Part 3
အချိန်ကား ည ၉ နာရီဝန်းကျင်ခန့်တွင်ဖြစ်၏။ ခြံထဲသို့ ဗန်၏ ကားအဖြူကလေးဝင်လာသည့်အခါ အိမ်အကူအဒေါ်ကြီးဒေါ်လှတင့်ကအပေါက်ဝတွင်မျက်နှာပျက်ပျက်နှင့်စိတ်လှုပ်ရှားစွာထွက်စောင့်နေသည်ကား ဗန်မြင်လိုက်ရ၏။ထို့ကြောင့် ဗန်ကိုယ်တိုင်သည်လည်း သူ့အကြောင်းသူသိထားပြီးသလိုကားပေါ်မှခပ်သုတ်သုတ်ဆင်းလာလေ၏။
“ဒေါ်လှ…သမီးရော….”
” အစောကတင်ဘဲအခန်းထဲဝင်သွားတယ်”
“ဟုတ်ပြီဒေါ်လှ ကျေးဇူးဘဲနော် မပြန်သေးဘဲသမီးကိုစောင့်နေပေးလို့”
“ဒေါ်လှကရတယ် ကိစ္စမရှိဘူး…ဒါနဲ့ မောင်ရင်ရယ် ၉နာရီတောင်ထိုးပါပေါ့လား…”
“ဟုတ်တယ်..ကျွန်တော် accident တခုဖြစ်သွားလို့…အဲ့တာ ပြဿနာနည်းနည်းရှိသွားတာ”
“ဟယ်..ဘာဖြစ်သွားသေးလဲ”
“ကျွန်တော်ဘာမှမဖြစ်ဘူး..သမီးကိုသာပြန်မပြောနဲ့ အလကားသပ်သပ်စိတ်ပူသွားမှာစိုးလို့”
“ဒေါ်လှနားလည်ပါတယ်ကွယ်”
“ဒါဆိုကျွန်တော်အပေါ်တက်တော့မယ်နော်”
ဗန်ကပြောရင်းခပ်ပြာပြာနှင့်အိမ်ထဲပြေးဝင်သွားတော့၏။အိမ်ထိန်းဒေါ်လှမှာသက်ပြင်းကလေးတစ်ချက်ချရင်းခြံထဲကအလုပ်သမားတန်းဘက်သို့ပြန်ထွက်သွားတော့၏။
ဗန်ဟာဒီနေ့သမီးဖြစ်သူအားကျောင်းကြိုဖို့ဂတိပေးခဲ့ပြီးမှ နောက်ကျနေသည်ကြောင့် သမီးဖြစ်သူစိတ်ကောက်နေတော့မှန်းသိလိုက်ပြီဖြစ်၏။ ထို့နည်းတူတဖက်ရှိ အဂ္ဂအဏ္ဏဝါမောင်ဟူသည့်ကောင်ငယ်လေးသည်လည်း သူ့အားအတင်းဆွဲထားသည်ကြောင့် ငြင်းရခက်စွာထိုသို့အချိန်များလစ်ဟာရင်းအပြန်နောက်ကျခဲ့ခြင်းဖြစ်၏။
“ဒေါက်..ဒေါက်..ဒေါက်”
တံခါးခေါက်သံအား ဗန် ပြုပြီးသည်နှင့်အပြိုင် အခန်းထဲသို့ခပ်ရွှင်ရွှင်မျက်နှာကလေးနှင့်ဝင်သွားလိုက်၏။
” ဒယ်ဒီ့ရဲ့ မင်းသမီးလေး..အိပ်ပြီလား”
အိပ်ချင်ယောင်ဆောင်နေသည့် သုသုကမျက်လွှာတွေပိတ်ထားသော်လည်း ဗန်ကပြုံး၍ကုတင်ဘေးတွင်ဝင်ထိုင်ရင်းနှဖူးကလေးအားခပ်ဖွဖွနမ်းလိုက်၏။
“အား…သမီးကလေးမဟုတ်တော့ဘူး” ဟုဆိုခါအိပ်ယာထဲမှကမန်းကတန်းထခါ ဆူပုတ်ပုတ်မျက်နှာကလေးနှင့်ကြည့်၏။
“ဒီနေ့ ဒယ်ဒီ့ကိုစိတ်ဆိုးတယ်။ဘယ်အချိန်ရှိနေပြီလဲ..ဖုန်းလဲမဆက်ဘူး။ လာကြိုမယ်ဆိုပြီးတော့လည်း သုသုကထိုင်စောင့်နေတာ…ကိုကိုမှိုင်းသာလိုက်မပို့ရင်ခုဆိုကျောင်းရှေ့မှာဘဲရှိနေအုံးမှာ…”
