Part 6
“ဒယ်ဒီ….ဝင်လာပြီနော်”
သုသုက ဝင်ခွင့်တောင်းသည်မဟုတ်ဘဲ ဝင်လာပြီဟူသောအသိပေးသံနှင့်ပင် အခန်းတံခါးအားဖြတ်ကျော်လို့ဝင်ရောက်လာခဲ့၏။
အခန်းထဲရှိဗန်ဟာ ကုတင်စပ်တွင်ခြေတစ်ဖက်ချထိုင်နေရင်းမှ သုသုအားမော့ကြည့်လာ၏။ထို့နောက်နှစ်လိုဖွယ်ရာနှင့်ပြုံးပြလိုက်ရင်း laptop ကိုဘေးရွှေ့လိုက်ခါနေရာဖယ်ပေးလိုက်၏။
“ဒယ်ဒီဘာလုပ်နေတာလဲ မအိပ်သေးဘူးလား”
“အာ..ကော်ဖီစေ့ order တင်နေတာလေ..အရင်ဝယ်နေကြနေရာက ပစ္စည်းပျက်သွားလို့တဲ့”
“ဟင်..အဲ့တာလောက်က မန်နေဂျာနဲ့အပ်ထားလို့ရတာဘဲကို”
“မဖြစ်ဘူးလေ သုသုရဲ့… မန်နေဂျာကိုခိုင်းလို့ရပေမဲ့ ဒယ်ဒီအလုပ်လက်မဲ့ဖြစ်သွားမှာပေါ့”
“ဘာအရေးလဲ ဒယ်ဒီကလည်း”
“ဟုတ်ပါပြီ .. အရေးမကြီးပါဘူးဗျာ”
ခပ်နောက်နောက်နှင့်ကွန်ပျူတာအားပိတ်ဖို့လှမ်းနေတဲ့ဖခင်ဖြစ်သူ၏လက်တွေအားအကြည့်ရောက်တော့ သုသုကမျက်ခုံးများပင့်တက်လို့သွားခဲ့၏။
“ဒယ်ဒီ…လက်မှာပလာစတာတွေနဲ့ပါလား..ဘာဖြစ်လို့လဲ”
ဗန် ကရုတ်တရက်ဘာပြောရမှန်းမသိစွာခေတ္တကြောင်အလျှက် သူ့လက်များကိုပြန်၍ငုံ့ကြည့်နေမိ၏။
ထိုစဥ် သူမက သူမ၏ခေါင်းအားရှေ့တိုးရင်းသူမဖခင်ဖြစ်သူ၏ခန္ဓာကိုယ်အနားတိုးကပ်၍တရှုံ့ရှုံ့အနံ့ခံလို့နေပေ၏။
“ဟင်..ဘာနံ့ကြီးလဲ ဆီကြော်နံ့ကြီး…ဒယ်ဒီဘာတွေစားလာတာလဲ ပြီးတော့လက်ကိစ္စကရောဘာဖြစ်လာတာလဲ..”
“အာ..အဲ့တာ..ကိစ္စလေးနည်းနည်းဖြစ်သွားလို့ပါ….”
