Part 5
ဗန် ဆိုင်အဝင်ဝရှိမှန်တံခါးကလေးအားတွန်းဖွင့်ဝင်လာချိန်တွင် ဆိုင်ထဲမှဝန်ထမ်းကလေးများ၏အကြည့်များက သူတို့၏ဆိုင်ပိုင်ရှင်သူဌေး၏ အပြုံးကြောင့် ရုန်းရင်းဆန်ခက်ဖြစ်လို့သွား၏။ ဆိုင်ထဲရှိ မိန်းကလေးအများစုနှင့်ဆိုင်ဝန်ထမ်းအချို့က ထိုအပြုံး၏အသက်ဝင်မှုအောက်တွင် ကွယ်ပြောက်တော့မည့်လူသားများလိုပင်။
“သူဌေး…”
“ရတယ်..ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ကြ…ဆိုင်မှာ ကိုယ့်ဧည့်သည်နဲ့ချိန်းထားလို့”
“ဟုတ်..ဟုတ်ကဲ့ သူဌေး…”
“အော..ကိုယ့်အတွက် အမေရီကာနိုအပူတစ်ခွက် ”
“ဟုတ်ကဲ့..”
မန်နေဂျာကောင်မလေး၏တက်ကြွစွာပြန်ဖြေလာသည့်အဖြေကြောင့် ဗန်က ပြုံးပြရင်းခေါင်းညှိမ့်ပြလိုက်၏။ထို့နောက် ဆိုင်ခန်း၏ပတ်ပတ်လည်ထဲသို့မျက်လုံးတစ်ချက်ကစားရင်းကြည့်မိတော့ သူ့အားတောက်ပသောမျက်လုံးကလေးများနှင့် တက်ကြွစွာပြုံးပြနေသောကောင်ကလေးအားမြင်တော့ ဗန် အလိုလိုပြုံးလိုက်မိပြန်၏။
“ဦး….”
ဗန်ကအနားရောက်တော့ သူ့အားပါပီလေးတစ်ကောင်လိုဖြစ်နေတဲ့ မှိုင်းထက်သာ၏ ဦးခေါင်းထက်ရှိ ဆံနွယ်နီကြောင်ကြောင်ကလေးများအားလက်ဖြင့်ခပ်ဖွဖွပွတ်ပေးလိုက်၏။
“မုန့်စားရမယ်ဆိုရင်တက်ကြွနေတာဘဲနော်”
“ဟီး…ဦးကတကူးတကခေါ်ရတာဆိုတော့ အားနာနာနဲ့လာလိုက်တာ…”
“ဟားဟား…တကယ့်ကိုမှိုင်းထက်သာပီသပါတယ်”
“ဒါနဲ့ ဦးရဲ့ဆိုင်ကို ခုမှရောက်ဖူးတာ…ဖွင့်ပွဲနေ့ကကျောင်းမှာစာမေးပွဲရက်နဲ့တိုက်နေလို့မလာလိုက်ရဘူးလေ..”
“ဟုတ်သား…မှိုင်းက ကိုယ့်ဆိုင်ခုမှရောက်ဖူးတာဘဲ…”
“လုံးဝအပစ်ပြောစရာမလိုအောင် ဆိုင်ခန်းတစ်ခုလုံးက ဦးရဲ့vibe အပြည့်ရတယ်..ကျွန်တော့်အကြိုက်ဘဲ..နောက်ဆို နေ့တိုင်းလာရတော့မလိုဖြစ်နေပြီ”
“သူငယ်ချင်းတွေကို review ရောမပေးချင်ဘူးလား..နောက်ဆိုသူငယ်ချင်းတွေနဲ့လာပေါ့…”
ဗန်ကရယ်ရယ်မောမောနှင့်ပြောလိုက်သော်လည်းမှိုင်းက နှုတ်ခမ်းကလေးဆူလို့ စိတ်ကောက်သည့်အမူအရာပြလေသည်။
“ဟင့်…မခေါ်ချင်ပါဘူး။သူတို့ကပြောလို့ရတာမဟုတ်ဘူး..မတော်လို့များ ဦးကိုရိသဲ့သဲ့လာလုပ်မှဖြင့်..”
