Chapter 13
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 13 - လျို့ဝှက်ချက်ကိုတင်းကျပ်စွာထိန်းသိမ်းမိခြင်း
အပိုင်း (၁၃) – လျို့ဝှက်ချက်ကိုတင်းကျပ်စွာထိန်းသိမ်းမိခြင်း
👻👻👻
“ကျွမ်းကျွမ်း!”
အံ့အားသင့်နေသည့်အသံလေးကြားဝောာ့ ကုန်းကျယ်ချက်ချင်းနောက်လှည့်၍ နွေးထွေးစွာပြုံးပြနေသော သူ့ချစ်သူေလးကိုကြည့်လိုက်သည်။ ထိုအခါ သူ၏ဟာတာတာနှလုံးသားေလးမှာ ချက်ချင်းပင်ပြည့်ဝစိုပြည်သွားသည်။ သူက သားဖြစ်သူကိုဆိုဖာပေါ်ချကာ ရှေ့သို့လျှောက်သွားသည်။ ထို့နောက် သူ့ရှေ့တွင်ရပ်နေသောချစ်သူကိုပွေ့ချီပြီး နှစ်ပတ်လောက်လှည့်လိုက်သည်။
“ဒီနေ့ဘယ်သွားနေတာလဲ။”
ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် ကုန်းကျယ် လူကိုပွေ့ဖက်ကာ ဆိုဖာပေါ်လှဲချလိုက်သည်။ ထို့နောက် လူကိုအောက်မှာဖိကာ ငါးမိနစ်ခန့်နမ်းရှိုက်လိုက်သည်။
သကြားခဲလေးက သူတို့ဘေးတွင်လှဲနေဆဲဖြစ်သည်။ သူက ကြီးမားသည့်မျက်ဝန်းအစုံဖြင့် လျှာချင်းနက်နက်ရှိုင်းရှိုင်းရစ်ပတ်နေသော အဖေနှစ်ယောက်ကို သေချာစိုက်ကြည့်နေသည်။ သူ့မျက်လုံးများကတော့ ဖြူစင်ရိုးသားလို့နေသည်။
နှစ်ဦးသားကွဲကွာနေသော လဝက်တာကာလအတွင်း ဟာတာတာခံစားချက်ကြီးကို ကြာရှည်နက်ရှိုင်းသည့်အနမ်းများဖြင့် ပြန်လည်ဖြည့်ဆည်းလိုက်ကြသည်။ ဝမ်ကယ်နှုတ်ခမ်းသားများမှာ နမ်းရှိုက်ခံရ၍ တောက်ပရွှန်းစိုေနသည်။ သူ့အကြည့်များက ကုန်းကျယ်မျက်နှာပေါ်မှမခွာဘဲ မျက်လုံးများက အရောင်တလက်လက်တောက်ပနေသည်။
ကုန်းကျယ်နှလုံးသားလေး ဟန်ချက်ပျက်ကာ ရင်ခုန်သွားရသည်။ သူ ဒီလိုအကြည့်မျိုးနှင့် အလွန်ရင်းနှီးနေေပသည်။
ဝမ်ကယ်မှာ ငယ်စဉ်ကအလွန်အရှက်ကြီးသည့်ကလေးတစ်ယောက်ဖြစ်ပြီး မိမိခံစားချက်များထုတ်ေဖာ်ပြသရသည်ကိုမနှစ်သက်ပေ။ ထို့ကြောင့် သူသဘောကျသည့်ကစားစရာအရုပ်လေးများတွေ့လျှင် မိဘများထံဘယ်တော့မှဝယ်ပေးဖို့မပူဆာေပ။ အဲ့ဒီအစားသူက သူ့အဖေ၏အင်္ကျီစလေးကိုဆွဲကာ အရည်လဲ့သည့်မျက်ဝန်းများဖြင့် သူကြိုက်သည့်အရုပ်လေးကို တိတ်တဆိတ်စိုက်ကြည့်နေတတ်သည်။ ထိုအခါ သူ၏ကြည်လင်သောမျက်ဝန်းများထဲတွင် အပြုံးများ၊ စိတ်လှုပ်ရှားမှုများနှင့်ပြည့်နှက်နေသည်။
