Chapter 11
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 11 - ချစ်စကားအပြောကောင်းသူ
အပိုင်း (၁၁) – ချစ်စကားအပြောကောင်းသူ
👻👻👻
ဝမ်ကယ်ရောက်လာခြင်းက လုံးဝမမျှော်လင့်ထားသောကိစ္စပင်။ ထို့ကြောင့် ယခုလိုခဏတွေ့ရသည့်အချိန်တိုလေးတွင် အနှောင့်အယှက်ကင်းေဝးရန် ကုန်းကျယ်က ဒါရိုက်တာထံအကြောင်းကြားကာ ခွင့်နှစ်ရက်ယူခဲ့သည်။ လာမည့်ရက်တွင် ရိုက်ကူးမည့်ဇာတ်ဝင်ခန်းများက သိပ်အလျင်မလိုတာကြောင့် ဒါရိုက်တာကလည်း ကုန်းကျယ်အား လွယ်လွယ်ခွင့်ပေးခဲ့သည်။
ခွင့်ယူလိုက်သော်ငြား သူတို့နှစ်ဦး၏အောင်မြင်ကျော်ကြားမှုအရ အပြင်ထွက်ဖို့တော့မလွယ်လှ။ သို့နှင့် သူတို့ကဒီနှစ်ရက်လုံးအခန်းပြင်မထွက်ကြဘဲ၊ ဟိုတယ်ထဲနေကာ တစ်နေ့စာထမင်းသုံးနပ်ကိုပင်မှာမစား၊ လက်ထောက်လေးကိုသာလာပို့ခိုင်းခဲ့သည်။
ဝမ်ကယ်က သောကြာနေ့လာရန်တမင်ရွေးချယ်ခဲ့သည်။ ထို့ကြောင့် ရက်သတ္တပတ်အကုန်၊ စနေ၊တနင်္ဂနွေနေ့များတွင် သူကုန်းကျယ်ကိုအဖော်ပြုပေးနိုင်သည်။
သူတို့နှစ်ယောက် စနေ့နေ့တစ်ရက်လုံး ကုတင်ပေါ်ကမဆင်းေပ။ အကြောင်းရင်းက….
ဝမ်ကယ် အိပ်ရာပေါ်လှဲကာအသက်ပြင်းပြင်းရှူနေသည်။ သူ့ခါးအောက်ပိုင်း၌ ခြုံစောင်အုပ်ထားပြီး အပေါ်ပိုင်းက အဝတ်ဗလာဖြစ်နေသည်။ သူ့ရင်သားပြားပြားလေးပေါ်တွင် ရင့်တစ်ခါဖျော့တစ်လှည့်အနမ်းရာများ ထူထပ်ပြည့်နှက်နေသည်။ ဖြူဖွေးသည့်ခန္ဓာကိုယ်တစ်ခုလုံး၌ အနီရဲရဲအမှတ်အသားများဖြင့်ဖုံးအုပ်ကာ ညှို့ဓာတ်ပြင်းသည့်စွမ်းဆောင်မှုများ အနည်းငယ်ရောယှက်နေသည်။
တစ်ချိန်တည်းမှာ တည်ငြိမ်စပြုနေပြီဖြစ်သော ကုန်းကျယ်အငယ်လေးက ချက်ချင်းနောက်တစ်ကြိမ်ထကြွကာ ဝမ်ကယ်၏ညှို့အားပြင်းသောပုံစံကိုမြင်ပြီးထောင်မတ်လာသည်။ ကုန်းကျယ် တံတွေးမျိုချကာ ဆာလောင်မွတ်သိပ်နေသောဝံပုလွေတစ်ကောင်လို ရှေ့သို့ပြေးထွက်သွားသည်။ သို့သော် သားကောင်နှင့် (၁၀)စင်တီမီတာအကွာသို့ရောက်တော့ ဝမ်ကယ်က သူ့ကို ပိတ်ပင်တားမြစ်လိုက်သည်။
အစက ဝမ်ကယ်တစ်ယောက် ရင်ထဲမှဒေါသကိုဖြေဖျောက်ရန် ကုန်းကျယ်ကို ပေအနည်းငယ်လွင့်ထွက်သွားအောင် ဆောင့်ကန်ပစ်လိုက်ချင်သည်။ သို့သော် သူ့ခြေထောက်များက အလွန်အားနည်းနေတာကြောင့် သူ့ခမျာ ကုန်းကျယ်ဝမ်းဗိုက်ကို ချည့်နဲ့စွာဖိကပ်ထားရုံသာတတ်နိုင်သည်။ သူ့ထံတွင် ခြေမတစ်ချောင်းလှုပ်ဖို့ပင် ခွန်အားမရှိေပ။