“အာ..ဒယ်ဒီတောင်းပန်ပါတယ်…အရေးကြီးကိစ္စလေးဖြစ်သွားလို့အဲ့တာကြောင့်ပါ ။ ပြီးတော့ မှိုင်းထက်သာလေးကိုလည်း ဒယ်ဒီကကျေးဇူးတင်ပါတယ်လို့ပြောပေးလေနော်”
“မပြောဘူး..ကိုယ့်ဘာသာကိုယ်ပြောပေါ့..ကိုကိုမှိုင်းက ဒယ်ဒီ့ဘဲအသက်ရှိတာ”
“ဟုတ်ပါပြီ..ဒယ်ဒီပြောလိုက်ပါ့မယ်..အောက်မှာ နို့ပူတင်းပါလာတယ်..ဒယ်ဒီနဲ့သွားစားကြမလား…”
ထိုအခါကောင်မလေးသည် အစောကစိတ်ဆိုးနေသည့်မျက်ပေတုံးလေးကနေ ရောင်စဥ်များဖြာထွက်နေသည့်သူရိယနေမင်းလိုချက်ချင်းတောက်ပသွားတော့၏။
“ခဏ ကိုကိုမှိုင်းကိုဖုန်းဆက်ခေါ်လိုက်မယ်..သူလည်းစားရအောင်လို့”
“အံမယ်..ဒီကောင်မလေးရိုးရောရိုးရဲ့လား..ဒီရက်ပိုင်းခေါင်းရင်းအိမ်ကကောင်လေးကိုပါးစပ်ဖျားကနေကိုမချဘူး”
“ဒယ်ဒီ…သမီးကရိုးရိုးသားသားပါနော်..”
“ဟုတ်ပါပြီ..နောက်မှတမျိုးမပြောင်းကြေးနော်”
“သွားပါဒယ်ဒီရယ်..သမီးဖုန်းဆက်လိုက်အုံးမယ်”
ဗန်ကအပြုံးကလေးတစ်ခုနှင့်အတူပြုံးရင်းအိမ်အောက်ပြန်ဆင်းသွားတော့၏။ဗန် မျက်နှာလုပ်ချင်၍ဝယ်လာသည့် ကော်အကြည်လေးထောင်းဘူးကလေးထဲက နို့ပူတင်းဘူးကလေးအားကြွေပန်းကန်လုံးထဲပြောင်းထည့်ရင်း ဝယ်လာသည့်သီးစုံဒိန်ချဥ်များအားခွက်သုံးခွက်ထဲအညီအမျှထည့်လိုက်၏။ဗန်ကရေခဲမကြိုက်၍ရေခဲများကိုဖယ်ထုတ်ပစ်လိုက်၏။မီးဖိုဂျောင်တွင်ပြင်ဆင်နေသည့်ဗန့်အနားခြေသံဖွ၍ရောက်လာသည့် ကောင်လေးက ဗန်သတိမထားမိခင်မှာပင်အနောက်ဘက်မှ ခါးအားဖတ်ပစ်လိုက်၏။လန့်သွားသည့်ဗန်က အနောက်ဘက်မှရယ်သံလွင်လွင်လေးထွက်လာသည်ကြောင့် ပြုံးလိုက်မိပြန်၏။
“မှိုင်းထက်သာ…နောက်မနေနဲ့..စားပွဲမှာလာထိုင်တော့”
ထိုအခါမှိုင်းထက်သာက ဗန်၏ခါးတွင်ချိတ်ထားသောလက်များကိုဖယ်ရင်း လပ်မောင်းတစ်ဖက်တွင်ခိုခါတွဲထားလိုက်၏။
“ဦးက အလိုက်အသိဆုံးဘဲ..မှိုင်းဗိုက်ဆာနေတာနဲ့ကွက်တိ”
ဗန့်ထက်အနည်းငယ်မျှသာပုသည့်မှိုင်းထက်သာက သားညီညီဖွေးဖွေးကလေးများအားအဆုံးစွန်ထိပြုံးပြလာသည်ကြောင့်ဗန်က မှိုင်း၏ခေါင်းကဆံပင်များကိုပွတ်ဖွလိုက်၏။
“သမီးက ဖုန်းဆက်ခေါ်တယ်မှလား…”
