အချပ်ပို (၂)
ဒီနှစ်တွေမှာငါတို့အားလုံးမျက်စိပိတ်နားပိတ်ဖြစ်ခဲ့တာလား (ပရိသတ်များအမြင်ဖိုရမ်)
👻👻👻
(၁) ထပ်: ငါတော့စိတ်ငြိမ်အောင် တိုက်ပေါ်ကခုန်ချလိုက်တော့မယ်၊ အတူတူခုန်ချချင်တဲ့သူရှိလား။
(၂)ထပ်: ဒီမှာရှိပါ့။ ငါသေတမ်းစာရေးပြီးတာခဏစောင့်၊ ပြီးရင်နင်နဲ့အတူတူခေါင်မိုးပေါ်လိုက်ခဲ့မယ်။
(၃) ထပ်: ဒီနေ့ခေါင်မိုးပေါ်မှာ လေနည်းနည်းပြင်းတယ်၊ ညီအစ်မတို့ အင်္ကျီထူထူဝတ်သွားဖို့မမေ့ကြနဲ့။ (နှာတရှုံ့ရှုံ့ဖြင့်)
(၄) ထပ်: ကောင်းသားပဲ။ တတိယထပ်ကညီအစ်မ သတိပေးတာကျေးဇူးပါနော်။ ငါအသစ်ဝယ်ထားတဲ့ဂျာကင်လေးဝတ်သွားမယ်။ ဒါမှငါ့ရဲ့ကြေမွနေတဲ့နှလုံးသားလေးကိုအနွေးဓာတ်ပေးနိုင်မှာ။ (မျက်ရည်များသုတ်လျက်)
(၅) ထပ်: ညီအစ်မတို့ စိတ်အေးအေးထားကြပါဦး။ လောကကြီးက ဒီလောက်လှပသာယာတာ ဘာလို့တိုက်ပေါ်ကခုန်ချမှာလဲ။
(၆) ထပ်: ဟုတ်တယ်။ အဲ့လိုလုပ်လိုက်ရင် အသားတွေစိစိညက်ညက်ကြေပြီး သွေးတွေစိမ့်ထွက်လာမှာ။ လက်ကောက်ဝတ်လှီးလိုက်တာပိုကောင်းတယ်။
(၇) ထပ်: (၆)ထပ်ကတစ်ယောက်၊ ပြဿနာမရှာလို့ရမလား။
(၈) ထပ်: စုံတွဲဖန်တွေရေ၊ ငါ နင်တို့ကို စေတနာနဲ့အကြံပေးမယ်။ ဒီမင်္ဂလာပွဲကိုငါတို့အသိအမှတ်မပြုဘူး။ သဘောမတူဘူး။
(၉) ထပ်: ညီအစ်မတို့၊ ခေါင်းမာမနေပါနဲ့တော့။ သူများက ချစ်ချစ်ခင်ခင်နဲ့ လက်ထပ်ပြီးတာဖြင့်အိမ်ထောင်သက်ဒီလောက်ကြာနေပြီ။ နင်တို့ကန့်ကွက်တော့ရောဘာအသုံးဝင်မှာလဲ။ ယောကျာ်းမရှိတော့ပေမဲ့ အနည်းဆုံးတော့ တခြားမိန်းမတွေလည်းအခွင့်အရေးမရှိတော့ဘူးလေ။ နင်က အနာဂတ်မှာနင့်မင်းသားလေးက နင်မဟုတ်တဲ့တခြားနတ်ဘုရားမတစ်ယောက်နဲ့ ကင်မရာရှေ့ နေ့တိုင်းချစ်ပြနေတာကိုမြင်ချင်လို့လား၊ ဒါမှမဟုတ် ရုပ်ချောချောအစ်ကိုကြီးတစ်ယောက်နဲ့ ချစ်ကြည်နူးတာပဲမြင်ချင်လား။
(၁၀) ထပ်: ဘယ်ဟာမှမလိုချင်ဘူး။ ဒါပေမဲ့ ရွေးရမယ်ဆိုရင်တော့ ငါ ရုပ်ချောချောအစ်ကိုကြီးကိုပဲရွေးမယ်။ ငါ့မင်းသားလေး တခြားမိန်းမလက်ထဲပါမသွားဘူးဆိုတာသိရရင် ငါအများကြီးစိတ်ဖြေသာပါတယ်။
(၁၁) ထပ်: ဟုတ်တယ်ဟုတ်။ နင် ယောကျာ်းနှစ်ယောက်ကိုကြည့်ကြည့်။ ဒီလောက်ကြည့်ကောင်းတဲ့ယောကျာ်းနှစ်ယောက် အတူတွဲနေတာဘယ်လောက်ကြည့်ကောင်းလဲ။ စိတ်မကောင်းဖြစ်မနေပါနဲ့။ ငါတို့အတူတူအချိုစားကြတာပေါ့။
(၁၂) ထပ်: မိန်းကလေးဖန်တစ်ယောက်က ဘာများလုပ်နိုင်မှာလဲ။ စုံတွဲဖန်လုပ်ရတာမကောင်းလို့လား။
(၁၃) ထပ်: ညီအစ်မတို့၊ ငါအခုလေးတင် <<အတူနေကြမယ်>> အစီအစဉ်ကြည့်လာတာ။ သိပ်ချိုတာပဲ။ ငါအခု စုံတွဲဖန်ဖြစ်သွားပြီ။
(၁၄) ထပ်: <<အတူနေကြမယ်>> ဆိုတာဘာလဲ။ အဲ့ဒါအိမ်ထောင်သည်စုံတွဲတွေကြားကဆက်ဆံရေးကိုစောင့်ကြည့်တဲ့အစီအစဉ်မဟုတ်လား။ သူတို့နှစ်ယောက်နဲ့ဘာဆိုင်လို့လဲ။