နောက်တော့ အရွယ်ရောက်လာသည့်အခါ ကစားစရာအရုပ်ကလေးများအပေါ် သူ၏စိတ်ဝင်စားမှုလည်း တဖြည်းဖြည်းပျောက်ကွယ်ကာ ထိုမျက်နှာအမူအယာမျိုးမပြတော့ပေ။ သို့သော် ဘယ်နေ့ဘယ်အချိန်ကတည်းကစတင်ခဲ့သည်မသိ၊ ထိုအကြည့်များပြန်လည်ပေါ်ပေါက်လာခဲ့ကာ အဲ့ဒါကလည်း သူ့ကိုကြည့်နေသည့်အခါမျိုးတွင်ဖြစ်နေမှန်း ကုန်းကျယ်သတိထားမိလာသည်။ ထို့အပြင် သူ့ကိုကြည့်နေသည့်အချိန်ဆို ဝမ်ကယ်မျက်ဝန်းများက ကစားစရာအရုပ်များကိုကြည့်ခဲ့စဉ်ကထက် ပိုမိုစိတ်အားထက်သန်ကာ ပို၍စွဲမက်ဖွယ်ကောင်းနေသည်။
ဒီလူကိုဘယ်ေန့ဘယ်အချိန်ကတည်းက စတင်ချစ်မိသွားသလဲဆိုတာ ကုန်းကျယ်တစ်ခါမှမစဉ်းစားကြည့်ဖူးပေ။ သေချာသည်ကတော့ ချစ်ခြင်းမေတ္တာအကြောင်း သူစတင်နားလည်လာကတည်းက သူ့နှလုံးသားထဲရှိအသံတစ်ခုက သူ့အား ဒီလူသည် အနာဂတ်တွင်သူ၏သတို့သမီးဖြစ်ကိုဖြစ်လာလိမ့်မည်ဟု အမြဲပြောနေခဲ့ပုံပင်။
အကယ်၍ သူ့ရင်ထဲ၌အချစ်စိတ်များစတင်ပေါက်ဖွားလာသည့်အချိန်ကိုပြောပါဆိုလျှင် ဝမ်ကယ် သူ့ကိုဒီမျက်လုံးမျိုးဖြင့်ကြည့်နေသည်ကို ပထမဆုံးမြင်လိုက်ရသည့်အချိန်ဟုဆိုရပေမည်။ ထိုမျက်လုံးလေးများက ကြောင်လေးတစ်ကောင်၏လက်သည်းလေးများကဲ့သို့ သူ့နှလုံးသားအား ယားကျိကျိ၊ ထုံကျင်ကျင်ဖြစ်လာအောင် ကုတ်ခြစ်ကျီစယ်နေသည်။
ထိုမျက်ဝန်းအစုံမှာ သူ့အား ဆယ်နှစ်ကျော်ကြာအောင် နေ့စဉ်နေ့တိုင်း အချစ်အကြောင်းများညွှန်းဆိုပြခဲ့သည်။ ကုန်းကျယ်တစ်ယောက် အတွေးရေယာဉ်ကြောထဲမျောပါသွားသလိုခံစားရကာ သူ့စိတ်ထဲ၌ သူ့ဘဝ၏မတူညီသောကာလမျိုးစုံမှဝမ်ကယ်များနှင့်ပြည့်နှက်သွားသည်။ ရုတ်တရက် ကလေးငယ်လေးဘဝကို သူပြန်ရောက်သွားပြီး ဆူဖြိုးဖြိုးလက်ဖောင်းဖောင်းလေးတစ်စုံက သူ့ကိုရင်ခွင်ထဲခပ်တင်းတင်းဖက်ကာညင်သာစွာဖြင့် သူ့အား “ကျွမ်းကျွမ်း” ဟုခေါ်နေသည်။ ရုတ်တရက် ဆယ်ကျော်သက်အရွယ်သို့ သူပြန်ရောက်သွားပြီး ငယ်ရွယ်နုပျို၍ချောမောခံ့ညားသည့် လူငယ်လေးက သူ့မျက်ဝန်းများကိုစိုက်ကြည့်နေသည်။ လူငယ်လေး၏မျက်ဝန်းများက တလက်လက်တောက်ပနေသည်။ သို့သော် သူက စိတ်ထဲကခံစားချက်များကိုဝန်ခံပြီး ပြန်လည်တုံ့ပြန်လိုက်ဖို့ ဝန်လေးနေခဲ့သည်။ နောက်တော့ ထိုငယ်ရွယ်နုပျိုသည့်လူငယ်လေးက သူနှင့်ဆင်တူမင်္ဂလာဝတ်စုံေလးဝတ်ဆင်ကာ သင်းအုပ်ဆရာရှေ့၌ အတူတူဘေးချင်းယှဉ်ရပ်နေသည်။ ထို့နောက် သူနှင့်သက်ဆုံးတိုင်အတူလက်တွဲဖို့ အများရှေ့မှောက်တွင်သက်သေထားကာ ကတိသစ္စာပြုတိုင်တည်နေသည်။