ကုန်းကျယ်က သူ့ခြေဖဝါးလေးကိုနမ်းလိုက်ပြီး ဝမ်ကယ်အလွန်ပင်ပန်းနေတာမြင်တော့ ခုန်အုပ်မည့်အကြံကို နောက်ဆုံးမှာလက်လျှော့လိုက်သည်။ သူက ပက်လက်လှန်ကာ ဘေးစောင်းအိပ်ပြီး ဝမ်ကယ့်ကိုရင်ခွင်ထဲပွေ့ဖက်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် ဝမ်ကယ့်ခါးေလးကို ကူညီနှိပ်နယ်ပေးလိုက်သည်။
ဝမ်ကယ် မျက်လုံးများမှိတ်ကာ ကုန်းကျယ်ရင်ဘတ်ပေါ်မှောက်အိပ်နေသည်။ သူ့ခါးပေါ်ရှိလက်အားက မပြင်းမလျော့အနေတော်ဖြစ်ကာ သူ၏နာကျင်ကိုက်ခဲနေသောခါးလေးလည်း နောက်ဆုံးတော့သက်တောင့်သက်သာရှိလာသည်။ သို့နှင့် သူမနေနိုင်ဘဲ နေသာထိုင်သာရှိသည့်ညည်းသံလေးအနည်းငယ်ထွက်သွားသည်။
အဲ့ဒါကိုကြားတော့ ကုန်းကျယ် စိတ်ထဲကလိကလိဖြစ်လာသည်။ သို့နှင့် သူ ဝမ်ကယ်၏နဖူး၊ မျက်လုံး၊ နှာခေါင်းနှင့် နှုတ်ခမ်းသားများကို တစ်ခုချင်းနမ်းရှိုက်လိုက်သည်။
အနမ်းများက အလွန်ပျော့ပျောင်းကာ ညင်သာနွေးထွေးသည်။ ဝမ်ကယ်မှာ တိမ်စိုင်တိမ်လွှာများပေါ် မျောလွင့်နေသည့်အလား အလွန်သက်တောင့်သက်သာခံစားရသည်။ နောက်ဆုံးတော့ ကုန်းကျယ်၏အနမ်းများကြား သူတဖြည်းဖြည်းအိပ်မောကျသွားသည်။
သူပြန်နိုးလာတော့ ညမှောင်နေလေပြီ။ ကုန်းကျယ်က အိမ်နေရင်းအဝတ်အစားများလဲထားကာ ပြတင်းပေါက်နားရှိတစ်ယောက်ထိုင်ဆိုဖာပေါ်ထိုင်ရင်း ဇာတ်ညွှန်းဖတ်နေသည်။ အခန်းကအနည်းငယ်မှောင်နေပြီး ဆိုဖာဘေးမီးအိမ်ငယ်လေးမှ နွေးထွေးသောအဝါရောင်အလင်းတန်းတစ်ခုသာ ထွန်းလင်းနေသည်။
ကုန်းကျယ်က ဆိုဖာပေါ်ခြေထောက်ချိတ်ထိုင်နေသည်။ သူ့ပေါင်ပေါ်တွင် ဇာတ်ညွှန်းစာအုပ်တင်ထားပြီး ညာဘက်လက်က ဆိုဖာလက်တန်းပေါ်ထောက်၍ ခေါင်းကိုအသာပင့်မ’ထားသည်။ သူ့မျက်ခုံးများက တိတ်ဆိတ်ကာ တည်ငြိမ်လေးနက်နေသည်။ သူက အနည်းငယ်အနီးမှုန်တာကြောင့် ဇာတ်ညွှန်းဖတ်သည့်အခါ မျက်မှန်တပ်လေ့ရှိသည်။ အနုပညာရှင်များတပ်သည့် အမည်းရောင်မျက်မှန်ကိုင်းများနှင့်မတူကွဲပြားစွာပင် ကုန်းကျယ်က အနည်းငယ်ရှေးဆန်သည့် မှန်အဝိုင်းပုံရွှေရောင်ကိုင်းအပါးမျက်မှန်လေးကိုတပ်ထားသည်။
ထိုမျက်မှန်လေးကို သူ့အတွက် ဝမ်ကယ်ကိုယ်တိုင်ရွေးချယ်ပေးခဲ့တာဖြစ်သည်။ မျက်မှန်ဆိုင်အတွင်း အကြာကြီးရွေးချယ်ပြီးနောက် စိတ်တိုင်းကျသည့်ပုံမတွေ့ဘဲဖြစ်နေရာမှ ဆိုင်ထောင့်တစ်နေရာတွင် ဒီမျက်မှန်ကိုင်းလေးကိုမြင်ကာ သူချက်ချင်းသဘောကျသွားသည်။ သို့နှင့် ကုန်းကျယ်ကို စမ်းတပ်ကြည့်ဖို့ သူတိုက်တွန်းခဲ့သည်။
