E sport လောကရဲ့အဆိပ်အတောက်များစုဝေးစခန်း

5
Your Rating
E sport လောကရဲ့အဆိပ်အတောက်များစုဝေးစခန်း 5 (1)
216
Comments
7 Users bookmarked This

 

နည်းဗျူဟာချုပ်ကြီးလင်းယန်ဟာ e sport ဝတ္ထုထဲကိုရောက်လာခဲ့တယ်။ ထိုအချိန်ဟာ မူရင်းဇာတ်ကြောင်းမစခင် တစ်နှစ်အလိုဖြစ်သည်။

 

အနာဂတ်မှာလူအများကိုထိတ်လန့်စေတဲ့နတ်ဆိုးကြီးက နာကျင်မှုမရှိတဲ့ကျောက်တုံးလေးဖြစ်နေသည်။ တစ်ချိန်ကe sportအသိုင်းအဝိုင်းကိုနှောင့်ယှက်ခဲ့တဲ့ ဘေးအန္တရာယ်လေးသည် တွဲဖက်ကစားသမားအဖြစ်ကစားနေခဲ့သည်။ အကောင်းဆုံးကုသသူသည်လည်း တတိယတန်းဝင်အသင်း၏ လေအေးပေးစက်နေရာတွင်သာ ထိုင်နေရသည်။အပစ်အခတ်ဘုရင်သည် မီဒီယာကို ပါးစပ်ဖြင့်ပုတ်ခတ်ပြောဆိုမှုနှင့်မကောင်းသတင်းများသည်နေရာအနှံ့ပျံ့နှံ့လျက်ပင်။

 

ဇာတ်ရှိန်တက်လာသ၍ သူတို့သည်တောက်ပလာလိမ့်မည်ဖြစ်ပေမယ့် ကံမကောင်းစွာနဲ့ သူတို့အသင်းတွေကလုံလုံလောက်လောက်အားမကောင်းကြပါဘူး။ အဆုံးမှာတော့ သူတို့တွေဟာ အမြှောက်စာ ကံကြမ္မာကနေမလွတ်မြောက်နိုင်ကြဘူး။

 

လင်းယန် ဟာ အဲဒီလိုအရည်အချင်းတွေ အမှိုက်ဖြစ်သွားမှာကိုကြည့်မနေနိုင်ခဲ့ပါဘူး။ e sport ပရော်ဖယ်ရှင်နယ် ရသစုံလင်ရှိုးဟာ စတင်ခဲ့ပြီး လင်းယန်ဟာ GHအသင်းကိုပိုက်ဆံသုံးပြီး ထူထောင်ခဲ့ကာ အသင်းဝင်တွေရွေးဖို့ ရှေ့နောက် ​လျှောက်ခဲ့ရတယ်။

 

ရသစုံလင်ဖန်များ-????Go Home အသင်းကအမှိုက်တွေကောက်နေတာလား

 

အသင်းထူထောင်ပြီးတဲ့အခါ ပြိုင်ဘက်အားလုံးသည် Go Home အသင်းနည်းဗျူဟာများကြောင့်သွေးအန်ခဲ့ရပြီး GH အသင်းဟာပရော်ဖယ်ရှင်နယ်ပွဲစင် လက်မှတ်ရခဲ့တာကိုသာစောင့်ကြည့်နိုင်ခဲ့တယ်။

 

e sportလေးကတစ်ခုလုံးက ကပ္ပတိန် ကျင်းယွမ်ကျိုးမှလွဲ၍ GH တစ်ဖွဲ့လုံးသည် အရည်အချင်းမပြည့်ဝတဲ့ အပျော်တမ်းကစားသမားများသာဖြစ်၍ အဖက်လုပ်ဖို့မထိုက်တန်ကြောင်းသိခဲ့တယ်။ ရလဒ်အနေနဲ့တော့ ဒီအဆိပ်အတောက်အဖွဲ့က ကွင်းတစ်ခုလုံးကိုသိမ်းယူပြီး သူတို့ရဲ့ပထမဆုံးနှစ်ပွဲစဥ်မှာတင်ထိပ်ဆုံးကိုရောက်ခဲ့လေသည်။

 

မီဒီယာတွေက GHကိုအင်တာဗျူးတဲ့အခါ- ကပ္ပတိန်ကျင်း ဘာကြောင့်နည်းပြလင်းရဲ့ အကြံကိုလက်ခံပြီး GH ကိုဝင်ရတာလဲ။

 

ကျင်းယွမ်ကျိုး- သူကငါ့ကိုနေတိုင်း ”ငါမင်းကိုလိုချင်တယ်”ဆိုပြီး အပူကပ်တယ်။ ဒီလိုကြီးမားတဲ့ ကြင်နာမှုမျိုး ငြင်းပယ်ဖို့တကယ်ကိုခက်ခဲတယ်လေ။

 

လင်းယွမ်-????

 

လစာနှုတ်ယူမှုအသိပေးစာကိုစစ်ဆေးပါ။

 

အင်တာနက်တစ်ခုလုံးကရူးသွပ်သွားခဲ့တယ်-

မိဘအချစ်က အစစ်ဘဲ!!!