“အွန်းလေ သုသုဖုန်းဆက်လို့ရောက်လာတာ…”
“အာ..ညနေကသုသု့ကို မှိုင်းပြန်ခေါ်လာတာအတွက် ဦးကျေးဇူးတင်ပါတယ်။”
“ကျေးဇူးတင်ရင် မုန့်လိုက်ဝယ်ကျွေး”
“ခုလည်းစားနေရတာဘဲလေ”
“ဟင့်အင်း ဦးနဲ့နှစ်ယောက်ထဲ”
“လမ်းကြုံရင်ပေါ့”
“ဟီး…လမ်းကြုံအောင်ကားလိုက်စီးမယ်”
“ဟုတ်ပါပြီ။ ဒါနဲ့ သုသုကခုထိဆင်းမလာသေးဘဲဘာလုပ်နေတာလဲမသိဘူး။ဒီကောင်မလေး…”
ဗန်နှင့်မှိုင်းတို့၏စကားများကိုနံရံအကွယ်မှနားထောင်နေသည့်သုသုက အလိုမကျသလိုမျက်ခုံးများကြုတ်လို့..။ မှိုင်းဟာငယ်ငယ်ကတည်းက သူမ၏ဖခင်နှင့်ပတ်သက်လာလျှင်သဲသဲလှုပ်တက်ပြီး အများရှေ့မှာနှင့်မတူဘဲ ပို၍ချွဲတက်သေး၏။အထူးသဖြင့်သူမသတိထားမိသလောက် မှိုင်းထက်သာဟာသူမအဖေပေါ် skinship လုပ်လာတာများလွန်း၏။သူမ ပိုမို သိချင်မိသည်ကြောင့် မှိုင်းထက်သာကိုခုလိုသူမအဖေနှင့်ဆုံပေးနေခြင်းဖြစ်၏။
သုသု ခပ်တည်တည်နှင့်ပင်ထမင်းစားခန်းထဲမှန်တံခါးဖွင့်ပြီးဝင်လာလျှင်မှိုင်းထက်သာတစ်ယောက် သူမဖခင်၏လက်မောင်းတွေကိုတွဲချိတ်ထားရာမှသိသိသာသာဖြုတ်ပစ်လိုက်၏။
“ကိုကိုမှိုင်း”
“အင်း…”
“သုသုကိုကိုကိုမှိုင်း ကောင်မလေးတစ်ယောက်လိုသဘောကျလား”
သုသုကပြောလည်းပြောထိုင်ခုံတွင်လည်းဝင်ထိုင်ရင်းမှိုင်းထက်သာကိုမျက်လုံးလှန်ကြည့်လိုက်၏။ ဖခင်ဖြစ်သည့်ဗန်ကလည်း သူ့သမီးစကားကြောင့်မျက်လုံးများပြူးသွားရ၏။ထို့နည်းတူစွာမှိုင်းကလက်တခါခါနှင့်ဆို၏။
“ဟာ..မကြိုက်ပါဘူး..အဲ့အစားခွေးကိုအမြှီးဖြတ်ပြီးတော့သာယူလိုက်မယ်”
သုသုကအားရပါးရပြုံးလို့ရယ်လိုက်ရင်းသူမဖခင်ဘက်လှည့်ကြည့်ရင်းဆိုလိုက်သည်။
“ဒယ်ဒီမြင်ပြီလား..ကိုကိုမှိုင်းက သုသု့ကိုသဘောမကျဘူး။သုသုကလည်းကိုကိုမှိုင်းကို အ ကို တစ် ယောက် လို ဘဲ လက်ခံပေးမှာ နော် ကိုကိုမှိုင်း ဟုတ်တယ်မှလား”
သုသုက စကားကိုတစ်လုံးချင်းစီပီပြင်အောင်လေသံမာမာနှင့်ခွဲပြောရင်းအဆုံးသက်အားရယ်မောလို့ကလေးတစ်ယောက်လိုသာပြောလိုက်၏။အနည်းငယ်မျက်ခုံးပင့်သွားသည့် မှိုင်းထက်သာကမြွေမြွေချင်းခြေမြင်မိသလို ပါးနှစ်ဖက်ရဲတက်သွား၏။
“ဦး..မှိုင်းပြန်တော့မယ်..ရုတ်တရက်စားချင်စိတ်မရှိတော့လို့..”
