Chapter 1
(1)
“ကျန့်ကျန့်သားရေထတော့လေကျောင်းသွားရမယ်မလား”
“မားငါးမိနစ်လောက်”
“ထမလားမထဘူးလား။”
“ထပြီလို့”
“ရေမိုးချိုးပြီးအောက်ဆင်းလာခဲ့မြန်မြန်လုပ်”
“ဟုတ်”
💌💌💌💌💌💌💌💌💌💌
“မားရေ!!!!!”
“ဟဲ့အော်ဖြည်းဖြည်းဆင်းလာပါချော်လဲကုန်တော့မယ်”
“ဟီးမားကလည်းမလဲပါဘူးဗျာ”
“ရော့ဒီမှာမုန့်ဖိုးသူငယ်ချင်းတွေနဲ့ရန်မဖြစ်နဲ့နော်ကြားလားတည့်အောင်နေကြ”
“ဟူတ်ကဲ့ပါမားရယ်။ သားသွားပြီး။ မွ။”
“အေအေ”
💌💌💌💌💌💌💌💌💌💌
ကျွန်တော့်နာမည်ကရှောင်းကျန့်ပါ။ ဆယ်တန်းအောင်လို့တက္ကသိုလ်တက်နေပြီဗျာ့။ ကျွန်တော်ကအဖေမရှိဘူး။ အမေပဲရှိတာ။ အဖေကျွန်တော်ငယ်ငယ်ထဲကဆုံးသွားတာဗျာ့။ အဲ့တော့ကျွန်တော့အမေကကျွန်တော့ကိုအလိုလိုက်တော့ဆိုးနေတာပေါ့ဗျာ။ ကျောင်းမှာကျွန်တော် crush နေတဲ့စီနီယာတစ်ယောက်ရှိတယ်ဒါမယ်ကျွန်တော်သူ့ကိုအဝေးကနေပဲကြည့်နေတာ။ မဟုတ်ရင်ကျွန့်တော်ကြိုက်နေတာသိသွားကြည့်ကျွန်တော့်ကိုယောကျာ်းအချင်းချင်းကြိုက်တယ်ဆိုပြီးလှောင်နေမှာ။ ကျွန်တော်ကသူတစ်ယောက်ပဲကြိုက်တာပါတခြားဘယ်သူမှကြိုက်တာမဟုတ်ဘူးအဲ့တာတွေသူမသိဘူးဗျာ့။
💌💌💌💌💌💌💌💌💌💌
အိမ်တော်တစ်ခုတွင်
“ပါး!!!!ကျွန်တော်မလုပ်နိုင်ဘူး!ကျွန်တော်စိတ်မပါသေးဘူးလို့ပြောနေတယ်လေဗျာ!!
“ဝမ်ရိပေါ်!!မင်းငါ့ကိုအော်စရာမလိုဘူး!ငါကမင်းအဖေမင်းငါ့စကားကိုနားထောင်ရမယ်ကျန်တာငါမသိချင်ဘူး!ကျောင်းပြီးတာနဲ့ငါ့ကုမ္ပဏီမှာလာလုပ်ရမယ်ဒါပဲ။ ဘာမှထပ်မကြားချင်ဘူး။”
“ကျွန်တော်မလုပ်နိုင်ဘူး”
“ဝမ်ရိပေါ်!!မင်းငါ့ကိုအာခံနေတာလား!!!”
“အာခံနေတာမဟူတ်ဘူးကျွန်တော်မကြိုက်တာကိုလာမလုပ်ခိုင်းနဲ့မကြိုက်ဘူး!”
“အေငါကလည်းမင်းကိုမရရတဲ့နည်းနဲ့လုပ်ခိုင်းမှာပဲ”
“ကျွန်တော်ကတော့မလုပ်နိုင်ဘူးအပြတ်ပြောပြီးပြီနော်ပါး”
“ခလွမ်း”
(ဇွန်းပစ်ချသံ)
“ကျွန်တော်ကျောင်းသွားပြီစားချင်စိတ်လည်းမရှိတော့ဘူး”
💌💌💌💌💌💌💌💌💌💌
ကျွန်တော့နာမည်ကဝမ်ရိပေါ်။ တွေ့တဲ့အတိုင်းပဲအဖေနဲ့မတည့်ဘူး။ ဟက်! ကျွန်တော့ကိုအမြင်မကြည်တာပေါ့။ ကျွန်တော်ကငယ်ငယ်ထဲကတစ်ယောက်ထဲနေလာတာသူငယ်ချင်းဆိုလို့ဟောက်ရွှမ်းတစ်ယောက်ပဲရှိတာသူပဲကျွန်တော့အပေါ်ကောင်းတာတခြားသူတွေကကျွန်တော့ရုပ်ရည်နဲ့ချမ်းသာတာကိုပဲကြည့်ပြီးကပ်နေကြတာအဲ့လိုလူတွေကိုကျွန်တော်မကြိုက်ဘူး။အဲ့ကြောင့်တချို့ကကျွန်တော့်ကိုမာနကြီးလို့မပေါင်းတာပေါ့။ကျွန်တော့်အပေါ်စိတ်ရင်းနဲ့ပေါင်းတာဆိုလို့ဟောက်ရွှမ်းတစ်ယောက်ပဲရှိတာ။ထူးဆန်းတာကကျောင်းကဂျူနီယာလေးတစ်ယောက်ပဲ။ကျွန်တော့်ကိုလာပေါင်းချင်တာထင်တယ်။သူလဲသူများတွေနဲ့တူတူပဲထင်ပါတယ်။ဟက်!ဘဝကြီးကသာယာတယ်ဗျာ။