“ဟော…ဘာဖြစ်လဲ..ဆိုင်ကိုဧည့်သည်ပိုလာတော့မကောင်းဘူးလား…အဲ့တာကြောင့်ဝန်ထမ်းလေးတွေကိုလည်းခန့်ချောလေးတွေခန့်ထားတာ…ဒါမှကောင်မလေးတွေပိုလာမှာပေါ့”
“ဟင် ကျွန်တော်မကြိုက်ပါဘူး…”
ဗန်ကသဘောကျစွာရယ်ရင်း ကော်ဖီနှင့်မုန့်လာချပေးသည့်ဝန်ထမ်းကောင်လေးအားတစ်ချက်လှမ်းကြည့်လိုက်၏။မြင်နေကျမျက်နှာမဟုတ်သဖြင့် ဝန်ထမ်းကောင်လေးအားတစ်ချက်ကြည့်ရင်းပြုံးခါဆိုလိုက်၏။
“မင်းကလူသစ်လား”
စကားသံဝဲနေသော်လည်း မြန်မာစကားအားပီပြင်စွာကြားလိုက်ရသည့် ရန်မထီခမ်း ကတစ်ချက်မော့ကြည့်လိုက်၏။ ထိုသို့မော့ကြည့်လာလျှင်ပြာလဲ့လဲ့မျက်ဝန်းကလေးများနှင့်အကြည့်ချင်းစုံသွားသည်မို့ မျက်ခုံးများပင်ပင့်တက်သွားရ၏။
“ဗျာ….”
“လူသစ်လားလို့မေးနေတာ”
“အာ..ဟုတ်ပါတယ်”
“မသိတာရှိရင် မန်နေဂျာကိုမေးလို့ရတယ်..ပြီးတော့…..”
ပြီးတော့ဟုဆိုခါစကားကိုရပ်လိုက်သည့်ဗန်က ရန်မထီခမ်းစီးထားသည့် လည်သာဖိနပ်အားတစ်ချက်ကြည့်ခါဆိုလိုက်၏။
“ဒီဇိုင်နာထုပ်ဖိနပ်နဲ့ ဝန်ထမ်းလာလုပ်နေတာဆိုတော့ အလုပ်မှာသေချာပေါက်အခက်အခဲတော့ဖြစ်တော့မှာဘဲ…ဆင်ခြေကိုကြားချင်ပေမဲ့ မမေးတော့ဘူး။”
ရန်မထီခမ်း၏တဖက်လူအပေါ်လျော့တွက်မှုက အတော်လေးကျရှုံးသွားသည်မို့ အံ့ဩမှင်သတ်မှုနှင့်အတူ သူခိုးတစ်ယောက်လိုအမိခံလိုက်ရသည်မို့အသက်ပင်ရဲရဲမရှူရဲတော့ချေ။ အမှန်ပင် သူဖိနပ်ကိုလဲဖို့မေ့ခဲ့၏။အကိုဖြစ်သူ ဖြိုးဟဲစျာန်နဲ့အတူပွဲတစ်ခုသို့တက်ခဲ့ရပြီး ချက်ချင်းပင် အဝတ်လဲခါ ကော်ဖီဆိုင်သို့ပြန်ပြေးခဲ့ရသည်မို့ဖိနပ်တစ်ခုကိုတော့သူပြောင်းစီးဖို့အမှတ်မေ့ခဲ့၏။
“နာမည်ဘယ်လိုခေါ်လဲ”
“ရန်မထီခမ်း”
“ကောင်းပြီ..ရန်မထီခမ်း..။မင်းအလုပ်ပြန်လုပ်လို့ရပြီ”
ရန်မဏီခမ်း၏ မလိုသောအကြည့်များအား ဗန်မမြင်လိုက်နိုင်သည်အထိ သူ့စားပွဲခုံ၏မျက်နှာချင်းဆိုင်တွင်ထိုင်နေသောကောင်းကလေးဆီအကြည့်များပြန်လည်ပို့ချလိုက်ပြီဖြစ်၏။
ရန်မထီခမ်း၏တာဝန်မှာ အကိုကြီးဖြိုဟဲစျာန်၏အမိန့်နှင့် ပြင်သစ်ကောင်အားစောင့်ကြည့်ရန် တာဝန်ကျထားသည်မို့လတ်တလော ကုမ္ပဏီအလုပ်များအားပစ်ခါ ကော်ဖီဆိုင်တွင်သာမာန်ဝန်ထမ်းတစ်ယောက်အဖြစ်သာလုပ်ကိုင်နေရ၏။
လှည့်ကြည့်လှည့်ကြည့်နှင့်လုပ်နေသည့်ခမ်းအား ဝန်ထမ်းမကလေးတစ်ယောက်က သူ့ဘက်လှမ်းဆွဲလိုက်၏။
“ဘာတွေအဲ့လောက်မျက်စိမခွာနိုင်ဖြစ်နေတာလဲကောင်လေးရဲ့” ဟူ၍အစချီရင်းပြုံးစိစိလုပ်နေပုံက ခမ်း၏စိတ်ထဲဘဝင်မကျလှသည်မို့မျက်မှောင်တစ်ချက်ကုတ်လိုက်မိ၏။