အကြောင်းအရာများစွာကိုစဉ်းစားကြည့်ရင်း ကုန်းကျယ် မနေနိုင်တော့ဘဲ ဝမ်ကယ်ကိုယ်ပေါ်လှဲချကာ တိတ်တဆိတ်ရယ်လိုက်သည်။
“ကိုကိုထုန်ထုန်၊ မင်းငါ့အပေါ် အချစ်ကျိန်စာေတွဘာတွေများချထားသလား။ မဟုတ်ရင် ငါဘာလို့မင်းကို ဒီလောက်ေတာင်အရမ်းချစ်မိေနရတာလဲ။ ငါမင်းကိုတစ်နေ့ထက်တစ်နေ့ပိုပြီးချစ်လာတယ်။ မင်း ငါ့မျက်စိအောက်က တစ်မိနစ်လောက်ပျောက်သွားရင်တောင် ငါမနေနိုင်တော့ဘူး။”
ဝမ်ကယ်က သူ့ခေါင်းလေးကိုပွတ်ကာ ပြုံးပြီးပြောလိုက်သည်။
“အဲ့ဒီမေးခွန်းကို ငါကမင်းကိုမေးရမှာ။”
ကြားချင်သည့်အဖြေကိုကြားလိုက်ရတော့ ကုန်းကျယ်ကျေနပ်သွားသည်။ သို့နှင့် သူက ဝမ်ကယ်ကိုမိနစ်အနည်းငယ်လောက် ထပ်ပြီးပွေ့ဖက်လိုက်သည်။
အိမ်မှာဘာစားစရာမှမရှိပေ။ ဝမ်ကယ် ကုန်းကျယ်ပင်ပင်ပန်းပန်း အိမ်အမြန်ပြန်လာသည်ကိုထောက်ထားကာ ဖုန်းနှင့်အပြင်ကနေမှာစားလိုက်သည်။ ညစာစားပြီးနောက် မိသားစုသုံးယောက် ပုံမှန်လမ်းလျှောက်ထွက်သည့်အချိန်ရောက်လာသည်။ ကုန်းကျယ်ကဘယ်ဘက်လက်တွင် ခွေးလေးကိုကိုင်ကာ ညာဘက်လက်တွင် ဝမ်ကယ်ကိုလက်တွဲပြီး ပန်းခင်းဘေးကလမ်းလေးအတိုင်း ဖြည်းညင်းစွာလမ်းလျှောက်လာသည်။ ရေကန်ဘေးကဖြတ်တော့ အဝေးတွင်လူတစ်ယောက်ရှိနေတာကိုတွေ့လိုက်ရသည်။ သို့နှင့် သူတို့နှစ်ယောက် အလိုလိုလက်တွဲဖြုတ်ကာ တမင်ခပ်ခွာခွာနေလိုက်သည်။ သူတို့နှစ်ယောက်စလုံး ဦးထုပ်ဆောင်းထားပြီး ကောင်းကင်ကလည်းမှောင်စပျိုးနေသည်။ ထို့ကြောင့် သူတို့ကို မည်သူမှမမှတ်မိလောက်ဘူးဟုတွေးကာ နှစ်ဦးသားေနာက်ပြန်မလှည့်ဘဲ ရှေ့ဆက်လျှောက်လိုက်သည်။
ရုတ်တရက် ခပ်လှမ်းလှမ်းမှ သီချင်းသံလိုလိုအသံတစ်သံကိုကြားလိုက်ရသည်။ နူးညံ့သိမ်မွေ့သည့်သီချင်းဆိုသံက သေချာမကြားရသည့်တိုင် ထိုအသံကိုဝမ်ကယ်ရင်းနှီးနေသလိုခံစားရသည်။ ထိုအခိုက် သကြားခဲလေးက ငြိမ်နေရာမှ ရှေ့သို့ရုတ်တရက်ပြေးထွက်သွားသည်။ ကုန်းကျယ်လည်း အမှတ်တမဲ့ဖြစ်တာကြောင့် လှမ်းဖမ်းဖို့မမီဘဲ လက်ထဲကသိုင်းကြိုးပါလွတ်သွားသည်။
