41
💜 My boyfriend is a doctor 💜 {ကျွန်တော့်ချစ်သူ ဒေါက်တာလေး}
Extra ⚠️
” အား လူယုတ်မာကြီး … ဘယ်အချိန်ကတည်းက လူကိုမဟုတ်တာလုပ်ဖို့ကြံနေတာလဲမသိဘူး ”
1.
ပါးစပ်က
” ကိုကြီးကိုမချစ်တော့ဘူး … မုန်းတယ် … လူကိုနာအောင်လုပ်တယ် ”
ဟု အော်နေသော်လည်း ခန္ဓာကိုယ်ကမူ ထူးဆန်းသောအထိအတွေ့တို့ကြောင့် မရိုးမယွဖြစ်နေရသည် ။ ကိုကြီးက ကျွန်တော့်စကားကိုကြားသော်လည်း မကြားဟန်ဆောင်ပြီး အသံကုန်အော်နေသော ကျွန်တော့်နှုတ်ခမ်းကို ဖွဖွနမ်းလာသည် ။ ထို့ကြောင့် ကိုကြီး၏အောက်နှုတ်ခမ်းကို တမင်ကိုက်ပစ်လိုက်ပြီး
” လူကိုအနိုင်ကျင့်လို့အပြစ်ပေးတာ ”
ဟု ပြောလိုက်သည် ။ ထိုအခါ ကိုကြီးက ခပ်ဟဟရယ်၍
” ဒီလေါက်လေးနမ်းတာကို အနိုင်ကျင့်တယ်လို့အော်နေတာ ဒီထက်နာအောင်လုပ်ရင်ဘယ်လိုဖြစ်မလဲသိချင်တယ် ”
ဟု ပြောသည် ။ ပြောရင်းနှင့် လက်တစ်ဖက်က ကျွန်တော့်ရင်ဘတ်ပေါ်သို့ရောက်လာသဖြင့်
” အာ့ … ကိုကြီးရေ ”
ဟု ညည်းကာ ရုန်းလိုက်မိသည် ။
2.
နိုအာက ငြိမ်နေရာမှ ရုတ်တရက်
” အား လူယုတ်မာကြီး … ဘယ်အချိန်ကတည်းက လူကိုမဟုတ်တာလုပ်ဖို့ကြံနေတာလဲမသိဘူး ”
ဟု ထအော်သဖြင့် ကျွန်တော် လန့်ဖြန့်သွားကာ လက်ထဲမှဖောက်လက်စအိတ်ကို ကုတင်ပေါ်ပစ်ချလိုက်ပြီး နိုအာ့ကို ကြည့်လိုက်သည် ။ ထိုအခါ ကျွန်တော့်ဘေးတွင် စူပုတ်ပုတ်ဖြင့်ထိုင်ကာ ကျွန်တော့်အားကြည့်နေသော နိုအာ့ကိုတွေ့ရသည် ။ ထို့ကြောင့် ပြုံးလိုက်ပြီး
” ဒါဖြင့် ခွင့်မပြုဘူးလား ”
ဟု မေးလိုက်သည် ။ ခွင့်ပြုမည်ဟုပြောထားပြီးမှ စိတ်ပြောင်းသွားသည်ဟုထင်၍ ထပ်မေးလိုက်ခြင်းဖြစ်သော်လည်း နိုအာက မကြည်ကြည့်,ကြည့်၍
” ခွင့်ပြုပါတယ်ဆို ဘာဖြစ်လို့ခဏခဏမေးနေတာလဲ ”
ဟု အော်ကာ ကုတင်ပေါ်တွင်ပြန်လှဲကာ စောင်ကိုခေါင်းမြီးခြုံသည် ။ အရှက်သည်းနေသော နိုအာ့ပုံစံကိုကြည့်၍ ကျွန်တော် စချင်လာသဖြင့် လှဲနေသောနိုအာ့အပေါ်သို့ တမင်လှဲချလိုက်ကာ စောင်ကိုအတင်းဆွဲဖယ်လိုက်သည် ။ နိုအာက စောင်ကိုတင်းကြပ်နေအောင်ဆွဲထားကာ ရုန်းကန်နေရင်း
” နာအောင်မလုပ်နဲ့နော် … နာအောင်လုပ်ရင် မေမေနဲ့တိုင်မယ် … ကိုကြီးမေမေနဲ့ရောတိုင်မှာ ”
ဟု အော်သည် ။ ထို့ကြောင့် ကျွန်တော် အော်ရယ်လိုက်ပြီး
” ဘယ်လိုတိုင်မှာလဲ …. ကိုယ်ကမင်းကို ဟိုဒင်းဟိုဟာလုပ်တယ်ဆိုပြီး တိုင်မှာလား ”
ဟု မေးလိုက်သည် ။ စိတ်တိုလာသောနိုအာက
” ဘယ်လိုတိုင်တိုင်ပေါ့ကွာ ”
ဟု ထအော်သောအခါမှ အရယ်ရပ်လိုက်ပြီး နိုအာ့ကို ရင်ခွင်ထဲရောက်အောင် ဖက်လိုက်သည် ။
3.