ဗန်ကသူ့လက်များအားငုံ့ကြည့်ရင်းဒီနေ့ဖြစ်ပျက်သွားသည့်အဖြစ်အပျက်များအားပြန်တွေးနေမိ၏။
ဒီနေ့ ဗန် ထိုကလေး၏အိမ်သို့သွားရင်း ထိုကလေးကအာလူးကြော်စားချင်သည်ဆိုသောကြောင့် အာလူးလှီးရင်း လက်ကိုဓားထိခြင်းဖြစ်လေသည်။ ဆရာဝန်တစ်ယောက်ကဓားမကိုင်တက်ဘူးပြောရင်ရယ်စရာဖြစ်နေမလားမပြောတက်ပေမဲ့ ဗန်ကတော့ ဓားသုံးရမည့်ကိစ္စတွေအားဘယ်တုန်းကမှမလုပ်ဆောင်ခဲ့ချေ။ ဓားကဗန့်အတွက်တော့ထာဝရ ရန်သူဆိုပေမဲ့ ယနေ့အဖြစ်အပျက်မှာတော့ စဥ်းစားဆင်ခြင်နိုင်စွမ်းမဲ့နေသည့်ဗန်သည် ထိုကလေး၏စကားတစ်ခွန်းအောက်တွင် ဘယ်ကမှန်းမသိပါသောသတ္တိအစုံအားသူရခဲ့၏။ထို့ကြောင့်ဓားအားစတင်ကိုင်သည့်နေ့မှာတင်ဘဲ ဓားကိုင်ရကြောက်သည့်ဗန့်အတွက်အဖြစ်ဆိုးကြီးကအမှတ်မထင်စွာသူ၏လက်များကိုပျက်ရှလို့သွားစေခဲ့၏။
“ဗန်ဗန် ဂရုစိုက်မှပေါ့..”ဟူသော စိုးထိပ်တကြီးပြောရင်းသူ၏လက်များအားငုံထွေးလာသည့် အဂ္ဂအဏ္ဏဝါမောင်ဟူသောကလေး၏လုပ်ရက်တို့အားမငြင်းပယ်နိုင်စွာသူ၏နှလုံးသားကလေးကငြိမ်သက်လို့နေခဲ့၏။
သူချစ်သင့်ရဲ့လားမသိပေမဲ့ သူနှလုံးသားဟာ တဖက်ခြမ်းသို့နစ်ဝင်သွားခဲ့လေပြီ…။
“ဒယ်ဒီ့!”
သုသု၏ခပ်ပျက်ပျက်အသံကြောင့် ဗန် မျက်လုံးများအားမှေးမှိန်ထားရာမှဖြတ်ခနဲပွင့်သွားရ၏။
“ဟင်..”
“ဟာ..ဒယ်ဒီရာ..ဘာနဲ့ခိုက်မိပြန်ပြီလဲ..မဟုတ်မှ ဓားထိတာတော့မဟုတ်ပါဘူးနော်”
“ဒယ်ဒီဘာမှမဖြစ်ပါဘူးသုသုရယ်..”
“ဒယ်ဒီ…ဘာကိုဘာမှမဖြစ်တာလဲ..ဒယ်ဒီဓားကြောက်တယ်လေ…အဲ့တာကြောင့် ထမင်းချက်အဒေါ်ကြီးက ဒယ်ဒီမမြင်အောင်ဓားတွေအမြဲဖွက်ပေးခဲ့ရတာလေ..မဟုတ်ဘူးလား”
“သုသု…ဒယ်ဒီတောင်းပန်ပါတယ်..နောက်ဆိုဂရုစိုက်ပါ့မယ်…နော်”
“ဒယ်ဒီကအရမ်းပေါ့ဆလွန်းအားကြီးတယ်”
“ဒယ်ဒီကဘာမှမဖြစ်ဘူး ။ အဓိက ကတော့ နှစ်ယောက်မရှိတဲ့ဒယ်ဒီ့သမီးလေးသာတစ်ခုခုဖြစ်ရင် ဒယ်ဒီရင်ကျိုးရမှာ..”
“ဟွန်း မာမီသာရှိသေးရင် သေချာတယ် ဒယ့်ဒီ့ကိုအကဲပိုလွန်းလို့ပြောတော့မှာ”
“ဟားဟား…အဲ့လောက်တောင်ဖြစ်သွားတာလား..ဘယ်အဖေကများကိုယ့်သားသမီးကိုမချစ်တဲ့လူရှိလို့လဲ..မရှိဘူးဆိုရင်အဲ့တာလိမ်တာပေါ့”
“အင်း…အိပ်ချင်ပြီ”
“သွားအိပ်တော့လေ..မနက်ကျရင်လည်းကျောင်းရှိတယ်မှလား”
“အင်း..”