“ငါ့နာမည်က ပျိုးပျိုးဖြူတဲ့..ဒီဆိုင်မှာ ဝန်ထမ်းလုပ်ဖို့ဖြစ်လာရတဲ့အကြောင်းပြချက်ကလေးက သူဌေးရဲ့မျက်နှာလေးတစ်ခုကြောင့်ဘဲလေ”
ရမက်ကြီးမားလှသည့် ဝန်ထမ်းမိန်းကလေး၏စကားကြောင့် မထီခမ်းက မျက်ခုံးပင့်၍သူမအားအံ့ဩသလိုကြည့်လိုက်မိ၏။သို့သော် သူမကတော့ စကားဆက်၍ပြော၏။
” သူဌေးက အရမ်းသဘောကောင်းတာ ဆိုင်စစဖွင့်တဲ့နေ့တုန်းကဆို အကောင်းစား စားသောက်ဆိုင်ကြီးမှာ ညစာလိုက်ကျွေးတာ..ပြီးတော့ စနေနေ့တိုင်း ဝန်ထမ်းတွေအကုန်လုံးကို ဆူရှီတို့ ပီဇာတို့ ကြက်ကြော်တို့ အဲ့လိုမျိုးတွေ ဝယ်ကျွေးသေးတာ ဟီး.. ဒါပေမဲ့လေ အဲ့လိုသဘောကောင်းပြီး ရုပ်ချောတဲ့ သူဌေးမှာ သမီးရှိတာ ယုံတောင်မယုံနိုင်ဘူး…အဲ့စကားကြားတုန်းကဆိုလိမ်နေတယ်လို့တောင်ထင်တာ..”
“ဟုတ်ပါ့”ဆိုပြီး စကားဝိုင်းထဲဝင်ပါလာသည့် မန်နေဂျာအမက လက်ကိုပိုက်ရင်း ခပ်ပြုံးပြုံးနှင့်ဆို၏။
“ပျိုးပျိုးဖြူတို့အသဲကွဲပြီး ငိုကြီးချက်မတက်နဲ့ ဖြစ်ခဲ့တာလေ…”
“ဟီးအမကလည်း..ခုတော့မဟုတ်တော့ပါဘူးနော်…”
မထီခမ်း၏ အကြည့်များက စားပွဲဝိုင်းတွင်ရှိနေသည့် ဗန်၏ကျောပြင်ဆီငေး၍ကြည့်လိုက်မိ၏။ထိုမှတဆင့်မှတ်အကြည်ကာထားသည့်ဆိုင်ခန်း၏အပြင်ဘက်တွင် အနက်ရောင်ကားတစ်စီးအား တွေ့လိုက်ရ၏။ထိုကားမှာသေချာပေါက် သူ့အကိုဖြိုးဝဲစျာန်၏ကားဖြစ်ကြောင်းသတိပြုလိုက်မိ၏။ တဆက်တည်းမှာပင် အနက်ရောင်မှန်အလုံပြည့်နေသော ကားနောက်ခန်းဘက် ကန်မထီခမ်းလှမ်းကြည့်လိုက်မိ၏။
အထဲတွင်ရှိနေမည့်သူမှာသေချာပေါက် အဂ္ဂအဏ္ဏဝါမောင်ပင်…
ရန်မထီခမ်းကနှာတစ်ချက်မှုတ်ရင်းလက်ထဲကလင်ဗန်းအား စင်ပေါ်သို့တင်လိုက်ရင်း မျက်ခုံးများအားအလိုမကျစွာကြုတ်ပစ်လိုက်၏။ ရန်မထီခမ်းအတွက် အဂ္ဂအဏ္ဏဝါမောင်ဟာ မိတ်ဆွေလည်းမဟုတ်သလို ရန်သူတစ်ယောက်ဟုလည်းသတ်မှတ်ရအောင်အထိ အဆင်မပြေနေကြတာလည်းမဟုတ်..။ အလုပ်လုပ်ပေးလျှင် ဝင်ငွေကောင်းကောင်းရနိုင်သည့် နေရာတစ်ခုဟုသာ ခမ်းလက်ခံထားခဲ့၏။ သို့သော်သူတို့ကြားထဲ အဆင်မပြေမှုဟုယူဆလို့ရသည့် အကြောင်းပြချက်တစ်ခုသာဝင်ရောက်လာခဲ့လျှင်တော့ သေချာပေါက်ရန်သူသာဖြစ်ကြလိမ့်မည်။ ခမ်းဟာ အကိုကြီးဖြစ်သူ ဖြိုးဟဲစျာန်ကို အဂ္ဂအဏ္ဏဝါ၏ခြေထောက်အားပြေးယက်ပေးမည့်လူစားမျိုးတော့မဟုတ်..။ ထို့ကြောင့် ဒီလောက်အထိလိုက်လုပ်ပေးနေရသည့်သူ့ကိစ္စကပင်တော်တော်ကိုသည်းခံချင်စရာကောင်းနေပြီဖြစ်၏။
………………….