(၁၅) ထပ်: ဟမ်။ မသိတဲ့သူရှိသေးတယ်လား။ အဲ့ဒီအစီအစဉ်က ကုန်းကျယ်နဲ့ဝမ်ကယ့်ကိုဖိတ်ထားတာလေ။ နှစ်ရက်ကြာရိုက်ကူးရေးလုပ်ထားတာ။ မနေ့ညကပဲလွှင့်သွားတယ်။ ဘုရားရေ။ ငါဘယ်လိုနတ်ဘုရားစုံတွဲကိုချစ်မိပါလိမ့်နော်။ သူတို့က ဘယ်လိုတောင် နတ်သားလေးတွေလိုအချစ်မျိုးလဲ။ အိမ်ထောင်မရှိတဲ့ငါတောင် အိမ်ထောင်ပြုချင်သွားပြီ။
(၁၆) ထပ်: ဘာရယ်။ သူတို့နှစ်ယောက်က <<အတူနေကြမယ်>> အစီအစဉ်မှာပါတာလား။ ပရိုဂရမ်အဖွဲ့ကသတ္တိရှိလှချည်လား။ တကယ်ကြီးဆင်ဆာမမိဘူးပေါ့။ ဒါနဲ့ သူတို့နှစ်ယောက်အိမ်မှာဘယ်လိုနေကြလဲဆိုတာ ငါအရမ်းသိချင်တယ်။ သူတို့နှစ်ယောက်လက်ထပ်ထားတာ (၇)ရှိမှန်းသိကတည်းက ငါ ဝမ်ကယ့်သတင်းတွေကိုဂရုမစိုက်တော့တာ။ မြင်ရင်ဝမ်းနည်းလို့။
(၁၇) ထပ်: သူငယ်ချင်းလေးရေ၊ ကျေးဇူးပြုပြီးကြည့်လိုက်ပါ။ ကြည့်ပြီးသွားရင် နင်လုံးဝကန့်ကွက်မှာမဟုတ်တော့ဘူး။ ဝူး ဝူး ဝူး။ ဒီနှစ်ယောက်က ဘယ်လိုနတ်သားလေးတွေမှန်းမသိဘူး။ ဘာလို့ဒီလောက်ချစ်ဖို့ကောင်းရတာလဲ။
(၁၈) ထပ်: ဒီအစီအစဉ်က ဝမ်ကယ့်အပေါ်ထားတဲ့ငါ့အမြင်တွေကို ပြောင်းပြန်လှန်ပစ်လိုက်တယ်။ လူတိုင်းပြောပြောနေတဲ့ အေးစက်စက်မာနခဲမင်းသားလေးက ဘယ်ရောက်သွားတာလဲ။ ပြောတော့ပေါင်းရသင်းရခက်တယ်ဆို။အဲ့ဒီကလေးလိုချွဲနွဲ့တတ်တဲ့ နူးနူးညံ့ညံ့ချစ်စရာအသည်းတုံးလေးကဘယ်သူလဲ။ ငါ့နတ်ဘုရားကို ဘယ်သူ လူစားထိုးသွားတာလဲ။
(၁၉) ထပ်: အမှန်အတိုင်းပြောရရင် ငါလည်းဝမ်ကယ့်ကိုကြည့်ပြီးလန့်သွားတယ်။ အနုပညာလောကမှာပုံရိပ်မျိုးစုံရှိတယ်လို့ပြောရမှာပဲ။ ဒါပေမဲ့ အရင်ဖြတ်သွားဖြတ်လာအဆင့်ကနေ အခုတော့စုံတွဲဖန်ဖြစ်တဲ့လူတစ်ယောက်အနေနဲ့ပြောရရင် အေးစက်စက်မာနခဲဝမ်ကယ်ထက်စာရင် စိတ်ဆိုးရင်ခြေဆောင့်ပြပြီး၊ ပျော်ရင်အားရပါးရပြုံးတတ်တဲ့ဝမ်ကယ်ကို ငါပိုသဘောကျတယ်၊ အများကြီးပိုအသက်ဝင်လာတယ်။ ဝမ်ကယ် ပြေးစက်ပေါ်မှာသေချင်ယောင်ဆောင်တဲ့အခန်းကို ငါခဏခဏပြန်ကြည့်ဖြစ်တယ်။ အရမ်းချစ်ဖို့ကောင်းတာပဲ။ အထူးသဖြင့် အိပ်ချင်ယောင်ဆောင်ပြီး တခေါခေါဟောက်ပြတာလေးကအသက်။ အား အား အား။ ချစ်လွန်းလို့ တီဗွီထဲဝင်ပြီး လူကိုခေါ်ထုတ်သွားချင်တယ်။ နောက်ပြီး ကျွမ်းကျွမ်းက ဘယ်လိုများစိတ်ထိန်းနိုင်တာလဲ။ ဒီလောက်ချစ်စရာကောင်းတဲ့မိန်းမကို အိပ်ရာပေါ်ချီခေါ်ပြီး ကောင်းကောင်းချစ်ပစ်သင့်တယ်မဟုတ်လား။ သူဘယ်လိုတောင်စိတ်မာပြီး ဆက်ပြေးခိုင်းတာလဲမသိဘူး။ ငါတော့ဖန်တစ်ယောက်အနေနဲ့ဘယ်လိုမှတောင့်မခံနိုင်ဘူး။
အထပ် (၂၀): ဟားဟားဟားဟား။ မရတော့ဘူး။ ငါအရင်ရယ်ပြီ။ တစ်နေ့လုံးထိုင်ရယ်နေတာတောင် ရယ်နေရတုန်းပဲ။