“သွား…ချစ်မဝလေး အိပ်တော့”
သုသုက အခန်းထဲမှပြန်ထွက်သွားရင်းသူမ၏အိပ်ခန်းဆီဦးတည်လိုက်၏။ သို့သော်အိပ်မရသည့် ဗန်ကတော့ ဝိုင်တစ်ခွက်နှင့်အတူ ဝရံတာဘက်သို့ခြေဦးလှည့်လိုက်၏။
သူအပြင်သို့ထွက်ထွက်ချင်းပင် ဖြန်းခနဲတိုက်သွားသည့်လေအေးစိမ့်စိမ့်ကြောင့် ညအိပ်ဝတ်စုံအဖြူရောင်ကလေးအားဝတ်ထားသည့်ဗန်အာ မျက်လုံးရင်းအရသာခံလိုက်၏။ တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်ရယ် သားရဲကောင်တစ်ကောင်ကောင်ထွက်လာတော့မည့်အတိုင်းမဲမှောင်နေတဲ့ကောင်းကင်တွင် အဖြူရောင်အစက်အပြောက်ကြယ်ကလေးများက နေရာအပြည့်စိုးမိုးလို့ထား၏။ ဗန် လက်ထဲကဝိုင်လေးအားလှုပ်ရမ်းရင်းလျှာဖျားပေါ်တင်လိုက်သည့်အခါ ချိုမွှေးသင်းပျံ့၍လည်ချောင်းထဲမှစီးဝင်သွားခဲ့၏။
ခေါင်းလျှော်ပီးခါစမို့တလူလူလွင့်နေသည့်ဆံပင်ဖြူဖြူများမှာခါတိုင်းခဲ့သို့ဂျယ်ဖြင့်ဖိတင်ထားခြင်းမရှိသလို ဗန်၏မျက်နှာပေါ်လွတ်လပ်စွာ ဝဲပျံလို့ထင်တိုင်းကျဲနေကြ၏။လက်တစ်ဖက်ဖြင့်ခဏခဏသပ်တင်နေသည့်လူကလည်း စိတ်ရှည်လက်ရှည်နှင့်သပ်တင်နေရ၏။
ဤကားခြံရှေ့တွင်ရပ်ထားသည့်အနက်ရောင်ကားကလေးထဲမှစီယာတိုင်အားလက်ထောက်မှီရင်းငေးကြည့်နေသည့် အဂ္ဂ၏နှုတ်ခမ်းတွေမှာတည်ငြိမ်လျှက်ရှိ၏။အပြုံးအရယ်မရှိ အရာအားလုံးဟာငြိမ်သက်လို့တည်ကြိမ်နေခဲ့၏။
“ဗန်ဗန်…ဒါကခင်များရဲ့ကံကြမ္မာမို့လက်ခံရမယ်… ငြင်းပယ်တဲ့အခါ ခင်များဘဝတစ်ခုလုံးပိုပြီးစုတ်ပြက်သက်သွားအောင်နင်းခြေပေးမယ်”
တိုးတိတ်လို့ရေရွတ်နေသည့်အဂ္ဂဟာ ထိုအဖြူရောင်ပုံရိပ်ကလေးအား မျက်တောင်မခက်ဘဲ ကြည့်မြဲကြည့်ဆဲပင်..။ သိပ်မကြာခင်မှာဘဲ ထိုပုံရိပ်ကလေးက သူ့ကားအားအမှတ်မထင်ငုံ့ကြည့်လို့လာခဲ့၏။ ဒီတစ်ခါတွင်တော့ မျက်နှာပေါ်ကျလာသည့်ဆံနွယ်ဖြူဖြူများအားလက်ဖြင့်သပ်မတင်အားဘဲ သူ့ကားဆီ သေသေချာချာစေ့စေ့စိုက်စိုက်ကြည့်နေသည်မို့ အဂ္ဂ၏နှုတ်ခမ်းပါးများအားအလုပ်ပေးလိုက်၏။ ရယ်လိုက်သည့်အခါ ထွက်ပေါ်လာသည့်ပါးချိုင့်တစ်ဖက်က သွားဆွယ်ဖွေးဖွေးများနှင့်လိုက်ဖက်ညီစွာ ကြည့်ကောင်းလို့နေစေ၏။
“ခင်များကအရိပ်အကဲအကြည့်မြန်လိုက်တာ..ဒီအတိုင်းဆိုရင်တော့ ကျုပ်ရှုံးတော့မှာဘဲ…ဒါပေမဲ့သေချာပါတယ်…ဘာလို့ခင်များက ရှုံးနေပြီသားလေ ဟုတ်တယ်မှလား ဗန်ဗန်”
ထိုကားအားသူလွန်ခဲ့သည့်နေတွေတုန်းကလည်းမြင်ဖူး၏။ အနက်ရောင်ကိုမှ BMW တံဆိပ်နှင့်မို့ သူသေချာသတိထားမိနေခြင်းဖြစ်၏။လွန်ခဲ့သည့်ညများက မှိုင်းထက်သာကိုအိမ်အပြန်လိုက်ပို့ပေးရင်း ခြံရှေ့တွင် ထူးစမ်းစွာ ရပ်ထားသည်အားတွေ့ခဲ့ရပေမဲ့ အရေးတယူစိတ်ထဲမထားခဲ့သော်လည်း တဆက်တည်းမှာပင် လွန်ခဲ့သည့်တစ်ပတ်က သူနှင့် မှိုင်းထက်သာ ကော်ဖီဆိုင်ထဲစကားပြောနေရင်းမှကားလမ်းတဖက်တွင် ရပ်ထားသည့် ထိုနက်မှောင်နေသည့်အလင်းမဖောက်နိုင်သောမှန်များနှင့် ကားအားထပ်တွေ့ခဲ့ရ၏။ ယခုလည်း ထိုကားဟာခြံရှေ့တွင်လာရောက်ရပ်ထားခြင်းကြောင့် မသင်္ကါစရာကောင်းသည်မှာ ပုံမှန်တော့မဟုတ်တော့ချေ။ ဗန်ကြည့်နေရင်းနှင့်ပင်ကားကလေးဟာ ပြန်၍ထွက်ခွာသွားတော့၏။
“ထူးစမ်းလိုက်တာ…”
…………..
