Chapter – 10
မင်းဘာလို့ဒီအစီအစဉ်ကိုလာတာလဲ?
______________________
ကျန်ရှင်းဆွေ့ ရှန်ရှင်းချန်ရဲ့စကားကို ကြားပြီးသွားတော့ သေချာပေါက်သဘောတူတာပေါ့။
သူဖုကျင်းရှောင်းရဲ့ဖန်ဖြစ်လာတာ ဒီလောက်ကြာနေပြီ။ အစတုန်းက သူ့ရဲ့သီချင်းဆိုသံကို သဘောကျသွားခဲ့တာ။ နောက်ပိုင်းကျတော့ သူ့ရဲ့အကြောင်းကို ပိုပိုပြီးသိလာခဲ့တယ်။ ရုပ်ရှင်ဧကရာဇ်ဖုရဲ့ အရည်အချင်းတွေကိုလည်း တဖြည်းဖြည်းနဲ့ သဘောကျလာတော့တယ်။ နောက်ကျတော့ သူ့ကိုပိုပြီးတော့ နားလည်လာတယ်။ သူဖျော်ဖြေရေးလောကမှာ ဒုက္ခတွေ၊ သူ့ရဲ့အလုပ်အပေါ်အလေးထားမှု၊ ကြိုးစားမှု၊ အရည်အချင်းတွေကိုလည်း သိလာရတယ်။
အဲ့တာကြောင့် သူပေါ့ပေါ့ပါးပါးပဲ ပြုံးလိုက်တယ်။ ခေါင်းငြိမ့်လိုက်ပြီး အလေးအနက်နဲ့ ပြောလိုက်တယ် “အင်း ဖုကောကလူကောင်းဆိုတာ ကျွန်တော်သေချာပေါက်သိတာပေါ့”
ရှန်ရှင်းချန်အစတုန်းက ဒီတိုင်းပဲပါးစပ်ထဲရှိရာ ပြောလိုက်တာ။ ကျန်ရှင်းဆွေ့က ဒီလိုလေးလေးနက်နက်ကြီး သဘောတူလာလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။ သူတို့စတွေ့ကတည်းက ဒီလူငယ်လေးက အမြဲတိတ်ဆိတ်နေတာ။ အဲ့တာကြောင့် ရှန်ရှင်းချန်က ဒီကောင်လေးကို ပျင်းစရာကောင်းတဲ့လူတစ်ယောက်လို့ပဲ ထင်ထားတာ။ ဒါပေမဲ့ဖုကျင်းရှောင်းအကြောင်း ပြောတဲ့အခါမှာတော့ သူ့ရဲ့မျက်လုံးတွေက ကြယ်လေးတွေလို တောက်ပနေလေတယ်။ သူ့ရဲ့မျက်နှာပေါ်မှာလည်း အပြုံးရိပ်ရေးရေးလေးပေါ်လျက်ရှိတယ်။ အဲ့ဒီအချိန်မှာ ရှန်ရှင်းချန်ရဲ့လှုပ်ရှားမှုတွေ ရပ်တန့်သွားလေတယ်။
*ဒီကောင်လေးက ဖုကောရဲ့ဖန်များလား?*
အား…တကယ်ပဲ…
တစ်ခဏလောက် စကားပြောပြီးသွားတော့ နည်းပြတွေရဲ့ဖျော်ဖြေမှုကလည်းပြီးသွားပြီ။ နည်းပြတွေက သူတို့ရဲ့သတ်မှတ်ထားတဲ့ ထိုင်ခုံတွေမှာ ထိုင်လိုက်တယ်။ ဖုကျင်းရှောင်းက ဒီနယ်ပယ်ထဲမှာ အရည်အချင်းအပြည့်ရှိပြီးတော့ သူ့ရဲ့ဂုဏ်ပုဒ်ကလည်း အမြင့်တစ်နေရာမှာရှိနေတော့ သေချာပေါက် အလယ်ကထိုင်ခုံမှာ ထိုင်ရတာပေါ့။ သူ့ရဲ့ဘေးမှာက ထိုင်းကအဆိုအကနဲ့ နာမည်ကြီးတဲ့idolထူရာ။ သူတို့ဘေးနှစ်ဘက်မှာက hip-hop dancerနဲ့rapperဖြစ်တဲ့ ‘လျိုရွှောင်း’နဲ့’လီဇယ်မင်’တို့ဖြစ်တယ်။
