Chapter – 8
နောက်ကျရင်ငါမင်းကိုကာကွယ်ပေးမယ်
____________________________
အခုအခြေအနေကို ပြောရမယ်ဆိုရင် အကုန်လုံးက ကျိုးရွှင်ကို ပြဿနာရှာနေတယ်လို့ မြင်နေကြပြီ။
ကျိုးရွှင်က ကျန်ရှင်းဆွေ့ကို မယုံနိုင်စွာ ကြည့်နေတယ်။ ပြီးတော့ အန်းရန်ကိုလည်း ထပ်ပြီးကြည့်လိုက်တယ်။ သူအကြောင်းမရှိဘဲ သက်သက်အကန်ခံလိုက်ရတာကို ပေါက်ကွဲပစ်လိုက်ချင်တယ်။ အထူးသဖြင့် သူလိုက်နေတဲ့သူအရှေ့မှာ မျက်နှာပျက်ရတာကိုပေါ့။ ဒါပေမဲ့ သူ့ကို ရှန်ရှင်းချန်ကို သွားရိုက်ခိုင်းရင်တောင်…… မရိုက်ရဲဘူး။
သူတို့ကျိုးမိသားစုက ဘယ်လောက်ပဲ ချမ်းသာတယ်ပြောပြော ရှန်မိသားစုရဲ့ နောက်ခံကိုတော့ မယှဉ်နိုင်ဘူး။ ပြီးတော့ သူကလည်း ပထမဆုံးနေ့မှာတင် ဆိုးဝါးတဲ့ရန်သူ မဖြစ်ချင်ပါဘူးနော်။
ရှန်ရှင်းချန်က သူ့ကိုကန်ပြီးသွားတော့မှ ကတ်တစ်ခုကို ထုတ်လိုက်ပြီးတော့ “ငါစောနကပဲ ဒီဟာကို မတော်တဆကောက်ရတာ ဘယ်သူကျပျောက်ခဲ့တာလဲ?”
အန်းရန်က မျက်လုံးထဲလက်ကနဲ ဖြစ်သွားပြီးတော့ သူ့ရဲ့ဖြူဖွေးပြီးလှပတဲ့ လက်လေးကို ဆန့်ထုတ်လိုက်တယ်။ သနားစရာကောင်းတဲ့ပုံစံနဲ့ ရှန်ရှင်းချန်ကို ကြည့်လိုက်ပြီးတော့ ပြောလိုက်တယ် “ကျွန်တော်ကျခဲ့တာပါ”
တကယ်လို့အလယ်ပိုင်းမှာ ဒီဇာတ်ကွက်တစ်ခုသာမရှိရင်တော့ ကတ်ပျောက်သွားတဲ့ လှပတဲ့ကောင်ငယ်လေးနဲ့ ကတ်ကိုကောက်ရထားတဲ့ ချောမောတဲ့ကောင်လေး။ အဲ့ဒါကလုံးဝကို လှပလွန်းတဲ့ ဇာတ်ကွက်ဖြစ်မှာပဲ။ ဒါပေမဲ့ အလယ်က ဒီဇာတ်ကွက်ကြောင့် ခံစားချက်က လုံးဝကွဲပြားသွားတော့တယ်။
ရှန်ရှင်းချန်က ‘ဟင်း’လို့ သက်ပြင်းချလိုက်ပြီးတော့ ကတ်ကိုအန်းရန်ဆီ ပြန်ပေးလိုက်တယ် “ကတ်ပျောက်သွားတာမင်းလား?”