(၂၁) ထပ်: ကျွမ်းကျွမ်းက ကင်မရာရှေ့မှာမို့လို့လေ နင်မသိဘူးလား။ ငါတို့ကျွမ်းကျွမ်းက ဘယ်လိုကြည့်ကြည့်ပျော့ညံ့တဲ့သူမဟုတ်ဘူး။ အဲ့ဒီတုန်းက သေချာပေါက်ကင်မရာတွေရှိနေလို့သာ လူကိုအိပ်ရာထဲမခေါ်သွားမိအောင် မနည်းစိတ်ထိန်းထားရတာဖြစ်မယ်။
(၂၂) ထပ်: ငါလည်းအဲ့လိုထင်တယ်။ ဝမ်ကယ့်ရင်ဘတ်မှာ လုံးဝမပျောက်သေးတဲ့အနမ်းရာလိုနီရဲရဲအမှတ်လေးကျန်နေသေးတာ နင်တို့သတိထားမိလား။ နောက်ပြီး သူ အိပ်ထမ’တင်လုပ်တုန်းက လက်မောင်းအတွင်းသားမှာ သိသိသာသာအနမ်းအမှတ်လိုမျိုးတစ်ခုရှိနေတာတွေ့လိုက်တယ်။လတ်လတ်ဆတ်ဆတ်သိပ်မကြာသေးတဲ့ပုံပဲ။
(၂၃) ထပ်: ဝါး။ အပေါ်ကလူ၊ နင့်မျက်လုံးက မိုက်ခရိုစကုတ်များလား။ သူများအင်္ကျီအတွင်းထဲကဟာတောင် နင်မြင်တယ်နော်။ စိတ်ထင်ရာလျှောက်ပြောနေ တာတော့မဟုတ်ဘူးမလား။
(၂၄) ထပ်: မဟုတ်ပါဘူး။ သူအိပ်ထမ’တင်လုပ်တုန်းက ကော်လံခဏခဏပွင့်သွားတယ်လေ။ ငါခဏရပ်ပြီး အနီးကပ်ဆွဲကြည့်တာ၊ သေချာပေါက်အနမ်းရာပဲ။
(၂၅) ထပ်: စုံတွဲဖန်တွေအစွမ်းက ကြောက်ခမန်းလိလိပါလား။ ဒါပေမဲ့ နင်အဲ့လိုပြောမှ ငါရုတ်တရက် သူတို့ရဲ့အဲ့အပိုင်းကိုစိတ်ဝင်စားသွားတယ်။ အိုက်ယား၊ စဉ်းစားကြည့်ရုံနဲ့တင်ရင်ခုန်လာပြီ။
(၂၆) ထပ်: အားလုံးစိတ်ချ။ ငါတို့ကျွမ်းကျွမ်းက သေချာပေါက်အားကောင်းမောင်းသန်ပဲ။ မင်းတို့ဝမ်ကယ်ကို သေချာပေါက် လိင်မှုချမ်းသာရစေမှာသေချာတယ်။
(၂၇) ထပ်: မဟုတ်သေးပါဘူး။ နင်တို့က ကုန်းကျယ်ကိုအပေါ်မှန်း ဘာလို့ဒီလောက်သေချာနေရတာလဲ။
(၂၈) ထပ်: ဟမ်၊ ငါက ဒီကိစ္စကို အားလုံးတစ်ညီတညွတ်တည်းနားလည်ထားတယ်မှတ်နေတာ။ ဝမ်ကယ့်ဖန်တွေ ငါ့ကိုအပြစ်မတင်ကြနဲ့နော်။ အမှန်အတိုင်းပြောရရင် နင်တို့မင်းသားလေးက ကိုယ်လုံးကိုယ်ပေါက်သေးတယ်။ ငါတို့ကျွမ်းကျွမ်းနဲ့ယှဉ်လိုက်ရင် ဘယ်သူကကုန်း (gong) ဘယ်သူကရှို့ (shou) မှန်း တစ်ချက်ကြည့်ရုံနဲ့သိပါတယ်။
(၂၉) ထပ်: အမှန်ပဲ။ နောက်ပြီး သူတို့နှစ်ယောက်ပုံမှန်ပြောဆိုဆက်ဆံကြတဲ့ပုံကိုကြည့်ရင် ကုန်းကျယ်က ဝမ်ကယ့်ကိုပိုအလိုလိုက်မှန်းတစ်ချက်ကြည့်ရုံနဲ့သိတယ်။ ကုန်းကျယ်က ဝမ်ကယ်ထက် သုံးနှစ်ပိုငယ်တယ်ဆိုတာ ငါ့ဖြင့် ယုံတောင်မယုံနိုင်ဘူး။ သူက အသက်နဲ့မလိုက်အောင် တည်ငြိမ်ရင့်ကျက်တယ်။ အရပ်ကလည်းမြင့် ရုပ်ကလည်းချော။ သရုပ်ဆောင်လည်းကောင်းတယ်၊ စာရိတ္တလည်းကောင်းတယ်။ နောက်ပြီး မိန်းမကိုဒီလောက်ချစ်တာ၊ အိုက်ယား ငါတော့ဒီယောကျာ်းကို ကြာလေပိုချစ်လေပဲ။
အထပ် (၃၀): ခွီ။ ဘာလို့အသက်နဲ့မလိုက်ရမှာလဲ။ ကျွမ်းကျွမ်းက အသက် (၂၈) နှစ်ရှိနေပြီ၊ ရင့်ကျက်တည်ငြိမ်တာပုံမှန်ပဲမဟုတ်လား။ ပြောရရင် အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ဝမ်ကယ်ကမှ အသက်နဲ့လူနဲ့မလိုက်တာ။ ဘာပဲပြောပြော သူက အသက် (၃၁)နှစ်ရှိတဲ့ယောကျာ်းရင့်မာကြီးဖြစ်နေပြီလေ။