ဆိုင်းခန်းငယ်ထဲ အေးဆေးစွာစကားထိုင်ပြောရင်း ရယ်ရယ်မောမောဖြစ်နေသည့် ဗန့်အား ကားထဲမှ မျက်ခုံးကြုတ်၍ကြည့်နေသူသည် အသက်ရှူသံခပ်မြန်မြန်တစ်ခုအား ထိုနေရာအတွင်းဖန်တီးလို့ထားလေသည်။ Drive seat မှထိုင်နေသည့် ဖြိုးဟဲစျာန်က ကားနောက်ခန်းတွင်ရှိနေသည့် အဂ္ဂအားတစ်ချက်ကြည့်ခါဆို၏။
“ဘယ်လိုလုပ်ချင်လဲ”
“ဒီနေ့တော့ဒီအတိုင်းဘဲကြည့်မှာ ဒါပေမဲ့ သူ့ကြည့်ရတာတော်တော်ပျော်နေပုံရတယ်”
“အဲ့တာ အဲ့ဘဲကြီးရဲ့ ဘေးခြံက ကလေးမှလား”
“အဲ့အရှုပ်ထုပ်ကောင်ကိုရှင်းထုပ်ပစ်လိုက်..ကြည့်ရတာမျက်လုံးထဲထောင့်မကျိုးတော့ဘူး”
“အိုခေ ဖြစ်စေရမယ်..”
“ဖြစ်နိုင်ရင် ဖြတ်စီးပစ်လိုက်..အဲ့လူရှေ့မှာခေါင်းတမော့မော့နဲ့မနေနိုင်တော့အောင်..”
“ငါ့ကလေးတွေနဲ့ဖြေရှင်းခိုင်းလိုက်မယ်..”
“ဟင့်အင်း…မင်းရဲ့ညီလေးကိုလုပ်ခိုင်းလိုက်…”
“ဟမ်….”
“သူအဲ့တာမျိုးတွေကျွမ်းကျင်ပြီးသားလေ”
ဖြိုးဟဲစျာန်က မျက်ခုံးပင့်၍ဆိုင်ခန်းထဲက သူ့တို့ကားဘက်ကိုကြည့်နေသည့် ညီငယ်ဖြစ်သူအားလှမ်း၍ကြည့်လိုက်မိ၏။ အဝေးမှကြည့်တာတောင်ထိလုနီးနီးဖြစ်နေသည့်မျက်ခုံးနက်နက်များမှာ အလိုမကျစွာ… ။
“ကောင်းပါပြီးသခင်လေး…။ ”
အဂ္ဂ၏မျက်လုံးများအားမှေးစဥ်း၍ ဗန့်၏အေးချမ်းနေသောအပြုံးအားကြည့်ခါ သမီးဖြစ်သူ၏မျက်နှာကိုပါတွဲဖက်မြင်လာသည်မို့ ဒေါသကထောင်းခနဲထသွားရ၏။
“အဲ့လောက်တောင်ရုပ်ချင်းဆင်နေတာ စရိုက်တွေကလည်းမျက်နှာတွေလိုအတူတူဘဲနေမှာပေါ့”
ခပ်တိုးတိုးစကားအား သူ့ကိုယ်တိုင်သာကြားရန်ရည်ရွယ်လိုက်သော်လည်း မပီမပြင်ကြားလိုက်ရသည့် ဖြိုးဟဲစျာန်ကတော့မျက်ခုံးပင့်၍သူ့အားကြည့်လိုက်မိ၏။ထို့နောက်တွင်တော့ သူ ခေါင်းအားတစ်ချက်မှသာခါရမ်းရင်း အရှေ့ပြန်လှည့်သွားတော့၏။
