His Husband Is Not Me!

5
Your Rating
His Husband Is Not Me! 5 (1)
107
Comments
Bookmark This
  1.  “အကို…ဒီနေ့ဘယ်လိုလဲသက်သာလာ”

“ကောင်လေး…မင်းကျောင်းရောသွားရဲ့လား..တစ်နေ့တစ်နေ့ အားတိုင်းယားတိုင်း ငါ့ဆီဘဲလာနေတာလေ”

“ဟားဟား…အကိုကခင်ဖို့ကောင်းတာကိုး.. ပြီးတော့ ကျွန်တော် ​ အကို့ ကိုအဖော်ပြုပေးချင်လို့လေ..အကို့ဆီကို ဘယ်ဧည့်သည်မှမလာတော့ ကျွန်တော်စိတ်မကောင်းဖြစ်နေတာ ။ ဘာလဲ အကိုကမကြိုက်ဘူးလား…”

“မင်းက ငါ့အခန်းတံခါးကျိုးတဲ့အထိ ချောင်းပေါက်အောင်လာနေမှတော့ အေးအေးဆေးဆေး အနားယူနေတဲ့ ဦးနှောက်ကင်ဆာသမားက မင်းကြောင့် စိတ်ကင်ဆာပါရတော့မယ်”

“ဟွန်း ကျွန်တော်က အကို့ကို မြင်မြင်ကတည်းက သံယောဇဥ်တွယ်မိလို့ အကို့ဆီကိုဘဲတန်းတန်းမတ်မတ်လာခဲ့တာပါ..။ ဒါနဲ့သိလား ကျွန်တော့်စာတန်းတွေက အကို့ကြောင့်အများကြီးအထောက်အကူဖြစ်နေတာ…”

“ကောင်လေး..ကျေးဇူးပြုပြီးငါ့ကိုသံယောဇဥ်မတွယ်ပါနဲ့…ငါကတစ်ချိန်မှာထွက်သွားရမဲ့သူ… ငါက သေလူမို့အဆင်ပြေတယ်..။ ရှင်သန်ရအုံးမဲ့ မင်းဘဝတစ်လျှောက်မှာ ငါလိုလူမျိုးကိုသံယောဇဥ်တွယ်မိလို့ ကောင်းတာဘာတစ်ခုဖြစ်လာမှာမှမဟုတ်ဘဲလေ..”

“အကို…ဘယ်လိုစကားပြောလိုက်တာလဲ… ကျွန်တော့်ဆန္ဒနဲ့ကျွန်တော် အကို့အပေါ်သဘောကျမိတာ မကောင်းတာမှမဟုတ်တာ.. ကျွန်တော် အကို့ကိုချစ်တယ်…အကိုမှမဟုတ်ရင် မဖြစ်ဘူး…အဲ့တာကြောင့်အကိုကပြန်မချစ်နဲ့ ကျွန်တော်ဘဲချစ်မယ်…ကျွန်တော့်ကိုယ်ပိုင်ဆုံးဖြတ်ချက်မို့ ပြန်မပြင်ဘူး”

ဗန်က ကုတင်ပေါ်မှမတပ်ထရပ်လိုက်ရင်း ပြူတင်းပေါက်ရှိရာအနားတရွေ့ရွေ့တိုးကပ်သွားလိုက်၏။ ထို့နောက် ဆေးကျောင်းသားလေးဖြစ်သည့် ဥက္ကာဘုန်းပြည့်အား အပြည့်အဝကျောခိုင်းခါ စကားအချို့ဆိုလိုက်၏။

“မင်းသိလား..ငါ့ဘဝမှာ အရမ်းကိုမှချစ်ရတဲ့လူနှစ်ယောက်ရှိတယ်…”

“အဟွတ်..အဟွတ်!!!”