အန်းရန်က လက်ခံလိုက်ပြီးတော့ နူးညံ့စွာ ခေါင်းငြိမ့်ပြတယ်။
“အဲ့တာဆို သန့်စင်ခန်းထဲ ဝင်မရှာဘဲနဲ့ အပြင်မှာဘာကိစ္စ ဆူညံအောင် လုပ်နေတာလဲ?” ရှန်ရှင်းချန်က နားမလည်နိုင်တဲ့ပုံစံနဲ့ ပြောလာတယ် “သူ့ကိုသွားစွပ်စွဲနေတဲ့အပြင် ငါ့ကတ်ကိုလည်း လုချင်နေသေးတယ်”
ရှန်ရှင်းချန်ရဲ့လေသံက အရမ်းမာနေလေတယ်။ အန်းရန်ကလည်း ရှက်ရွံ့မှုကြောင့် မျက်လုံးတွေနီလာရတယ် “ကျွန်တော်…… ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး”
သူ့ရဲ့အချစ်လေးက အပြောခံနေရတာမြင်တော့ ကျိုးရွှင်ကမခံနိုင်တော့ပဲ “ရှန်သခင်လေး ဒီကိစ္စအတွက်နဲ့တော့ ရန်ရန့်ကို အပြစ်မပြောသင့်ပါဘူး ပြောရရင် သူ့နောက်က တစ်ယောက်က အကျင့်စရိုက်မကောင်းဘူး အရင်ကတည်းက ရန်ရန်ကိုအနိုင်ကျင့်နေတာ အဲ့တာကြောင့်လည်း ကျွန်တော်တို့က အထင်လွဲသွားရတာပါ”
ကျန်ရှင်းဆွေ့ထောင့်လေးမှာ တိတ်တိတ်လေး ရပ်နေတာတောင် အာရုံစိုက်ခံရလိမ့်ဦးမယ်လို့ မထင်ထားဘူး။
ဒါပေမဲ့လည်း သူ့စိတ်ထဲမှာတော့ သက်ပြင်းချလိုက်မိပြန်တယ်။ ပြောရရင် သူ့ရှေ့က ရှန်ရှင်းချန်က ကျိုးရွှင်ရဲ့စကားတွေကြောင့် သူ့ကိုနောက်ထပ် ကာကွယ်မပေးလောက်တော့ဘူး။ ဘယ်သူက အမြှောက်စာခံလေးအပေါ်ခံစားချက်ကောင်းရှိနေမှာလဲ?
နောက်တော့ ရှန်ရှင်းချန်က ကျန်ရှင်းဆွေ့ကို သံသယဖြစ်စွာ အကြိမ်အနည်းငယ်လောက် ကြည့်ပြီးတော့ လှောင်ရယ်တဲ့အသံနဲ့ ပြောလိုက်တယ် “မင်းတို့ကဒီသခင်လေးကို ကန်းနေတယ်များ မှတ်နေကြတာလား? ငါထွက်လာကတည်းက မင်းတို့လူအုပ်လိုက်ကြီး ဝိုင်းအုံပြီး အပြစ်ပြောနေကြတာလေ။ အဲ့တာတောင်မှ သူကမင်းတို့ကို အနိုင်ကျင့်တယ်ဖြစ်ရသေးတယ်ပေါ့။ ငါသာရောက်မလာရင် ငါ့ကတ်တော့ ပါသွားလောက်ပြီ!”
