ထဲတွင် အနည်းငယ်တုန်ခါနေပြီး လက်နှစ်ဖက်စလုံးကို တွန်းလှန်ကာ အမြန်ထရပ်လိုက်ပြီး ပြတင်းပေါက်ရှေ့ကိုငုံ့ပြီးကြည့်လိုက်ကာ ပြတင်းပေါက်နားမှာရှိသောလမ်းမှာ ဘတ်စကက်ဘော ခုန်နေတာကို တွေ့လိုက်ရတယ်။ Jing Can သည် သူ၏လည်ပင်းကို ရှေ့သို့ဆန့်ကာ ဘတ်စကတ်ဘောလာရာလမ်းကြောင်းအတိုင်းကြည့်ပြီး ဘောလုံးနောက်မှလိုက်လာသောလူကို မြင်အောင်ကြည့်သည်။ ဒါပေမယ့် အဲဒီလူက သူ့အဖော်တွေနဲ့ စကားပြောနေပုံရပြီး ခပ်လှမ်းလှမ်းမှာ ရပ်တန့်နေကြသည်။ Jing Can သည် သူ့ခေါင်းကို ဆန့်နိုင်သလောက်ဆန့်ထားသော်လည်း အပြာရောင်သွေးပြန်ကြောများကို မမြင်မချင်း သူ၏လက်များ တင်းမာနေသော်လည်း ထိုလူ၏မျက်နှာနှင့် ပုံသဏ္ဍာန်ကို ပုံဖော်နိုင်စွမ်းမရှိပေ။ ဦးထုပ်ဖြင့်မျက်နှာကို ဖုံးကွယ်ထားပြီး ထိုလူ၏မျက်လုံးများကို မမြင်နိုင်အောင် ပိတ်ဆို့ထားသည်။
တစ်စုံတစ်ယောက်က ရယ်မောနေပြီး ဦးထုပ်ဆောင်းထားသည့် အမျိုးသားက ခေါင်းကို စောင်းကာ မေးစေ့ကို မြှောက်ထားသည်။
Jing Can သည် အံသြသွားပြီး ခဏတာတွေဝေပြီးသည့်နောက်မှာ သူ့လက်တွေ ရုတ်တရက် ခွန်အားတွေ ပျောက်ဆုံးသွားသလို ထုံကျင်သွားတယ်။ သူသည် သူ၏ ယခင်ပုံစံအတိုင်း ပြန်၍မတ်တပ်ရပ်နေပြီး ခန္ဓာကိုယ်က ရုတ်တရက် ပြန်လည်ကောင်းမွန်လာသော်လည်း သူ့ခြေထောက်များမှာ အလွန်အားနည်းသွားသည်ဟု ခံစားရသည်။
“Xiao Can?”
Song Yinan ရဲ့ အသံရုတ်တရက်ထွက်လာသဖြင့် Jing Can လှည့်ကြည့်လိုက်သောအခါ သူ့မျက်နှာပေါ်ရှိ အမူအရာကို ခန့်မှန်းနိုင်မည့် အချိန်မရှိပေ။ Song Yinan က သူ့အမူအရာကို သတိပြုမိပြီး သူမကိုင်ထားတဲ့ ခွက်တစ်ခွက်မှာ သူမလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည် ။
Jing Can သည် သူ့နဖူးပေါ်မှ ချွေးများ လျင်မြန်စွာထွက်နေသည်ကို ခံစားလိုက်ရပြီး သူသည် Song Yinan ၏အကြည့်ကို အမြန်ရှောင်လွှဲပြီး ခေါင်းကိုငုံ့ကာ ခန္ဓာကိုယ်ကို စားပွဲနှင့်မှီလိုက်သည်။
“ခေါင်းကိုက်နေပြန်ပြီလား”
Song Yinan ၏ အသံသည် အလွန်နူးညံ့ပြီး Jing Can နားထောင်သောအခါ နူးညံ့လွန်းသည်ဟု ခံစားလိုက်ရသည်။
“မဟုတ်ဘူး” Jing Can က ခေါင်းခါလိုက်ပြီး သူ့ခန္ဓာကိုယ်က ပြန်လည်သန်စွမ်းလာတယ်လို့ ခံစားလာရတဲ့အခါ သူမကို ပြန်ကြည့်လိုက်တယ်။
Song Yinan က ဘာမှပြန်မပြောဘဲ သူ့လက်ထဲရှိရေဖန်ခွက်ကိုကမ်းပေးကာ တစ်ရှူးတစ်ရွက်ကို ထုတ်ကာ နဖူးပေါ်ရှိ ချွေးများကို သုတ်လိုက်သည်။
“နည်းနည်းပူတယ်။” Song Yinan သည် အိမ်လုပ် ဝါးလုံးနှင့် ချိတ်ကို နံရံမှယူကာ ရှေ့သို့တွန်းထုတ်ပြီး ပြတင်းပေါက်ကိုပိတ်ရန်ရန် အသုံးပြုခဲ့သည်။ “ဒီမှာ စားပွဲထားရတာမို့ ပြတင်းပေါက်ပိတ်ဖို့ မလွယ်ဘူး။ အဖေက ပိတ်ဖို့သုံးတဲ့ ဒီတိုင်နဲ့ပဲလုပ်လို့ရတယ်။”
ပြတင်းပေါက်ကိုပိတ်ပြီးနောက်၊ Song Yinan သည် Jing Can ဆီသို့ အမှတ်မထင် လှည့်ကြည့်လိုက်ရာ အပြင်ဘက်သို့ စူးစူးစိုက်စိုက်စိုက်ကြည့်ရင်း ခေါင်းလှည့်လာသည်ကို တွေ့လိုက်ရသည်။
“ဒီည ဘာစားချင်လဲ” Song Yinan က တမင်တကာ ချောင်းဆိုးလိုက်ပြီး “မင်းအဖေနဲ့ Xiao Wei က ညစာစားဖို့ အိမ်ပြန်မှာမဟုတ်ဘူးဆိုတော့ စောစောပြန်စရာ မလိုဘူး။ မင်းကိုစားဖို့ ခေါ်သွားလိုက်မယ်”
“ဒီမှာနေပြီး စာသင်လို့ရမလား”
“ဟင်?” Song Yinan သည် Jing Can ၏မေးခွန်းကြောင့် အံ့အားသင့်သွားပြီး နံရံကိုမှီကာ ရပ်တန့်လိုက်သည်။
“စာသင်မယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။”
“ကျွန်တော့အသက် ဘယ်နှနှစ်ရှိရမှာလဲ” Jing Can က မျက်လုံးတွေကို ငုံ့ပြီး လက်ညိုးကို ကွေးပြီး ရေဖန်ခွက်ရဲ့ မျက်နှာပြင်ကို ပုတ်လိုက်ပြီး “အထက်တန်းကျောင်း ဖြစ်သင့်တယ်… ဒုတိယနှစ်လား? တတိယနှစ်?”