သူတို့နှစ်ဦးအလန့်တကြားဖြစ်ကာ သကြားခဲလေးနောက် အမြန်ပြေးလိုက်သွားသည်။
သကြားခဲလေးက သူ့ခြေေထာက်လေးများဖြင့် သီချင်းသံရှိရာသို့ပြေးသွားသည်။ ရေကန်၏အခြားတစ်ဖက်ရှိရင်းနှီးသောလူရိပ်ကိုမြင်တော့ သကြားခဲလေးက ပျော်ရွှင်စွာဟောင်သံပေးလိုက်သည်။ ထို့နောက် သူကခြေထောက်လေးများဖြင့် အမြောက်ဆံတစ်လုံးလို ထိုလူကျောပေါ် ခုန်အုပ်လိုက်သည်။
ကောင်လေးက ကျောပေးထားတာကြောင့် သကြားခဲလေးကိုသတိမထားမိပေ။ ရုတ်တရက် ကျောပေါ်လေးခနဲဖြစ်သွားဝောာ့ ကောင်လေးက အရှေ့ဘက်သို့အနည်းငယ်ယိုင်ကျသွားသည်။ သကြားခဲလေးကတော့ သူ့အား ပျော်ရွှင်စွာအမြှီးလေးလှုပ်ယမ်းပြနေသည်။
ကုန်းကျယ်နှင့်ဝမ်ကယ်ရောက်လာတော့ သူတို့ ထိုမြင်ကွင်းကိုတွေ့သွားသည်။ သူတို့ လန့်သွားကာ အနားသို့အပြေးသွားလိုက်သည်။ ထို့နောက် တစ်ယောက်က ခွေးကိုကောက်ချီကာ နောက်တစ်ယောက်က လူကိုထူပေးလိုက်သည်။
“မင်းအဆင်ပြေရဲ့လား။ တောင်းပန်ပါတယ်။ ငါ့အိမ်ကခွေးလေးက နည်းနည်းဆိုးလို့ပါ။ မင်းဒဏ်ရာရသွားသေးလား။”
ဝမ်ကယ်က လူကိုတွဲထူပေးကာ ဂရုတစိုက်မေးလိုက်သည်။
ကောင်လေးက ဘောင်းဘီပေါ်ကပ်နေသည့်ဖုန်များကို လက်နှင့်ခါထုတ်ရင်း:
“ရပါတယ်၊ ရပါတယ်။”
သူခေါင်းမော့လိုက်တော့ မျက်လုံးချင်းဆုံကာ နှစ်ဖက်လုံးအံ့အားသင့်သွားသည်။
“ယွီရန်။ မင်းဘယ်လိုလုပ်ဒီရောက်နေတာလဲ။”
“ဆရာဝမ်။”
ယွီရန်က အံ့အားသင့်သွားပုံပေါ်သည်။ သူက ဝမ်ကယ်တစ်ယောက် အိမ်နေရင်းအဝတ်အစားများဝတ်ထားသည်ကိုမြင်တော့ မေးလိုက်သည်။
“ဆရာဝမ်လည်း ဒီမှာနေတာလား။”
ဝမ်ကယ် မေးခွန်း၏အဓိကဆိုလိုရင်းကို ချက်ချင်းသဘောပေါက်ကာ မေးလိုက်သည်။
“မင်းလည်းဒီမှာနေတာပဲလား။”
ယွီရန်က ခေါင်းညိတ်ပြကာ ညာဘက်ရှိသုံးထပ်တိုက်အိမ်ေလးတစ်လုံးကိုလက်ညှိုးထိုးပြသည်။
“ကျွန်တော်က အဲ့ဒီမှာနေတာ။”
ဝမ်ကယ်က သူလက်ညှိုးထိုးပြသည့်တိုက်ကိုကြည့်ပြီးနောက် သူ့ဘေးမှာရပ်နေသည့်လူကိုလှမ်းကြည့်ကာ ဘာပြောလို့ပြောရမှန်းမသိဖြစ်သွားသည်။ ဒီနေရာတွင်လေးငါးနှစ်ကြာနေလာခဲ့သည့်တိုင် သူတို့အိမ်နီးချင်းက သူ့ရှေ့ကကောင်လေးဖြစ်နေမှန်း သူတို့လုံးဝမသိခဲ့ပေ။