ကျိုးရွှင်ဒေါသထွက်သွားပြီး ဘာပြောရမှန်း မသိတော့ဘူး။
အန်းရန်ကဘေးကနေ သူ့ကိုဆွဲထားပြီးတော့ အသံဖျော့ဖျော့နဲ့ပြောလိုက်တယ် “အားရွှင်ထားလိုက်ပါတော့ ရှန်သခင်လေးကိုလည်း တောင်းပန်ပါတယ် ကျွန်တော်တို့ရဲ့အမှားပါ သခင်လေး စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်”
ရှန်ရှင်းချန် ဘာလို့လဲတော့မသိဘူး။ တကယ်ဆို သူကလှတဲ့ကောင်လေးတွေကို အရမ်းကြိုက်တယ်။ တကယ်လို့ ဒီအဖြစ်အပျက်သာမရှိခဲ့ရင် ဒီလိုလှတဲ့ကောင်လေးကိုတွေ့တာနဲ့ အရမ်းကိုကောင်းတယ်လို့ ခံစားရပြီး သူ့ကိုကာကွယ်ပေးမိမှာ။ ဒါပေမဲ့အခုတော့……သူ့စိတ်ကခံစားချက် မကောင်းလေဘူး။ အဲ့အပြင်ကို ငိုငိုရီရီနဲ့သူ့ကို စိတ်ရှုပ်စရာကောင်းတယ်လို့ ပိုတောင်ထင်သေးတယ် “ဘာကိစ္စ ငါ့လာတောင်းပန်နေတာလဲ? မင်းတောင်းပန်သင့်တာက သူလေ”
အန်းရန် ကျန်ရှင်းဆွေ့ကို ကြည့်လိုက်တယ်။ သူကတစ်ချိန်လုံး သူများတောင်းပန်တာကိုပဲ ခံလာခဲ့ရတာ။ တစ်နေ့မှာ ကျန်ရှင်းဆွေ့ကို တောင်းပန်ရလိမ့်မယ်လို့ လုံးဝမထင်ထားဘူး။ သူမကျေနပ်ဘဲ မျက်လုံးတွေနီလာပြီးတော့ အသံတိုးတိုးနဲ့ “တောင်းပန်ပါတယ်”
ကျန်ရှင်းဆွေ့ ခေါင်းတွေကြိမ်းလာပြီးတော့ “ကိစ္စမရှိဘူး ကိစ္စမရှိဘူး မင်းမြန်မြန်သွားပါတော့”
ဇာတ်လိုက်shouရဲ့ တောင်းပန်မှုက သူ့ရဲ့အသက်လေးကို ခြိမ်းခြောက်နေသလိုပဲ။ တကယ်လို့ ကောင်းကင်ဘုံက အမြင်မကြည်ရင် ကြွသွားပါဦးမယ်။ ကျိုးရွှင်တို့အုပ်စုရဲ့ မျက်လုံးထဲမှာတော့ သူ့ရဲ့အပြုအမူက ခွေးတစ်ကောင်လိုပဲ တခြားသူတွေအပေါ် အထင်အမြင်သေးတယ်။ တခြားသူတွေကလည်း ကျန်ရှင်းဆွေ့ကို အထင်မကြီးကြပါဘူး။ သူတို့က ‘ဒဏ်ရာရ’ပြီး ထွက်သွားတဲ့ အန်းရန်ကိုပဲ ထောက်ခံပေးကြတာ။
သူတို့ထွက်သွားတာမြင်တော့ ရှန်ရှင်းချန်က သူ့ရဲ့အာရုံတွေကို ကျန်ရှင်းဆွေ့အပေါ် ပြန်ထားလိုက်တယ် “မင်း……”
ကျန်ရှုင်းဆွေ့ သူ့ကိုနည်းနည်းတော့ ကြောက်နေမိတယ် “ဟို…ကျွန်တော်လည်းသွားပြီ နှုတ်ဆက်ပါတယ်”
“ပြန်လာပြန်လာ!” ရှန်ရှင်းချန်က သူ့ကိုထားဆွဲထားပြီးတော့ အကြံအိုက်နေတဲ့ပုံစံနဲ့ ပြောလိုက်တယ် “မင်းဘယ်ပြေးတာလဲ? ငါပြောလို့တောင် မပြီးသေးတာကို!”
ကျန်ရှင်းဆွေ့ တောင့်တောင့်ကြီး ရပ်နေမိတယ် “ဘာပြောမလို့လဲ?”
ရှန်ရှုင်းချန် မျက်ခုံးပင့်လိုက်ကာ “အဲ့ဒီအုပ်စုက မင်းနဲ့ရန်ငြှိုးရှိတာလား?”