လီဇယ်မင်က ဟာသမင်းသားတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့သူကအရင်တုန်းက အဖွဲ့တစ်ခုမှာပါဝင်ဖူးတယ်။ အဲ့တာကြောင့် ဒီတစ်ခေါက်showမှာ သူကhostလုပ်ဖို့ တာဝန်ကျလေတယ်။ သူကစကားစလိုက်တယ် “‘StarLight’ကို လာရောက်ပေးကြတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ် နောက်လာမဲ့ မင်းတို့တစ်ယောက်စီရဲ့ performanceတွေက မင်းတို့ရဲ့ကံတရားနဲ့လည်း သက်ဆိုင်နေပါတယ်နော် နည်းပြတွေက မင်းတို့ရဲ့အရည်အချင်းပေါ်လိုက်ပြီးတော့ အမှတ်ပေးပါလိမ့်မယ် ပရိသတ်တွေကလည်း မင်းတို့ရဲ့performanceတွေအပေါ် မူတည်ပြီးတော့ voteပေးကြပါလိမ့်မယ် လူတိုင်းမှာနောင်တဆိုတာတော့ ရှိကြတာပါပဲ အားလုံးပဲကိုယ့်ရဲ့အကောင်းဆုံးကို ချပြနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် နောင်တတွေမရှိပဲပေါ့”
ပွဲနေရာတစ်ခုလုံးက အသက်ဝင်လျက်ရှိတယ်။ ပြိုင်ပွဲဝင်တွေအားလုံးက လက်ခုပ်တီးပြီး အားပေးကြတယ်။
ခဏကြာတော့ ပထမဆုံးအဖွဲ့ကသူတွေက ဖျော်ဖြေဖို့စင်ပေါ်တက်လာကြတယ်။ ပထမဆုံးဖျော်ဖြေတဲ့အဖွဲ့က idol groupတစ်ခုပါ။ သူ့တို့ရဲ့ဖျော်ဖြေမှုက လက်သင့်ခံနိုင်ရုံလောက်ပဲဆိုတော့ ဘယ်သူမှAမရကြဘူး။
အဲ့တာကအားလုံးကို တော်တော်အံ့အားသင့်သွားစေခဲ့တယ်။ ပြီးတော့ မပြိုင်ရသေးတဲ့သူတွေကိုလည်း တော်တော်လေး စိုးရိမ်သွားစေခဲ့တယ်။
ကျန်ရှင်းဆွေ့ရဲ့ တစ်ဖက်မှာထိုင်နေတဲ့ ချစ်စရာကောင်းတဲ့ကောင်လေး ဝမ်းရှန်းကောက ငြင်သာစွာပြောတယ် “ဒီတစ်ခေါက်တော့ နည်းပြတွေက ပိုပြီးစည်းကမ်းကြီးလာပြီ”
ကျန်ရှင်းဆွေ့ ဖြည်းဖြည်းလေး ခေါင်းငြိမ့်လိုက်တယ်။
ရှန်ရှင်းချန်ကတော့ ဒါကိုကြားပြီးသရော်လေတယ် “အဲ့တာဘာလို့လဲဆိုတော့ ဒီအုပ်စုကအကုန်လုံးက အမြောက်စာခံလေးတွေမလို့လေ”
“……”
တကယ်ပြောရဲတာပဲ။
ဒါပေမဲ့တကယ်လည်း သူပြောသလိုပါပဲ။ ဒီအဖွဲ့ကုမ္ပဏီက နောက်ခံမတောင့်ဘူး။ သူတို့ကိုယ်ပိုင်အစွမ်းအစပါ ပေါင်းထည့်ရင်တောင် သာမာန်လောက်ပဲ။ အဲ့တာကြောင့် extra roundတောင် မထည့်ရဘူး။ voteအရေအတွက်ဆို ပြောမနေနဲ့တော့။ ကျန်ရှင်းဆွေ့ သူ့အလှည့်ရောက်ရင်လည်း သာမာန်ပဲဖြစ်နေမှာသိပါတယ်။ နောက်နေ့ကျရင် ဖုကျင်းရှောင်းကသူ့နာမည်ကို မမှတ်မိတော့တာတောင် ဖြစ်နိုင်သေးတယ်။ အဲ့လိုဆိုရင်တောင် ကိစ္စမရှိပါဘူး။ ဒီလောက်ဆိုရင်ကို သူအဆင်ပြေပါတယ်။
လီလောင်ရှီးက အသံကျယ်ကျယ်နဲ့ “နောက်အဖွဲ့ကတော့ Feng Xiang Entertainment TH Dumboအဖွဲ့ပါ!”