စကားအဆုံး ပြူတင်းပေါက်မှတိုက်ခက်သွားသောလေအေးများကြောင့် ဗန် ချောင်းဟန့်လိုက်မိသော် ဥက္ကာ က အနွေးထည်လေးအား ဗန်၏ကျောအနောက်ဘက်မှ ခြုံလွှားပေးလိုက်၏။

“တစ်ယောက်က ငါ့ရဲ့ချစ်မဝတဲ့သမီးလေး.. နောက်တစ်ယောက်က သမီးဖြစ်သူရဲ့ရည်းစားဟောင်းဖြစ်တလည်း ငါ့ခင်ပွန်း…”

ဥက္ကာ၏မျက်လုံးများပြူးဝင့်သွားချိန် ဗန်က သဘောတကျရယ်လိုက်မိ၏။

“ငါ့ဘဝရဲ့အလင်းရောင်တွေ ပျောက်ဆုံးသွားခဲ့တဲ့အဲ့ဒိနေ့ကပေါ့………..”

ပုံပြင်ဟောင်းတပုဒ်လို အစချီလိုက်သည့်နှင့်တစ်ပြိုင်နက် ဗန်ငေးကြည့်နေသော အရိုးပြိုင်းပြိုင်းကျနေသည့် သစ်ပင်အိုကြီးထံမှ သစ်ရွက်ဝါများသည် တိုက်ခက်လာသောလေနှင့်အတူ ဝဲပျံသွားတော့၏…။

ဖြက်ဖြက်လူးနေတဲ့သစ်ရွက်ခြောက်တွေဟာ မိုးရွာချသလို မြေပြင်ပေါ်ကျဲချလာသည့်အခိုက်တွင်…….
ကျောင်းဝန်းအတွင်းသို့ ထိုးရပ်လာသောကားအဖြူကလေးပေါ်မှဆင်းလာသော ပြင်သစ်​မြန်မာကပြားအမျိုးသမီးတစ်ယောက်၏ လှပကျော့ရှင်းမှုက မည်သို့မှဖွဲ့မဆိုနိုင်။ ပုရိသယောက်ျားအပေါင်းတို့အားနှစ်ခါပြန်လှည့်ကြည့်စေသည်အထိလှပလွန်းလှ၏။ မြန်မာမိခင်အမျိုးသမီး၏ လှပသော ခန္ဓာကိုယ်အစိတ်အပိုင်းအဖုအထစ်များအားအသေးစိတ်ထုဆစ်ထားသကဲ့သို့သော ခန္ဓာကိုယ်.. ဖခင်မျိုးရိုးလိုက်သော ဆံနွယ်ဖြူဖြူများနှင့်အသားဖြူဖြူများက အဝေးမှလှမ်းကြည့်လျှင်တောင် သူမ၏အလှသည်ပတ်ဝန်းကျင်အားမှေးမှိန်သွားသယောင်…။ မျက်စံနက်နက်ကလေးများသည်တော့ ​မိခင်မျိုးရိုးဘက်လိုက်သွားသည်ထင့်..။ ဖခင်လို မျက်စံပြာပြာကလေးများတော့ သူအထံတွင် မရှိခဲ့ချေ။

ထိုကဲ့သို့လှပသော သုသုသွေးနီသည် နာမည်နှင့်လိုက်အောင်ကို ရဲရင့်ပျက်သားလှ၏။ ပြင်သစ်နာမည်မှာ အဘန်ဒိုနိလပ်ဗန်ဒ် ဖြစ်ပြီး အဓိပ္ပါယ်မှာ ရဲရင့်သောလာဗန်ဒါပန်းကလေးဟုအဓိပ္ပါယ်ပင်ဖွင့်ဆိုနိုင်ပေသည်။သို့သော်သူမသည် မိခင်သေဆုံးပြီးနောက်တွင် မြန်မာပြည်သို့ သူတို့သားအဖနှစ်ယောက်ပြန်လည်ခြေချဖြစ်ခဲ့သည်။ မိခင်ဖြစ်သူဒေါ်ဟေမာက အမိမြေတွင်ဘဲခေါင်းချချင်သည်ဟူသောအဆိုကြောင့် သုသု့အသက်၁၃နှစ် အရွယ်ကပင် သားအဖနှစ်ယောက်စလုံး မြန်မာပြည်တွင်သာရှိနေခဲ့ကြလေသည်။