ဗန်၏ကားကလေးထဲမှဆင်းလာသည့်ခပ်နွမ်းနွမ်းအဝတ်တွေနှင့်ကောင်ကလေးဟာ C & C. Cafe ဟုရေးထိုးထားသော ဆိုင်းဘုတ်အားငေးမော၍ကြည့်နေမိခဲ့၏။ ဗန်က ကားပါကင်ထိုးပြီးတာနှင့် ကားပေါ်မှအမြန်လိုက်ဆင်းခါ ထိုကလေး၏ဘေးတွင်ရပ်လိုက်၏။
“အဂ္ဂ..အထဲမဝင်ဘူးလား”
“အာ..မဟုတ်ပါဘူး..ဗန်ဗန့်ရဲ့ဆိုင်က ဗန်ဗန့်လိုဘဲလှလို့ပါ”
“ဒီကလေး မဟုတ်တာတွေလျှောက်ပြောနေပြန်ပြီ”
“မဟုတ်တာကိုစကားလုပ်ပြီးပြောစရာလား..တကယ်လှလို့လှတယ်ပြောတာလေ..”
ထိုအခါဗန်ကမျက်နှာရဲလို့ခေါင်းပိုချာခနဲလှည့်ပစ်လိုက်၏။ သို့သော် ညကလို ဗန်၏ ဆံပင်ဝဲဝဲကလေးများကိုတော့မတွေ့ရတော့ချေ။ ဗန်က ရင့်ကျက်ချင်ရောင်ဆောင်နေသည့်လူကြီးလူကောင်းတစ်ယောက်လိုအသွင်ယူခါ လူငယ်ဆန်မှုများအားဖုံးပစ်ထားသည်မို့ အဂ္ဂမကြိုက်ပေ။
“ဗန်ဗန်က ဆံပင်ချထားရင်ပိုလှတယ်”
“ဟမ်!”
“ကျွန်တော်ပြောတာက ဗန်ဗန်ဆံပင်တွေကိုဂျယ်မလိမ်းဘဲချထားရင်ပိုလှမှာလို့”
“ခွေးကောင်လေး ထမင်းကိုဘဲကုန်အောင်စား စကားကိုတော့ကုန်အောင်မပြောနဲ့..”
ပြောရင်းဗန်ကဦးစွာဆိုင်ခန်းထဲဝင်သွားသည်မို့ အဂ္ဂက မဲ့ပြုံးပလေးဆင်မြန်းလို့အနောက်မှကပ်ခါပြေးလိုက်ရ၏။ဒါကိုဆိုင်အပြင်ရှိ ထိုသူတို့နှင့်မနီးမဝေးတွင် ပါကင်ရပ်သည့်နေရာ၌ စကူတာပေါ်မှမျက်မှောင်ကြုတ်ခါကြည့်နေသည့် ရန်မထီခမ်းကစိတ်ရှုပ်သဖွယ်သက်ပြင်းချပစ်လိုက်၏။ထို့နောက်သူ၏ဖိနပ်များကိုလည်းငုံ့ကြည့်ရသေးသည်။ဒီတစ်ခေါက်ဖိနပ်များမှားလာအုံးမလားဟူ၍…။ဆိုင်ကယ်ဦးထုပ်ပန်းနုရောင်လေးကို ပန်းနုရောင်စကူတာကလေး၏ရှေ့ခြင်းတောင်းထဲပစ်ထည့်လိုက်ရင်းစကားတစ်ခွန်းဆိုလိုက်မိ၏။
“ဒီ ပန်းရောင်စကူတာနဲ့ဘယ်တော့မှနေသားကျမလဲမသိဘူး..”
