Chapter 1
2000
အပိုင်း (၁)
” ဟင် အိပ်ပျော်ကုန်ပြီ ”
နှစ်ယောက်သားအိပ်ငိုက်နေ၍ စိုင်းရန်မခ လက်ဖက်သုပ်သွားယူရုံတင်ရှိသေးသည်။ လက်ဖက်သုပ်ပန်းကန်လေးနှင့်ပြန်လာချိန်တွင် ရှင်းနေခိုးသည် လက်ပိုက်ကာဖြင့် ထိုင်ခုံကိုမှီ၍ အိပ်ပျော်နေလေပြီ။ လင်္ကာမှာ စားပွဲပေါ်မှောက်နေပြီဖြစ်၏။
” အဲဒါကြောင့် သူငယ်ချင်းတွေနဲ့စာစုပြီးမကျက်သင့်ဘူး ပြောကြတာ ”
ကြားဖူးနားဝရှိသည်အား တစ်ကိုယ်တည်းရေရွတ်လိုက်ကာဖြင့် စိုင်းရန်မခက မှူးလင်္ကာကို၏ခန္ဓာကိုယ်သေးသေးလေးကိုမချီကာ အိပ်ရာပေါ်တင်ပေးပြီးနောက် စောင်သေချာခြုံပေးသည်။ ထိုင်ခုံကိုမှီပြီး ဆရာကြီးစတိုင်နှင့်လက်ပိုက်၍ ခပ်မတ်မတ်ထိုင်အိပ်နေသူရှင်းနေခိုးကိုတော့ စောင်ပါးလေးသာခြုံပေးလိုက်၏။အိပ်ရာပေါ်တက်အိပ်ရန်သွားနှိုးမိလျှင် ထကန်ခံရမှာစိုး၍ဖြစ်သည်။
ထို့နောက် မပြီးသေးသည့်စာများကိုဆက်ကြည့်ရန် စားပွဲတွင်ဝင်ထိုင်လိုက်ကာ လက်ဖက်သုပ်တစ်ဇွန်းခပ်စားသည်။ ပထမနှစ်ဝက်စာမေးပွဲသည် သန်ဘက်ခါစဖြေရမည်ဖြစ်သည်။ ရှင်းနေခိုးသည် အိပ်လျှင်တောင် ဆရာကြီးစတိုင်နှင့်အိပ်သူဖြစ်ရာ နဂိုကတည်းကဉာဏ်ကောင်းပြီးစာတော်သူဖြစ်၍ စိုးရိမ်စရာမရှိပေ။ သို့သော် လင်္ကာ့အတွက်ကိုသူစိုးရိမ်၏။ ပို၍စိုးရိမ်ရသည်မှာ နဂိုချူချာသည့်လင်္ကာ အိပ်ရေးပျက်၍နေမကောင်းထဖြစ်မှာကိုပင်ဖြစ်သည်။ ထို့ကြောင့် ‘စာမရလည်းနေပါစေ ငါပြလိုက်တာပေါ့ ‘ ဟူသောစိတ်ဖြင့် အတင်းနှိုး၍စာမကြည့်ခိုင်းတော့ပေ။
ထိုသို့ဖြင့် ထိုညက သူငယ်ချင်းသုံးယောက်စု၍ စာအပီအပြင်လုပ်ကြမည်ဟု ကြုံးဝါးထားသော်လည်း စိုင်းရန်မခတစ်ယောက်တည်း လက်ဖက်သုပ်တစ်ပန်းကန်ကုန်အောင်စား၍ စာထိုင်ကြည့်လိုက်ရပါသည်။
၁၆၊၁၀၊၂၀၂၃ ။ တနင်္လာ။
ချစ်ခြင်းမေတ္တာဖြင့်
ကိုကို