(၃၁) ထပ်: အဲ့ဒါက ကုန်းကျယ်ချစ်ပေးလို့လေ။ ကုန်းကျယ်က သူ့ကို မင်းသားလေးလိုအလိုလိုက်ထားတာ။ ဒီနှစ်ယောက်က တကယ်ချစ်ကြတာ။ လက်ထပ်ပြီးတာ (၈)နှစ်ရှိနေပြီ။ ခုထိတစ်ပူးတွဲတွဲနေကြတုန်း။
(၃၂) ထပ်: (၈)နှစ်ကြာလက်ထက်ထားတာကြောက်စရာမဟုတ်ဘူး။ ကြောက်စရာကောင်းတာက (၁၄) နှစ်တွဲလာတာပဲ၊ (၁၄)နှစ်ကြီးများတောင်။ သူတို့ကစောစောကြိုက်ပြီး စောစောအိမ်ထောင်ပြုကြတာ။ ငယ်ကျွမ်းဆွေတွေဆိုလား။ သိပ်ချိုတာပဲဟယ်။ ဒါ ရုပ်ရှင်တွေထဲမှာပဲရှိတဲ့ဇာတ်လမ်းမျိုးမဟုတ်လား။
(၃၃) ထပ်: ဝမ်ကယ်ဖျော်ဖြေပွဲမှာပြောတာတော့ သူတို့ကအတူတူကြီးလာတာတဲ့။ ကုန်းကျယ်မွေးပြီးပြီးချင်း ပထမဆုံးတွေ့တဲ့သူကသူပဲဆိုတဲ့အချက်က ငါ့ကိုနှိပ်စက်နေတာ။ ဒါတကယ့်ဖူးစာပဲ။
(၃၄) ထပ်: ဘာပဲပြောပြောမိဘချင်းစေ့စပ်ပြီးသားသူတွေဆိုတော့ ကြိုတင်သတ်မှတ်ထားတဲ့ဖူးစာလေ၊ ပုံမှန်ပါပဲ။
(၃၅) ထပ်: ဟမ်။ ဘာကိုမိဘချင်းစေ့စပ်ထားတာလဲ။ အဲ့ဒါ နင်တို့ဘယ်ကကြားလာတဲ့သတင်းလဲ။
(၃၆) ထပ်: အဲ့ဒါနှစ်ယောက်လုံးအမေတွေရဲ့ပါးစပ်ကကိုယ်တိုင်ထုတ်ပြောတာ။ဟုတ်ပြီလား။ <<အတူနေကြမယ်>> အစီအစဉ်ရိုက်ကူးတုန်းက အမေနှစ်ယောက်တရုတ်ပြည်ပြန်လာပြီး သားနှစ်ယောက်ကိုလာကြည့်တယ်မလား။ ညစာစားတော့ မားမားကုန်းက သိတတ်တဲ့သားလိမ္မာနှစ်ယောက်ကိုကြည့်ပြီး ရင်ထဲကစကားတွေပြောလာတယ်။ နောက်တော့ အတိတ်ကိုပြန်သတိရပြီး ဝမ်ကယ်မွေးတုန်းကအကြောင်းပြန်ပြောပြတာ။ အဲ့ဒီတုန်းက သားချောချောလေးကိုကြည့်ပြီး သားသမီးချင်းစေ့စပ်ဖို့ဆုံးဖြတ်လိုက်တာ။ မားမားဝမ်ရော ပါးပါးဝမ်ရောကသဘောတူခဲ့တယ်။ နောက်သုံးနှစ်လည်းကြာရော မားမားကုန်းက အသားမည်းမည်းရုပ်ဆိုးဆိုးသားလေးတစ်ယောက်မွေးပါလေရော။ အဲ့ဒါနဲ့ မားမားကုန်းတစ်ယောက် ဝမ်ကယ့်ကိုသူ့သားမက်လုပ်လို့မရတော့ဘူးဆိုပြီး အကြာကြီးစိတ်မကောင်းဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ ယောကျာ်းလေးနဲ့ မိန်းကလေးသာပြောင်းသွားတယ်၊ ကလေးချင်းစေ့စပ်ထားတာကတော့ ဆက်ပြီးအလုပ်ဖြစ်သွားတယ်လေ။ ဟားဟားဟားဟား။ ဒီလိုအလှည့်အပြောင်းမျိုး တီဗွီဇာတ်လမ်းတွေတောင်ရိုက်ရဲမှာမဟုတ်ဘူး။ ငါ့မှာအစီအစဉ်ကြည့်တုန်းက အကြာကြီးရယ်လိုက်ရတာ။
(၃၇) ထပ်: <<အတူနေကြမယ်>> အစီအစဉ်တစ်ခုလုံးကိုငါကြည့်ပြီးပြီ။ ဒီလောက်ကောင်းတဲ့ဟာကို ငါမမှတ်မိဘဲနေမလား။ အား၊ မဟုတ်မှလွဲရော ငါငယ်ငယ်ရွယ်ရွယ်နဲ့မေ့တတ်နေတာလား။ မဖြစ်ဘူး၊ ငါနောက်တစ်ခေါက်ထပ်သွားကြည့်ဦးမယ်။
(၃၈) ထပ်: အဲ့ဒါကမန်ဘာတွေအတွက် အထူးအပိုင်းထပ်ထုတ်တာ။ တီဗွီမှာမလွှင့်ဘူး။
(၃၉) ထပ်: အိုး၊ ပြောပြတာကျေးဇူးပဲ။ ငါမန်ဘာအရင်သွားဝင်ပြီ။