ကျွန်တော်က နိုးနေပြီဖြစ်သော်လည်း နိုအာက မနိုးသေး ။ ညက ညအတော်နက်သွားသောကြောင့် အိပ်ရေးပျက်နေမည်ကိုသိသော်လည်း နိုအာ့မိဘများနှင့်အတူ မနက်စာစားရန်ချိန်းထားသောကြောင့် မနှိုးလိုသေးသော်လည်း နဖူးကို ဖွဖွနမ်းလိုက်ကာ
” ကိုယ့်ကလေးလေး … ထတော့ ”
ဟု ပြောလိုက်သည် ။ ကျွန်တော့်စကားအဆုံးတွင် နိုအာက အင်းအဲနှင့် လူလွန့်လှုပ်ရှားလာသည် ။
သို့သော် …
မထသေး ။ ထို့ကြောင့် ဒုတိယအကြိမ်အဖြစ် နဖူးကိုထပ်နမ်းလိုက်ကာ
” ထတော့လို့ ကလေးရဲ့ … အန်တီတို့နဲ့မနက်စာအတူစားဖို့ပြောထားတယ်လေ ”
ဟု ပြောလိုက်သည် ။ ထိုအခါမှ
” နာတယ် ကိုကြီး ”
ဟု အသံခပ်တိုးတိုးကထွက်လာသည် ။ ထိုစကားကြောင့် ကျွန်တော် စိတ်ပူသွားပြီး
” အရမ်းနာနေတာလား … ထလို့မရဘူးလား ”
ဟု ထပ်မေးလိုက်သည် ။ နိုအာက
” အင့် နာတယ် … နေရာရွှေ့လိုက်တာနဲ့နာတယ် ”
ဟု ချွဲ၍ပြောလာသောကြောင့် ကွေး၍အိပ်နေသောခန္ဓာကိုယ်လေးကို အသာပွေ့ချီလိုက်ကာ
” ရေချိုးခန်းထဲအထိ ကိုယ်ချီသွားပြီး အကုန်လုပ်ပေးမယ် ဟုတ်ပြီလား … ကိုယ့်ကလေးလေးက ဒီအတိုင်းအိပ်ပြီးလိုက်လာ ”
ဟု ပြောလိုက်သည် ။
4.
