Linked By Destiny
Name – Linked by destiny
Chapter – 92 chapters + 2 extras + special extra from book
“မုန့်ထင်း” ဆိုတဲ့ကောင်မလေးရဲ့အနားမှာ “ကျန်းရန်” ဆိုတဲ့ကိုယ်ရံတော်လေး ရှိသတဲ့…
ဒီကိုယ်ရံတော်ကောင်လေးဟာ ငြင်သာတတ်တဲ့သူမျိုးမဟုတ်သလို တောက်ပထူးချွန်ပြောင်မြောက်နေတဲ့သူလည်းမဟုတ်ပါဘူး…
ဒါပေမယ့် မင်းသမီးလေး အလိုရှိနေတဲ့အချိန်တိုင်း အနားမှာအမြဲအသင့်ရှိနေတတ်သူပါ…
သူမအတွက် အတားအဆီးမှန်သမျှကို ချိုးဖျက်မယ်…သူမအတွက်ကြောင့် ကြိုးစားမယ်…သူမအတွက်ကြောင့်ပဲ အရာအားလုံးအပေါ် ရမ်းကားရဲတယ်…
ဒီမင်းသမီးလေးက လှလည်းလှလွန်းပြီး ကြင်လည်းကြင်နာတတ်တဲ့အပြင် တလက်လက်နဲ့တောက်ပနေတဲ့သူလေး…
ပြီးတော့ နူးညံ့လွန်းတဲ့နှလုံးသားလေးကိုလည်း ပိုင်ဆိုင်ထားသေးတယ်…
အခြားသူတွေရဲ့အမြင်မှာ သူဆိုတဲ့ “ကျန်းရန်” က ဘယ်လိုပဲအချိုးမပြေ ထောင့်မကျိုးတဲ့သူမျိုးဖြစ်နေပါစေ “မုန့်ထင်း” ဆိုတဲ့သူမက သူ့အပေါ် အမြဲကြင်နာပြီး ဘယ်သောအခါကမှ စက်ဆုတ်အထင်မသေးခဲ့ဘူး…
လက်တွေ့မှာတော့ “ကျန်းရန်” ဟာ သူ့ရဲ့တည့်တိုးဆန်တဲ့လုပ်ရပ်တွေရယ် အစစ်မှန်ဆုံးသောအချစ်တွေကို လက်ဝယ်ပိုက်ပြီး “မုန့်ထင်း”ရဲ့နှလုံးသားကို အရယူသိမ်းပိုက်ချင်နေသူပါ…
အမြဲတမ်းကန့်လန့်တိုက်ဆန့်ကျင်တတ်ပြီး အရာအားလုံးကိုတောင် မျက်လုံးထဲမထည့်ထားတဲ့ “ကျန်းရန်” က “မုန့်ထင်း”တစ်ယောက်တည်းကိုသာ သူ့နှလုံးသားထဲထည့်ထားပါသတဲ့…
●●●●●
Translator’s Description >>>
Male Lead
-ကျန်းရန်
– ဆံပင်ခဲငွေရောင်ဆိုးထားပြီး မဟူရာရောင်နားကပ်တစ်ဖက်ကိုဝတ်ထားတဲ့ ကောင်လေးဟာ ‘လိချိုင်’ အသက်မွေးဝမ်းကျောင်းဆိုင်ရာအထက်တန်းကျောင်းတစ်ခုလုံးရဲ့ အဆိုးအပေလေး။ အဖေဖြစ်သူက “B မြို့တော်”ရဲ့ ထိပ်တန်းစီးပွားရေးသမားဖြစ်တာကြောင့် ကျန်းရန် ဟာ ရုပ်ရှိရေလျှံတဲ့သူဌေးသားလေးလည်း ဟုတ်ပါတယ်။ စာလည်းမလုပ်၊ အမြဲတမ်းအလေလိုက်ပြီး ရန်ဖြစ်နေတဲ့ အသက် ၁၈နှစ်အရွယ်ကောင်လေးက ဘေးချင်းကပ်ရပ်မှာရှိတဲ့ အမှတ် ၇ အလယ်တန်းကျောင်းက “မုန့်ထင်း” ကို တွေ့သွားတဲ့အချိန်မှာ….
“တစ်လောကလုံးကို ဘာအတွက်ကြောင့်မှ မကြောက်ပေမယ့် ‘မုန့်ထင်း’ လွှတ်ချလိုက်မှာကိုတော့ ကျွန်တော်ကြောက်တယ်”
“ကျွန်တော်ဟာ ကျွန်တော်ကိုယ်တိုင်ပိုင်တဲ့ ‘ကျန်းရန်’ မဟုတ်ဘူး…’မုန့်ထင်း’ ရဲ့ ‘ကျန်းရန်’… မင်းရဲ့ ‘ကျန်းရန်’ပါ…’ထင်းထင်’ မင်းမကြိုက်ဘူးဆို ဆေးလိပ်လည်းမသောက်တော့ဘူး…ရန်လည်းမဖြစ်တော့ပါဘူး…ကိုယ့်ကိုတော့ မငြင်းပယ်ပစ်လိုက်ပါနဲ့…”
——-
Female Lead
-မုန့်ထင်း
-အမှတ် ၇ အလယ်တန်းကျောင်း တန်းခွဲ နံပါတ်တစ်ရဲ့ အတော်ဆုံးကျောင်းသူ။ ပညာရေးမှာလည်းထူးချွန်သလို ပီယာနိုတီးတာအပြင် ဘဲလေးအက ကရာမှာပါ ကျွမ်းကျင်ပြီး တစ်ကျောင်းလုံးရဲ့ အလှပဂေးလေး။ အကြောင်းအမျိုးမျိုးကြောင့် “ကျန်းရန်”ကို ကြောက်လို့ရှောင်ပုန်းနေပေမယ့် အတင်းလိုက်ပြီး ပိုးပန်းခံရသောအခါ…
“လူတွေက ကျွန်မကို မင်းသမီးလေးတစ်ပါးလို့ ပြောစမှတ်ပြုနေကြပေမယ့် တကယ်တမ်းလက်တွေ့မှာ ကျွန်မကို မင်းသမီးလေးလို ဆက်ဆံပစားပေးနိုင်တဲ့သူက ‘ကျန်းရန်’ တစ်ယောက်တည်းပဲ”
——
Novel လေးကို အကျဥ်းချုပ်လေးပြောရရင် “မုန့်ထင်း”က သေဆုံးသွားပြီးနောက်မှာ လွန်ခဲ့တဲ့ ၅နှစ်အချိန်ကိုပြန်ရောက်လာပြီး ကြုံခဲ့ရတဲ့ကပ်ဆိုးတွေကို မဖြစ်အောင်ပြန်ပြင်ဆင်ဖို့ကြိုးစားတာပါ။ “ကျန်းရန်” က မသေဆုံးခင်အချိန်ကလည်း “မုန့်ထင်း” ကို အသည်းအသန်ပိုးပန်းခဲ့ပြီး သေဆုံးပြီးနောက် တဖန်ပြန်လည်လာတဲ့အချိန်မှာလည်း “မုန့်ထင်း” ကိုပဲ ထပ်ချစ်မိသွားခဲ့တာပါ။
Hannah
ထပ်မတင်တော့ဘူးလား သာသာ
Azura._.
Jie ၇၃လေး ကျန်ခဲ့တာလားလို့ တင်ပေးပါအုံးနော်