“……အဲ့လိုပြောလို့တော့လည်းမရဘူး”
“ရှိတာလား မရှိလာတာလားပဲပြော”
“……နည်းနည်းရှိတယ်”
“ငါထင်သားပဲ!” ရှန်ရှင်းချန်က မတရားခံနေရတဲ့ လူငယ်လေးလို ပြောလာတယ် “သူတို့မင်းကို လုံးဝကြိုက်မနေဘူးဆိုတာ ငါထွက်လာကတည်းက ရိပ်မိလိုက်တယ် အဲ့တာကြောင့် သူတို့က မင်းရဲ့အမှားကို တမင်ရှာနေကြတာ ဒီသခင်လေးက မိသားစုနောက်ခံကိုအသုံးချပြီး အာဏာမရှိတဲ့သူတွေကို အနိုင်ကျင့်နေကြတဲ့ သူမျိုးကိုအမုန်းဆုံးပဲ!!”
ဒီရှန်သခင်လေးက အားနည်းသူကို ကာကွယ်ပေးပြီး တရားမျှတမှုကို လိုလားတယ်ဆိုတာ ကျန်ရှင်းဆွေ့ သိလိုက်ရတယ်။ သေချာတာပေါ့။ တကယ်တော့ ကြင်နာတတ်တဲ့သူက သိမ်မွေ့နေဖို့မလိုဘူး။ ဆံပင်ထိုးထိုးထောင်ထောင်နဲ့ သားရည်အင်္ကျီဝတ်တဲ့သူကလည်း ကြင်နာတတ်တဲ့လူမျိုး ဖြစ်နိုင်တယ်။
“တကယ်ကျေးဇူးတင်ပါတယ်နော်” ကျန်ရှင်းဆွေ့စိတ်ရင်းနဲ့ ပြောလိုက်တယ် “မင်းသာမရှိရင် ကျွန်တော်ဘယ်လိုမှ ဖြေရှင်းလို့ရမှာ မဟုတ်တော့ဘူး”
ရှန်ရှင်းချန် ချီးကျူးခံလိုက်ရတယ်။ ကောင်လေးက ပျော်ရွှင်လို့နေလေတယ်။ သူကဂုဏ်ယူနေချင်ပေမဲ့လည်း imageပျက်မှာစိုးတော့ ဂရုမစိုက်တဲ့ပုံစံဖမ်းပြီးတော့ “ဘာမှမဟုတ်ပါဘူး အဲ့ဒီ့အုပ်စုလောက်ကတော့ မျက်လုံးထဲကိုထည့်မထားတာ မင်းလည်းရသစုံရှိုးကိုလာတာမလား ငါကလည်း မင်းငါ့ကတ်ကို ယူထားပေးလို့ ကူညီလိုက်တာပါ မင်းစိတ်ချ သူတို့မင်းကိုထပ်လာရှာရင် ငါ့နာမည်သာပြောလိုက်”
ကျန်ရှင်းဆွေ့ရဲ့ စိတ်ထဲမှာတော့ အဲ့တာလေးက ချစ်ဖို့ကောင်းလွန်းတယ်။
ဒါပေမဲ့ ဘယ်လိုပဲပြောပြော ဒီနေ့ကိစ္စက ကျန်ရှင်းဆွေ့ကို သတိပေးလိုက်တာပဲ။ အမြောက်စာခံလေးသူက ဇာတ်လိုက်shouရဲ့ အရောင်အဝါတွေကို မတော်တဆ ခိုးယူမိနေတာပဲ။ အဲ့တာကြောင့် ဒီshowမှာ ကြာကြာမနေသင့်တော့ဘူး။ နောက်နှစ်ရက်နေလို့ ပထမအပတ်အတွက် စရိုက်ကူးရင် ကိစ္စတွေမြန်မြန်ပြီးအောင် လုပ်ရမယ်။ ပြီးတာနဲ့ထွက်သွားမယ်။ အဲ့တာကြောင့် ကာကွယ်ပေးတာ၊ မပေးတာက အရေးမကြီးတော့ဘူး။
