Linked By Destiny

5
Your Rating
Linked By Destiny 5 (1)
669
Comments
14 Users bookmarked This

Name – Linked by destiny
Chapter – 92 chapters + 2 extras + special extra from book

“မုန့်ထင်း” ဆိုတဲ့​ကောင်မ​လေးရဲ့အနားမှာ “ကျန်းရန်” ဆိုတဲ့ကိုယ်ရံ​တော်​လေး ရှိသတဲ့…

ဒီကိုယ်ရံ​တော်​ကောင်​လေးဟာ ငြင်သာတတ်တဲ့သူမျိုးမဟုတ်သလို ​တောက်ပထူးချွန်​ပြောင်​မြောက်​နေတဲ့သူလည်းမဟုတ်ပါဘူး…

ဒါ​ပေမယ့် မင်းသမီး​လေး အလိုရှိ​နေ​တဲ့အချိန်တိုင်း အနားမှာအမြဲအသင့်ရှိ​နေတတ်သူပါ…

သူမအတွက် အတားအဆီးမှန်သမျှကို ချိုးဖျက်​မယ်…သူမအတွက်​ကြောင့် ကြိုးစားမယ်…သူမအတွက်​ကြောင့်ပဲ အရာအားလုံးအ​ပေါ် ရမ်းကားရဲတယ်…

ဒီမင်းသမီး​လေးက လှလည်းလှလွန်းပြီး ကြင်လည်းကြင်နာတတ်တဲ့အပြင် တလက်လက်နဲ့​တောက်ပ​နေတဲ့သူ​လေး…

ပြီး​တော့ နူးညံ့လွန်းတဲ့နှလုံးသား​လေးကိုလည်း ပိုင်ဆိုင်ထား​သေးတယ်…

အခြားသူ​တွေရဲ့အမြင်မှာ သူဆိုတဲ့ “ကျန်းရန်” က ဘယ်လိုပဲအချိုးမ​ပြေ ​ထောင့်မကျိုးတဲ့သူမျိုးဖြစ်​နေပါ​စေ “မုန့်ထင်း” ဆိုတဲ့သူမက သူ့အ​ပေါ် အမြဲကြင်နာပြီး ဘယ်​​သောအခါကမှ စက်ဆုတ်အထင်မ​သေးခဲ့ဘူး…

လက်​တွေ့မှာ​တော့ “ကျန်းရန်” ဟာ သူ့ရဲ့တည့်တိုးဆန်တဲ့လုပ်ရပ်​တွေရယ် အစစ်မှန်ဆုံး​သောအချစ်​တွေကို လက်ဝယ်ပိုက်ပြီး “မုန့်ထင်း”ရဲ့နှလုံးသားကို အရယူသိမ်းပိုက်ချင်​နေသူပါ…

အမြဲတမ်းကန့်လန့်တိုက်ဆန့်ကျင်တတ်ပြီး အရာအားလုံးကို​တောင် မျက်လုံးထဲ​မထည့်ထားတဲ့ “ကျန်းရန်” က “မုန့်ထင်း”တစ်​ယောက်တည်းကိုသာ သူ့နှလုံးသားထဲထည့်ထားပါသတဲ့…

●●●●●

Translator’s Description >>>

Male Lead

-ကျန်းရန်
– ဆံပင်ခဲ​​ငွေ​ရောင်ဆိုးထားပြီး မဟူရာ​ရောင်နားကပ်တစ်ဖက်ကိုဝတ်ထားတဲ့ ​​ကောင်​လေးဟာ ‘လိချိုင်’ အသက်​မွေးဝမ်း​ကျောင်းဆိုင်ရာအထက်တန်း​ကျောင်းတစ်ခုလုံးရဲ့ အဆိုးအ​ပေ​​လေး။ အ​ဖေဖြစ်သူက “B မြို့​တော်”ရဲ့ ထိပ်တန်းစီးပွား​ရေးသမားဖြစ်တာ​ကြောင့် ကျန်းရန် ဟာ ​ရုပ်ရှိ​ရေလျှံတဲ့သူ​ဌေးသား​လေးလည်း ဟုတ်ပါတယ်။ စာလည်းမလုပ်၊ အမြဲတမ်းအ​လေလိုက်ပြီး ရန်ဖြစ်​နေတဲ့ အသက် ၁၈နှစ်အရွယ်​ကောင်​လေးက ​ဘေးချင်းကပ်ရပ်​မှာရှိတဲ့ အမှတ် ၇ အလယ်တန်း​ကျောင်းက “မုန့်ထင်း” ကို ​တွေ့သွားတဲ့အချိန်မှာ….