ကိုကြီးက ပြောသည့်အတိုင်း ကျွန်တော့်တစ်ကိုယ်ရည်သန့်ရှင်းရေးကို လုပ်ပေးသည် ။ တစ်ကိုယ်ရည်သန့်ရှင်းရေးသာမကပဲ အဝတ်အစားကိုပင် ကိုယ်တိုင်ဝတ်ပေးနေသောကြောင့် ကျွန်တော် ထိုင်နေရင်းကပင် ကိုကြီး၏ခါးကိုဖက်ကာ ရင်ဘတ်အား မျက်နှာအပ်လိုက်ပြီး
” ကိုကြီး … ကျွန်တော်တို့ဒီနေ့ပဲလက်ထပ်ကြမလား ”
ဟု မေးလိုက်သည် ။ ကျွန်တော့်မေးခွန်းအဆုံးတွင် ကိုကြီးထံမှ မည်သည့်စကားသံမှမကြားရသဖြင့် ကိုကြီးကို မော့ကြည့်လိုက်သည် ။ ထိုအခါမှ ကိုကြီးကပြုံး၍
” တကယ်လား ”
ဟု မေးသည် ။ ထိုမေးခွန်းကို ကျွန်တော် ပြန်မဖြေရသေးခင်မှာပင် ကိုကြီးက
” ခဏ ”
ဟု ဆိုကာ ကျွန်တော့်ကိုထိုင်ခိုင်းခဲ့ပြီး ဗီရိုရှိရာဆီသို့ လျှောက်သွားသည် ။ ဗီရိုကိုဖွင့်၍ ဟိုကြည့်သည်ကြည့်လုပ်နေပြီးမှ
” တွေ့ပြီ ”
ဟု ဆိုကာ စက္ကူဘူးတစ်ဘူးကိုယူ၍ ကျွန်တော့်အနားသို့ ပြန်လျှောက်လာသည် ။ ထို့နောက်
” မျက်စိခဏမှိတ် ”
ဟု ပြောကာ ကျွန်တော့်မျက်လုံးများကို လက်ဖြင့်အသာအုပ်သည် ။
5.
ကိုကြီး၏သဘောအတိုင်း မျက်လုံးမှိတ်ထားပြီး တစ်မိနစ်နီးပါးကြာသောအခါ ကိုကြီးက
” ရပြီ … ဖွင့်ပါ ”
ဟု ပြောသည် ။ ထို့ကြောင့် ကျွန်တော်လည်း ကိုကြီးလာသည့်စက္ကူဘူးထဲမှအရာကို သိလိုစိတ်ဖြင့် မှိတ်ထားသောမျက်လုံးများကို လျင်မြန်စွာ ဖွင့်ကြည့်လိုက်သည် ။ ထိုအခါ ကျွန်တော့်အရှေ့တွင် ဒူးထောက်၍ထိုင်နေသော ကိုကြီးကိုတွေ့ရသည် ။ ကိုကြီးက ကျွန်တော့်ကိုပြုံးပြကာ
” နိုအာ ကိုယ့်ကိုလက်ထပ်မလား ”
ဟု မေးပြီး လက်စွပ်မောင်းကွင်းလေးတစ်ခုကို ထောင်ပြလာသည် ။ တစ်ဆက်ထဲမှာပင်
” ဒါကိုယ်ပထမဆုံးလစာစရတုန်းက ကိုယ်လက်ထပ်မဲ့လူကိုပေးဖို့ဆိုပြီးဝယ်ထားတာ … မင်းနဲ့အတော်လောက်ပဲထင်တယ် ”
ဟု ပြောကာ လက်စွပ်ကို ကျွန်တော့်လက်သန်းကြွယ်တွင်စွပ်ပေးသည် ။ လက်စွပ်ကလည်း တိုက်ဆိုင်စွာပင် ကျွန်တော့်လက်နှင့် အံကိုက်ပင်ဖြစ်သည် ။ ထို့ကြောင့် ကိုကြီးက ပြုံး၍
” မင်းကတကယ်ပဲကိုယ့်ဖူးစာရှင်ပဲ … ကိုယ့်ကိုမငြင်းဘူးမဟုတ်လား ”
ဟု မေးသည် ။ ကိုကြီး၏မေးခွန်းကို ကျွန်တော် ပါးစပ်နှင့်ပြန်မဖြေပဲ ယခုအချိန်အထိ ဒူးထောက်နေဆဲဖြစ်သည့် ကိုကြီး၏ခေါင်းကိုအသာဆွဲမော့လိုက်ကာ နှုတ်ခမ်းများကိုနမ်းရှိုက်၍ အဖြေပေးလိုက်သည် ။
” ချစ်တယ် ကိုကြီး ”
#ပြီးပါပြီ