Concealed And Blended

4.5
Your Rating
Concealed And Blended 4.5 (2)
169
Comments
38 Users bookmarked This

ဟန်ဆောင်တမ်းကစားပွဲ
Description

Author – Qi Ying Jun

Translator _ Ariz, Galene

*******

       တစ်ခါတုန်းက အရမ်းကိုကျွမ်းကျင်ပြောင်မြောက်လှတဲ့ အရည်အချင်းတွေနဲ့ အလှအပရသအနေနှင့် အဆင့်မြင့်သည်ဟု သတ်မှတ်ခံထားရတဲ့ မိတ်ကပ်ပညာရှင်တစ်ဦးရှိလေ၏။ အမျိုးမျိုးသော နာမည်ကြီးအနုပညာရှင်တွေကို ပြင်ဆင်ပေးတဲ့အခါမှာလည်း အရမ်းလှတဲ့ အလှပန်းအိုးတစ်လုံးကို မွမ်းမံနေသကဲ့သို့ တန်ဆာဆင်တတ်သည့်သူဖြစ်သည်။ နဂိုလှပြီးသားလူဆိုရင်တော့ သူ့ရဲ့လက်ရာနဲ့ဆို ပို၍နူးညံ့ပြီး၊ ပျော့ပြောင်းတဲ့ အသွင်အပြင်ကို ဖြစ်ပေါ်လာစေတတ်သည်။

     အထူးသဖြင့် အမျိုးသားအနုပညာရှင်တွေက သူ့ကို အမြဲတစေ ငှားရမ်းတတ်ကြပြီး အကြောင်းအရင်းကတော့ သူက ဆွဲဆောင်မှုရှိတဲ့ပုံစံရဲ့သဘောတရားကို နားလည်ထားတဲ့အပြင် မိတ်ကပ်ပြင်တဲ့အခါမှာလည်း တလက်လက်ထမနေစေဘဲ ပွင့်ပွင့်လင်းလင်းနဲ့ သွက်လက်တဲ့အသွင်ဖြစ်အောင် ပြင်ဆင်ပေးတတ်သောကြောင့်ဖြစ်၏။

     ထို့အပြင် အမျိုးသမီးအနုပညာရှင်တွေကလည်း သူ့ကို သဘောကျနှစ်ခြိုက်ကြပြီး အရည်အချင်းတွေကြောင့်သာမက အမျိုးသမီးတွေအတွက် စိတ်ချယုံကြည်ရသူတစ်ဦး ဖြစ်နေသောကြောင့်ပင်။ ထိုအမျိုးသမီးငယ်လေးတွေက ဘယ်လိုအကြောင်းအရာကိုပဲ ရင်ဖွင့်ပါစေ၊ သူက လျှို့ဝှက်ချက်မှန်သမျှကို ထိန်းသိမ်းပေးတတ်ပြီး တစ်ဖက်သား၏ လုံခြုံရေးကို အပြင်သို့မပေါက်ကြားစေတတ်သူဖြစ်၏။

     ဒီလူက ငယ်ရွယ်သေးပေမဲ့လည်း ဒီလိုမိတ်ကပ်ပညာရှင်အသိုင်းအဝိုင်းတွင် နှစ်အတန်ကြာကျင်လည်ခဲ့ပြီးနောက် သူ့ရဲ့အလုပ်အကိုင်နယ်ပယ်မှာ စိတ်အားထက်သန်တက်ကြွသူဟု ပြောစမှတ်တွင်ပြီး သူ ဘယ်နေရာကိုပဲသွားသွား “သခင်လေး” ဟု ကြိုဆိုခံရတတ်၏။

     သို့သော်လည်း သူ့မှာ အင်မတန်ဆန်းကြယ်သည့် လျှို့ဝှက်ချက်ကြီးတစ်ခုရှိလေ၏။ သူ့အတွက် ရေခဲပြင်ပေါ်မှာ လမ်းလျှောက်နေရသလို ခံစားချက်မျိုးနဲ့ သဲလွန်စ သေးသေးလေးတောင် ထုတ်မပြမိစေဖို့ လိုအပ်လှပေသည်။ အဲ့ဒီလိုမှမဟုတ်ရင် သူ့ကို ဘယ်သူမှ အလုပ်အပ်ကြတော့မည်မဟုတ်ဘဲ အဆင့်တန်းမြင့်သူဟုလည်း သမုတ်ကြတော့မည် မဟုတ်ပေ။

     အဘယ်ကြောင့်ဆိုသော် သူက ဂေးတစ်ယောက်မဟုတ်ဘဲ အဖြောင့်စစ်စစ်တစ်ယောက် ဖြစ်နေသောကြောင့်ပင်။

**********

SWARA WEBNOVEL TRANSLATION

Genre(s)
Tags(s)