မျက်မှန်ကိုင်း၏အကျိုးသက်ရောက်မှုက ဝမ်ကယ်ထင်ထားသည့်အတိုင်းပင် ထိုခေတ်ထိုအခါက ချောမောသည်ဟုသတ်မှတ်သည့် ကြွေလောက်စရာပုံစံဖြစ်သည်။ ထိုအချိန်က သူတို့နှစ်ဦးစလုံးတက္ကသိုလ်တက်နေစဉ် အနုပညာအသိုင်းအဝိုင်းထဲခြေမချမီဖြစ်သည်။ ထို့ကြောင့် နှစ်ဦးသားလမ်းပေါ်တွဲလျှောက်သည့်အခါ သူတို့ကိုမည်သူမှသတိမထားမိပေ။ ထိုအချိန်က ကုန်းကျယ်သည်ခေါင်းအစခြေအဆုံးငယ်ရွယ်နုပျိုသည့် လူငယ်အရှိန်အဝါများပြည့်နှက်ကာ ဆံပင်အတိုနှင့် အလွန်ကြည့်ကောင်းသည်။ မျက်ခုံးစင်းစင်း၊ စူးရှတောက်ပသည့်မျက်ဝန်းအစုံနှင့်ကုန်းကျယ်မှာ အလွန်မာနကြီးကာ ချောမောခံ့ညားသည်။ သို့သော် မျက်မှန်တပ်လိုက်သည့်အခါသူ၏မာနကြီးသည့်အငွေ့အသက်များအနည်းငယ်လျော့ကျသွားကာ ပိုမိုတည်ငြိမ်လေးနက်လာသည်။ ဒါက ဝမ်ကယ်ကို ချက်ချင်းအရူးအမူးစွဲလန်းသွားစေသည်။ သို့နှင့် မျက်မှန်ဆိုင်မှထွက်လာပြီးနောက် ဝမ်ကယ် ကုန်းကျယ်ကိုလမ်းကြားတစ်ခုထဲဆွဲခေါ်ကာ လျှာဖြင့်ရစ်ထွေးနမ်းရှိုက်ပစ်လိုက်သည်။
နောက်ပိုင်းအရွယ်ရောက်ပြီးနောက် အတွေ့အကြုံရှိလာသည်နှင့်အမျှ ကုန်းကျယ်၏မာန်မာနများလည်း တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ အထူးသဖြင့် အနုပညာလောကထဲဝင်ပြီးနောက်ပိုင်း ကုန်းကျယ်တစ်ယောက် လုံးဝရင့်ကျက်တည်ငြိမ်လာသည်။ ကုန်းကျယ်က ဒီမျက်မှန်လေးတပ်ထားတိုင်း တရုတ်ပြည်၏လူကုံထံသူဌေးတစ်ယောက်နှင့်တူကာ အနေအေး၍တည်ငြိမ်သလောက် မျက်စိကိုညှို့ငင်ဖမ်းစားနိုင်ဆဲဖြစ်သည်။ ကုန်းကျယ် ဒီလိုပုံစံနှင့်ပြုံးလိုက်တိုင်း ဝမ်ကယ်ခြေထောက်များပျော့ခွေအားနည်းလာသည်။ သူ့နှလုံးသားထဲအပူလှိုင်းတစ်ခုစီးဆင်းကာ ပေါက်ထွက်တော့မည့်အလား ကုန်းကျယ်လက်ထဲသို့ သူ့ကိုယ်သူ သဘောရှိအပိုင်သိမ်းပိုက်ပါဟု ပေးအပ်လိုစိတ်များတဖွားဖွားပေါ်ပေါက်လာသည်။
မျက်မှန်ကိုင်းလေးတစ်ခုက ဤမျှညှို့ဓာတ်ပြင်းလိမ့်မည်ဟု ဝမ်ကယ်ဘယ်တုန်းကမှမတွေးခဲ့ဖူးပေ။ ပုံမှန်ဆို ကုန်းကျယ်က သူ့ကို လှောင်ပြုံး သို့မဟုတ် ညစ်ကျယ်ကျယ်အပြုံးပြုံးပြတိုင်း ဝမ်ကယ် သူ့မျက်နှာကို ဖိနပ်ဖြင့်ပစ်ပေါက်ချင်စိတ်သာဖြစ်မိသည်။ သို့သော် ဒီမျက်မှန်လေးတပ်ထားသည့်အချိန်ဆိုလျှင် ကုန်းကျယ်က သူ့အားမည်သို့ပင်ပြုံးပြပါစေ သူလုံးဝစိတ်မထိန်းနိုင်ဖြစ်ကာ ကုန်းကျယ်ဘက်မှ မည်မျှလွန်လွန်ကျူးကျူးတောင်းဆိုတောင်းဆို၊ သူ နောက်ဆုံးေတာ့ခေါင်းညိတ်သဘောတူဖို့သာတတ်နိုင်သည်။
အချိန်အတော်ကြာမှ စိတ်နေသဘောထားဆိုသည့်အရာက မည်မျှအလုပ်ဖြစ်ကြောင်း သူ နားလည်သဘောပေါက်လာသည်။
ဒီတော့မှ ကမ္ဘာပေါ်တွင် အပြောကောင်း၍ဉာဏ်များသောလူတစ်မျိုးရှိေသးကြောင်း သူသိလာရသည်။