အဲ့တာက အန်းရန်ရဲ့အဖွဲ့ ဖြစ်တယ်။
အန်းရန်တို့အဖွဲ့ဖျော်ဖြေကြတော့ သူတို့အဖွဲ့ရဲ့အဆိုရောအကရော အရည်အချင်းက တော်တော်လေးကောင်းကြတယ်။ အထူးသဖြင့် ကြည့်လို့အရမ်းကောင်းပြီး သီချင်းဆိုအသံကောင်းတဲ့ အန်းရန်ပေါ့။
ပရိသတ်တွေ တော်တော်မှင်သက်သွားကြလေတယ်။
“ဒီရှောင်ကောကောက အရမ်းချစ်ဖို့ကောင်းတာပဲ”
“သူဆိုတာအရမ်းကောင်းတယ်”
“အက ကတာလည်း တော်လိုက်တာ”
နည်းပြတွေတော်တော်များများကလည်း သဘောကျကြတယ်။ နောက်တစ်ခုကတော့ ပြိုင်ပွဲဝင်တွေ ကိုယ့်ကိုယ်ကို မိတ်ဆက်ရမှာပါ။ ကျိုးရွှင်နဲ့အခြားအဖွဲ့သားတွေ မိတ်ဆက်ပြီးသွားတော့ အန်းရန်မိတ်ဆက်ဖို့အလှည့် ရောက်လာပြီ။ သူကပင့်သက်ရှိုက်လိုက်ပြီးတော့ ဦးညွှတ်ကာပြောတယ် “လောင်ရှီးတို့မင်္ဂလာပါ ကျွန်တော်နာမည်က အန်းရန်ပါ အသက်၂၀ရှိပါပြီ အခုကFမြို့မှာ အကပညာသင်နေပါတယ်”
လီဇယ်မင်ကမိုက်နဲ့ “မင်းတူရိယာပစ္စည်းတွေတီးခတ်တဲ့ အရည်အချင်းကမဆိုးဘူးပဲ မင်းအဲ့တာသင်တာ ဘယ်လောက်လောက်ကြာပြီလဲ?”
“ဟုတ် ကျွန်တော်အဲ့တာသင်တာ ၁၀နှစ်လောက်တော့ရှိပါပြီ” အန်းရန်မေးခွန်းကိုဖြေတဲ့အချိန်မှာ မျက်လုံးတွေဟာ နီရဲလာခဲ့တယ် “ကျွန်တော်ကိုးနှစ်လောက်တုန်းက စန္ဒယားဆိုင်တစ်ဆိုင်ရှေ့ကနေ ဖြတ်သွားဖူးတယ် အဲ့တုန်းကအိမ်မှာလည်း အခြေအနေက သိပ်အဆင်မပြေဘူး အဲ့တာကြောင့်အပြင်ကနေပဲ သူများတွေတီးတာကို ရပ်ကြည့်ခဲ့ရတယ် နောက်တော့ ကျွန်တော်အားတာနဲ့ သွားပြီးအပြင်ဘက်ကနေ နားထောင်ခဲ့တယ် ကျွန်တော့်အသက်၁၀နှစ်ကျတော့ မွေးနေ့မှာမေမေက ဝယ်ပေးခဲ့တယ်…”
စင်ပေါ်နောက်ခံသီချင်းကတောင် နူးညံပြီးတော့ ခံစားချက်အပြည့်နဲ့ တီးလုံးပုံစံမျိုး ပြောင်းသွားခဲ့တယ်။ ကောင်လေးရဲ့အိမ်မက်နောက်လိုက်ခဲ့ပုံ၊ ဆယ်စုနှစ်တစ်စုလောက် ကြိုးစားခဲ့ပုံတွေနဲ့ တောက်ပလာအောင် လုံ့လစိုက်ထုတ်ခဲ့ပုံတွေကို ဖော်ပြလျက်ရှိတယ်။
ပရိသတ်တွေလည်း ဖြည်းဖြည်းချင်း စိတ်ထဲခံစားလာရတယ်။
“ဒီရှောင်ကောကောလေးက တော်တော်ပင်ပန်းခဲ့ရတာပဲ”
“ဒီလောက်ကြိုးစားတဲ့ ပြိုင်ပွဲဝင်လေးကို ချစ်သွားပြီ ငါသူ့ကိုvoteပေးရမယ်”
“အန်းရန်လို့ခေါ်တာမလား ရုပ်လည်းချောတယ် အရည်အချင်းကလည်းမဆိုးဘူး”
