Chapter 5
2000
အပိုင်း (၅)
” ခေါက်ဆွဲပြုတ်ရ …”
အခန်းတံခါးပွင့်လာပြီး မခ၏စကားမဆုံးသေးခင်ပင် နေခိုးနှင့်လင်္ကာသည် လုပ်လက်စအလုပ်များအကုန်ရပ်၍ အခန်းအပြင်သို့ထထွက်လာ၏။ သူ့ကိုတိုက်မသွားရုံတမယ် ထွက်သွားသည့်နှစ်ယောက်အား မနိုင်ဘူးဟူသောသဘောဖြင့် ခေါင်းတခါခါလုပ်သည့်မခက စိတ်ဆိုးဟန်လည်းမတူပေ။
” ဖြည်းဖြည်းစား အပူလောင်မယ် ”
ခေါက်ဆွဲပြုတ်အိုးထဲမှ ပန်းကန်လုံးထဲသို့ ခေါက်ဆွဲများခပ်ယူနေသည့်လင်္ကာ့ဘေးနားတွင် ဝင်ထိုင်ရင်း မခကဆိုသည်။ ထို့နောက် ပဲနို့ဘူးတစ်ဘူးစီချပေးပြီး လင်္ကာ့အတွက်ကိုကား ဖွင့်ပေးလိုက်သေး၏။
” ဒီမျက်မှန်ကတော့ ”
ခေါက်ဆွဲစားမည်ကြံ၍ငုံ့စဉ်တွင် အပူငွေ့ရိုက်သွားသည့်မျက်မှန်ကြောင့် နေခိုးက စိတ်ပျက်လက်ပျက်နှင့် မျက်မှန်ကိုချွတ်သည်။ လင်္ကာနှင့်မခက ထချခံရမှာစိုး၍ ရယ်ချင်သည်အား အောင့်ထားကြ၏။
” စာလို့ကောင်းလိုက်တာ အား … ”
မျက်မှန်ချွတ်လိုက်၍ စိတ်ကြိုက်စားနိုင်သွားသည့်နေခိုးက ပါးစပ်ထဲတွင်ခေါက်ဆွဲပလုတ်ပလောင်များဖြင့်ဆို၏။
” မခက အကောင်းဆုံး ”
နေခိုးနှင့်လင်္ကာသည် ခေါက်ဆွဲပလုတ်ပလောင်းစားနေရင်းမှ ဂုဏ်ယူစွာဖြင့် လက်မထောင်၍ဆိုသည်။ ထိုအခါ မခကလည်း ခါးလေးမတ်၍ဂုဏ်ယူဝင့်ကြွားသည့်မျက်နှာပေးလေးနှင့် လက်မထောင်ပြ၏။
စိုင်းရန်မခ၊ ရှင်းနေခိုးနှင့် မှူးလင်္ကာကိုတို့ သူငယ်ချင်းသုံးယောက်သည် အမြဲတစေတတွဲတွဲဖြင့် ထိုကဲ့သို့လည်းအတိုင်အဖောက်ညီတတ်ကြသေးသည်။
၂၁၊၁၀၊၂၀၂၃။ စနေ ။
ချစ်ခြင်းမေတ္တာဖြင့်
ကိုကို