နှစ်ယောက်သားအချင်းချင်းသိနေတာမြင်တော့ ကုန်းကျယ်က စကားစဖြတ်ကာ ဝမ်ကယ်ကိုမေးလိုက်သည်။
“မင်းသူငယ်ချင်းလား။ ဘာလို့အရင်ကမမြင်ဖူးတာလဲ။”
“သူ့နာမည်က’ယွီရန်’။ ကုမ္ပဏီက အသစ်စာချုပ်ချုပ်ထားတဲ့အနုပညာရှင်လေ။ လွန်ခဲ့တဲ့ရက်ပိုင်းကမှ သိကြတာ။”
သူက ရှင်းပြသည်။
ဒီတော့မှ ဘေးတွင်တစ်ချိန်လုံးရပ်နေသည့် ကုန်းကျယ်ကို ယွီရန်သတိထားမိသွားသည်။ ဦးထုပ်ဆောင်းထားတာကြောင့် သူ့မျက်နှာကို ယွီရန်သေချာမမြင်ရပေ။ လူကိုပထမဆုံးအကြိမ်မြင်လိုက်တော့ အရပ်အတော်ရှည်ပြီး ကိုယ်လုံးကိုယ်ထည်တောင့်သည်ဟုသာ ယွီရန်သတိထားမိသည်။ ကုန်းကျယ်စကားပြောလာမှ သူမျက်နှာကို ယွီရန်သေချာကြည့်လိုက်သည်။ ထိုအခါ အကြည့်တစ်ချက်က သူ့အား လိပ်ပြာလွင့်မတတ်ကြောက်လန့်သွားစေသည်။
“ကုန်း…ကုန်း… ကုန်းကျယ်…. ရုပ်….ရုပ်ရှင်…။”
ဒီစကားလုံးလေးပြောဖို့ သူနေ့တစ်ဝက်လောက်အချိန်ယူလိုက်ရသည်။ သို့သော် သူ့မှာ စကားဆုံးအောင်ပင် မပြောနိုင်ပေ။
ကုန်းကျယ်က ကြားရတာငြီးငွေ့နေပြီမို့ သူ့စကားကိုဖြတ်ကာ ရက်ရက်ရောရောဝန်ခံပစ်လိုက်သည်။
“ငါပဲ။”
ယွီရန်က ဝမ်ကယ်ကိုကြည့်လိုက်၊ ကုန်းကျယ်ကိုကြည့်လိုက်နှင့် ဘာစကားမှပြောမထွက်ဘဲ မှင်တက်နေသည်။
သူတို့သုံးယောက် ထိုနေရာတွင်ရပ်နေကြသည်မှာ အများအမြင်တွင်အလွန်ထင်းနေသည်။ ထို့ကြောင့် ဝမ်ကယ်က ယွီရန်ကို အိမ်သို့အရင်ခေါ်လာခဲ့လိုက်သည်။
ယွီရန် ဆိုဖာပေါ်ထိုင်ကာ လက်နှင့်ခြေထောက်များကို ဘယ်ထားလို့ထားရမှန်းမသိအောင် စိတ်ကျဉ်းကြပ်နေသည်။
ဝမ်ကယ်က သကြားခဲလေးကို ခြေထောက်သုတ်ပေးပြီး ကုန်းကျယ်က မီးဖိုခန်းထဲသွားကာ သူ့အတွက် ရေခပ်ပေးသည်။ သူတို့နှစ်ယောက် သဘာဝကျကျ အပြန်အလှန်နားလည်မှုရှိပြီး အပေးအယူတည့်နေသည်ကိုမြင်တော့ ယွီရန်တစ်ယောက် ကြီးမားသောလျို့ဝှက်ချက်ကြီးတစ်ခုကို မတော်တဆချောင်းကြည့်မိလိုက်သလိုခံစားရသည်။ သူက သူတို့နှစ်ဦးနှင့်လည်းသိပ်မရင်းနှီးတာကြောင့် ယွီရန်လက်ဖဝါးမှာဇောချွေးများပြန်လာသည်။
ဒါက ကုန်းကျယ်နဲ့ဝမ်ကယ်လေ၊ သူတို့နှစ်ယောက်က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…….