လှုပ်ရှားသံများကြားတော့ ကုန်းကျယ် ဇာတ်ညွှန်းစာအုပ်ကိုဘေးချလိုက်သည်။ ထို့နောက် အနားလျှောက်လာပြီး အခန်းမီးများဖွင့်ကာ ဝမ်ကယ်ကိုထူပေးသည်။
“ဗိုက်ဆာပြီလား။”
ကုန်းကျယ်က ခေါင်းအုံးယူကာ ဝမ်ကယ့်နောက်ကျောမှာခုပေးလိုက်သည်။
ဝမ်ကယ်က သူ့ဗိုက်ပိန်ပိန်လေးကိုကိုင်ကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူအောက်ငုံ့ကြည့်လိုက်တော့ ကုန်းကျယ်သူ့ကိုအင်္ကျီကူဝတ်ပေးထားတာတွေ့ရသည်။ အဝတ်အစားများက လည်ပင်းအတော်ဟိုက်သည်။ သူ နည်းနည်းလှုပ်ရှားလိုက်တော့ အင်္ကျီလည်ပင်းပေါက်နေရာရွေ့သွားသည်။ ထိုအခါ အထဲမှအနီရောင်၊ ခရမ်းရောင် အချစ်သင်္ကေတအမှတ်အသားများပေါ်လာသည်။
ဝမ်ကယ်က ကော်လံကိုဖွင့်ကာ ခဏသေချာကြည့်ပြီးနောက် ကုန်းကျယ်မျက်နှာကိုကိုင်ကာ ပြောလိုက်သည်။
“ကုန်းကျွမ်းကျွမ်း၊ ငါက ရိုက်ကွင်းလာလည်တာနော်။ မိုင်ထောင်ချီကျော်ပြီး လက်ဆောင်လာပို့တာမဟုတ်ဘူး။”
ဝမ်ကယ် ဒေါသတကြီးနှာမှုတ်လိုက်သည်။
မနေ့ည သူတို့စတွေ့ကတည်းက ယခုချိန်ထိ သူအိပ်ရာထဲတွင်သာ အချိန်ကုန်ခဲ့သည်။ ကုန်းကျယ်ကဲ့သို့ နေ့တိုင်းရုပ်ရှင်ရိုက်ကူး၍အလွန်ပင်ပန်းနေသူတစ်ယောက်က သူ့အားသေလုမျောပါးဖြစ်ေအာင်လုပ်ဖို့ ဘယ်ကနေဘယ်လိုခွန်အားတွေရှိေနမှန်း ဝမ်ကယ်မတွေးတတ်အောင်ပင်။ ယခင်က ကုန်းကျယ်အလွန်ပင်ပန်းနေသည်ကိုကြည့်ကာ ဝမ်ကယ်စိတ်မကောင်းဖြစ်မိသည်။ အခုတော့ ဝမ်ကယ်တစ်ယောက် ကုန်းကျယ်ကို တစ်နေ့ (၂၄)နာရီလုံးရုပ်ရှင်ရိုက်ခိုင်းဖို့ စိတ်ဆန္ဒပြင်းပြနေသည်။
ကုန်းကျယ်ကလည်း ဒီတစ်ခေါက်သူနည်းနည်းများသွားမှန်း ကိုယ့်ဟာကိုယ်သိနေသည်။ သို့နှင့် သူကခွင့်လွှတ်ရန်အသနားမခံဘဲ ဝမ်ကယ်စိတ်တိုင်းကျ ထုရိုက်ဆဲဆိုခွင့်ပြုထားသည်။ ဝမ်ကယ်ဆူဆဲလို့ပင်ပန်းမှ ကုန်းကျယ်က လူကိုရင်ခွင်ထဲဖက်ကာ ခေါင်းငုံ့၍နှုတ်ခမ်းသားများကို စုပ်ယူနမ်းရှိုက်လိုက်သည်။
ဝမ်ကယ် ဆူဆဲလို့မောသွားတော့ ကုန်းကျယ် ဝမ်ကယ့်ကိုပွေ့ချီကာ ထမင်းစားခန်းထဲခေါ်သွားသည်။ ဆန်ပြုတ်ပူပူေလးကို မအေးသွားအောင် အပူခံဓာတ်ဗူးထဲထည့်ထားသည်။ ဆန်ပြုတ်ပူပူေနွးနွေးလေးစားလိုက်မှ ဗိုက်တစ်ခုလုံးပို၍နေသာထိုင်သာရှိလာသည်။ ဝမ်ကယ်ဗိုက်လည်းဆာ၊ ပင်လည်းပင်ပန်းနေတာကြောင့် ရှားရှားပါးပါး အားရအောင်အဝစားပစ်လိုက်သည်။
ညစာစားပြီးတော့ ည(၈)နာရီထိုးသွားသည်။ ဝမ်ကယ် တီဗွီဖွင့်ကာ ကုန်းကျယ်ဘေးထိုင်ပြီး သူ့ရင်ခွင်ထဲဝင်လိုက်၏။
