18+

A Train Named Evil

0
Your Rating
A Train Named Evil 0 (0)
507
Comments
2 Users bookmarked This

မရဏရထား

Type – Webnovel (CN)
Author – 江亭
Genre – Action, Adult, Mature, Smut, Mystery, Romance, Yaoi
Translator – Kiiro, Galene
*******

ဇာတ်လမ်းမိတ်ဆက်

ထန်ကျိုး ၉/၂၇ လူသတ်မှု၏ သံသယရှိသူ ကျိုးယန်လင်မှာ K4133 မီးရထားပေါ်၌ ‌ထွက်ပေါ်လာခဲ့သည်။ ရထားအရာရှိ ဝူဖုန့်ရုန်က ထိုသတင်းကို ကြားသိရသည့်အချိန်တွင် သူ လှည့်ပတ်စစ်ဆေးကာ ကင်းလှည့်နေသည့်အချိန်ပင်။

ဤရထားပေါ်၌ အမျိုးမျိုးသော အင်အားစုများက ရောထွေးနေကြလျက် အမှန်တရားမှာ စိတ်ရှုပ်ထွေးစရာ ကောင်းလှသည်။ ထို့အပြင် သံသယရှိသူမှာ မီးရထားအရာရှိနှင့် မရှင်းမလင်းဆက်ဆံရေး ရှိနေသေး၏။

ကျိုးယန်လင် ဝူဖုန့်ရုန်လို မက်လောက်စရာ ကိုယ်လုံးကိုယ်ပေါက်နှင့် ကြော့ကြော့မော့မော့ နေထိုင်ပြောဆိုပုံတို့ဖြင့် တောက်ပနေသည့် လူကို တစ်ခါမှ မမြင်တွေ့ခဲ့ရဖူးပေ။ ကျိုးယန်လင်မှာ ထိုဆန်းသစ်လှသည့် တည်ရှိမှုလေးကြောင့် ဆွဲဆောင်ဖြားယောင်းခံခဲ့ရသည်။

ဝူဖုန့်ရုန်မှာမူ ကျိုးယန်လင်က တစ်ခုခုကို လျှို့ဝှက်ဖုံးကွယ်ထားသည် ဟူသော အသိကြောင့် တိတ်တဆိတ် စောင့်ကြည့်လျက်။ ထိုသူက မည်သူ့ကို လာရောက်လှည့်စားရန် ပြင်နေသည်လဲ။ သူ အလိုက်သင့် နေနေ၍သာ ထိုသူက သူ့ကို လှည့်စားနိုင်လိမ့်မည်။ ထိုကစားကွက်သာ ပြီးဆုံးသွားပါက ဝူဖုန့်ရုန် လူမြင်ကွင်းတွင် ပြဿနာရှာရန် သူ့ကိုယ်သူ ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ပေ။ လက်ရှိအခိုက်အတန့်တွင် သူတို့နှစ်ယောက်မှာ တိတ်တဆိတ် စောင့်ဆိုင်း၍ ကိုယ်ပိုင်အတွေးများနှင့် ရည်ရွယ်ချက်များကို တိတ်တဆိတ် မွေးမြူခဲ့လေသည်။

ထန်ကျိုးမှ ပိုင်ဟယ်အထိ နာရီသုံးဆယ်ခရီးမှာ ရှည်ကြာပေဦးမည်။

*******
SWARA WEBNOVEL TRANSLATION

Genre(s)
Tags(s)