Translator' Note
တကယ်တော့ 2022 ခုနှစ်တုန်းက ပထမတစ်ကြိမ်ဘာသာပြန်တင်တုန်းက T/N အရှည်ကြီးရေးဖူးသေးတယ်။ ဒါမယ့် ပျက်သွားတဲ့ထဲပါသွားတော့ ဘာတွေရေးလိုက်မှန်းမမှတ်မိတော့ဘူးဗျ။ ဒါက ဘာသာပြန်သူအနေနဲ့မဟုတ်ဘဲ First Frost Hardcore Fan စာဖတ်သူတစ်ယောက်နဲ့ ရှောင်ချုန်း သိထားတာလေးတွေရယ် ၊ FF extra အနည်းငယ်ကို ဆက်ပြောပြသွားမှာပါ။
အရင်ဆုံး ဒီအထိအတူ နောက်တစ်ကြိမ် လိုက်ပါလာပေးကြတဲ့စာဖတ်သူတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ အချစ်တို့ လိုက်လာလို့သာ ဒီခရီးက ဒီအထိပေါက်မြောက်လာတာပါ။ ကိုယ့်တစ်ယောက်တည်းဆို ကိုယ့်ဘာသာကိုယ်ဖတ် ကိုယ့်ဘာသာကိုယ်ကြိုက်ရင်း ပြီးသွားမှာရယ်။
ရှောင်ချုန်း Sharing feelings အနည်းအကျဥ်း ;
တိတ်တဆိတ်ချစ်ခြင်းတွေထဲမှာ ‘တစ်ဖက်လူမသိလိုက်ပါဘဲ အဆုံးသတ်သွားရတဲ့ Bad ending’ တွေက အဆိုးဝါးဆုံးပါလို့ တစ်ခါကဖတ်ဖူးပါတယ်။ စန်းရန် နဲ့ ဝိန်းရိဖန် ဇာတ်လမ်းလေးကလည်း ဒီလို BE မျိုးကနေ ကပ်သီလေးလွတ်လာတဲ့ဝတ္ထုတစ်ပုဒ်ပါလို့ ကိုယ့်ခံစားချက်အရ Sharing လုပ်ဖူးတယ်။
ဒီလိုပြောတော့ တရုတ်ဝတ္ထုလောကမှာ ရင်းနှီးဖူးတဲ့ ဝတ္ထုအညွှန်းရေးသူ ကျယ်ကျဲတစ်ယောက်က ကိုယ့်ကို ပြောလာတယ် – ” နန်းဟုန် ( First Frost ) က ဘယ်တော့မှ BE ဖြစ်မသွားနိုင်ဘူးတဲ့ ၊ ဘာလို့လဲဆိုတော့ နောက်ဆုံး Extra မှာ စန်းရန် pov ကနေ ရေးထားတဲ့စာသားတစ်ကြောင်း ‘ မင်း ပြန်မလာတော့ဘူးဆိုမှတော့ ကိုယ်ကပဲ မင်းဆီ လိုက်လာရတော့မှာပေါ့’ ဆိုတဲ့နေရာမှာတင် ဒီဇာတ်လမ်းလေးက Happy Ending ဖြစ်နေပါပြီတဲ့ “
စန်းရန်က ဝိန်းရိဖန် ရှိတဲ့နေရာတိုင်းကို လိုက်သွားမှာမလို့ “နန်းဟုန်” က ဘယ်တော့မှ BE ဖြစ်လာမှာမဟုတ်ပါဘူး။
2004 ခုနှစ်မှာ ရင်းနှီးခဲ့ကြတဲ့နှစ်ယောက်
2007 ခုနှစ်မှာ လမ်းခွဲခဲ့ရတယ်
2013 ခုနှစ်မှာ ပြန်တွေ့ပြီး
2014 ခုနှစ်မှာ အိမ်ခန်းမျှနေခဲ့ကြတယ်
2015 ခုနှစ်မှာ လက်တွဲခဲ့ကြပြီးတော့
2016 ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။