ရုပ်သံလိုင်းများကိုနှိပ်ကြည့်ရင်း စိတ်ဝင်စားစရာအစီအစဉ်တစ်ခုမှမတွေ့တာကြောင့် ဝမ်ကယ်တီဗွီပိတ်ဖို့လုပ်လိုက်သည်။ ထို့နောက် ဒီနေ့စနေနေ့မှန်း ရုတ်တရက်သတိရသွားကာ ရုပ်သံလိုင်းနံပါတ်တစ်ခုကိုသူနှိပ်လိုက်သည်။ တီဗွီဖန်သားပြင်ပေါ်တွင် ရုပ်သံလိုင်းတစ်ခုပေါ်လာပြီး ထိုအချိန်၌ “စနေနေ့ေတွ့ကြမယ်” အစီအစဉ်အဖွင့်သီချင်းကို ထုတ်လွှင့်ပြသနေသည်။ ရင်းနှီးနေသည့်အသံကြားတော့ ကုန်းကျယ်လည်း ခေါင်းထောင်ကြည့်လာသည်။
“ဒါကြည့်ဖို့ ဘယ်လိုစိတ်ကူးရသွားတာလဲ။”
“ငါတို့က ဘာပဲပြောပြောဒီအပိုင်းရဲ့အထူးဧည့်သည်တွေလေ၊ အနည်းနဲ့အများတော့ ကြည့်ရမှာပေါ့။ နောက်ပြီး လုပ်စရာမရှိလို့ပျင်းနေမဲ့အတူတူ၊ အချိန်ဖြုန်းစရာတစ်ခုရှိတာမဆိုးဘူးမလား။”
ဝမ်ကယ်က အနေအထားကိုပြင်လိုက်ကာ ကုန်းကျယ်ရင်ခွင်ထဲလှဲအိပ်လိုက်သည်။
ကုန်းကျယ်က အစီအစဉ်အပေါ်စိတ်မဝင်စားပေ။ သို့သော် သူက ဝမ်ကယ့်ပြောစကားကိုသတိထားမိပြီး ညစ်ကျယ်ကျယ်ပြုံးကာ ဝမ်ကယ့်ခါးလေးကိုဖျစ်ညှစ်လိုက်သည်။
“တီဗွီကြည့်တာလည်း ပျင်းဖို့ကောင်းတယ်။ တကယ်လို့ မင်းပျင်းနေရင်၊ စိတ်ဝင်စားဖို့ကောင်းတဲ့ဟာလုပ်ဖို့ ငါမင်းကိုခေါ်သွားမယ်လေ။”
ကုန်းကျယ်၏ မဟုတ်ကဟုတ်ကလေသံကိုနားထောင်လိုက်သည်နှင့် သူေပြာသည့်စိတ်ဝင်စားဖို့ကောင်းတဲ့ဟာဆိုတာဘာမှန်း ဝမ်ကယ်သဘောပေါက်လိုက်သည်။ ဝမ်ကယ်က မျက်ဖြူလှန်ပြကာ ကုန်းကျယ်လက်ကိုပုတ်ချပြီး ပြောလိုက်သည်။
“သွားစမ်းပါ။ မင်းအဖေငါ့ကို ပျက်စီးရာပျက်စီးကြောင်းလုပ်လို့ကတော့၊ မျက်ရည်နဲ့မျက်ခွက်ငိုဖို့သာပြင်ထား။”
ကုန်းကျယ်က သူ့အားတင်းကျပ်စွာေပွ့ဖက်ကာ၊ သူ့ဦးခေါင်းထိပ်ကိုေမးေစ့ဖြင့်အသာပွတ်ပြီး ပြောလိုက်သည်။
“ငါက ဘယ်လိုလုပ်အဲ့ဒီလိုလုပ်ရက်မှာလဲ။ ငါ မင်းနဲ့ကျန်းကျန်းမာမာ ဆံဖြူသွားကျိုးတဲ့အထိအတူနေသွားချင်တာ။”
ဝမ်ကယ်စိတ်ထဲ စိတ်ပျက်အားငယ်မှုများချက်ချင်းပျောက်ကွယ်ကာ နွေးထွေးချိုမြိန်မှုများ အစားထိုးဝင်ရောက်လာသည်။ ဝမ်ကယ်တစ်ယောက် နှလုံးသားထဲအလွန်ချိုမြိန်စွာဝင်ေရာက်လာသောချစ်စကားများကို တိတ်တဆိတ်နားထောင်နေသည်။ ချစ်သူနှုတ်ဖျားထက်မှချစ်စကားများက တစ်ခွန်းချင်းထွက်ပေါ်နေသလို၊ သူ့နှုတ်ခမ်းထောင့်မှအပြုံးများကလည်း မပျောက်ကွယ်သွားပေ။
အစီအစဉ်ကိုစနေနေ့တွင်ထုတ်လွှင့်တာကြောင့် ကျောင်းသားကျောင်းသူများအဖို့ ကျောင်းတက်ရန်မလိုသည့်အချိန်ဖြစ်သည်။ ထို့ကြောင့် နှစ်ဖက်ဖန်များ၏တိုက်ခိုက်မှုအားက ညဉ့်နက်သန်းခေါင်တိုင် တိုက်ပွဲပြင်းထန်ခဲ့သည်။ နောက်ဆုံး နှစ်ဖက်ဖန်များ၏အကြီးမားဆုံး ဆဲဆိုကြိမ်းမောင်းမှုတိုက်ပွဲကား ညလုံးပေါက်ကြာမြင့်ခဲ့သည်။ ထို့နောက် နှစ်ဖက်ကုမ္ပဏီများကပါ ဤကိစ္စကိုအလွန်ကြီးမားသည်ဟုယူဆကာ မဖြစ်မနေဖုံးဖိရတော့သည်။