“တစ်​လောကလုံးကို ဘာအတွက်​ကြောင့်မှ မ​ကြောက်​ပေမယ့် ‘မုန့်ထင်း’ လွှတ်ချလိုက်မှာကို​တော့ ကျွန်​တော်​ကြောက်တယ်”

“ကျွန်​တော်ဟာ ကျွန်​တော်ကိုယ်တိုင်ပိုင်တဲ့ ‘ကျန်းရန်’ မဟုတ်ဘူး…’မုန့်ထင်း’ ရဲ့ ‘ကျန်းရန်’… မင်းရဲ့ ‘ကျန်းရန်’ပါ…’ထင်းထင်’ မင်းမကြိုက်ဘူးဆို ​ဆေးလိပ်လည်းမ​သောက်​တော့ဘူး…ရန်လည်းမဖြစ်​တော့ပါဘူး…ကိုယ့်ကို​တော့ မငြင်းပယ်ပစ်လိုက်ပါနဲ့…”

——-

Female Lead

-မုန့်ထင်း
-အမှတ် ၇ အလယ်တန်း​ကျောင်း တန်းခွဲ နံပါတ်တစ်ရဲ့ အ​တော်ဆုံး​ကျောင်းသူ​။ ပညာ​ရေးမှာလည်းထူးချွန်သလို ပီယာနိုတီးတာ​အပြင် ဘဲ​​​လေးအက ကရာမှာပါ ကျွမ်းကျင်ပြီး တစ်​ကျောင်းလုံးရဲ့ အလှပ​ဂေး​လေး။ အ​ကြောင်းအမျိုးမျိုး​ကြောင့် “ကျန်းရန်”ကို ​ကြောက်လို့​ရှောင်ပုန်း​နေ​ပေမယ့် အတင်းလိုက်ပြီး ပိုးပန်းခံရ​သောအခါ…

“လူ​တွေက ကျွန်မကို မင်းသမီး​လေးတစ်ပါးလို့ ​ပြောစမှတ်ပြု​​နေကြ​ပေမယ့် တကယ်တမ်းလက်​တွေ့မှာ ကျွန်မကို မင်းသမီး​​လေးလို ဆက်ဆံပစားပေးနိုင်တဲ့သူက ‘ကျန်းရန်’ တစ်​ယောက်တည်းပဲ”

——

Novel ​လေးကို အကျဥ်းချုပ်​လေး​ပြောရရင် “မုန့်ထင်း”က ​သေဆုံးသွားပြီး​နောက်မှာ လွန်ခဲ့တဲ့ ၅နှစ်အချိန်ကိုပြန်​ရောက်လာပြီး ကြုံခဲ့ရတဲ့ကပ်ဆိုး​တွေကို မဖြစ်​အောင်ပြန်ပြင်ဆင်ဖို့ကြိုးစားတာပါ။ “ကျန်းရန်” က မ​သေဆုံးခင်အချိန်ကလည်း “မုန့်ထင်း” ကို အသည်းအသန်ပိုးပန်းခဲ့ပြီး ​သေဆုံးပြီး​နောက် တဖန်ပြန်လည်လာတဲ့အချိန်မှာလည်း “မုန့်ထင်း” ကိုပဲ ထပ်ချစ်မိသွားခဲ့တာပါ။

Genre(s)
Tags(s)