“ရေသောက်လိုက်ဦး။”
ကုန်းကျယ်က သူ့ကိုရေခွက်ကမ်းပေးလာသည်။ ယွီရန်က ရေခွက်ကို လက်နှစ်ဖက်ဖြင့် အမြန်တလေးတစားယူလိုက်၏။
“ကျေးဇူးတင်ပါတယ်။”
ဝမ်ကယ်က သကြားခဲလေးကိုသန့်ရှင်းရေးလုပ်ပြီးနောက် သကြားခဲလေးနှင့်အတူအနားရောက်လာကာ ကုန်းကျယ်ဘေးဝင်ထိုင်သည်။
“မင်း အရင်က သကြားခဲလေးနဲ့သိခဲ့တာလား။”
ဝမ်ကယ်က ခုနကသူ့သား၏ထူးဆန်းသည့်အပြုအမူကိုကြည့်ကာ သူတို့ယခင်ကသိကျွမ်းဖူးမည်ဟုတွေးလိုက်သည်။
ယွီရန် အစကသတိမထားမိသော်လည်း ယခုတော့ သူ သကြားခဲလေးကို စူးစမ်းသလိုသေချာကြည့်လိုက်သည်။ အရင်ဆုံး သူနည်းနည်းထူးဆန်းသလိုဖြစ်သွားကာ ခေါင်းစောင်းပြီး နောက်တစ်ခါထပ်ကြည့်လိုက်သည်။ ထို့နောက် သူက ရုတ်တရက် ထအော်ကာ လက်ဆန့်ပြီး ခွေးလေးကိုပွတ်သပ်လိုက်သည်။
“မင်းကိုး။ မင်းက ဒီလောက်လှလာတော့ ငါမင်းကိုမှတ်တောင်မမှတ်မိဘူး။”
သကြားခဲလေးက ယွီရန်နောက်ဆုံးမှတ်မိသွားတာမြင်တော့ ပျော်ရွှင်စွာဟောင်ကာ သူ့ဆီသွားဖို့လက်သည်းများနှင့်ကုတ်ခြစ်နေသည်။ သို့နှင့် ဝမ်ကယ်က သူ့သားကို ယွီရန်အားချီခွင့်ပေးလိုက်သည်။
ယွီရန်က ခွေးလေးကိုဖက်ကာ ယခင်က သကြားခဲလေးနှင့်သူ့အကြောင်း ပြန်ပြောပြသည်။
“လွန်ခဲ့တဲ့နှစ်ဝက်က ကျွန်တော် B မြို့ဘက်ခရီးသွားတုန်း လေလွင့်ခွေးလေးတစ်ကောင်နဲ့ဆုံခဲ့တယ်။ အဲ့ဒါသူပဲ။ သူက ကျွန်တော်တည်းတဲ့တည်းခိုရိပ်သာနား မကြာခဏရောက်ရောက်လာတတ်တယ်။ ကျွန်တော်လည်း သနားတာနဲ့ သူ့ကိုမကြာမကြာအစာကျွေးဖြစ်တယ်။ ကျွန်တော် အဲ့မှာလဝက်လောက်နေခဲ့တာ။ သူက ကျွန်တော့်ကို နေ့တိုင်းလာရှာတယ်။ ကျွန်တော်ကလည်း သူကျွန်တော်နဲ့ရေစက်ပါတယ်လို့တွေးပြီး သူ့ကိုအိမ်ပြန်ခေါ်သွားချင်ခဲ့တာ။ ဒါပေမဲ့ ကျွန်တော်မပြန်ခင်ရက်နည်းနည်းအလိုမှာ သူ ရုတ်တရက် ကျွန်တော်ဆီမလာတော့ဘူး။ ကျွန်တော်သူ့ကို နေရာတွေအများကြီးလိုက်ရှာခဲ့ပေမဲ့ ဘယ်မှာမှရှာမတွေ့ခဲ့ဘူး။ နောက်တော့ တခြားမြို့ကအလည်လာတဲ့စုံတွဲတစ်တွဲက မွေးစားဖို့ခေါ်သွားတယ်လို့ကျွန်တော်ပြန်ကြားတယ်။ ကျွန်တော်လည်း သူ့ကိုမွေးစားချင်တဲ့သူရှိတာမြင်တော့ စိတ်ချပြီးပြန်လာတာ။ သူ ဘယ်လိုလုပ်ဆရာတို့ဆီရောက်နေတာလဲ။”
ဝမ်ကယ်က သူ့သားကိုပွတ်ကာ စိတ်မကောင်းစွာပြောလိုက်သည်။