သို့သော် ပြဿနာများပြီးသွားသည့်တိုင် ကုန်းကျယ်နှင့်ဝမ်ကယ် စတိတ်စင်တစ်ခုတည်းအတူထွက်ေပါ်လာသည့်ကိစ္စက နှစ်ဖက်ဖန်များ၏တင်းမာမှုကို မလျော့ကျစေဘဲ ဆန့်ကျင်ဘက်အားဖြင့် အခြေအနေများပိုမိုပြင်းထန်လာသည့်အပြင် ပဋိပက္ခများတိုးပွားကာ မကျေနပ်ချက်များတစ်ဟုန်ထိုးကြီးမားလာသည်။ လက်ရှိ၌ ပွဲကြည့်သူများနှင့်အခြားအနုပညာရှင်များ၏ဖန်များမှာ အလွန်ထိတ်လန့်ကြောက်ရွံနေသည်။ သူတို့က မတော်တဆထိခိုက်မိ(ချီးကားတိုက်မိ)မည်စိုးသဖြင့် ကုန်းကျယ်နှင့်ဝမ်ကယ်အမည်များကို အများရှေ့အစဖော်၍ထုတ်မပြောရဲအောင် ကြောက်ရွံ့နေကြသည်။
ဤအဖြစ်အပျက်များဖြစ်ပြီးနောက် အများအမြင်အရ ကုန်းကျယ်နှင့်ဝမ်ကယ် အချင်းချင်းမတည့်ဟူသည့်ကောလာဟလမှာ သေချာခိုင်မာသည့်အချက်တစ်ခုအဖြစ်ေပြာင်းလဲသွားသည်။
ဒါက အမှန်တရားကိုသိထားသည့်လူတချို့အား စိတ်ရှုပ်ထွေးသွားစေသည်။
တစ်ပတ်ကြာကြေလည်အောင်သုံးသပ်ပြီးနောက် ဝမ်ကယ့်လက်ထောက်လေးမှာ ရက်စက်သည့်အမှန်တရားကို နောက်ဆုံးလက်ခံနိုင်လာသည်။ သူက ယင်ယွီထျန်းအား စိတ်မကောင်းကြီးစွာမေးလာသည်။
“အစ်ကိုယင်၊ အကယ်၍ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဖန်တွေထင်ထားသလိုမဟုတ်မှန်းသိသွားရင် ဖန်တွေဘက်က ဘယ်လိုတုံ့ပြန်ကြမယ်ထင်လဲ။”
ယင်ယွီထျန်းက ကွာစေ့ကိုသွားကြားထဲကိုက်ခွဲရင်း ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
“ဘယ်လိုတုံ့ပြန်ရမှာလဲ၊ သူတို့နှစ်ေယာက်ကိုအသက်ပေးတောင်းပန်ခိုင်းဖို့အတွက် ဖန်တွေအဖွဲ့လိုက်စုပြီး တိုက်ပေါ်ကခုန်ချကြမှာပေါ့။”
လက်ထောက်လေးက လေးပင်စွာသက်ပြင်းချကာ မတတ်သာသည့်အဆုံး ငိုသံကြီးနှင့်အော်ဟစ်လိုက်သည်။
“အစ်ကိုကဘာလို့ကျွန်တော့်ကို အမှန်အတိုင်းပြောပြရတာလဲ။ ကျွန်တော်ဒီကိစ္စကို ဘယ်တော့မှမသိဘဲသာနေလိုက်ချင်တော့တယ်။”
ယင်ယွီထျန်းက သူ့ပုခုံးကိုပုတ်ကာ အတွေ့အကြုံရှိဖူးသူပီပီ နှစ်သိမ့်စကားဆိုလိုက်သည်။
“လူဆိုတာရင့်ကျက်ရတယ်။ ကိုယ့်ကိုယ်ကိုယ် တစ်ချိန်လုံးလှည့်စားပြီးမရှင်သန်သင့်ဘူး။”
လက်ထောက်လေးခမျာ မျက်ရည်စက်လက်ဖြင့် ေသတမ်းစာတစ်ေစာင်ရေးဖို့ ပြေးထွက်သွားသည်။ သူ့စိတ်ထဲ အမှန်တရားပေါ်သွားသည့်နေ့က သူသေမည်ေန့ဟု ခံစားနေရသည်။ ထို့ကြောင့် ဇာပနအခမ်းအနားကျင်းပရန် စောစောစီးစီး ကြိုတင်ပြင်ဆင်ထားတာ ပိုကောင်းပေလိမ့်မည်။
