Hi!
ဟိုင်း!
သတင်းကောင်းနဲ့ သတင်းမကောင်းအကြောင်းပါ ပြောထားတာ မေ့များနေကြပြီလား👀
ကိုယ့်အတွက် သတင်းကောင်းကတော့ မမျှော်လင့်ထားဘဲနဲ့ပေါ့နော် page တစ်ခုမှာ အလုပ်ရသွားခဲ့ပါတယ် ရေး🎉
သတင်းမကောင်းတာကတော့ အလုပ်ရသွားတော့ ဘာသာပြန်တာကို အချိန်အပြည့်အဝမပေးနိုင်တော့လို့ပါ၊ အမှန်တော့ အစက ပေ့ယောင်တို့က ပြီးဖို့ သိပ်မလိုတော့တာမလို့ သင်္ကြန်မတိုင်ခင် သူတို့ကို အပြီးဖြတ်လိုက်ချင်တာကြောင့် မင်ကျူးတို့ဘက်ကို ခဏရပ်ထားမလို့ပါပဲ ပေ့ယောင်တို့ပြီတာနဲ့ မင်ကျူးတို့ကို တစ်ပတ်ခုနစ်ရက်စလုံး အမုန်းရေးတော့မယ်ပေါ့ဆိုပြီး တွက်ထားခဲ့တာ🤧၊ အခုတော့ မင်ကျူးတို့ကိုလေ အင်္ဂလိပ်ဘာသာပြန်အတိုင်း အပိုင်းတိုလေးတွေအနေနဲ့ပဲ တစ်ရက်တစ်ပိုင်း တနင်္လာသောကြာ ငါးရက်ဆိုပြီး သွားလိုက်တော့မလားလို့၊ အရှေ့မှာ ပြောထားခဲ့ပါသေးတယ် အင်္ဂလိပ်သာသာက ဖြတ်ထားတာ မူရင်းတစ်ပိုင်းကို သူ သုံးပိုင်းပါ ကိုယ်တောင်မှ တိုလို့သဘောမကျလို့ မူရင်းအတိုင်း အပိုင်းအပြည့်ပြန်နေခဲ့တာ အခုတော့ စိတ်မကောင်းစွာနဲ့ပဲ မရတော့ပါဘူး၊ ငါးရက်ဆိုတော့ တစ်ပတ်ကို မူရင်းနှစ်ပိုင်းစာလောက်တော့ ယူတို့ ဖတ်လို့ရမှာပေါ့နော်(စိတ်မကောင်းပါဘူး🥺) အဲ့ဒါကြောင့် တစ်ပတ် နှစ်ပိုင်းပဲ ထားလိုက်ပါအုံး စနေတနင်္ဂနွေမှာပဲ အပိုင်းပြည့် နှစ်ပိုင်း လိုချင်လား ဒါမှမဟုတ် တစ်ရက်တစ်ပိုင်းစီနဲ့ အပိုင်းခွဲလေးတွေကို လိုချင်လားပေါ့နော်၊ ဒါကိုတော့ ကိုယ့်ရဲ့ရီဒါလေးတွေ ဖတ်ချင်သလို အဆင်ပြေအောင် လုပ်ပေးပါမယ်လေနော် တစ်ပတ်နှစ်ပိုင်းကတော့ သေချာအောင် အပ်ပေးမှာပါ ပေ့ယောင်တို့ ပြီးသွားရင်တော့ တစ်ပတ် သုံးလေးပိုင်း အပြည့်ပြန်နိုင်အောင် ကြိုးစားပေးပါ့မယ်😐 သူက 106မှာ ပြီးမှာဆိုတော့ တစ်ဝက်လောက်တော့ ရောက်သွားခဲ့တယ်ပေါ့နော်၊ နောက်အပိုင်းတွေကိုတော့ ဖြည်းဖြည်းလေးနဲ့ ညိမ့်ညိမ့်လေး သွားကြရအောင်နော်
ပြီးတော့ နောက်တစ်ခုက နိုဗယ်နာမည်ကို ပြောပြထားပေးပြီးသားမလို့ သွားဖတ်လို့ရပါတယ်နော်၊ မဖြစ်မနေ ကိုယ်မှကိုယ်ပဲ ဆိုရင်တော့ နားထောင်မယ်ဆို ဖတ်ပြပေးမယ်( ꈍᴗꈍ) နဂိုကတည်းက စာရိုက်ရင်းနဲ့ ဒီအပိုင်းချည်းပဲ ထပ်ခါတလဲလဲ ပြန်ပြန်ဖတ်နေတော့ အလွတ်တောင် ရနေပါပြီ၊ စပွိုင်တော့ လာမမေးကြပါနဲ့တော့နော် သိနေရင်လည်း မပြောရဘူး၊ အကုန်သိနေရင် ဖတ်ရတာ အရသာရှိမှာ မဟုတ်ဘူးလေနော်၊ HE ဆိုတာကတော့ သိကြတယ်မလား ကျုံးကော်နိုဗယ်တို့ရဲ့ထုံးစံအတိုင်းပဲ ဇာတ်လမ်းဇာတ်ကြောင်းတွေကတော့ တခြားနိုဗယ်အများစုနဲ့ တစ်ရာမှာ ခုနစ်ဆယ်လောက်ကတော့ တူနေပြီးသားပါ၊ သူ့vibeအတိုင်း ဖတ်ချင်ရင်တော့ စုန့်လွမ်တို့ကို သွားဖတ်ကြည့်လို့ရပါတယ် အတူတူပါပဲ အဲ့အတိုင်းပါပဲ အဲ့ဒီလိုပါပဲ…ဒါလေးပါပဲ ပြောပြချင်တာတွေကတော့ ကုန်ပါပြီ။
Edit: စုန့်လွမ်၊ကျောက်နန်ယွိ (အမတ်မင်းရဲ့ ရှုမငြီးတဲ့ချစ်စနီး) စဆုံစဘာသာပြန်ထားပြီးသားရှိ၊ အင်္ဂလိပ် ဖတ်ချင်တာဆို wife can’t escape
ခဏခဏအပြောင်းအလဲဖြစ်နေတဲ့အတွက် အဆင်မပြေမှုများ ရှိသွားခဲ့ရင် မီယားနဲး🙇🏿
ဖတ်ရှုအားပေးနေကြတဲ့သူတွေအကုန်လုံးကို ဂေါ်မာဝါရော🫶🏿
XOXO💋
Hannah
ပေ့ယောင်လေးကိုပြီးအောင်ပြန်တာပိုကောင်းပါတယ်ရှင့်ဖတ်ချင်လွန်းလို့သူ့ကိုပိုမျှော်နေရတာ😊
မင်ကျူးကတော့ တစ်ပတ်၂ပိုင်းတင်တာလည်းကောင်းပါတယ် ကိုယ်ကတော့ အပိုင်းတိုရင်ဖတ်ရတာအားမရလို့😁😁
Angel12345
အပိုင်းရှည်ကြီး တစ်ပတ်နှစ်ပိုင်းပါ သာသာရေ
thazinyuyu hlaing
ပေ့ယောင်က ဘာဝတ္ထုလဲဟင်
Wife can’t escape ကရော ဒီမှာဖတ်လို့ရလားဟင်