“ငါ သူ့ကို C မြို့မှာတွေ့ခဲ့တာ။ ကြည့်ရတာ အဲ့ဒီစုံတွဲကသူ့ကိုခဏမွေးပြီး ဆက်မမွေးချင်လို့ ပစ်ခဲ့တာထင်တယ်။”
ယွီရန်က ခွေးလေးကိုခပ်တင်းတင်းဖက်ကာ စိတ်မကောင်းစွာ ပြောလိုက်သည်။
“သိပ်သနားစရာကောင်းတာပဲ။ နောက်ဆုံး ဆရာဝမ်တို့နဲ့ေတွ့လို့တော်သေးတာပေါ့။”
ဝမ်ကယ်ကပြုံးကာ ကုန်းကျယ်ကိုကြည့်လိုက်သည်။ ကုန်းကျယ်က WeChat ကနေ သူ့လက်ထောက်နှင့် အလုပ်အကြောင်းဆွေးနွေးနေသည်။ ဝမ်ကယ်သူ့ကိုကြည့်နေမှန်းသိတော့ ကုန်းကျယ်က ဝမ်ကယ့်ညာဘက်လက်ကိုလှမ်းပြီးဆုပ်ကိုင်လိုက်သည်။
ယွီရန် သူတို့နှစ်ယောက်၏မသိမသာအပြုအမူများကိုကြည့်ကာ ရှက်ရှက်နှင့်ခေါင်းငုံ့လိုက်သည်။ ထို့နောက် သူ သတိကြီးကြီးထားကာ မေးလိုက်သည်။
“ဆရာဝမ်၊ ဆရာနဲ့ရုပ်ရှင်ဧကရာဇ်ကုန်းက…”
ဝမ်ကယ်က ယွီရန်ရှေ့မှာ သူတို့နှစ်ယောက်လက်တွဲထားတာကိုလှုပ်ပြရင်း:
“မင်းမြင်တဲ့အတိုင်းပဲ။ ငါတို့ကစုံတွဲတွေလေ။”
လဝက်ကျော်ခန့် ပြောဆိုဆက်ဆံကြည့်ပြီးနောက် ကောင်လေးက စိတ်ထားရိုးရှင်းပြီး စိတ်ခံစားချက်နှင့်ဆိုင်သောကိစ္စများတွင် နည်းနည်းသဘောပေါက်နှေးတာ သူတွေ့ရှိလာသည်။ ထို့ကြောင့် သူသီချင်းဆိုရင်း စိတ်ခံစားချက်ထည့်ရမည့်နေရာများတွင် အထူးတလည်အခက်တွေ့နေခြင်းဖြစ်သည်။ သို့သော် ဒီချို့ယွင်းချက်အသေးအမွှားလေးကလွဲလျှင် ယွီရန်၏ပင်ကိုစရိုက်မှာ အရိုးခံလေးဖြစ်သည်။ ယွီရန်သည် သူနှင့်သိကျွမ်းသည့်အကြောင်းကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဘယ်သောအခါမှထုတ်မပြောခဲ့တာ ဝမ်ကယ်သိနေသည်။ ယွီရန်က ဒီအကြောင်း သူ့အေးဂျင့်ကိုပင် မပြောပြခဲ့ပေ။ ထို့ကြောင့် ဒီကလေးက စိတ်ချရသည်ဟု ဝမ်ကယ်တွေးမိသည်။
နောက်ပြီး သူတို့ကိုယ်တိုင်ကလည်း မိမိတို့နှစ်ဦး၏ဆက်ဆံရေးကို အပြင်လောကသို့ လူသိရှင်ကြားထုတ်ပြောဖို့ရှိနေသည်။ ဒီတော့ လောလောဆယ် သူတို့အနီးအနားရှိလူများမှတစ်ဆင့် တဖြည်းဖြည်းစတင် အကောင်အထည်ဖော်တာပိုကောင်းပေလိမ့်မည်။
“ဒါ….ဒါပေမဲ့၊ အပြင်မှာ အားလုံးပြောနေကြတာ….ဆရာတို့က….”
ဝမ်ကယ်က သက်ပြင်းချလိုက်ကာ:
“ငါတို့လည်း ကိစ္စတွေဒီလိုဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး….”