နည်းပြတွေလည်း စိတ်ထဲထိသွားကြတယ်။ တခြားပြိုင်ပွဲဝင်တွေကလည်း စိတ်ထဲခံစားသွားရတယ်။ ကျန်ရှင်းဆွေ့က အားလုံးရဲ့အမူအရာတွေကို ကြည့်ပြီးတော့ သူ့မျက်လုံးတွေက မသိမသာနဲ့ အလယ်ခုံမှာထိုင်နေတဲ့ ရုပ်ရှင်ဧကရာဇ်ဖုဆီ ရောက်သွားတယ်။ သူကတော့ဘာမှအမူအရာမှ ထူးထူးခြားခြားရှိမနေဘူး။ သူကထိုင်ခုံမှာ ပျင်းရိရိနဲ့ထိုင်နေပြီးတော့ သူ့လက်ထဲကဘောပင်ကို လှည့်နေတယ်။ ဒါပေမဲ့အန်းရန်ရဲ့ အပြုအမူတွေကိုတော့ သဘောကျတဲ့ပုံပေါ်တယ်။
ဖုကျင်းရှောင်းက အလုပ်ကိုကြိုးစားပြီးတော့ လေးလေးနက်နက်လုပ်တဲ့သူတွေကို သဘောကျတယ်ဆိုတာ ကျန်ရှင်းဆွေ့သိတယ်။ အဲ့တာကအရင်ဘဝတုန်းက ဇာတ်လိုက်gong ဇာတ်လိုက်shouဆီကနေ ဆွဲဆောင်ခံရပြီး သဘောကျသွားရတဲ့ အချက်တွေထဲကတစ်ချက်ပဲ။ ဒီဘဝလည်း ဘာမှကွဲမသွားလောက်ဘူး။
ဘေးကရှန်ရှင်းချန်က အသံတိုးတိုးနဲ့ပြောလာတယ် “အဲ့ဒီအန်းရန်လေ စောနကသူတို့အဖွဲ့ထဲက တစ်ယောက်က သီချင်းကတစ်ဝက်တောင် မရောက်သေးပဲ ဆိုတာရပ်လိုက်တဲ့ တစ်ယောက်ရှိတယ် မင်းကြည့်နေ ဖုကောက သေချာပေါက်ပြောလိမ့်မယ်”
အားလုံးရဲ့အကြည့်တွေအောက်မှာ ရုပ်ရှင်ဧကရာဇ်ဖုက မိုက်ယူလိုက်တယ်။ သူကအရင်အဖွဲ့တွေတုန်းက ဘာမှမပြောဘဲနဲ့ ဒီတိုင်းပဲ အမှတ်တန်းပေးလိုက်တာဖြစ်တယ်။ ဒီအဖွဲ့လိုမျိုး သူမိုက်ယူလိုက်တယ်ဆိုတာ တွေ့ရခဲတယ်။ အဲ့တာကအားလုံးရဲ့အကြည့်တွေကို ဆွဲဆောင်သွားပြီး အားလုံးထင်တာက ရုပ်ရှင်ဧကရာဇ်ဖုက အန်းရန်ကိုချီးကျူးဖို့လို့ ထင်လိုက်တယ်။ ဒါပေမဲ့မထင်မှတ်စွာပဲ ဖုကျင်းရှောင်းက “စောနကမင်းတို့ထဲက ဘယ်သူမဆိုပဲ အချောင်ခိုနေတာလဲ?”
စင်ပေါ်ကငါးယောက်နဲ့ ပရိသတ်တွေက မသိလိုက်မသိပါသာနဲ့ ကျိုးရွှင်ဆီ အကြည့်ရောက်သွားကြတယ်။ ပြောရရင် ဒီချမ်းသာတဲ့လူငယ်လေးက သေချာလေ့ကျင့်ထားတဲ့ traineeတစ်ယောက်မဟုတ်ဘူး။ traineeဘဝတုန်းကလည်း သူကအန်းရန်နားပဲကပ်နေတာ။ သေချာလည်းမလေ့ကျင့်ဘူး။ အဲ့တာကြောင့် မှားတာဖြစ်နိုင်တယ်။
ကျန်ရှင်းဆွေ့မှတ်မိတယ်။ အရင်ဘဝတုန်းကဝတ္ထုထဲမှာ ကျိုးရွှင်က ဒီဖျော်ဖြေမှုမှာမပါခဲ့ဘူး။ အန်းရန်က သူ့ရဲ့ပထမဆုံးဖျော်ဖြေမှုမှာ ကောင်းကောင်းဖျော်ဖြေနိုင်ခဲ့တဲ့အတွက် ချီးမွမ်းမှုတွေအများကြီးရခဲ့တယ်။ ဒါပေမဲ့ဒီဘဝမှာတော့ ဘာလို့မှန်းမသိဘဲ လူရွေးပွဲကတည်းက အထုတ်ခံရမဲ့ကျိုးရွှင်က ဘာအကြောင်းကြောင့် အရွေးခံရပြီးတော့ အန်းရန်နဲ့တစ်ဖွဲ့တည်း အဖွဲ့ခံလိုက်ရတာလဲမသိဘူး။ လူရွေးပွဲမစခင်တုန်းက သူနဲ့တွေ့ခဲ့တာကြောင့်များလား?