ယခုတွင်လည်း ကျောင်းသို့လိုက်ပို့ပေးသောဖခင် လုန ရှို့ဒ်လပ်ဗန်ဒ် ၏ ကားအဖြူကလေးက ကျောင်းဝန်းထဲထိုးရပ်လာကတည်းက လူအများ၏အာရုံစိုက်မှုကိုအထူးရရှိနေပြီဖြစ်လေသည်။ဖခင်ဖြစ်သူ၏ အရွယ်မရှိသေးသောပုံရိပ်သည် ကျောင်းသူများသာမက ကျောင်းသားများအတွက် မျက်စိအေးစရာအနေအထားဖြစ်၏။ အသက်အရွယ်အားဖြင့် ၃၆ နှစ်သာရှိသေးသော လုန ရှို့ဒ်လပ်ဗန်ဒ်သည် အသက်၁၉နှစ် အရွယ်တွင်အိမ်ထောင်သက်ကျ၍ ဤကဲ့သို့ မထင်ရက်စရာအသက်တွင် ဖခင်တစ်ယောက်အဖြစ်တာဝန်ထမ်းဆောင်နေခဲ့ရပြီဖြစ်လေသည်။ ထို့ကြောင့်လည်း သူတို့သားအဖနှစ်ယောက်ကို မောင်နှမများအဖြစ် အထင်မှားရခြင်းဖြစ်၏။

“ပဲယားလ်… ဒီနေ့စောစောလာကြိုနော် သုသု ညနေပိုင်းအတန်းမရှိဘူး…”

မြန်မာဝတ်စုံမိုးပြာရောင်ကလေးအားဝတ်ထားသည့် သမီးလေး၏အပြုံးလှလှလေးအား လုန ရှို့ဒ်လပ်ဗန်ဒ် က သူ၏ ရေလို ကြည်လင်အေးချမ်းသောအပြုံးနှင့် ပြန်၍လက်ခံပြုံးပြလိုက်၏။ ထို့နောက်ခေါင်းတစ်ချက်ညှိမ့်ပြခါ လပ်လှမ်းပြရင်း ကျောင်းထဲဝင်ရန်အချက်ပြလိုက်၏။သမီးဖြစ်သူကားထဲဝင်သွားသည်ကို ပြုံးပြုံးလေးလိုက်ကြည့်နေသော သူက ဘေးကအုတ်ခုံတွင်စုဖွဲ့၍ထိုင်နေကြသော ကလေးမတစ်ချို့အားလှမ်း၍ပြုံးပြလိုက်၏။

ဗန် ၏အပြုံးက လက်ဆက်လွန်းသည့်လေပြေနုနုအေးအေးများလိုသိပ်ကိုလပ်ဆက်နေပြီး ခပ်ဝဲဝဲကျနေသောဆံနွယ်ဖြူးဖြူများကလည်း ဗန်၏ ပြင်သစ်မျက်နှာကျနှင့်မို့ပို၍လိုက်ဖက်နေသလိုမျိုးပင်..။ လူကောင်သိပ်မထွားဘဲ အကောင်အနည်းငယ်ညှပ်သည့် ဗန်က ငယ်ငယ်ကတည်းကသောက်နေရသည့်ဆေးတွေကြောင့် သူ့အရပ်နှင့်အလေးချိန်ကိုအဟန့်အတားဖြစ်နေစေခဲ့၏။သို့သော် မြန်မာပြည်ရောက်လာပြီးကတည်းက ဗန့်မှာ ထိုအတွေးများမရှိတော့ချေ။ အဘာ်ကြောင့်ဆိုသော် ဗန်၏အရပ်သည် သာမာန်မြန်မာအမျိုးသားတစ်ယောက်နီးတူလယ်ဗယ်သွားနေခြင်းကြောင့်ဖြစ်၏။

