His One Love
လုဝမ်ဝမ်ဆိုတဲ့ ကောင်မလေးဟာ “ချမ်းသာတဲ့သခင်လေးရဲ့ နူးညံ့တဲ့အချစ်” ဆိုတဲ့ဝတ္ထုထဲကို ကူးပြောင်းလာခဲ့ပြီး ပိုက်ဆံမရှိဆင်းရဲမွဲတေနေတဲ့ ဇာတ်ဆောင်ရှန်းရီနဲ့လက်ထပ်ပြီး ဆင်းရဲမှုဒဏ်ကို မခံနိုင်တဲ့သူမဟာ ကွာရှင်းဖို့ဖိအားပေးပြီး သူ့ကို နလန်မထူနိုင်အောင် နင်းခြေပါတော့တယ်
ဘယ်သူကသိမှာလဲ သူမရှန်းရီကိုထားခဲ့ပြီးတဲ့နောက်မှာ ရှန်းရီိဆိုတဲ့ထိုလူသားဟာ အထက်စီးဆန် ရိုင်းစိုင်းပြီး အကျင့်မကောင်းတဲ့နတ်ဆိုးဆိုတာ????? သူအငြိုးတေးထားတဲ့လူမှန်သမျှကို ညှာတာမှုမရှိဘဲ ကလဲ့စားချေမယ်ဆိုတာ?
လုဝမ်ဝမ်ဟာဝတ္ထုထဲကလိုအဖြစ်ဆိုးမျိုးမကြုံချင်တာကြောင့် သူ့အလိုလိုက်အကြိုက်ဆောင်ခဲ့သော်လည်း
ပထမအကြိမ်—ဇာတ်ဆောင်ရဲ့အကျဉ်းချခြင်းကိုခံရ
ဒုတိယအကြိမ်—ဇာတ်ဆောင်ကပဲ အကျဉ်းထပ်ချပြန်တယ်
တတိယအကြိမ်—လုဝမ်ဝမ်ဟာ မာနကြီးဘဝင်မြင့် ရိုးအချင်ယောင်ဆောင်ပြီး အဓိပ္ပါယ်မရှိတာတွေကိုလုပ်ခိုင်းမဲ့ ကြာပန်းဖြူ လုပ်မယ်ဆိုပြီးဆုံးဖြတ်ချက်ချလိုက်တော့တယ်…
ပြီးရင် ကွာရှင်းမယ်! ရှန်းရီနဲ့မရ,ရအောင်ကွာရှင်းမယ်