ကျန်ရှင်းဆွေ့အထင် တစ်နေရာရာမှာ လိပ်ပြာတောင်ပံတွေ တဖျတ်ဖျတ်ခတ်နေပြန်ပြီနေမယ်။
“ကျွန်တော်ပါ” ကျိုးရွှင်ကတန်းစီနေရာကနေ ရှေ့ထွက်လာပြီး ဦးညွှတ်လိုက်တယ်။ ပြီးတော့ ကိုးရိုးကားယားဖြစ်စွာနဲ့ ရှင်းပြတယ် “အဲ့အချိန်တုန်းက ကျွန်တော်နည်းနည်းစိတ်လှုပ်ရှားနေတာ ပြီးတော့ကျွန်တော့်နားကြပ်က အသံမလာတော့ဘူး အဲ့တာကြောင့် ကျွန်တော်ဆက်မဆိုတော့တာ”
ဖုကျင်းရှောင်းကမျက်ခုံးပင့်လိုက်တယ်။ သူ့ရဲ့နှုတ်ခမ်းတွေက အပေါ်ကိုကော့တက်သွားပြီးတော့ “နားကြပ်ပျက်သွားတာနဲ့ ဆက်မဆိုတော့ဘူး?”
အသံကြားရတာဘာစွမ်းအားမှ မပါတဲ့ပုံစံပေမဲ့ အားလုံးရဲ့စိတ်ကို တင်းကြပ်သွားစေတဲ့ ရှင်းပြလို့မရနိုင်တဲ့ ဖိအားတစ်ခုရှိနေလေတယ်။
အန်းရန်ရဲ့စိတ်နေစိတ်ထားက ရိုးသားဖြူစင်တယ်။ ကျိုးရွှင်အပြောခံနေရာတာတွေ့တော့ အလျင်အမြန်ပဲ ဝင်ပြောလာတယ် “လောင်ရှီးတောင်းပန်ပါတယ် ကျွန်တော်ကအဖွဲ့ခေါင်းဆောင်ပါ စင်ပေါ်မတက်ခင် အဖွဲ့သားတွေရဲ့နားကြပ်ကို ကူစစ်မပေးလိုက်မိတာ ကျွန်တော့်ပေါ့ဆမှုပါ”
ကျိုးရွှင်ကချက်ချင်းပဲ “ရန်ရန် ဒါမင်းနဲ့မဆိုင်ပါဘူး”
အန်းရန်ကခေါင်းခါပြီးတော့ သူတာဝန်ယူသင့်တဲ့ပုံစံမျိုးပဲ ပြလာလေတယ်။
တကယ်တော့ဒီကိစ္စက သူနဲ့ဘာမှမဆိုင်ပါဘူး။ သူ့ရဲ့ဒှီလိုတာဝန်ယူမှုက ပရိသတ်တွေကို ပိုလို့တောင် သဘောကျသွားစေခဲ့တယ်။ နည်းပြထိုင်ခုံမှာထိုင်နေတဲ့ နည်းပြတွေကလွဲလို့ပေါ့။
ဖုကျင်းရှောင်းက မျက်လုံးတွေကို မှေးကျဉ်းလိုက်တယ်။ ဒီအပြုအမူက ရုပ်ရှင်ဧကရာဇ်အရှင် စိတ်အခြေအနေ မကောင်းတော့ဘူးဆိုတာကို ဖော်ပြမှန်း ရင်းနှီးတဲ့သူတွေဆိုသိနိုင်တယ်။ သူကအန်းရန်ရဲ့စကားကို ပြန်ပြီးပြောလိုက်တယ် “စင်ပေါ်မတက်ခင်တုန်းကနားကြပ်ကိုမစစ်ထားဘူး?”