သူ့အပြုံးကြောင့် အသံတွေထွက်လာအောင် သဘောကျနေကြသော ကလေးမတစ်ဖွဲ့က အတော်ကလေးကြေနပ်သွားကြသယောင်….။တီးတိုးလို့အချင်းချင်းပင် တံတောင်များဖြင့်တွန်းတိုက်နေကြသေးသည်။ အဲ့နောက်မှာတော့ ဗန်က ကားအဖြူကလေးပေါ်ပြန်၍တက်သွားခါ နေရာမှထွက်ခွာသွားရင်း ဗန်ဦးစီးနေသော ကော်ဖီဆိုင်ကလေးဆီသို့မောင်းနှင်နေခဲ့၏။

ဗန်၏ကားကလေးသည် လမ်းအချိုးထဲကွေ့ဝင်လိုက်လျှင် သူ၏ကားရှေ့မှအရှိန်ပြင်းပြင်းနှင့်ဝင်လာသော ဆိုင်ကယ်တစ်စီးအားတွေ့လိုက်ရ၏။ရုတ်တရက်ဖြစ်စဥ်မို ဗန် ကားဘရိတ်အားစောင့်နင်းလိုက်သည့်အခါ ဗန်၏ကိုယ်မှာ ကားစီရာတိုင်အောပ်နားမှထွက်လာသောလေဖောင်းအိတ်ကြောင့် သူ့ကိုယ်မှာ အန္တရာယ်ကင်းစွာလုံခြုံသွား၏။ သို့သော်လည်း အတင်းဇွတ်ဝင်လာသည့် ဆိုင်ကယ်သမားကရော… ဗန်ထိပ်ထိပ်ပြာပြာနှင့် နှေးကွေးစွာ လေပြန်ရော့နေသော လေဖောင်းအိတ်အား သူ့ရှေ့မှအတင်းဖယ်ထုတ်ရင်းခါးပတ်ကြိုးဖြုတ်လို့ ကားအောက်သို့ဆင်းလာခဲ့လေသည်။

မြင်လိုက်ရသည့်မြင်ကွင်းမှာ သူ၏ ရှေ့တစ်ခြမ်းပိန်သွားသော ကားခေါင်းလေး..ထိုအောက်တွင်တော့ ကြီးမားသောဆိုင်ကယ်ကြီး၏အောက်တွင်ပိနေသည့် လူ..။ အလေးချိန်မြင့်မားသည့် Kawasaki Ninja H2 ဆိုင်ကယ်ကြီးက သူ့ခြေထောက်တွေအားဖိထားသည်ကြောင့် သူ့ခင်မျာ အတင်းရုန်းကန်နေသော်လည်း မည်သို့မှမလွတ်နိုင်ပေ။

“ကိုယ်ထူပေးမယ်…”

ဗန်၏လက်တွေက ဆိုင်ကယ်၏ဇက်မှရှိသမျှအားအကုန်ဆွဲခါမတင်ပေးတော့ ဆိုင်ကယ်အောက်မှပိတ်မိနေသောခြေထောက်မှာလျှင်မြန်စွာလွတ်ထွက်လာခဲ့၏။

“အင့်…”

ဆိုင်ကယ်အား ဒေါက်ထောက်ရန် ကို့ယို့ကားယားလုပ်နေသည့် ဗန့်မှာ ဟန်းစတားပေါက်ကလေးတစ်ကောင်ကဲ့သို့ ခြေမကိုင်မိလပ်မကိုင်ဖြစ်နေလေသည်။ ဒါကို helmet အောက်မှ မျက်မှောင်ကြုတ်ကြည့်နေတဲ့ ထိုသူက နှုတ်ခမ်းထက်မှအပြုံးတစ်ခုအားပြုံးထားလိုက်သေးသည်။ သူပြုံး၍ကြည့်နေတုန်းမှာ သူ့ helmet ကမှန်အားလာခေါပ်လာသည့် ဗန့်ကြောင့် သူ၏အတွေးစများပျံ့လွင့်သွားရ၏။

“ဆေးရုံလိုက်ပို့ပေးမှာမို့ ထနိုင်ရဲ့လား….”