“ဟင်..ဘာလို့လဲမှိုင်းရဲ့..မှိုင်း ဒိန်ချဥ်ကြိုက်တယ်မှလား”
“တော်ပါပြီ…မှိုင်း စာလုပ်စရာတွေရှိနေသေးတာမေ့နေလို့..”
“အာ အင်းအင်း။ ဦးအိမ်ရှေ့အထိပြန်လိုက်ပို့ပေးမယ်လေ”
“နေပါစေ..တစ်ယောက်ထဲပြန်လိုက်ပါ့မယ်”
“ဒယ်ဒီ..သုသုဗိုက်ဆာပြီ”
သမီးဖြစ်သူ၏လေသံကြောင့် ဗန်သက်ပြင်းတစ်ချက်ချလိုက်မိ၏။ မှိုင်းထက်သာဟာသူ့အပေါ်တွယ်တာနေသည်မှုအဆင့်တစ်ခုထက်ပိုမှန်းသူသိနှင့်ပြီးသားဖြစ်သလို မှိုင်းအပေါ်ကိုလည်း ဗန် ကိုယ့်တူကိုယ့်သားကလေးတစ်ယောက်လိုသာခင်မင်မိပါသည်။ဒါ့အပြင်သမီးဖြစ်သူ၏ မုန်းတီးရေးဝါဒတစ်ခုအောက်တွင် ဗန်သူ့ကိုယ်သူလိမ်ညာရင်း ဖခင်ကောင်းတစ်ယောက်ဖြစ်အောက်ကြိုးစားပြောင်းလဲခဲ့သည်။ သုသု၏စိတ်နေစိတ်ထားအားသိလာပြီးနောက်ပိုင်းတွင် ဗန်သူ၏ပါတနာအချို့ကိုအဆက်အသွယ်ဖြတ်ပစ်ခဲ့၏။ ဘဝတွင်တစ်ယောက်ထဲသောသမီးကလေးအားသူ့စိတ်တိုင်းကျဖြစ်စေချင်မိခဲ့၏။
“ဒါဆိုဦးလိုက်မပို့တော့ဘူးနော်”
“ဟုတ်..ဦး”
မှိုင်းကမျက်နှာငယ်ကလေးနှင့်ပြန်သွားတော့လည်း ဗန်က စိတ်မကောင်းဖြစ်မိသဖြင့် အိမ်ရှေ့အထိလိုက်ပို့ပေးရန်ဆုံးဖြတ်လိုက်၏။
“သုသုစားနှင့်လိုက် ဒယ်ဒီခုချက်ချင်းပြန်လာခဲ့မယ်”
ဗန်ကပြောပြီးသည်နှင့်သမီးဖြစ်သူ၏ခေါင်းအားခပ်ဖွဖွကလေးပွတ်ခါအိမ်ရှေ့ဘက်သို့ထွက်လာခဲ့လိုက်၏။
“နေအုံးမှိုင်း ဦးလိုက်ပို့မယ်”
ထိုအခါဖိနပ်စီးပြီးနေပြီဖြစ်သောမှိုင်းကအားတက်သွားသည့်မျက်နှာကလေးနှင့်ခေါင်းညှိမ့်ပြလိုက်မိ၏။
“ကျေးဇူးတင်ပါတယ် ဦး”
ဗန်တို့ အိမ်ရှေ့ခြံပြင်မှထွက်လာရင်းတဖက်ခြံဘက်သို့ကူးပြောင်းနေသည့်အခိုက်တွင်မလှမ်းမကမ်းကရပ်ထားသည့်ကားအနက်ရောင်တစ်စီးအားတွေ့လိုက်ရ၏။ဗန့်စိတ်ထဲတွင်လည်း ညဘက်တွေက အန္တရာယ်များလိုက်တာဟုပင်တွေးတောနေခဲ့မိ၏။
“ဦး…”
“ဟင်..”