အထပ် (၄၀): ဟားဟားဟား၊ ကုန်းကျယ်မွေးတုန်းက ဘယ်လိုအသားမည်းပြီး ရုပ်ဆိုးဆိုးတဲ့အကြောင်း မားမားဝမ်မကျေမနပ်ပြောပြတာနားထောင်ပြီး ငါ့မှာရယ်ချင်တာဆိုတာ။ ကျွမ်းကျွမ်းမွေးလာတုန်းက ဘယ်လိုရုပ်မျိုးလဲဆိုတာ ငါတကယ်မြင်ချင်တယ်။ ကျွမ်းကျွမ်းက အခုဒီလောက်ချောနေတာ။ အရင်တုန်းက ရုပ်ဆိုးတဲ့ပုံစံကို မြင်ယောင်ကြည့်ဖို့တကယ်ခက်တယ်။
(၄၂) ထပ်: မဟုတ်သေးပါဘူး….။ ငါအစောကြီးကတည်းကပြောချင်နေတာ၊ နင်တို့ကကျွမ်းကျွမ်းဆိုတဲ့နာမည်ကို ဒီလောက်မြန်မြန်လက်ခံလိုက်ပြီလား။ စဉ်းစားကြည့် ငါ့အိမ်ကလူက ဒီလောက်မိုက်၊ ဒီလောက်လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိတဲ့လူချောလေးကို ဒီတုံးအအအိမ်နာမည်ကြီးပေးရတယ်လို့။ အဲ့ဒါကပြောစရာဖြစ်မနေဘူးလား။
(၄၂) ထပ်: တုံးလို့လား။ ငါတော့အရမ်းချစ်စရာကောင်းတယ်ထင်တာပဲ။ ဟားဟားဟား ကုန်းကျွမ်းကျွမ်းတဲ့၊ သိပ်ချစ်ဖို့ကောင်းတဲ့နာမည်။ နောင်ကို ဖန်တွေဒီနာမည်ပဲခေါ်ကြမှာမြင်ယောင်တယ်။
(၄၃) ထပ်: အမှန်ပဲ၊ အမှန်ပဲ။ ငါတော့ အဲ့ဒီကျွမ်းကျွမ်းဆိုတဲ့နာမည်ကိုကြွေနေပြီ။
(၄၄) ထပ်: ဝမ်ကယ်ကိုယ်တိုင်လည်း ကုန်းကျယ်ကို ကျွမ်းကျွမ်းလို့ခေါ်ရတာပိုကြိုက်မှန်းသိသာပါတယ်။ သူက အဲ့ဒီနာမည်ခေါ်တိုင်း နွဲ့ဆိုးဆိုးတဲ့လေသံလေးနဲ့။ တစ်ခါတလေ စိတ်ကောင်းဝင်တဲ့အချိန်ဆို အဆုံးနားမှာအသံလေးတောင်ပြောင်းသွားတတ်သေးတယ်။နားထောင်လိုက်ရင် ငါ့ခန္ဓာကိုယ်တစ်ပိုင်းလုံးထုံကျင်သွားသလိုပဲ။ ကုန်းကျယ်ကလည်း ဝမ်ကယ် အဲ့လိုခေါ်ရင်အရမ်းသဘောကျတာ။ ကုန်းကျယ်က ဝမ်ကယ်သူ့ကိုအဲ့လိုခေါ်တိုင်းသဘောမကျသလိုအမူအရာပြပေမဲ့ နှုတ်ခမ်းထောင့်တွေကတော့ ခါတိုင်းထက်ပိုပိုကွေးတက်သွားတယ်။
(၄၅) ထပ်: ဘာပဲပြောပြော ဒါလည်းတစ်မျိုးနွဲ့ဆိုးဆိုးတာပဲ။ ကုန်းကျယ်က ဝမ်ကယ်သူ့အပေါ်ကလေးလေးလိုချွဲတာကိုသဘောကျနေတာ။
(၄၆) ထပ်: အိုက်ယား။ အိပ်မက်မက်နေသလိုပဲ။ လွန်ခဲ့တဲ့တစ်နှစ်တုန်းက သူတို့ချင်းလက်ဆွဲနှုတ်ဆက်တဲ့မြင်ကွင်းမျိုး ငါတွေးတောင်မတွေးရဲဘူး။ သူတို့နှစ်ယောက်ကို ခုလို ချစ်၊ကြိုက်၊အလိုလိုက်တယ်ဆိုတဲ့စကားလုံးမျိုးသုံးဖို့ဆိုဝေးလာဝေး။ ဘယ်သူကများ သူတို့နှစ်ယောက်ကို မတည့်ဘူးလို့ပြောလိုက်သလဲမသိဘူး။ တိတ်တိတ်ခိုးချစ်နေတာကိုမသိတာထား၊ ဘာလို့လင်မလားတွေကို ပြိုင်ဘက်တွေလို့တွေးရတာလဲ။ တကယ်ဒေါသထွက်ချင်စရာ။
(၄၇) ထပ်: အဲ့ဒီတုန်းက ကုန်းကျယ်ကိုဆဲမိတာ ငါပြန်သတိရတယ်။ ငါဆဲတာမှပြင်းပြင်းထန်ထန်ပဲ။ ကိုယ့်ဟာကိုယ်တောင်ရှက်တယ်။
(၄၈) ထပ်: ငါကတော့အဲ့လိုမဟုတ်ဘူး။ အဲ့ဒီတုန်းက ငါက ဝမ်ကယ်ကိုကြိုက်ပြီး ငါ့အခန်းဖော်က ကုန်းကျယ်ကိုကြိုက်တာ။ ငါတို့နှစ်ယောက် အခင်အမင်ပျက်သွားတာများ တက္ကသိုလ်လေးနှစ်စလုံး စကားတစ်ခွန်းတောင် မပြောဖြစ်တော့ဘူး…..