ဦးထုပ်ဝတ်ဆင်ထားသည့် အနက်ရောင်ဂျာကင်နှင့်အမျိုးသားက ဦးခေါင်းထက်မှဦးထုပ်အားချွတ်ပစ်လိုက်ပြီးနောက် ဆံပင်တစ်ချို့ကိုခါထုတ်ပစ်လိုက်၏။

ဗန်က helmet ဝတ်ထားသည့်လူသား၏အပြုအမူများအားကြည့်နေတုန်းမှာပင် သူ၏မျက်ခုံးများပင့်တက်သွားခဲ့၏။
မျက်နှာအရကြည့်လျှင် အတော်လေးငယ်သေးမှန်း သိလိုက်ရသည့်အခါ ဗန် နှလုံးများတုန်သွား၏။ သူဝင်တိုက်လိုက်သည့် ဆိူင်ကယ်နှင့်ကောင်လေးက အသက်မှပြည့်သေးရဲ့လားသူမသိ..။အမှုကိစ္စတွေဘာတွေဖြစ်လာမှာကိုလဲစိုးရိမ်သည်ကြောင့် ဗန် ထိုကလေးအား အတင်းဆွဲထူရင်း သူ့ကားပေါ်ဆွဲတင်လိုက်၏။ သဘောတူညီမှုမရဘဲ ကားပေါ်ဆွဲတင်လိုက်သည့်ဗန့်ကြောင့် ကောက်လေးမှာ မျက်လုံးလေးဝိုင်းလို့ ပါးစပ်ကလေးပင်ဟောင်းလောင်းဖြစ်နေသေး၏။ထို့နောက် drive seat မှာလာထိုင်ရင်း ခါးပတ်ပတ်လိုက်သည့် ဗန့်၏မျက်နှာမှာအမူအရာမပြ..။သို့သော် တဆက်ဆက်တုန်နေသောလက်ကြောင့် ကောင်းလေးကရယ်ချင်မိသွား၏။ထို့နောက်ရယ်ချင်စိတ်ကိုလျော့ပစ်ရင်း အနည်းငယ်မာသောအသံအားအစပြုလိုက်၏။

“ဟေး…ဦးလေး..ဘာလုပ်နေတာလဲ”

“အမှုပတ်မှာစိုးလို့ ဆေးရုံပို့ပေးမလို့လေ…”

“ဪ…”

ဪ ဟု ရေရွတ်သံအဆုံး ငြိမ်ကျသွားသောကောင်လေးက သူ၏ညာဘက်ခြေထောက်အားငုံ့ကြည့်မိတော့ ဘေးကလူကြီးလန့်လည်းလန့်ချင်စရာ..သူ၏ခြေထောက်မှစီးဆင်းနေသောသွေးများသည် ကာခြေနင်းခုံ မီးခိုရောင်ကလေးအား အနီရောင်အဖြစ်ပြောင်းလဲနေစေခဲ့၏။

“မင်း အရမ်းနာနေလား…”

“ဘယ်လိုပြောလိုက်တာလဲ နာတာမှအသက်ထွက်မတက်ဘဲ…”

“ခဏသည်းခံထား ကိုယ်ဆေးရုံကိုမြန်မြန်မောင်းပေးပါ့မယ်….”

“အင်း”

“ဆိုင်ကယ်ကိုစိတ်မပူနဲ့..ကိုယ့်ဆိုင်က ဝန်ထမ်းတစ်ယောက်ကိုရွှေ့ခိုင်းထားလိုက်မယ်…”

“ရတယ် တန်ဖိုးမကြီးဘူး…”