ခြံနှစ်ခု၏အလယ်တွင်ခြေလှမ်းများရပ်သွားသည့်မှိုင်းက သူ၏ခြေဖျားကလေးများအားထောက်ခါ ဗန်၏နှုတ်ခမ်းအောက်ကမေ့ဖျားကလေးအားလှမ်းနမ်းလိုက်၏။
ရုတ်တရက်အနမ်းခံလိုက်ရသည့်ဗန်ကမျက်လုံးကလေးအပြူးသားနှင့်ကြောင်အနေခဲ့မိ၏။
“မှိုင်းကိုအိမ်ရှေ့အထိပြန်လိုက်ပို့ပေးလို့”
ပြောပြီးတဖက်အိမ်ထဲသို့ပြေးဝင်သွားသည့်ကောင်လေးဟာချစ်စရာကောင်းစွာယုန်ပေါက်ကလေးတစ်ကောင်နှင့်ပင်ဆင်တွန်းလွန်းလှ၏။ တဖက်ကအနမ်းခံလိုက်ရသည့် ဗန်ကလည်း တနေ့ထဲမှာကလေးနှစ်ယောက်စီမှအနမ်းခံလိုက်ရသည်ကြောင့် တစ်ကိုယ်လုံးအားဘူးသီးခြောက်ထဲထည့်ရင်းပုန်းနေလိုက်ချင်တော့၏။
“ဟူး…”
သက်ပြင်းချသံနှင့်အတူဗန်လည်းသူ၏ခြံထဲသို့ပြန်ဝင်သွားရန်ပြင်ရ၏။ ညလေကအေးသည်မို့ဗန်ကြာကြာမနေနိုင်ပါ။ တစ်ခါဖျားလျှင် အနည်းဆုံးတစ်ပတ်လောက်ဖျားတက်သည့်ဗန်ဟာ တော်ရုံအအေးမိခံလို့မရသည်ကြောင့် ခပ်မြန်မြန်ပင်ခြံထဲပြန်ဝင်သွားလေတော့သည်။ဗန်ခြံထဲပြန်ဝင်သွားသည်အားကားအနက်ကလေးပေါ်မှနေခါအစအဆုံးလိုက်လိုက်ကြည့်နေသည့်အမျိုးသားတစ်ဦးရှိသည်ဆိုတာကိုတော့ဗန်မသိလိုက်ပါချေ။
ထိုအမျိုးသားသည် အံ့ဩစရာကောင်းလောက်အောင် ရယ်နေသည်မှာ ဟာသတစ်ပုဒ်အားကြည့်နေရသကဲ့သို့ တဟားဟားအော်ရယ်လို့နေခဲ့၏။
…………………….