ဒါပေမဲ့ ကျန်ရှင်းဆွေ့က သူ့ရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်စွာ စိတ်ရင်းနဲ့ အသိအမှတ်ပြုပေးလိုက်တယ် “ကျေးဇူးပါ”
…………………………
ဒုတိယရက်
အစီအစဉ်ကစပြီးရိုက်ကူးနေပြီ။ ရွေးချယ်ခံထားရတဲ့ 108ယောက်က ကွင်းပြင်ရဲ့အပြင်ဘက်မှာ လူစုလိုက်ကြတယ်။
ဒါရိုက်တာအဖွဲ့ကပေါ်မလာပဲ ရိုက်ကူးရေးသမားတွေပဲ ပေါ်လာခဲ့တယ်။ အရွေးခံထားရတဲ့သူတွေ ရပ်တဲ့နေရာကလည်း ဦးစားပေးမှုတွေရှိတယ်။ ကုမ္ပဏီကြီးတွေကလူတွေ၊ ဒီနယ်ပယ်ထဲမှာ ပွဲဦးထွက်ပြီးသားလူတွေနဲ့ မိသားစုနောက်ခံ ကောင်းကောင်းရှိတဲ့လူတွေက ရှေ့ပိုင်းမှာရပ်ရတယ်။ သူတို့က ကင်မရာရိုက်ချက်တွေ ပိုရကြတယ်။ လူသစ်လေးတွေနဲ့ နောက်ခံမရှိတဲ့လူတွေကတော့ နောက်ပိုင်းမှာရပ်ရတယ်။
အဲ့ဒီအချိန်မှာပဲ အဓိကLiveလွှင့်တဲ့Appရဲ့ Homepageကလည်း Liveစလွှင့်လေပြီ။ ဖွင့်ဖွင့်ချင်းပဲ ကြည့်ရှုသူတွေ အများကြီးဝင်လာကြတယ်။
“ငါအချိန်မီရောက်လာခဲ့ပြီပဲ!”
“ဖုကော ဖုကော! ငါကဖုကောကြောင့်လာတာကွ!”
“အား ကောကောကို နောက်ဆုံးတော့တွေ့ရပြီ!”
အစီအစဉ်ရဲ့နည်းပြပဲဆိုဆို ဖုကျင်းရှောင်းရဲ့ကျော်ကြားမှုက ကြီးမားလွန်းတယ်။ သူ့ရဲ့နာမည်လေးနဲ့ကို အစီအစဉ်ရဲ့ကျော်ကြားမှုက ဟိုးထိပ်ဆုံးထိ ထောင်တက်သွားလေပြီ။
ရိုက်ကူးရေးနေရာမှာ ဝန်ထမ်းတစ်ယောက်က လော်စပီကာကို ကိုင်ထားပြီးတော့ ပြောလာတယ် “အားလုံးပဲluggageလေးတွေ ကိုင်ပြီးတော့ ကျွန်တော်နဲ့အတူ ကျွန်တော်တို့ရဲ့ ‘StarLight’ campထဲ တူတူဝင်ကြရအောင် campထဲဝင်ဝင်ချင်း ပထမရက်ကတော့ အားလုံးက ကိုယ်နေချင်တဲ့အဆောင်ကို ရွေးချယ်ရပါမယ်”
ပြိုင်ပွဲဝင်တဲ့သူတစ်ယောက်က ပြောလာတယ် “မေးပါရစေ တကယ်ပဲ ကျွန်တော်တို့ပါသာ အဆောင်ရွေးရမှာလား?”
ဝန်ထမ်းလေးက ခေါင်းငြိမ့်လိုက်တယ် “ဟုတ်ပါတယ်!”