ဗန်၏မျက်လုံးတွေက အံ့ဩသွားသလိုအရောင်တစ်ချက်လက်ရင်း ဘေးကကောင်လေးဆီ မျက်လုံးဆွေကြည့်လိုက်မိ၏။ Side seat မှာထိုင်နေသည့် ကောင်လေးကတော့ မျက်လွှာတွေပိတ်ချလို့ မျက်ခုံးတွေမှာထိလုနီးသည်အထိ ကြုတ်ခါထားလေသည်။ အသက်အရွယ်အရ သူ၏သမီးအရွယ်သာရှိသောထိုကောင်လေးက ဗန့် မျက်လုံးထဲတွင် ကလေးငယ်တစ်ယောက်ထက်မပို..။ ဒါကိုတောင် ဆိုင်ကယ်ကိုရမ်းဘီလူးလုပ်ပြီးစီးလာသည့်သတ္တိကိုတော့အံ့ဩနေမိ၏။ ခုခေတ်ကလေးတွေများ ပေပေတေတေလေးတွေဟုသာ ဗန် ကောက်ချက်ချမိလေသည်။

ဆေးရုံရှေ့ရောက်တော့ ဗန် ကားပါကင်ထိုးဖို့နေရာအထူးရှာနေစရာမလိုအောင် Dr.Van ဟုရေးထိုးထားသော ကားပါကင်နေရာကလေးတွင် ထိုးရပ်လိုက်ပြီး သူကားပေါ်မှအပြေးဆင်းရင်းတစ်ဖက်ရှိကားတံခါးအားဆွဲဖွင့်ခါ ကောင်ငယ်လေးကို ကူတွဲလိုက်၏။

“အ့…”

ကောင်လေးထံမှအသံပဲ့ကျလာသည့်အခါ ဗန့်၏အကြည့်တွေက ပြာပြာသလဲဖြစ်သွားဟန်တူ၏။ နာမည်စိုးသည့်စိတ်က ထိုကောင်လေးကိုကလေးပွေ့သလိုသာချီမသွားချင်သည်အထိ စိုးရိမ်မိသွား၏။

“အာ..လမ်းလျောက်နိုင်ရဲ့လား ဝှီးချဲသွားယူပေးမယ် ခဏ…”

ဗန်က ကောင်လေးကိုလက်တွဲဖြုတ်ရင်း ဆေးရုံဝန်းထဲအပြေးဝင်မည်အလုပ်တွင် ကောင်လေးက ဗန့်လက်ကောက်ဝတ်မှပြန်ဆွဲခါ ဟန့်တားထားခဲ့၏။

“ဦး…..”

“အင်းအင်း..”

“ကျွန်တော့်နာမည်က အဂ္ဂအဏ္ဏဝါ​မောင် ပါ..”

ရုတ်တရက်မိတ်ဆက်လိုက်သည့်အခြေအနေကြောင့် ဗန်က အံ့ဩသွားသလို ထိုကောင်လေးအား ပြူးတူးပြဲတဲနှင့်ကြည့်နေခဲ့မိ၏။ ထို့နောက်သူ့လက်ကောက်ဝတ်အား ဆုတ်ကိုင်ထားသည့်လက်ဖျံတွေအားငုံ့ကြည့်မိတော့ တင်းကြပ်စွာဆုတ်ကိုင်ထားလေသည်။

“ဪ..ဟုတ်ပြီ…အဂ္ဂအဏ္ဏဝါမောင်…”

စကားသံဝဲဝဲနှင့်ပြန်ပြောလာသည့် ဗန့်၏ မြန်မာစကားတွေဟာ လွန့ခဲ့သော ၁၅နှစ်ကတည်းကလေ့လာကျက်မှတ်ခဲ့သည်မို့ ပြင်သစ်သားတစ်ယောက်အနေနှင့် လုံးလုံးမပီပြင်သော်လည်း တဖတ်လူနားထောင်ရာတွင် အသံထွက်ပီပြင်ပြီးရှင်းလင်းနေသည်အထိ ကျွမ်းကျင်နေခဲ့ပြီဖြစ်၏။

ဗန်၏ နုပျိုသော မျက်နှာအသွင်အပြင်သည် ဆံနွယ်ဖြူဖြူကလေးများနှင့်ပနံသင့်လို့လိုက်ဖက်ညီနေလေသည်။ သို့သော် မျက်လုံးပြာတာတာလေးများကတော့ တဖတ်ကောင်ငယ်လေး၏ မဟူရာအရောင်ကို စီးချင်းမထိုးနိုင်တော့ဘဲ မျက်လွှာတွေခပ်မြန်မြန်ချပစ်လိုက်ရ၏။