(၄၉) ထပ်: အဲ့ဒီနှစ်တွေတုန်းက ငါတို့မျက်စိပိတ်၊ နားပိတ်ဖြစ်ခဲ့တာလေ။
အထပ် (၅၀): ဒါပေမဲ့ ဒီကိစ္စငါတို့ကိုအပြစ်တင်လို့မရဘူး။ သူတို့ကတစ်ခါမှစတိတ်စင်တစ်ခုတည်းမတက်ဖူးသလို၊ ပွဲကြီးလမ်းကြီးတွေမှာလည်း တစ်ယောက်ကိုတစ်ယောက်စကားမပြောကြတော့ သူတို့ကစုံတွဲတွေမှန်း ဘယ်သူမှမစဉ်းစားမိဘူးပေါ့။ နောက်ပြီး သူတို့ကိုယ်တိုင်လည်း ရှေ့ထွက်မရှင်းပြတော့ ငါတို့ကဘယ်လိုလုပ်သိမှာလဲ။
(၅၁) ထပ်: အမှန်ပဲ။ ပြီးခဲ့တဲ့နှစ် <<စနေနေ့တွေ့ကြမယ်>> အစီအစဉ်က သူတို့ပွဲဦးထွက်ပြီးတော်တော်ကြာမှ ပထမဆုံးစတိတ်စင်ပေါ်တူတူတက်ကြတာ။ အိုက်ယား၊ အဲ့ဒီတုန်းက ငါအရမ်းငယ်သေးတယ်။ သူတို့ချင်းနည်းနည်းမှအဆက်အဆံမလုပ်တာမြင်တော့ ငါသူတို့ကိုတကယ်မတည့်ဘူးလို့ထင်သွားတာ။ ပြန်စဉ်းစားကြည့်တော့ အဲ့ဒီတုန်းက ငါတော်တော်ကန်းတာပဲ။ သူတို့က အချင်းချင်းစကားမပြောပေမဲ့ အခွင့်အရေးရတိုင်းအကြည့်ချင်းဆုံနေတာ။ နောက်ပြီး အဲ့ဒီတုန်းက သူတို့ဆော့တဲ့ မင်းအရိတ်အမြွက်ပေး ငါဖြေမယ်ဂိမ်းလေ။ သောက်ကျိုးနည်းငါ့ခေါင်းက မြင်းကန်ခံလိုက်ရတာနေမယ်။ ဒီလောက်ကြောက်ခမန်းလိလိ စိတ်ချင်းဆက်နေတာကို ငါဘာလို့တုံးအပြီးတိုက်ဆိုင်တယ်ထင်ခဲ့ရတာလဲ။ ချီး၊ စဉ်းစားလေ ဒေါသထွက်လေပဲ။ ငါ ကိုယ့်မျက်လုံးကိုယ် လက်ညှိုးနဲ့ထိုးပစ်ချင်တယ်။
(၅၂) ထပ်: ငါလည်းတူတူပါပဲ။ ခုတော့စိတ်ကုန်လို့သေတော့မယ်။ နောက်ပြီး <<စွန့်စားလူငယ်များ>>မှာပိုတောင်သိသာသေးတယ်။ ငါတို့မျက်စိရှေ့တည့်တည့်မှာ ပေါ်တင်တွဲနေတာကို ငါတို့ကမမြင်နိုင်၊ မကြားနိုင်ဘူး။
(၅၃) ထပ်: ဟုတ်တယ်။ အကယ်၍ <<စနေနေ့တွေ့ကြမယ်>>အစီအစဉ်က ခိုးချစ်ကြတာဆို <<စွန့်စားလူငယ်များ>>အစီအစဉ်က ပေါ်တင်ချစ်ပြတာ။ ကျူးဘားကနေ အမေဇုန်အထိ သူတို့နှစ်ယောက်ရင်ချင်းဆက်အမွှာတွေလိုလုံးဝမခွဲဘူး။ နောက်ပြီး အရိပ်အမြွက်တွေပေးတာဘယ်နှခါတောင်မှလဲ။ တစ်ကမ္ဘာလုံးအနှံ့ခရီးထွက်မလားလို့မေးတုန်းက တကယ်ကြီးပေါ်တင်ချပြတာနဲ့ဘာကွာလို့တုန်း။ နင်ပြောကြည့် ငါတို့အဲ့တုန်းက လုံးဝသတိမထားမိဘူးလေ။
(၅၄) ထပ်: ငါ့အထင် သူတို့နှစ်ယောက်လည်း လူသိရှင်ကြားချပြဖို့ စိတ်စောနေတာဖြစ်မယ်။ အဲ့ဒါကြောင့် ဒီအစီအစဉ်ကိုတမင်မငြင်းတာ။ နှမြောစရာက ငါတို့ဖန်လေးတွေက နတ်ဘုရားတွေရဲ့စိတ်ကိုနားမလည်ခဲ့ဘူး။ အဲ့ဒါငါ့အမှားပါ။ ငါအခုကီးဘုတ်ပေါ်ကနေ အရင်ဒူးထောက်လိုက်ပြီ။
(၅၄) ထပ်: ကျွမ်းကျွမ်း: ဒါဘယ်လိုရယ်ရတဲ့ဖန်တွေလဲ။ မျက်စိရှေ့မှာဒီလောက်အရိပ်အမြွက်ပေးနေတာတောင် မလိုချင်မှတော့ မတတ်နိုင်ဘူး။ မတတ်နိုင်ဘူး။
(၅၆) ထပ်: အခုမှစဉ်းစားမိတယ်။ ကျူးဘားမှာတုန်းက ဝမ်ကယ်ရက်နည်းနည်းလောက်မအီမသာဖြစ်ခဲ့တယ်မလား။ အဲ့ဒီတုန်းက ကောင်းကောင်းအနားမယူရလို့ဆိုပြီး သူကိုယ်တိုင်ပြောခဲ့တာလေ။ ဒါပေမဲ့ အခုပြန်တွေးကြည့်တော့ အဲ့ဒါ သူဟိုဟာလုပ်ပြီး အဲ့ပုံပေါက်နေတာမလား။