အကုန်လုံးနှလုံးခုန်သံတွေမြန်လာကြပြီးတော့ သူတို့အားလုံးရုပ်ရှင်ဧကရာဇ်ဖုရဲ့အသံကနေ ဖိအားကိုခံစားနိုင်ကြတယ်။
ဖုကျင်းရှောင်းက ဖြေးညှင်းစွာရယ်လိုက်ပြီးတော့ “နားကြပ်ပျက်သွားလို့ဆက်မဆိုတော့တာဆိုရင် တကယ်လို့မင်းအင်္ကျီညစ်ပတ်သွားရင်ရော လာမကတော့ဘူးလား?”
အန်းရန်ရဲ့စကားတွေက သူ့ရဲ့စည်းမျဉ်းတွေကို ချိုးဖောက်လိုက်တာပဲ။
ဒီနယ်ပယ်ထဲက အကုန်လုံးသိကြတယ်။ ဖုကျင်းရှောင်းကတကယ်တော့ စည်းကမ်းရှိတဲ့သူတစ်ယောက်။ ပြီးတော့ကိုယ့်စည်းနဲ့ကိုယ်ပဲနေတာ။ သူတန်ဖိုးအထားဆုံးက အနုပညာရှင်တစ်ယောက်ရဲ့ အလုပ်အပေါ်အလေးထားမှုပဲ။
တကယ်ပဲ ကျိုးရွှင်ရဲ့မျက်နှာကပိုလို့တောင်ဖြူဖျော့သွားပြီး ကသိကအောက်ဖြစ်စွာနဲ့ ပြောလာတယ် “နောက်ပိုင်းကျတော့ နားကြပ်ပျက်သွားတော့ စိတ်လှုပ်ရှားသွားတာ ပြီးတော့ကျွန်တော်စာသားမေ့သွားတာရော keyလွတ်သွားတာရော ပေါင်းသွားပြီးတော့ ဆက်မဆိုတော့တာ”
သူနောက်ဆုံးတော့အမှန်အတိုင်းပြောလာခဲ့ပြီ။
ဖုကျင်းရှောင်းက မိုက်ကိုချလိုက်တယ်။ နောက်ဆုံးတစ်ခွန်းကလွဲလို့ ဘာမှတော့ထပ်မပြောတော့ဘူး “ရိုးသားပြီးတော့ အမှန်အတိုင်းဝန်ခံတတ်တာကလည်း ပရိသတ်တွေအပေါ်လေးစားတဲ့ အမူအကျင့်ပဲ”
ဒီကိစ္စကြောင့် အစကမိုက်လွန်းနေတဲ့စင်တစ်ခုလုံး ကို့ယို့ကားယားဖြစ်သွားကြတော့တယ်။ တခြားနည်းပြတွေကလည်း ကူရာမဲ့စွာပဲ ဖုကျင်းရှောင်းကို ထောက်ခံပေးကြရတော့တယ်။ သူတို့အထင်တော့ နားကြပ်ကြောင့် ဆက်မဆိုတော့တာက သိပ်ပြီးကိစ္စမကြီးပေမဲ့လို့ ဖျော်ဖြေတဲ့သူရဲ့ အပြုအမူတွေကတော့ အရမ်းအရေးကြီးတယ်။ အဲ့တာကြောင့် နောက်ဆုံးကျန်တဲ့၃ယောက်ကိုတော့ အဆင့်F ပေးလိုက်တယ်။ မူလကအဆင့်Aရသင့်တဲ့ အန်းရန်ကတော့အဆင့်Bပဲရတော့တယ်။
အစကတော့ ဒါရိုက်တာအဖွဲ့က သူ့ကိုAပေးမယ်လို့ စီစဉ်ထားတာပေမဲ့ နည်းပြနေရာမှာထိုင်နေတဲ့ ဖုကျင်းရှောင်းက Bအကြီးကြီး ချရေးလိုက်တာကြောင့် သူတို့လည်း ဘာမှမပြောရဲကြတော့ဘူး။
……
နောက်ထပ်နှစ်ဖွဲ့ပြီးသွားတော့ ကျန်ရှင်းဆွေ့အလှည့် ရောက်ပြီဖြစ်တယ်။