💌💌💌💌💌💌💌💌💌💌
At school
“ဟေ့ကောင်မင်းကောင်ကြီးကလာဦးမှာလားကွာ။ငါတို့စောင့်နေတာကြာလှပြီ။အတန်းလွတ်တော့မယ်ကွ”
“အေပါကျိရန်ရာခဏလေးပါ”
ဟေ့ကောင်အတန်းတက်ရဦးမယ်။နေ့လည်မှလာလို့မရဘူးလား။ရှောင်းကျန့်ငါတို့မနက်စာမစားရသေးဘူးကွ”
“အေပါယွီပင်းရာခဏလေးနေပါဦး။သူလာမှာပါ”
“အဲ့မှာစောင့်နေလိုက်”
“စောင့်မှာပဲ”
“သွားပြောမနေနဲ့ယွီပင်းအဲ့စီနီယာကိုမရရင်သူ့မှာသေတော့မလိုပဲဖြစ်နေတာ”
“ဟိုမှာလာပြီ”
အခုရောက်နေတာကကျောင်းကန်တင်းမှာပါရှောင်းကျန့်တို့သူငယ်ချင်းသုံးရောက်ကဝမ်ရိပေါ်နဲ့သူ့သူငယ်ချင်းဟောက်ရွှမ်းရယ်ကိုစောင့်နေတာပါ
“ရိပေါ်”
“…….”
“မင်းဖားသားရီးနဲ့ရန်ဖြစ်လာကြပြန်ပြီလား”
“…….”
“မင်း “အ” သွားတာလား”
“ဟေ့ရောင်နားမညီးလို့မရဘူးလား”
“ဟူတ်ပါပြီအခြေကိုယ်တော်ဝမ်ရိပေါ်ရယ်ကျွန်တော်မျိုးမှားပါတယ်”
“ဒီမှာထိုင်ရအောင်ငါထမင်းသွားမှာလိုက်မယ်။ မင်းကပုံမှန်အတိုင်းပဲစားမှာမလားရိပေါ်”
“အင်း”
“အိုခေခဏစောင့်”
” ဟိုလေ”
*ဝမ်ရိပေါ်မော့ကြည့်လိုက်မိတယ်ဒါကကျွန့်တော်နောက်ကိုလိုက်နေတဲ့တစ်ယောက်ပဲဘာလိုချင်တာလဲမင်းက*
(ရိပေါ်စိတ်ထဲတွင်ပြောလိုက်ခြင်း)
“ဒီမှာထိုင်လို့ရလား။ခုံတွေကနေရာမရှိတော့လို့”
“အင်း”
“ရှောင်းကျန့်ငါတို့မှာလိုက်မယ်မင်းဘာစားမှာလဲ”
“ပေါင်မုန့်ကြက်ဥကြော်နဲ့နွားနို့တစ်ခံက်ပဲမှာပေး”
“ဟူတ်ပြီအဲ့ဆိုခဏစောင့်”
“အင်း”
“လာကျိရန်သွားမယ်”
ခဏလောက်တိတ်ဆိတ်သွားပြီးမှဝမ်ရိပေါ်မှစကားစလာသည်။
“မင်းငါ့ဆီကဘာလိုချင်လို့လဲ”
“ဗျာဘာကို”
“ကျစ်! မင်းငါ့ဆီကဘာတွေမျှော်လင့်နေတာလဲမေးတာ”
“ဒီမှာစီနီယာကျွန်တော်စီနီယာ့ဆီကဘာမှမလိုချင်ဘူး”
“ဟူတ်လို့လား။မင်းဟူတ်မှလည်းပြောပါကွာ”
“ဒီမှာစီနီယာကျွန်တော့်ကိုလာမစွပ်စွဲနဲ့။စီနီယာ့နားကပ်နေတဲ့သူတွေနဲ့ကျွန်တော်ကမတူဘူး။”
“ဟက်! ငါကယုံရမှာလား”
“စီနီယာယုံချင်ယုံမယုံချင်နေကျွန်တော်ကစီနီယာနဲ့ခင်ချင်ယုံပဲတခြားဘာစိတ်မှမရှိဘူး”
“ဟက်!”
“ရှောင်းကျန့်ဘာဖြစ်တာလဲ”
“ဘာမှမဖြစ်ဘူးအတန်းထဲမှာပဲစားတော့မယ်ပါဆယ်ထုတ်ခဲ့ပေး”
“အော်အေအေ”
“ကျိရန်သွားကြမယ်”
“အေ။စီနီယာတို့သွားခွင့်ပြုပါဦး”
“ဖြည်းဖြည်းသွားကြနော်”
“ဟူတ်စီနီယာ”
“ရိပေါ်မင်းဘာသွားပြောလိုက်တာလဲ”
“ထားလိုက်ပါစိတ်ရှုပ်ဖို့ကောင်းတာတွေ။ မြန်မြန်စားပြီးရင်အတန်းတက်ရမှာ”
“အေးပါကွာမင်းကလည်း”
💌💌💌💌💌💌💌💌💌💌
စာအရေးအသားပေါ့သွားရင်တောင်းပန်ပါတယ်။