ဝမ်ကယ် ကုန်းကျယ်နှင့်အတူ ဟန်တျန့်တွင်နှစ်ရက်နေခဲ့သည်။ ထိုနှစ်ရက်စလုံးတွင် များသောအားဖြင့် ထိုကိစ္စဖြင့်သာ အချိန်ကုန်ခဲ့သည်။ တနင်္ဂနွေနေ့ သူလေဆိပ်ဆင်းရမည့်အချိန်ရောက်တော့ မှောင်မည်းနေသည့်ကောင်းကင်ကြီးကိုကြည့်ကာ ကမ္ဘာခြားသွားသလိုခံစားရသည်။ သို့နှင့် သူက အလွန်အကျွံအသုံးပြုထားသောခါးလေးကိုအသာပွတ်သပ်ရင်း လေအေးများရှုသွင်းကာ ပင့်သက်ရှိုက်လိုက်သည်။
ကုန်းကျယ်က သူ့အားလေဆိပ်သို့ကိုယ်တိုင်လိုက်ပို့ပေးသည်။ ယနေ့တွေ့ပြီးလျှင် နောက်ပိုင်းချစ်သူနှင့်အချိန်အတော်ကြာေအာင်မတွေ့ရတော့မည်ကိုတွေးမိတော့ သူ ကားကိုတစ်နာရီမိုင်(၃၀)ထက်ပင် နည်းနည်းပိုနှေးအောင်မောင်းချင်နေသည်။ နောက်ဆုံး ဝမ်ကယ် သည်းမခံနိုင်ဖြစ်ကာ သူ့ဟာသူတက္ကဆီပဲငှားစီးမည်ဟုပြောမှ ကုန်းကျယ် စိတ်မပါတပါဖြင့် အရှိန်တင်လိုက်၏။
လေဆိပ်ရောက်တော့ လေယာဉ်ေပါ်တက်ဖို့ အချိန်နှစ်နာရီခန့်လိုသေးသည်။ ကုန်းကျယ်က သူနှင့်အတူလေဆိပ်ထဲလိုက်ဝင်ကာ ဝမ်ကယ်လေယာဉ်ပေါ်တက်ဖို့ လုပ်ထုံးလုပ်နည်းများသွားလုပ်နေသည်ကိုစောင့်ကြည့်နေသည်။ ဦးထုပ်၊ နေကာမျက်မှန်များတပ်ထားသော်လည်း သူတို့၏အရှိန်အဝါက တစ်ချက်ကြည့်ရုံဖြင့် သာမန်မဟုတ်မှန်းသိသာသည်။ သို့နှင့် လူေတွကသူတို့ကို နာမည်ကြီးစတားတွေများဖြစ်နေမလားအထင်ဖြင့် မကြာခဏနောက်လှည့်ကြည့်ကြသည်။
တစ်ခုတည်းသောကံကောင်းသည်မှာ ထိုနေရာ၌သူတို့နှစ်ဦးစလုံး၏ဖန်များရှိမနေခြင်းပင်။ ထို့ကြောင့် သူတို့ကို နှစ်နာရီလုံးလုံး မည်သူမျှသတိမထားမိကြပေ။
လေယာဉ်ထွက်ခွာတော့မည့်အကြောင်း ခရီးသည်များကိုသတိပေးကြေညာသံစတင်ထွက်ေပါ်လာသည်။ ကုန်းကျယ်တစ်ကိုယ်လုံးမှ စိတ်မကောင်းသည့်အငွေ့အသက်များထွက်ပေါ်ေနသည်။ ဝမ်ကယ်တစ်ယောက် ကုန်းကျယ်၏နေကာမျက်မှန်ကိုကျော်၍ သူ့ရင်ထဲကစိတ်မကောင်းဖြစ်နေသည်ကို ခံစားမိနေသည်။ သို့နှင့် သူက လူကိုသန့်စင်ခန်းထဲဆွဲခေါ်ကာ ဆယ်မိနစ်ခန့်နှစ်သိမ့်လိုက်ရသည်။
ဆယ်မိနစ်ကြာတော့ ကုန်းကျယ် သန့်စင်ခန်းထဲမှလန်းဆန်းစွာပြန်ထွက်လာသည်။ ဝမ်ကယ်ကတော့ သူ့နောက်မှလိုက်လာကာ အင်္ကျီအဝတ်အစားများကတော့ အနည်းငယ်တွန့်ကြေနေသည်။