“အင့်”

အဂ္ဂ၏ ရုတ်တရက်ဆောင့်ဆွဲလိုက်ပုံကြောင့် ဗန်၏ အမှုမဲ့အမှတ်မဲ့ရပ်နေသောခြေလှမ်းတွေက သူ့ရှေ့တွင်ရှိနေသော တနည်းအားဖြင့် ခြေထောက်တွင်ဒဏ်ရာရနေသည့် အဂ္ဂအဏ္ဏဝါဟူသည့် ကောင်လေး၏ရင်ခွင်ဆီတန်းတန်းမတ်မတ်ပင်ရောက်ရှိသွားခဲ့တော့၏။

“ဦး နာမည်က ဘယ်သူလဲ…”

ဗန်၏အာရုံတွေမှာထွေပြားသွားသလို ဦးနှောက်အားအလုပ်မပေးနိုင်တော့သည်အထိ ထိုကောင်လေး၏ မေးခွန်းအား ထစ်အစွာတုန့်ပြန်နေမိလေသည်။

“လု…လုန ရှို့ဒ်လပ် ဗန်ဒ်”

“ဟင်း….ကျွန်တော် ဦးကို ဗန်ဗန်လို့ခေါ်မယ်..ဦးက ကျွန်တော့်မျက်စိထဲမှာ တကယ့်ကလေးလေးလိုဘဲ…”

“………”

အတော်ကလေးအာရုံပျံ့လွင့်နေပြီးမှ ဗန်အသိတရားဝင်သွားသလို အဂ္ဂအဏ္ဏဝါအား ရင်ဘက်မှစောင့်တွန်းပစ်လိုက်၏။

“ဘာမဟုတ်တဲ့စကားတွေက ကလေးပါးစပ်ကနေထွက်လာတာလဲ”

အရှိန်ကြောင့် အဂ္ဂအဏ္ဏဝါတစ်ယောက် ခြေထောက်အားကိုအသုံးမပြုနိုင်ဘဲ နောက်ပြန်ဖင်ထိုင်လျက်ပြုတ်ကျလဲလေတော့သည်။

“ဦး…..ကျွန်တော် နာသွားပြီလေ”

“!!! အာ sorry ကွာ..မင်းက အဓိပ္ပါယ်မရှိတာတွေလာပြောနေတာကိုး…”

ဗန် ခါးကိုကိုင်းလို့ အဂ္ဂကို လက်မောင်းမှဆွဲထူမ​ပေးတော့ ပူခနဲဖြစ်သွားသော ညာဘက်ပါးတစ်ဖက်ဟာ ရှိန်းတိန်းဖိန်းတိန်းနှင့်အသဲခိုက်အောင် လက်ဖျားများပင်အေးစက်သွားချေပြီ။ဗန့်၏ ဝင်သက်ထွက်သက်များပင်ရပ်တန့်သွားသည်အထိ ဦးနှောက်ပင်ဗလာချည်းသပ်သပ်ဖြစ်သွားခဲ့ရ၏။

“ဟီး…ဒီနေ့ကစပြီး ဗန်ဗန့်ကို ကျွန်တော်လိုက်တော့မှာ..”

“မင်း….!!!!”

ထိပ်လန့်သွားသည့် ဗန့်၏မျက်နှာအားကြည့်ခါ အဂ္ဂက မဲ့ပြုံးကလေးတစ်ချက်ပြုံးလိုက်၏။

ခင်များ သမီးကြောင့်အက်ကွဲသွားတဲ့နှလုံးသားကို….
ခင်များလက်နဲ့ကိုယ်တိုင်ပြန်ဆက်ပေးရမယ်…
အဲ့မိန်းမ မျက်ရည်ပေါက်ပေါက်ကျတဲ့နေ့​တွေကို ကျွန်တော် တစ်ဝကြီး ရှုစားပစ်မယ်…

……………….

10.1.2024.
11:35 pm.

……………….

Genre(s)
Tags(s)