(၅၇) ထပ်: ဟုတ်တယ်။ ငါရှေ့ရက်နည်းနည်းကမှတစ်ခေါက်ပြန်ကြည့်ထားတာ။ အဲ့နှစ်ကြိမ်စလုံးမှာ ဝမ်ကယ့်ကြည့်ရတာမအီမသာနဲ့။ မကြာမကြာလည်းခါးကိုပွတ်နေသေးတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ကုန်းကျယ်ကတော့ လန်းဆန်းတက်ကြွပြီး ပြုံးလို့ပျော်လို့၊ ဝမ်ကယ့်ကိုလည်းအထူးတလည်ဂရုစိုက်ပေးသေးတယ်။ နောက်ပြီး ဝမ်ကယ့်ကို ပစ္စည်းအလေးကြီးတွေကူသယ်ပေးတာလည်းအကြိမ်ပေါင်းမနည်းဘူး။ အဲ့ဒါ သူ့မိန်းမပင်ပန်းပြီး ခါးနာမှာစိုးလို့မှန်းအသိသာကြီးကို။
(၅၈) ထပ်: ဟင်း၊ ယောကျာ်းတွေ။ ငါပြောမယ်။ လူအများကြီးရှိတဲ့အထဲ သူတို့ပဲညတိုင်းအခန်းထဲမှာကင်မရာအုပ်ပြီးအိပ်ကြတယ်။ မိန်းကလေးတွေတောင်မအုပ်ဘူး။ ဒါပေမဲ့ တော်တော်အတင့်ရဲတယ်။ မြင်ကွင်းမမြင်ရတောင် အသံတော့ကြားနေရသေးတယ်မဟုတ်လား။ ဝန်ထမ်းတွေက မော်နီတာကနေစောင့်ကြည့်နေတာကို သူတို့အဲ့လောက်အတင့်ရဲရလား။
(၅၉) ထပ်: ကြည့်ရတာရေချိုးခန်းထဲဝင်သွားတာနေမယ်။ မြင်ကွင်းမပြောင်းခင် တံခါးပိတ်သံလိုမျိုးငါကြားလိုက်တယ်။ ရေချိုးခန်းထဲမှာကင်မရာမရှိဘူး၊ အသံလည်းလုံတယ်။ အဲ့ဒါက တစ်ခုတည်းသောလုံးဝသင့်တော်တဲ့နေရာပဲ။
အထပ် (၆၀): ကျွတ်ကျွတ်ကျွတ်၊ (၅၉) က ညီအစ်ကို မင်းကြည့်ရတာအတွေ့အကြုံအတော်ရှိပုံပဲ။
(၆၁) ထပ်: နင်တို့ပြောမှ ငါ ဝမ်ကယ်အရက်မူးတဲ့အချိန်ကို ပြန်သတိရသွားပြီ။ “ကျွမ်းကျွမ်း၊ ဖက်ပေး” တဲ့။ အမေရေ၊ အဲ့ဒီနူးနူးညံ့ညံ့ချစ်စရာအမူအရာလေးကို ဒီမားမားဖြင့် ချစ်လွန်းလို့သေမှာပဲ။ ရုတ်တရက်ကြီး ကုန်းကျယ်အစားစိတ်မကောင်းဖြစ်မိတယ်။ မိန်းမကဒီလောက်ချစ်စရာကောင်းပြီး ကိုယ့်ကိုကပ်နေပေမဲ့ စိတ်ရှိတိုင်းဖက်မရ၊ နမ်းမရနဲ့။ ဟားဟားဟား တော်တော်စိတ်ထိန်းနိုင်တာပဲ။
(၆၂) ထပ်: သူက တခြားသူတွေကိုတောင် ကျွမ်းကျွမ်းက ဝမ်ကယ့်ခွေးနာမည်ပါဆိုပြီးပြောလိုက်သေးတယ်။ ဟားဟားဟားဟား။ စိတ်မကောင်းလိုက်တာဟယ်။ မိသားစုသုံးယောက်တည်းရှိတဲ့ဟာ ကုန်းကျယ်ခမျာ နာမည်တောင်ထုတ်မပြောနိုင်ဘူး။
(၆၃) ထပ်: မရတော့ဘူး၊ မရတော့ဘူး။ နင်တို့ပြောတာနဲ့ ငါနောက်တစ်ခေါက်ပြန်ကြည့်ချင်သွားပြီ။ ငါ သူတို့အမူအရာတွေကို နောက်တစ်ကြိမ်ထပ်သွားဖမ်းဦးမယ်။
(၆၄) ထပ်: ငါကြည့်တာ (၄) ခေါက်ရှိပြီ။ သီးသန့်တည်းဖြတ်ထားကိုကြည့်တာ ဆယ်ခါမကတော့ဘူး။ အခု <<အတူနေကြမယ်>> အစီအစဉ်ကိုနောက်တစ်ခါထပ်ကြည့်မလို့။ သူတို့နှစ်ယောက်ဗြိတိန်မှာ ဘယ်လောက်ကြာကြာနေမှာလဲ။ ဝူးဝူး၊ သူတို့ကိုမမြင်ရတာ သုံးလတောင်ရှိပြီ။ အရင်ကအချိုလေးတွေအားလုံး ငါလျက်လို့ကုန်တော့မယ်။ update အသစ်တင်သင့်ပြီ။
(၆၅) ထပ်: weibo မှာလည်းအသစ်မတင်ဘူး။ ရှယ်ထားတဲ့ update လေးတောင်မရှိဘူး ╭(╯^╰)╮သူတို့နှစ်ယောက်အပြန်အလှန်အချစ်စမ်းတဲ့ weibo ပို့စ်တွေ ငါပြန်ဖတ်တာအခေါက်ပေါင်းမနည်းတော့ဘူး။ မျက်နှာလေးမပြတောင် weibo မှာ update လေးပေးရင်ကျေနပ်ပါပြီ။