ပြောကြားပြီးတဲ့နောက်မှာ ပြိုင်ပွဲဝင်တွေအားလုံးက ပြေးပြီးတော့ အခန်းရွေးဖို့ အဆင်သင့်ဖြစ်နေကြပြီ။ မြန်မြန်ရွေးလေလေ ကောင်းကောင်းရလေလေဆိုတာ အားလုံးသိတာပေါ့။ အဲ့တာကြောင့် ပြိုင်ပွဲဝင်တွေအားလုံးက အချက်ပေးသံ ကြားလိုက်တဲ့အခါ မြန်မြန်ပြေးသွားကြတယ်။
သေချာတာပေါ့ ခြွင်းချက်လည်းရှိတာပေါ့။
အဲ့တာကတော့ အနောက်ပိုင်းမှာရပ်နေတဲ့ ကျန်ရှင်းဆွေ့ပါပဲ။ သူကတခြားသူတွေလိုမျိုး ပြေးမနေချင်ဘူး။ ဘာကြောင့်လဲဆိုရင် သူကဘယ်မှာနေရနေရ ကိစ္စမရှိလို့ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ရက်လောက်နေရင် သူကအိမ်ပြန်မှာပဲကို။
ကင်မရာကရှေ့ဆက်ပြီး ရိုက်နေတယ်။ ပရိသတ်တွေကလည်း ပြိုင်ပွဲဝင်တွေကို လေ့လာနေကြတယ်။
“ဒီတစ်ယောက်ရဲ့ပုံစံက ကြည့်ရတာမဆိုးဘူးနော်”
“ဒီအသစ်လေးလည်းအဆင်ပြေတယ်”
“ငါကန်းများသွားသလား ဘာလို့သူတို့အားလုံးကို တူတူတွေလို့ မြင်နေတာလဲ?”
ပရိသတ်တွေစပြီး ဖရဲသီးစားကြတဲ့အချိန်မှာ တစ်စုံတစ်ယောက်က ကင်မရာမြင်ကွင်းထဲ ရောက်လာတယ်။ အဲ့တာကတော့ အနောက်ပိုင်းမှာနေနေတဲ့ ကျန်ရှင်းဆွေ့ပါပဲ။ သူက ဘယ်ကင်မရာရိုက်ချက်မှလည်း မယူဘူး။ ဘယ်ကင်မရာမန်းကိုမှလည်း မကြည့်ဘူး။ သူကတခြားပြိုင်ပွဲဝင်တွေနဲ့လည်း မတူဘူး။ ကင်မရာရိုက်ချက်နဲ့ ပရိသတ်တွေ အာရုံစိုက်တာခံချင်လို့ တမင်သက်သက် ချောမောတဲ့ခြေလှမ်းတွေနဲ့ ဟိုသွားဒီသွားလုပ်နေတာလည်း မဟုတ်ဘူး။ တခြားသူတွေက ပြေးလွှားပြီး လေးငါးယောက်လောက်နဲ့ အခန်းကောင်းကောင်းရအောင် ကြိုးစားနေကြတဲ့အချိန်မှာ သူကတော့ ပျင်းရိနေတဲ့ပုံပေါက်နေတယ်။ တခြားအသစ်လေးတွေနဲ့ ကွဲပြားနေတဲ့ ကတုံးပေါက်ကေ။ တခြားသူတွေက အခန်းအတွက်ပြေးလွှားနေတယ်။ သူကတော့ လူအိုကြီးလို လမ်းလျှောက်နေတယ်။
ပရိသတ်တွေက သတိထားမိသွားပြီးတော့ ပြောလာကြတယ် :
“ဒါကဘယ်သူလဲဟ?”
“ဒီလောက်တောင် အေးအေးလူလူဖြစ်နေတာ ပြိုင်ပွဲလာပြိုင်တာရော သေချာရဲ့လား?”
“ကောင်လေး မင်းနေရာမှားလာတာလား?”