စင်ပေါ်ကမီးတွေလင်းလာပြီးတော့ hostကပြိုင်ပွဲဝင်ရဲ့နာမည်ကို ကြေညာလိုက်တယ်။ တစ်ချိန်လုံးစောင့်ဆိုင်းနေတဲ့ ကျန်ရှင်းဆွေ့က စင်ပေါ်တက်ရတော့မယ်။ အရင်အဖွဲ့တွေထဲမှာ ထူးချွန်ပြီးတော့ ချီးကျူးထိုက်တဲ့အဖွဲ့တွေ အများကြီးရှိပေမဲ့ နည်းပြတွေပုံစံကြည့်ရတာ စိတ်မဝင်စားတဲ့ပုံစံပဲပြကြတယ်။ ဒါပေမဲ့ အံ့သြစရာကောင်းတာက hostက ကျန်ရှင်းဆွေ့နာမည် ကြေညာလိုက်တာနဲ့ နည်းပြတွေထိုင်ခုံနားကလေထုက ပိုပြီးအသက်ဝင်သွားသလိုပဲ။
ထိုင်ခုံပေါ်မှာ ပျင်းပျင်းရိရိထိုင်ပြီး ဘောပင်နဲ့ဆော့နေတဲ့ ဖုကျင်းရှောင်းတောင်မှ သူ့လက်ထဲကဘောပင်ကို လှည့်နေတာရပ်လိုက်လေတယ်။ သူ့ရဲ့မျက်လုံးတွေကို ပင့်လိုက်ပြီးတော့ စင်ပေါ်ကိုကြည့်လိုက်တယ်။ ငြိမ်သက်စွာထိုင်နေတဲ့ထူရာကလည်းပဲ မတ်မတ်ပြင်ထိုင်လိုက်တယ်။ သူတို့ဘေးက နည်းပြနှစ်ယောက်ကလည်း Big Bossကြီးနှစ်ယောက်ဆီကနေ နာမည်တပ်ခံရတဲ့ ဒီကောင်လေးအကြောင်းကို ကြားပြီးသွားပြီလေ။ အဲ့တာကြောင့် သူတို့လည်းစိတ်တွေကို စုစည်းလိုက်တော့တယ်။
ပရိသတ်တွေက အဲ့တာကို သတိထားမိသွားကြတယ်။
“ဘာဖြစ်တာလဲ? ဘာဖြစ်တာလဲ?”
“အထူးပြိုင်ပွဲဝင်ရှိတာလား?”
“အဲ့တာဘယ်သူလဲ?”
စင်ပေါ်ကမီးတွေက ဖြည်းဖြည်းချင်းလင်းလာတယ်။ ဂျင်းဘောင်းဘီနဲ့ အဖြူရောင်ရှပ်ဝတ်ထားတဲ့ ကတုံးပေါက်လေးက အထဲကနေထွက်လာခဲ့တယ်။ တန်ဖိုးကြီးအဝတ်တွေဝတ်စားထားတဲ့ တခြားပြိုင်ပွဲဝင်တွေနဲ့မတူဘူး။ သူ့ကြည့်ရတာ အိမ်အတွက်စျေးဝယ်ရင်း လမ်းကြုံလာပြိုင်တဲ့ပုံစံမျိုး ပေါက်နေလေတယ်။ ဒီကတုံးပေါက်လေးမှာ ကောင်းတာဆိုလို့ သူ့ရဲ့အသားအရည် အရမ်းကိုဖြူဝင်းနေပြီး ပြီးပြည့်စုံလွန်းနေတာပဲ။ ကင်မရာရှေ့မှာ သူ့ရဲ့သန့်ရှင်းနေတဲ့မျက်နှာကြောင့် သူ့ကိုကြည့်ရတာ အဆီတွေထွက်မနေပဲ အရမ်းကိုကြည်လင်လို့နေတယ်။
ကျန်ရှင်းဆွေ့ စိတ်လှုပ်ရှားစွာနဲ့ ဦးညွှတ်လိုက်ပြီး “လောင်ရှီးတို့မင်္ဂလာပါ ကျွန်တော်ကကျန်ရှင်းဆွေ့ပါ”
“…..”
ရိုက်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားတယ်။
ထူရာဆီကအရင်ဆုံး ရယ်သံထွက်လာခဲ့တယ်။ သူမကလက်ဖြန့်လိုက်ပြီးတော့ “မရှိတော့ဘူးလား??”