Ring…Ring…
ကြမ်းပြင်ပေါ်ရှိဖုန်းကတဆက်ဆက်တုန်ခါနေသည်ကြောင့် ဗန် နှဖူးကချွေးများအားစိတ်အိုက်စွာဖိသုတ်ရင်း ဖုန်းစက်ခရင်းအားအကြည့်ရောက်သွား၏။ ပေါ်နေသည့်နာမည်မှာ မှိုင်းဟူ၍ တစ်လုံးတည်းသာဖြစ်လေသည်။ ဗန် မသိမသာနှုတ်ခမ်းကလေးများကော့တက်သွားရင်းဖုန်းကိုင်လိုက်၏။
“ဟယ်လို…” ဟုအစချီလိုက်သည့်အခါ ကုလားထိုင်တွင်ထိုင်နေသည့်အဂ္ဂကမျက်ခုံးကြုတ်လိုက်မိ၏။ အဂ္ဂမျက်ခုံးကြုတ်ထားသည်အား ဗန်မမြင်ရသော်လည်းမသိစိတ်မှခံစားနေရသည်ကြောင့်မော့ကြည့်လိုက်မိ၏။ အကြည့်ချင်းဆုံသွားသည့်ခဏတာတွင် ဗန်ခံစားလိုက်ရသည်ကား ကြောက်စိတ်တစ်ခုတည်းသာ။
“မှိုင်း..အရေးမကြီးရင်နောက်မှပြန်ဆက်လေ..အခုလူနာကြည့်နေရလို့….အင်းအင်း…ဟုတ်ပြီ…အာ့ဆိုဘိုင့်ဘိုင့်”
ဗန် အမြန်စကားဖြတ်ပြီး ရေပတ်ဝတ်သုတ်ပေးနေသည့်အဝတ်အားပြန်ကိုင်လိုက်ရင်း သူ့အားစူးစူးစိုက်စိုက်ကြည့်နေသည့်အဂ္ဂအားပြုံး၍ကြည့်လိုက်မိ၏။
“ဘာပြောစရာရှိလို့လဲ အဂ္ဂအဏ္ဏဝါမောင်”
“ကျွန်တော့်ကိုအဂ္ဂလို့ဘဲခေါ်”
“အင်း အဂ္ဂ ကိုယ့်ကို တခုခုပြောချင်တာရှိလို့လား”
“ဟင့်အင်း..မရှိပါဘူး”
“ဒါဆိုဘာလို့အဲ့လိုကြည့်နေတာလဲ”
“ဗန်ဗန်အနားတိုးခဲ့အုံး”
ဗန်က သဘောရိုးဖြင့် အဂ္ဂအနားတိုးသွားတော့လျှင်မြန်သည့်လက်တစ်ဖက်ဟာ ဗန့်ဦးခေါင်းအနောက်မှဖိကိုင်လိုက်ရင်းရှေ့သို့ပိုမိုဆွဲယူပစ်လိုက်၏။ ထို့နောက်အနမ်းတစ်ခုက ဗန့်အားစိတ်လှုပ်ရှားစရာအခြေအနေတစ်ခုအဖြစ်ဖန်တီးပေးလိုက်၏။နှစ်ယောက်အကြားရှိနေသည့်စတီးရေခွက်ကလေးဟာဗန့်၏ရုန်းကန်မှုကြောင့် ကြမ်းပြင်ပေါ်မှောက်လို့…
“ဗန်ဗန့်နှုတ်ခမ်းတွေကလှလို့”
အဂ္ဂ၏စကားကြောင့်ဗန့်တွင်ပြောစရာစကားပင်ပြောက်လျှက်ဦးနှောက်ထဲသို့လေရောက်အောင်မနည်းအသက်ရှူနေရ၏။
“အဂ္ဂ..မင်း…လူကြီးကိုစ.စရာမှတ်နေလား”
“ဘယ်သူကစနေလို့လဲ..ကျွန်တော်ကတော့ ဗန်ဗန့်အပေါ်အတည်ကြီးဖြစ်နေတာနော်”
“မင်း အပိုစကားတွေ…”
“ဗန်ဗန် ကျွန်တော်နမ်းတာအဆင်ပြေရဲ့လား”
“ကိုယ်..ကိုယ်မသိဘူး”
“မသိရင်နောက်တစ်ခေါက်နမ်းကြရအောင် ဗန်ဗန်”