ဖြိုးဟဲစျာန်သည် အဂ္ဂ၏ဆုံးဖြတ်ချက်တို့အား ဒီတစ်ကြိမ်တွင်တော့မှားယွင်းနေမှန်းထောက်ပြသော်လည်း လက်မခံဘဲရှေ့သို့ဇွတ်တရွတ်တိုးချင်နေသည့်သူတို့၏အငယ်ကလေးက သူ၏ဆုံးဖြတ်ချက်အားခံစားချက်နှင့်အပြိုင် ရှေ့တန်းတင်နေသည့်စိတ်အား အားမပေးချေ။
“ကိုစျာန်”
“အင်း အင်း ”
ဖြိုးဟဲစျာန်က ခပ်မြန်မြန်ပြန်ထူးလိုက်ရင်းဒုတိယအကြိမ်အနောက်ခန်းတွင်ထိုင်နေသည့် အဂ္ဂထံလှည့်ကြည့်သော် အဂ္ဂကတော့ဆိုင်လန်းထဲရှိလူသားဆီသာအဆက်မပျက်မျက်တောင်မခပ်ကြေးစိုက်ကြည့်လို့နေခဲ့၏။
“ယောက်ျားနှစ်ယောက် အတူအိပ်ရင် ဘာတွေလိုအပ်သလဲဆိုတာ ရှာထားပေးပါ”
ဖြိုးဟဲစျာန်၏ပြူးကျယ်သွားသောမျက်လုံးများမှာအံ့ဩထိပ်လန့်လို့ မကြားသင့်သည့်စကားအားကြားလိုက်ရသလို အပြုအမူပင်။
“အဂ္ဂ…”
ဖြိုးဟဲစျာန်၏ခပ်ကြိပ်ကြိပ်ရေရွတ်သံအား အဂ္ဂက ပြက်ရယ်ပြု၏။ ဒါကိုမျက်မှောင်ကြုတ်ရင်းလက်မခံနိုင်သလိုအမူအရာနှင့် ဖြိုးဟဲစျာန်ကခေါင်းကိုတွင်တွင်ခါရင်း အတိုက်အခံငြင်း၏။
“မဖြစ်ဘူး… အဂ္ဂ။ မင်း အတွက်လည်းအဆင်မပြေသလို အပစ်မရှိတဲ့လူအတွက်လည်း မထြစ်သင့်ဘူးလေ ….”
“တိတ်စမ်း…! အခုကတည်းကခင်များက ကျုပ်လူလား သူ့လူလား…”
“မဟုတ်ဘူးအဂ္ဂ..။”
“ဒါဆိုလည်း ကျွန်တော်ခိုင်းတဲ့အတိုင်းလုပ်ပေး”
ဖြိုးဟဲစျာန် ဒီအပိုင်းမှာတော့ အဂ္ဂအားနားဝင်အောင်ပြောနိုင်လိမ့်မည်မဟုတ်မှန်းသိ၏။ထို့ကြောင့် မဖြစ်နိုင်သည်အားဖြစ်အောင်ပြောနိုင်ရန်မှာ ရာခိုင်နှုန်းပင်မရှိသည်မို့ ခပ်မြန်မြန်ပင်လက်လျော့လိုက်ရတော့၏။
“အင်း ကောင်ပြီ။ ဘာမှဆက်ပြောမှာမဟုတ်တော့ဘူး…”
“ဒါဆိုခိုင်းထားတဲ့အချက်အလက်တွေရှာထားပေး”
“အင်း mail ကနေတဆင့် ပို့ထားလိုက်မယ်”
“ဪ အဓိကအချက်ပြောဖို့မေ့နေတာ..အဲ့လူနဲ့မဆက်ဆံခင် သူ့ဆီကနေသွေးစစ်ထားတဲ့အဖြေလိုချင်တယ်..”
“….”
“ကျွန်တော် -ိုးမဲ့ -င်ပေါက်က ရောဂါရှင်းမရှင်း သိထားမှဖြစ်မှာလေ”
ဖြိုးဟဲစျာန်ကတော့သက်ပြင်းအခါခါချလို့ အဂ္ဂအားအရှုံးပေးထားလေသည်။
……………….
22.6.2024.
11:33 pm.………………