အကိုဖြစ်သူဖြိုးဟဲစျာန်ဝယ်ပေးလာသည့်စကူတာဆိုင်ကယ်မှာပန်းနုရောင်မိန်းမစီးဘီးလေးဖြစ်နေသည့်အခါ ရန်မထီခမ်းပိုလို့တောင် ဒေါသများထွက်ရ၏။ ဒီစနက်ဟာလည်းသေချာပေါက် ဟိုခွေးမျိုး၏စနက်ဖြစ်ရမည်။
ဆိုင်ခန်းထဲဝင်လာသည့် ရန်မထီခမ်းဟာ မန်နေဂျာအမနှင့်စကားရပ်ပြောနေသည့်သူ၏သူဌေးနှင့်ခွေးမျိုးအားတွေ့လိုက်ရ၏။ သူဌေးကစကားပြောပြီးနောက် ဆိုင်ခန်းအဝင်အဝမှာအင်တင်တင်လုပ်ခါရပ်နေသည့် ရန်မထီခမ်းဘက်တစ်ချက်လှည့်ကြည့်လာ၏။
“ဘာလဲ ခမ်း”
ခမ်းဟူသောအဖျားဆွတ်ခေါ်သံကြောင့် ရန်မထီခမ်းကမော့ကြည့်လာသလို ဘေးရှိ လူမိုက်ပုံစံရပ်နေသည့်အဂ္ဂကလည်းမော့ကြည့်လာ၏။
“ဘာပြောစရာရှိလို့လဲ”
ရန်မထီခမ်းခေါင်းခါလိုက်ပြီးမှ ယောင်ယောင်နနနှင့်စကားဆက်လိုက်ရ၏။
“ဟိုဟို..မန်နေဂျာအမနဲ့စကားပြောချင်လို့ပါ”
“ဘာကိစ္စလဲပြောလေ ”
ထိုအခါရန်မထီခမ်းကခေါင်းခါပြ၏။
“ဘာလဲ အကိုသိလို့မရတဲ့ကိစ္စဖြစ်နေလို့လား”
ထိုအခါမန်နေဂျာအမက သူပါရောပြီးအဆူခံရမည်ဆို၍လက်တခါခါနှင့်…။
“ဟို အဲ့လိုမဟုတ်ပါဘူးသူဌေး…”
“အကိုလို့ဘဲခေါ်”
“ခင်မျာ”
“သူဌေးတစ်ယောက်လိုအထက်စီးကမနေချင်တာမို့ ဒီဆိုင်ကလူတွေအကုန်လုံး အကိုလို့ဘဲခေါ်ရမယ်..အခုကစပြီး”
“ဟုတ်ကဲ့သူေ…..အာ အကို”
“ကဲ ဆက်ပြော ဘာကိစ္စမို့ မန်နေဂျာကောင်မလေးအနားမှာဝေ့လည်ကြောင်ပတ်လုပ်နေတာလဲ”
“အဲ့လိုမဟုတ်ပါဘူး သူေ…! အကို…ကျွန်တော် ဟို..လစာလေး…ကြို…ကြိုထုပ်ချင်လို့ပါခင်မျ..”
“ခွိ…..!”
