Translator' Note
ကိုယ်တို့ရဲ့ Linked by Destiny လေး ပြီးသွားခဲ့ပါပြီ။
ထုံးစံအတိုင်း ကိုယ်ရှာထားတာလေးတွေကို Sharing လုပ်ပါဦးမယ်။
– မူရင်းစာရေးသူ ‘ထန်လော်ဝေ့ကျစ်’ လောင်ရှစ်ဟာ ကိုယ်တို့ရဲ့ Side Couple လေးဖြစ်တဲ့ ဟယ့်ကျွင့်မင်နဲ့ကျောက်နွမ်ချန်တို့အကြောင်းကို ပြောပြထားပါသေးတယ်
ဟယ့်ကျွင့်မင်က ကျောက်နွမ်ချန် သူ့ကိုမချစ်တော့မှန်းသိသွားပြီးခဲ့တဲ့နောက်မှာ အကြိမ်ရေများစွာ ပြန်ပြီးတောင်းပန်ခဲ့ပါတယ်..အကြိမ်ကြိမ်လည်း နည်းလမ်းမျိုးစုံနဲ့ ပြန်ချဥ်းကပ် ပြန်ကြိုးစားခဲ့ပါသေးတယ်..ဒါပေမယ့် အစားထိုးခံတစ်ခုလို ဖြစ်သွားခဲ့တဲ့ ကျောက်နွမ်ချန်က ဟယ့်ကျွင့်မင်ကို လက်မခံနိုင်တော့ဘဲ နောက်ဆုံးပြောခဲ့တဲ့စကားတစ်ခွန်းက
“သူမဘက်က ချစ်ခဲ့ပြီးပြီမလို့ လုယွဲ့ မလိုချင်တော့တဲ့အမှိုက်ကို သူမလည်း မလိုချင်တော့ပါဘူးတဲ့”
—–
-တစ်ခါက မုန့်ထင်းက ကော်ရစ်တာနားကနေ ဖြတ်လျှောက်သွားတဲ့အချိန် ကျန်းရန်နဲ့ ဟယ့်ကျွင့်မင်တို့ ပြောနေတဲ့စကားကို ဖြတ်ခနဲကြားလိုက်ရပါတယ်
ကျန်းရန် ; “လောင်ဇစ်က ဘယ်လိုပုံစံမျိုးကိုသဘောကျလဲ ဟုတ်လား..မုန့်ထင်းကိုပဲ သဘောကျတယ်”
ဟယ့်ကျွင့်မင် ; “ရန်ကော မလုပ်လိုက်ပါနဲ့..ကျောင်းအလှလေးက ဒီလောက်လိုက်ပိုးပမ်းရခက်တာ”
ကျန်းရန် ; “လောင်ဇစ်က တစ်သက်တာလုံးကုန်သွားပါစေ လိုက်ပိုးပမ်းမှာ”
မုန့်ထင်းအတွက် အသက်ရှင်ပြီး မုန့်ထင်းအတွက်ပဲ သေမယ်..သူမအတွက် လက်ကိုသွေးအစွန်းခံပြီး သူမအတွက်ပဲ အုတ်ဂူပေါ်ကဖုန်တွေကို သုတ်ပေးပါ့မယ်..
ဒီစာသားတွေက ‘ထန်လော်ဝေ့ကျစ်’ လောင်ရှစ် ရေးထားတာတွေပါပဲ..ဝတ္ထုထဲမှာ ဘာလို့ဖြုတ်ပစ်လိုက်မှန်းတော့ ကိုယ်လည်း မသိဘူး
—–
ရှောင်ချုန်း notes
-အားလုံးရဲ့အမြင်မှာ ‘ထန်လော်ဝေ့ကျစ်’ လောင်ရှစ်က မုန့်ထင်းကို အရမ်းချစ်တယ်လို့ မြင်ကြတယ်..အလှဆုံး အတော်ဆုံး အထက်မြက်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်တွေအပြင် သေဆိုသေ ရှင်ဆိုရှင်မယ့်ကောင်လေး ကျန်းရန်ကိုပါ ပေးထားခဲ့တယ်လို့ပေါ့..ဒါပေမယ့် ကိုယ့်အမြင်မှာ လောင်ရှစ်က ကျန်းရန်ကို ပိုချစ်တာပါ..ဘာလို့လဲဆိုတော့ ကိုယ်ဖတ်ခဲ့တဲ့ Site ကနေ Comment တစ်ခုကို တွေ့ခဲ့ဖူးတယ်..ရှောင်ကျဲကျဲ ရေးထားတာက
“မား သူ့နာမည်က ကျန်းရန်လေ..’လိချိုင်’ကျောင်းရဲ့ လူဆိုးခေါင်းဆောင်..သူက အရမ်းလက်စပြင်းလွန်းတဲ့အပြင် ဆေးလိပ်သောက်တယ်..အရက်သောက်တယ်..အရမ်းလည်း ဆိုးတယ်..ဥာဏ်လည်းမကောင်းသလို ဒေါသကလည်း ထွက်လွယ်သေးတယ်..သူက တော်တော်လေးကို မကောင်းတာ..တစ်ခုတည်းသောအားသာချက်ဆိုလို့ သူ မုန့်ထင်းတစ်ယောက်တည်းကိုပဲ အရမ်းအရမ်းချစ်တာ” ပါတဲ့
စာလုံးတွေက ရင်းနှီးသလိုလိုရှိတယ်ဟုတ်..ကျန်းရန်က မီးလောင်ပြီးဆေးရုံရောက်နေခဲ့အချိန်က သူ့အဖေကို မုန့်ထင်းအကြောင်း ပြောပြနေတဲ့စကားတွေနေရာမှာ အစားထိုးဖြည့်ထားတာပါ..
အဲ့ကနေပြီး ကိုယ်တွေးမိလိုက်တာက လောင်ရှစ်က ကျန်းရန်ကို ပိုချစ်တာလို့..ပြည့်စုံတယ်လို့ ထင်နေရပေမယ့် ဘာမှမပြည့်စုံကောင်လေးကို အလှဆုံးဆိုတဲ့ကောင်မလေးကို ပေးခဲ့တယ်လေ..ပြီးတော့ ဘယ်တော့မှ သူ့ကို လွှတ်မချပါဘူးဆိုတဲ့ကောင်မလေး..သူအရမ်းသဘောကျရပါတယ်ဆိုတဲ့ ကောင်မလေး..သူနဲ့ပတ်သတ်တဲ့မှတ်ဥာဏ်တွေပါတဲ့ကောင်မလေးကို နှစ်ဘဝတိတိ ပြန်ပေါင်းစည်းပေးခဲ့တာလေ…
ကျန်းရန်ကလည်း သုံးဘဝဆက်တိုက် မုန့်ထင်းတစ်ယောက်တည်းကိုပဲ ချစ်ခဲ့ပါတယ်
Translator ရှောင်ချုန်း / ကျန်းဟူတစ်ခွင် ကံမကုန်ရင်ပြန်ဆုံကြပါဦးမယ်……
Hannah
နောက်ဆုံးတော့ပြီးသွားခဲ့ပြီ😍😍😍
PhyoSu
ကျန်းရန်ကို ကိုယ်က ပိုချစ်တာပါ ရှောင်ချုန်း 😁😁ဘယ်နှစ်ခါဖတ်ဖတိ ဖတ်မဝဘူး နောက်ပြတ်လာဖတ်ဦးမယိနော်