စန်းရန်က ဝိန်းရိဖန်တစ်ယောက်တည်းကိုပဲ ကိုးနှစ်နီးပါး တိတ်တိတ်လေးသဘောကျနေခဲ့တာပါ။

နောက်ဆက်တွဲ Extra အနေနဲ့ကတော့ ;
စန်းရန်နဲ့ဝိန်းရိဖန်မှာ ‘စန်းယယ်’ဆိုတဲ့ သားလေးတစ်ယောက်ရှိလာပါတယ်။ အဖေနဲ့မတည့်တဲ့ အဖေတူသားလေးပါ။ မာမားကိုလုနေလို့ ပါပါး မကြည်တဲ့ကလေးလေးက အဘွားလီဖင်အိမ်ကို ခဏခဏအပို့ခံရပါတယ်။ နောက်နှစ်အနည်းငယ်ထပ်ကြာတော့ အိမ်နာမည် ‘စန်းလျို့ချူး’ ဆိုတဲ့ သမီးလေးပါ ထပ်မွေးလာပါသေးတယ်။ ပါပါး ဖူးဖူးမှုတ်အချစ်ခံလေးပေါ့။ သမီးလေးနာမည် အတည်တကျကတော့ စာရေးသူသာ့သာ့ဆက်ရေးမှပဲ ရပါတော့မယ်။
ဟာသတစ်ခု ပြောပြရဦးမယ်ဆိုရင် – ကျူးယိသာ့သာ့ပြောတဲ့ စန်းမိသားစုရဲ့ Family Position Ranking (မိသားစုဝင်တွေရဲ့အရေးပါအရာရောက်မှု) ကို နေရာစဥ်လိုက်ရင် ;
ပထမက – စန်းကျစ်
ဒုတိယက – လီဖင် (စန်းမားမား)
တတိယက – စန်းရုံ ( စန်းပါပါး)
စတုတ္ထက – ဝိန်းရိဖန်
ပဥ္စမက – သွမ့်ကျားရွှီ
ပြီးရင် ထမင်းပေါင်းအိုး ၊ အဝတ်လျှော်စက် ၊ တီဗွီ ၊ ရေခဲသေတ္တာ ဗလာဗလာတွေရဲ့ ဟိုးးးးးးး နောက်ဆုံးမှာမှ စန်းရန်ပါတဲ့ဗျာ။

*********
ကျေးဇူးတင်လွှာ
ဒီတစ်ပိုဒ်လေးကတော့ ရှောင်ချုန်းကို First Frost HC fan စာဖတ်သူမှန်းသိပြီးတဲ့နောက် စာအုပ်တွေ Merch တွေ လက်ဆောင်လာပေးကြတဲ့အချစ်တို့ကို ကျေးဇူးအများကြီးတင်ချင်တာပါ။ Suprise gift လက်ဆောင်ရတာတွေနဲ့တင် ကိုယ့် First Frost collection အိပ်မက် ပြည့်ဝသွားခဲ့ရပါတယ်။ တကယ့်ကို ကျေးဇူးများကြီးပါ။ ဒီအတိုင်း ကျေးဇူးတင်ချင်စိတ်သက်သက်နဲ့ထည့်ရေးတာပါ တခြားဘာရည်ရွယ်ချက်ဆိုလိုရင်းမှ မပါ,ပါဘူးနော်။
First Frost 难哄 လေး အပြီးမှာ စန်းရန်ရဲ့ချစ်ခြင်းတွေကို ရည်ညွှန်းတဲ့စကားတစ်ခွန်းကို ကျူးယိသာ့သာ့က သူ့စာဖတ်သူတွေအတွက် လက်ဆောင်ပေးခဲ့ပါတယ်
ပိုက်ကျန့်(ရှုံးနိမ့်သွားခြင်း/အရှုံးပေးခြင်း)
~~~ပိုက်ကျန့်ဆိုတာ ရှုံးနိမ့်သွားတဲ့ ‘ကျန့်’ မဟုတ်ရပါဘူး..မင်းကိုပဲ အရှုံးပေးတာပါ ဝိန်းရွှမ်း’ကျန့်’~~~
_ ကျန်းဟူတစ်ခွင် ကံမကုန်ရင် ပြန်ဆုံကြပါဦးမယ် – ရှောင်ချုန်း 💛
*********************