Devil’s Warmth

5
Your Rating
Devil’s Warmth 5 (1)
427
Comments
8 Users bookmarked This

🌸🌸🌸

1996 ခုနှစ်သို့ပြန်လည်မွေးဖွားလာခဲ့သည့် ပေ့ယောင်လေးကာ နောင်အနှစ်နှစ်ဆယ်ကျရင် သူ(မ)အား သဘောကျလာမည့် ကမ္ဘာ့နတ်ဆိုးကြီးနဲ့ မျက်နှာချင်းဆိုင်တွင် နေထိုင်သည့် လေးနှစ်အရွယ်ပေါက်စီလုံးလေးဖြစ်လာခဲ့သည်။

နတ်ဆိုးဖေချွမ်းကတော့ ယခုဆို မသန်မစွမ်းခြေထောက်များနဲ့ စိတ်အားငယ်မှုတို့ရှိနေတဲ့ ငါးနှစ်အရွယ်ကလေးလေးပေါ့။

သူတို့ဆယ့်ခုနှစ်အရွယ်ရောက်လာပြီးနောက်တွင်—

ပေ့ယောင်လေးက အထက်တန်းကျောင်းရဲ့ ‘ကျောင်းအလှလေး’ ဖြစ်လာခဲ့သည်။

~

ဖေချွမ်းတစ်ယောက် တောင့်ခဲသွားရပြီး ဝှီးချဲကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ သူ(မ)ကို သတိပေးလိုက်၏။

“မင်း ကိုယ့်ကို သဘောကျတယ်လို့ မပြောလိုက်ပါနဲ့ မဟုတ်ရင်….”

ပေ့ယောင်က သူ့လည်ပင်းကို ဖက်ပြီး ချိုသာစွာ ပြုံးပြလိုက်သည်။ ဖေချွမ်းတစ်ယောက် မနေနိုင်တော့ကာ သူ(မ)ခါးကို ပွေ့ဖက်လိုက်ပြီး သူ၏ချုပ်တည်းထားသည့်ခံစားချက်များက ပွင့်ထွက်လာတော့သည်။

သူ့နှလုံးသားအား နှစ်ဘဝတိုင်ပိုင်ဆိုင်ခွင့်ရခဲ့သည့် ပေ့ယောင်တစ်ယောက် သိချင်နေမိသည်။

‘နတ်ဆိုးဆိုတာ ဘယ်လိုမျိုးပါလိမ့်’