ကျန်ရှင်းဆွေ့ကသူမကိုကြောင်ကြည့်နေတယ်။ ပြီးတော့ သူမဘေးကဖုကျင်းရှောင်းကိုကြည့်လိုက်ပြန်တယ်။ တစ်ဖက်လူက ကိုယ့်ကိုကြည့်နေတာမြင်တော့ စိုးရိမ်နေတဲ့ပုံစံနဲ့ပြောလိုက်တယ် “မရှိတော့ဘူး”
ထူရာကပါးစပ်လေးကိုကာပြီး ရယ်နေလေတယ်။
တခြားသူတွေက မိတ်ဆက်ရင် ကိုယ့်ကိုယ်ကိုချီးကျူးပြီးတော့ ပြောကြလေ့ရှိတယ်။ ကျန်ရှင်းဆွေ့ကတော့ နာမည်လေးပြောပြီးတာနဲ့ ပြီးသွားရောပဲ။ တစ်လုံးလောက်ပိုပြောရင်ကို သေတော့မဲ့အတိုင်းပဲ။
hip-hopမှာ ဆရာကြီးဖြစ်တဲ့ လျိုရွှောင်းကမိုက်ယူလိုက်ပြီးတော့ ပြောလာတယ် “မင်းရဲ့အကြိုက်ဆုံးအရာတွေကို ပြောပြလို့ရတယ်လေ ဒါမှမဟုတ် မင်းမှာဘယ်လိုအရည်အချင်းရှိသလဲတို့ ပြောပြီးမိတ်ဆက်လို့ရတယ် ဒါမှမဟုတ်လဲ ဘာလို့ဒီကိုလာပြိုင်တာလဲတို့ ဘာနောက်လိုက်ချင်သလဲတို့လိုမျိုးပေါ့”
လိုက်ချင်တာ?
အကြိုက်ဆုံးအရာတွေ?
ကျန်ရှင်းဆွေ့ သူ့နောက်ကျောမှာ ချွေးအေးတွေထွက်နေပြီ လို့တောင်ထင်မိတယ်။ သူဒီကိုလာတာက အလုပ်တစ်ခုရပြီးတော့ ဆန်ကိတ်ဆိုင်ကနေ ထွက်သွားနိုင်အောင်လို့ ယွမ်၂သောင်းရချင်ရုံပဲလေ။ ဒါပေမဲ့ သူဒီလိုကြီးသာပြောလိုက်ရင် သေအောင်ရယ်ကြမှာပေါ့။
အဲ့တာဆို တခြားအကြောင်းပြချက်ကိုပဲ လျှောက်ပြောလိုက်သင့်လား?
သူ့ရဲ့အိမ်မက်တွေနောက်ကို လိုက်နေတာလို့ ပြောလိုက်ရမလား? ဒါမှမဟုတ် ‘ကျွန်တော်ကစင်ပေါ်မှာ ဖျော်ဖြေရတာကြိုက်လို့’ လို့ပြောလိုက်ရမလား?
ဒါပေမဲ့ အဲ့တာကလိမ်နေတာ မဟုတ်ဘူးလား? စောနတုန်းက ‘ရိုးသားပြီးတော့ အမှန်အတိုင်း ဝန်ခံတတ်တာကလည်း ပရိသတ်တွေ အပေါ်လေးစားတဲ့ အမူအကျင့်ပဲ’လို့ ရုပ်ရှင်ဧကရာဇ်ဖုပြောဖူးတာကို မှတ်မိသွားတယ်။ ကျန်ရှင်းဆွေ့ အထိတ်တလန့် ဖြစ်သွားလေတယ်။ တကယ်လို့ တစ်ချိန်မှာသာ ဒါရိုက်တာအဖွဲ့က သူ့အကြောင်းကိုသွားပြောခဲ့ရင် ဘဝမှာဒီတစ်ခါပဲ သူနဲ့တွေ့ရမဲ့အခွင့်အရေးကို သူ့စိတ်ထားမှာ အလိမ်အညာဆိုတဲ့ အမြင်တစ်ခုပဲကျန်ခဲ့တော့မှာပေါ့?
သူအဲ့လိုမဖြစ်ချင်ဘူးလေ။
တကယ်တော့ သူဇာတ်လိုက်shouရဲ့ရှေ့မှာ မျက်နှာပျက်တာကို လက်ခံနိုင်သေးတယ်။ သူဘယ်သူနဲ့မှထပ်ပြီး မဆန့်ကျင်ချင်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဖုကျင်းရှောင်း သူ့ကိုမှတ်မိနေဖို့လည်း မမျှော်လင့်ဘူး။ ဒါပေမဲ့ သူမဖြစ်ချင်ဆုံးကတော့ သူ့အိုင်ဒေါရဲ့ရှေ့မှာ ကသိကအောက်ဖြစ်စေတဲ့အမြင်ကို မကျန်ရစ်ခဲ့စေချင်တာပဲ။
____________________
Word – 3429
Xiao Dream