ခွိခနဲကြိတ်ရယ်လိုက်သည့် အဂ္ဂကြောင့်ဗန်ကနားမလည်သလိုလှည့်ကြည့်လာသလို…ရန်မထီခမ်းကလည်းမျက်ထောင့်နီကြီးနှင့်ကြည့်လိုက်၏။ အဓိကကတော့ရန်မထီခမ်း၏ဖိနပ်ကိစ္စသံသယအဝင်မခံရအောင်တမင်ပြောဆိုနေသော်လည်း ခွေးမျိုးကကျက်သရောမရှိစွာဘေးတွင်လာမာန်ဖီနေသည်မို့ဒေါသကထောင်းခနဲထသွားရ၏။
“ဘာလို့ရယ်တာလဲ အဂ္ဂ”
“အာမဟုတ်ပါဘူး…ကျွန်တော်ဖုန်းကြည့်ပြီးရယ်နေတာပါ”
ဗန်ကမျက်ခုံးပင့်ပြီး ပြုံးစိစိနဲ့သူ့ဖုန်းကိုပြန်ကြာ့်နေတဲ့အဂ္ဂအားသပ်ပြင်းတစ်ချက်ချလို့ခေါင်းခါလိုက်၏။ထို့နောက်ရန်မထီခမ်းဘက်ပြန်လှည့်ခါစကားဆိုလိုက်၏။
“ခမ်း…မင်းဟိုတနေ့က ဒီဇိုင်နာထုပ်ဖိနပ်နဲ့အလုပ်တက်ခဲ့ပေမဲ့ ဒီနေ့ကျတော့လစာကြိုထုပ်ချင်နေပြန်ပြီ..ဒါပေမဲ့ personal ကိစ္စတွေအထိ ကိုယ်စိတ်မဝင်စားဘူး..ကိုယ့်ကော်ဖီဆိုင်မှာအလုပ်လုပ်နေသရွေ့မင်းကကိုယ့်ဝန်ထမ်းဘဲ…ဆိုင်ကိုထိခိုက်လာမဲ့ကိစ္စဆိုရင်တော့ကိုယ်တို့နဲ့ဆိုင်တာမို့လို့ အခက်အခဲရှိနေရင်သေချာပေါက်ကိုယ်နဲ့လာတိုင်ပင်ပါကိုယ်သူညီနိုင်သလောပ်အထိဆိုရင်တော့ကူညီပေးမယ်”
“တောင်းပန်ပါတယ်..အဲ့ဖိနပ်က မှားစီးလာတာပါ…ကျွန်တော့်ဖိနပ်လည်းမဟုတ်ပါဘူး..အဲ့နေ့က အကိုပြောမှသတိထားမိတာပါ…အဲ့တာကြောင့်အဲ့ဖိနပ်ပိုင်ရှင်အကိုကို တောင်းပန်ပြီး ဒီဆိုင်မှာဘဲ တောင်းပန်ချင်လို့ပါ”
ထိုအခါ ဗန်ကမျက်ခုံးများအားတစ်ချက်စုကြုတ်လိုက်ရင်း ခေါင်းညှိမ့်ခါလက်ခံပြလိုက်၏။ သို့သော်အနောက်ဘက်ရှိသူ့အားလှောင်ရယ်လို့နေသည့်အဂ္ဂဆိုသည့်အကောင်ကတော့ထာဝရကျက်သရေမရှိစွာပင်..။
“ဟုတ်ပြီ ခမ်းကို လစာထုပ်ပေးလိုက်ပါ”
“ဟုတ်ကဲ့အကို”
“ပြီးတော့ ဒါကဒီနေ့အသစ်ဝင်တဲ့ကိုယ့်ရဲ့ညီလေးလိုခင်ရတဲ့ကလေးဘဲ..သေချာဂရုစိုက်ပြီးသင်ပြပေးလိုက်ပါအုံး..
မင်း အဂ္ဂ…”
“ခင်မျာ”
“မသိတာရှိရင်မန်နေဂျာအမကိုမေးလို့ရတယ်”
“ကျွန်တော် ဗန်ဗန့်ကိုဘဲမေးလို့မရဘူးလား”
“မရဘူး”
ဗန်ဗန်ကလည်း”
ဗန်ဗန်ဟူသော ချွဲသံပါနေသည့် အသုံးအနှုန်းကြောင့်မန်နေဂျာကမျက်လုံးကလေးဝိုင်းလို့နှစ်ယောက်သားအားအမြင်တစ်မျိုးနှင့်ကြည့်လိုက်ပုံရ၏။သူမ၏ပါးများကရဲသွေးများပင်ထလိူ့နေခဲ့၏။
သို့သော်တဖက်ရှိရန်မထီခမ်းကတော့ မှောင်မိုက်နေသောအကြည့်များနှင့်ကြည့်ခါ မကြေမနပ်ဖြစ်နေခဲ့၏။
………………………
1.7.2024.
1:40 am.
……………………….