ရှေ့တိုးလာသည့်အဂ္ဂကြောင့် ဗန်အနောက်ဘက်သို့ဖင်တစ်ရွတ်တိုက်ဆုတ်သွားမိ၏။
“တော်ပြီအဂ္ဂ”
“ကျွန်တော် ဗန်ဗန့်ကိုသဘောကျတယ်”
“ခွေးကောင်လေး ထမင်းကိုဘဲကုန်အောင်စား စကားကိုကုန်အောင်မပြောနဲ့”
“ဗန်ဗန်က ကျွန်တော်ဆင်းရဲလို့လက်မခံချင်တာလား”
“မဟုတ်ဘူး”
“မဟုတ်ရင် ပြန်ချစ်လေ”
“ကိုယ် စဥ်းစားပေးမယ်”
“ဂတိနော်ဂတိ”
“အင်း…”
ဗန် အိမ်ခေါင်မိုးနှင့်နီးနေသည့် ပျဥ်ထောင်အိမ်ကလေးအောက်တွင်ချွေးတဒီးဒီကျနေသည်မို့ ရှပ်အင်္ကျီလက်ရှည်ကိုတံတောင်အထိခေါက်တင်ထားရ၏။ မထင်မှတ်ထားသည့်အပူချိန်ကဗန့်ကိုယ်ထဲကသွေးများအားဆူပွက်လာစေသည်အထိ ချွေးများရွှဲနေခဲ့၏။
“ဗန် ပူနေတာလား”
“နည်းနည်း”
အဂ္ဂကအပြုံးကလေးအားပြုံးရင်း ဘေးရှိ နာရေးယက်တောင်ကလေးနှင့်ဗန့်မျက်နှာအားတဖြက်ဖြက်ခက်ပေးလိုက်၏။ဗန်ကတော့ အလိုက်သိသလိုပြုမူနေသည့် အဂ္ဂအားချီးကျူးပေးသလိုခေါင်းကဆံပင်တို့အားဖွရင်းပွတ်ပေးလိုက်၏။ ဗန်မထင်မှတ်ထားသည့်အမွှေးရနံ့ကသူ့နှာခေါင်းထဲသင်းပျံ့လာသည့်အခါ အဂ္ဂအားတစ်ချက်လှမ်းကြည့်လိုက်မိ၏။ ကြည်လင်ပြောင်ရှင်းသောမျက်နှာ..၊ ဖြူနုနေသောအသား ဦးခေါင်းထက်မှသင်းပျံ့စွာလာနေသည့် နာမည်ကြီး ဘရန်းတံဆိပ်ရနံ့ တစ်ခုချင်းစီတိုင်းက သူ့အားသံသယဝင်စေမိသည်အထိပင်။
“ခေါင်းလျှော်ထားတာလား”
“ဟင့်အင်း မလျော်ရသေးတာနည်းနည်းကြာပြီ ဘာလဲနံနေပြီလား”
ဗန်ကအပြုံးမရှိသောမျက်နှာတည်ကလေးအားပြုံးစေလိုက်ရင်းခေါင်းခါပြလိုက်၏။
“မနံပါဘူး”
“အာ..ဒါနဲ့လေ ညနေကျရင်ကျွန်တော့်ကို ခေါင်းလေးလျှော်ပေးလို့ရမလား ”
“ရတာပေါ့..”
“ကျေးဇူးပါဗန်ဗန်”
အဂ္ဂကရဲတင်းစွာ ဗန့်၏လက်ကလေးအားဆွဲကိုင်ရင်း ခပ်ဖွဖွနမ်းလိုက်သောဗန်အလန့်တကြားလက်ယုတ်ပစ်လိုက်မိ၏။
ဒီကောင်လေး၏နှုတ်ခမ်းတွေက နူးညံ့ပေမဲ့လျှပ်စီးဓာတ်များပါနေသလားမသိလောက်အောင် သူ့အသားတွေ စပ်ဖြင်းဖြင်းဖြစ်ကုန်ကြလေသည်။တဇွတ်ထိုးထင်တိုင်းကျဲနေတက်သည့် ကောင်လေးအားသူစိတ်မဆိုးရက်လောက်အောင် မသိစိတ်ကသူ့ဘက်ပါနေပြီလားမသိ
……………………..
2.5.2024.
11:3 pm.