နှုတ်ဆက်ခွဲခွာခြင်း၏အကျိုးရလဒ်ကပိုများနေခဲ့တာကြောင့် ကုန်းကျယ်တစ်ယောက် ဝမ်းနည်းစိတ်မကောင်းဖြစ်ခြင်းများ နောက်ဆုံးတော့အနည်းငယ်ပျောက်ကွယ်သွားသည်။ သူက ဝမ်ကယ်ကို ထွက်ခွာရန်ဂိတ်ပေါက်အထိလိုက်ပို့ပေးသည်။ ထို့နောက် အရင်မပြန်သေးဘဲ သူ့ချစ်သူအထဲဝင်သွားသည်ကိုစောင့်ကြည့်နေခဲ့သည်။ ဝမ်ကယ်စီးသွားသည့်လေယာဉ်ပျံတက်သွားတာကြည့်ပြီးမှ သူ လေဆိပ်ထဲက တစ်လှမ်းချင်းပြန်ထွက်လာသည်။
သူသွားလိုရာအရပ်သို့လေယာဉ်ဆိုက်တော့ အချိန်ကည(၉)နာရီထိုးနေပြီ။ ယဲ့ချင်က ဝမ်ကယ်ကိုကြိုဖို့ လေဆိပ်သို့အစောကြီးရောက်နှင့်နေသည်။
တစ်နေ့လုံးပြေးလွှားပြီးနောက် ဝမ်ကယ် စိတ်ရောကိုယ်ပါပင်ပန်းသွားသည်။ သို့သော် သူကစိတ်တင်းကာ ကုန်းကျယ်ဆီအန္တရာယ်ကင်းကင်းပြန်ရောက်ကြောင်းဖုန်းဆက်ပြောပြီး ကားပြတင်းပေါက်ကိုမှီကာ အိပ်ပျော်သွားသည်။
အပြန်လမ်း၌ ယဲ့ချင်က ယင်ယွီထျန်းဆီအရင်ဝင်ကာ ခွေးလေးကိုပြန်ခေါ်လာသည်။ ထို့နောက် သူက လူတစ်ယောက်နှင့်ခွေးတစ်ကောင်ကို ဝမ်ကယ့်အိမ်သို့ပြန်ပို့ပေးသည်။
အချိန်အတော်နောက်ကျနေပြီဖြစ်ပြီး အိမ်မှာလည်း ဘာဟင်းစားမှမရှိတာကြောင့် လက်ထောက်လေးက ဝမ်ကယ်အတွက် ညစာအော်ဒါမှာပေးကာ မနက်ဖြန်လာကြိုမည့်အကြောင်းပြော၍ ပြန်သွားသည်။
ဝမ်ကယ်တစ်ယောက် ကားပေါ်အိပ်လိုက်လာတာကြောင့် နည်းနည်းမျက်စိကျယ်သွားသည်။ သို့နှင့် သူ ရေချိုးပြီးနောက် ညစာမှာထားတာလာပို့သည်။
အချိန်ပိုင်းအလုပ်သမားများက နေ့ခင်း၌ အိမ်သန့်ရှင်းေရးလုပ်ပေးထားသဖြင့် ကြမ်းပြင်ကအလွန်သန့်ရှင်းနေသည်။ ဝမ်ကယ်လည်း ကော်ဇောပေါ်ထိုင်ချကာ သကြားခဲလေးနှင့်အတူ မာလာထန်တစ်ပွဲကိုမျှစားလိုက်သည်။
ဖေဖေလေးနှင့်မတွေ့ရတာနှစ်ရက်ရှိပြီဖြစ်တာကြောင့် သကြားခဲလေးက အလွန်ပျော်ရွှင်နေသည်။ သူက ညစာစားတုန်း ဝမ်ကယ့်ကိုပတ်ကာ သွားလိုက်လာလိုက်လုပ်နေသည်။ ခဏနေ ဝမ်ကယ်အပေါ်တက်သွားသည်ကိုမြင်တော့ သူလည်းခြေထောက်တိုတိုလေးများဖြင့် လိုက်တက်လာသည်။
ဝမ်ကယ်၏အသက်ရှုလမ်းကြောင်းရောဂါမှာ ကောင်းကောင်းမပျောက်သေးတာမို့ ကုန်းကျယ်က သကြားခဲလေးကို သူတို့အခန်းထဲဘယ်တော့မှညအိပ်ခွင့်မပြုပေ။ သို့သော် ဒီတစ်ခေါက်တော့ သူ့သား၏မျက်လုံးရွဲကြီးများကိုကြည့်ကာ ဝမ်ကယ်စိတ်ပျော့သွားသည်။ သို့နှင့် သူက သကြားခဲေလးကိုအခန်းထဲမှာအိပ်ခွင့်ပြုလိုက်သည်။ သို့သော် သူ့စိတ်က ကုန်းကျယ်နေရာတွင် အခြားလူ(ခွေး)နေရာယူသွားမှာမလိုလားတာကြောင့် သကြားခဲလေးခမျာ ကုတင်ခြေရင်းကြမ်းပြင်ပေါ်တွင်သာအိပ်ခွင့်ရကာ ပျော့ပျော့အိအိရနံ့သင်းသင်းအိပ်ရာကြီးပေါ်သို့ ယခင်အတိုင်းပင် တက်ခွင့်မရဘဲရှိလေသည်။
*****
Aurora Novel Translation Team