(၆၆) ထပ်: ငါ ကျွမ်းကျွမ်းရဲ့ဘလော့ကိုသွားကြည့်ပြီးပြီ။ ကျွတ်ကျွတ်ကျွတ် ဒီနှစ်ယောက်က ဘာလို့အဲ့လောက်ကြည့်ကောင်းပြီးအဲ့လောက်လိုက်ဖက်ရတာလဲ။ ရုပ်ချောတဲ့သူတွေများ လက်ထပ်စာချုပ်ဓာတ်ပုံမှာပါ ဘာလို့ကြည့်ကောင်းနေရတာလဲ။ မုန်းလို့သေတော့မယ်။
(၆၇) ထပ်: အား၊ ငါအခုမှသတိထားမိတယ်။ ဝမ်ကယ့်ရဲ့နာမည်ကွက်လပ်မှာရေးထားတဲ့နာမည်က ဝမ်ကျီထုန်တဲ့။ ဘာလဲ၊ အဲ့ဒါ သူ့နာမည်အရင်းလား။
(၆၈) ထပ်: ဒီကမျက်ကန်းကျောင်းသားလေး၊ နင်သတိထားမိတာနည်းနည်းနှေးနေသလားလို့။ နာမည်ကိစ္စက အစောကြီးကတည်းကပေါ်သွားပြီလေ။ ဝမ်ကျီထုန်ဆိုတာ ဝမ်ကယ့်ရဲ့နာမည်အရင်း။ သူ့မှတ်ပုံတင်မှာလည်း အဲ့ဒီနာမည်ပဲ။ ဝမ်ကယ်ဆိုတာ အနုပညာအလုပ်စလုပ်မှပေးထားတဲ့ အနုပညာနာမည်။
(၆၉) ထပ်: နေဦီး၊ ဒီဝမ်ကျီထုန်နဲ့ ကုန်းကျယ်အတွက်သီချင်းရေးပေးတဲ့ ဝမ်ကျီထုန်က တစ်ခုခုများပတ်သက်နေမလား။
အထပ် (၇၀): နင်ပြောကြည့်လေ။ ဒီလောက်သိသာနေတဲ့ကိစ္စ။ သေချာပေါက်တစ်ယောက်တည်းပဲပေါ့။ ငါပြောမယ်။ တစ်ချိန်လုံးသရုပ်ဆောင်အလုပ်ကိုပဲအာရုံစိုက်ထားတဲ့ကုန်းကျယ်က ဘာလို့ရုတ်တရက်ကြီး တီဗွီစီးရီးအတွက် ဇာတ်ဝင်တေးထဆိုရတာလဲ။ လတ်စသတ်တော့ တေးရေးဆရာကြောင့်ဖြစ်နေမယ်မထင်ထားဘူး။
(၇၁) ထပ်: မိန်းမရေးပေးတဲ့သီချင်းပဲဆိုတာတဲ့။ ကျွမ်းကျွမ်းက တော်တော်ချစ်တတ်တာပဲ။ ဒါဘယ်လိုပြိုင်စံရှားယောကျာ်းလဲ။
(၇၂) ထပ်: အားအားအားအား၊ အမေရေ။ ညီအစ်မတို့ နင်တို့အကြားအမြင်များရနေတာလား။ အရမ်းအံ့ဩစရာကောင်းသွားပြီ။
(၇၃) ထပ်: ဘာအဓိပ္ပါယ်လဲ။
(၇၄) ထပ်: ကုန်းကျယ် weibo ပို့စ်တင်ပြီ။ ပြီးတော့ အဲ့ဒါက ဝမ်ကယ့်နာမည်အကြောင်းပြောထားတာ။
(၇၅) ထပ်: ဘာ!!! အာာား! ညီအစ်မတို့ ငါအရင်သွားနှင့်ပြီ။ ငါရှေ့ဆုံးတန်းမှာနေရာသွားဦးမယ်။
(၇၆) ထပ်: ငါရောပဲ။ ကျွမ်းကျွမ်း၊ မားမားလာပြီ။
(၇၇) ထပ်: ငါအခုပဲကြည့်ပြီးပြန်လာတာ။ သောက်ချီး၊ နှိပ်စက်ခံလိုက်ရပြန်ပြီ။
(၇၈) ထပ်: သူတို့ကလူသိရှင်ကြားထုတ်ပြောပြီးကတည်းက ခွေးစာမကျွေးတဲ့နေ့ဘယ်နေ့ရှိလို့လဲ။ စိတ်ထိန်း၊ စိတ်ထိန်း။
(၇၉) ထပ်: ဒါပေမဲ့ ဒီတစ်ခေါက်က တကယ်နှိပ်စက်ခံလိုက်ရတာ၊ ချီးပဲ။ ငါအစက သူတို့နှစ်ယောက်မှာ ကုန်းကျယ်က ဝမ်ကယ်ကိုပိုချစ်တယ်ထင်ခဲ့တာ။ ဒါပေမဲ့ အခု weibo ပို့စ်ဖတ်ပြီးမှ ဝမ်ကယ်ကလည်း ကုန်းကျယ်ကိုအတော်ချစ်မှန်းသိလိုက်ရတယ်။ ဒီနှစ်ယောက်က တကယ်ကို အရမ်းပျော်ရွှင်ဖို့ထိုက်တန်ပါတယ်။
အထပ် (၈၀): အမှန်ပဲ။ တကယ်ပျော်ရွှင်ဖို့ထိုက်တန်တယ်။
(၈၁) ထပ်: ကျိုကုန်းကျယ်က ထာဝရတစ်သက်စာပဲ။
ဒါဆို အဲ့ဒီနေ့က ကျိုကုန်းကျယ်မိန်းကလေးတွေအားလုံးကို ရူးသွပ်သွားစေတဲ့ weibo ပို့စ်ကဘာများလဲ။
[နာမည်အကြောင်းပြောရရင် အားလုံးသိပြီးသားဖြစ်မှာပါ။ ဝမ်ကယ့်ရဲ့နာမည်အရင်းက ဝမ်ကျီထုန်လေ။ ဒါပေမဲ့ ပွဲဦးထွက်တော့ ဘာလို့ဝမ်ကယ်ဆိုတဲ့နာမည်ပြောင်းလိုက်လဲမင်းတို့သိကြလား။ ကုန်းကျယ် ဝမ်ကယ် ဆိုတာစုံတွဲနာမည်နဲ့တူတယ်မထင်ဘူးလား။ အဲ့ဒါက မင်းတို့နတ်ဘုရားက ငါ့ကိုချစ်တယ်ဆိုတဲ့သက်သေပဲပေါ့။ ဟင်းဟင်း 😏]
*****
Aurora Novel Translation Team