ဒီအချိန်က လူသစ်လေးတွေအတွက်ကတော့ ပရိသတ်တွေဆီက အမြင်ကောင်းရဖို့ အကူအညီအဖြစ်ဆုံးအချိန်ပဲ။ အဲ့တာကြောင့်အားလုံးက အကောင်းဆုံးဖြစ်အောင် ကြိုးစားနေကြပေမဲ့ ဘာမှထူးမလာကြဘူး။ ဒါပေမဲ့အနောက်မှာ အေးဆေးနေနေတဲ့ ကျန်ရှင်းဆွေ့ကတော့ ပရိသတ်တွေမျက်လုံးထဲ ရောက်သွားခဲ့လေပြီ။
အဆောင်ရွေးကြတာက ကြည့်ရတာတော့ ယုတ္တိမရှိဘူးဆိုပေမဲ့ တကယ်တော့ အတွင်းပိုင်းမှာ ပြောပြလို့မရတဲ့ စည်းမျဉ်းတွေ ရှိပြီးသားပဲ။ အင်တာတိန်းမန့် ကုမ္ပဏီကြီးတွေကလူတွေက ကုမ္ပဏီကြီးကလူတွေနဲ့နေရမယ်။ တစ်ချို့သူတွေဆို သူတို့နေရာတွေတောင် သတ်မှတ်ပြီးကြပြီ။ သဘာဝကျစွာပဲ တော်တော်များများက ကောင်းတဲ့ကိစ္စတွေပဲ လိုချင်ကြတာလေ။ အဲ့တော့ဒီလိုလူတွေနဲ့ သူငယ်ချင်းဖြစ်ဖို့က ဦးစားပေးကိစ္စပဲလေ။
ကျန်ရှင်းဆွေ့ အလှည့်ရောက်တဲ့အချိန်မှာ အဆောင်တော်တော်များများက လူပြည့်သွားပြီ။ သဘောကောင်းတဲ့ ရိုက်ကူးရေးသမားတစ်ယောက်က သူ့ကိုပြောပြတယ် “အရှေ့နားကအခန်းက နေရာလွတ်သေးတယ်”
ကျန်ရှင်းဆွေ့လည်း ပြန်ပြောလိုက်တယ် “ကျေးဇူးပါ”
သူပြောတဲ့အတိုင်းပဲ အဲ့အခန်းက နေရာလွတ်သေးတယ်။ အဲ့တာဆို အထဲကတစ်ယောက်က သူ့လိုပဲ သိပ်ပြီးကျော်ကြားမှုမရှိတဲ့သူ ဖြစ်ဖို့များတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတံခါးဆီသွားလိုက်တယ်။ သူမဝင်ခင် အခန်းထဲကနေ ရင်းနှီးနေတဲ့ အထက်စီးဆန်ဆန်အသံကို ကြားလိုက်ရတယ် “ဘာလိုဖြစ်တာလဲ? တခြားသူတွေအကုန် အခန်းဖော်ရှာတွေ့သွားကြပြီလား? ဘာလို့အိပ်ရာနှစ်ခုတောင် လွတ်နေရတာလဲ?”
……………
ဒီအသံကို ကြားလိုက်ရတဲ့အချိန်မှာ ကျန်ရှင်းဆွေ့မှာ ဆိုးဝါးစွာစိတ်ထင့်လာရတယ်။
ဒါပေမဲ့ သူတံခါးဝမှာရပ်နေတုန်း အထဲကအထက်စီးဆန်ဆန် ကြက်မောက်ကေလေးနဲ့ ရှန်ရှင်းချန်က မျက်ခုံးတွေမြင့်တက်သွားပြီးတော့ မထင်ထားတဲ့အမူအရာနဲ့ ပြောလာခဲ့တယ် “သြော…မင်းကိုး”
ကျန်ရှင်းဆွေ့ ခါးသက်စွာပြုံးလိုက်ပြီး “ကျွန်တော်ပါ”
“ငါ့ကိုတမင်တကာ လာရှာတာလား?” တခြားသူတွေက သူဒေါသကြီးလို့ သူနဲ့တူတူမနေချင်ကြတာကို သဘောမပေါက်ဘဲ ပြုံးဖြဲဖြဲနဲ့ ပြောလာတယ် “မင်းကစိတ်ကောင်းရှိသားပဲ အဲ့တာဆိုလည်း ဟုတ်ပြီလေ ငါတို့ကတစ်ခန်းတည်း တူတူနေတဲ့မျက်နှာကြောင့် နောက်ဆို မင်းကငါ့ရဲ့ညီလေးပဲ နောက်ဆို ငါမင်းကို ကာကွယ်ပေးမယ်!”
“……………”
____________________
Word – 2579
Xiao Dream