သူတို့နှစ်ဦးသည် တစ်ပြိုင်တည်း ပွဲဦးထွက်ခဲ့ပြီး၊ ပွဲဦးထွက်ပြီးနောက်ပိုင်း ချက်ချင်းနာမည်ကျော်ကြားခဲ့သည်။ ထို့ကြောင့် မလိုလားအပ်သည့်ပြဿနာများကိုရှောင်ရှားရန် သူတို့ချင်းအပြင်မှာသိပ်မတွေ့ဘဲ အဆက်အသွယ်သိပ်မလုပ်ဖို့ သဘောတူခဲ့ကာ သူတို့နှစ်ဦး၏ဆက်ဆံရေးကိုအပြင်လူများ ဘယ်သောအခါမှမမြင်အောင် ဖုံးကွယ်ထားခဲ့သည်။ သို့သော် ဒီလုပ်ရပ်က နောက်ပိုင်း အချင်းချင်းမျက်နှာချင်းမဆိုင်နိုင်လောက်အောင်ဖြစ်ေနကြသည်ဟူ၍ မီဒီယာများ၏အထင်လွဲခြင်းခံခဲ့ရကာ နောက်ဆုံးတွင် သူတို့နှစ်ဦးအား ရန်သူတော်များအဖြစ် ဖော်ပြခြင်းခံလိုက်ရသည်။ သူတို့ဖန်များကပါ အချင်းချင်းစတင်တိုက်ခိုက်ကာ တွေ့သည်နှင့်ရန်ဖြစ်ကြတော့သည်။
ထိုအချိန်၌ အခြေအနေများက သူတို့ထိန်းချုပ်နိုင်သည့်အတိုင်းအတာထက်ကျော်လွန်သွားသည်။ အင်တာနက်သုံးစွဲသူများမှာ အထင်မှားများလုံးဝရိုက်သွင်းခံထားရပြီး သူတို့ဘယ်လိုမှရှင်းပြလို့မရတော့ပေ။ ထို့ကြောင့် သူတို့လည်း သန်းခေါင်ထက်ညဉ့်မနက်ဆိုသလို လွှတ်ထားလိုက်ရသည်။
ယွီရန် နားထောင်ပြီးနောက် စကားလုံးများေပျာက်ဆုံးဆွံ့အသွားသည်။ အတင်းအဖျင်းေတွက တကယ်ပင်လူသတ်နိုင်ပေသည်။
သို့သော် သူတို့နှစ်ဦး၏ဆက်ဆံရေးအမှန်ကိုတွေးမိတော့ အမှန်တရားက အတင်းအဖျင်းတွေလောက်မကောင်းဘူးပဲဟု သူခံစားရသည်။
ယွီရန်မှာ သူတို့နှစ်ဦးဆက်ဆံရေးကြောင့် အံ့ဩရသော်လည်း အသိစိတ်တော့အကောင်းအတိုင်းကျန်ရှိနေသေးသည်။ သို့နှင့်သူက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
“ဆရာ စိတ်ချပါ။ ကျွန်တော်လုံးဝလျှောက်မပြောပါဘူး။ ဒီလျို့ဝှက်ချက်ကို ကျွန်တော်သေတဲ့အထိဝမ်းထဲမှာပဲသိမ်းထားပါ့မယ်။”
ဝမ်ကယ် ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။
ယွီရန် သူတို့အိမ်မှာတစ်နာရီခန့်နေခဲ့သည်။ ကုန်းကျယ်က ယွီရန်နှင့်မရင်းနှီးတာကြောင့် ဝမ်ကယ်ကသာ သူနှင့်တစ်ချိန်လုံးစကားတွေပြောနေသည်။ ကုန်းကျယ်ကတော့ တစ်လျှောက်လုံးအလုပ်များနေ၏။ တစ်နာရီခန့်အဆင်ပြေပြေစကားပြောပြီးနောက် ယွီရန်တစ်ယောက် သူနှင့်ဆရာဝမ် သိပ်မစိမ်းတော့ဘဲ နည်းနည်းပိုရင်းနှီးလာသလိုခံစားရသည်။ သူက သကြားခဲလေးကို မကြာခဏလာတွေ့လို့ရမလားဟုမေးကာ ဝမ်ကယ်ဆီကခွင့်ပြုချက်ရပြီးနောက် ဝမ်းသာအားရအိမ်ပြန်သွားတော့သည်။
ယွီရန်ပြန်သွားသည်နှင့် ကုန်းကျယ်က iPad ကိုချက်ချင်းဘေးချကာ မျက်နှာမသာမယာဖြင့် တစ်ဖက်လူကိုဆိုဖာပေါ်ဖိထားလိုက်သည်။
“အဲ့ကောင်စုတ်လေးနဲ့စကားပြောပြီး ဒီလောက်ပျော်နေတာ၊ မင်းသူ့ကို အဲ့ဒီလောက်တောင်သဘောကျတာလား။”
ဝမ်ကယ်က ကုန်းကျယ်ဆံစများကိုထိုးဖွပြီး သူစိတ်ပျော်အောင် နမ်းလိုက်သည်။
“ကလေးနဲ့လည်း မနာလိုဖြစ်တာပဲ၊ ရင့်ကျက်စမ်းပါ။ ငါ အဲ့ဒီကလေးကိုတကယ်သဘောကျတယ်ဆိုတာက သူ့မှာ ပင်ကိုပါရမီရှိလို့။ အခက်အခဲတွေကိုလည်းရင်ဆိုင်ရဲတယ်။ အကယ်၍ တစ်ယောက်ယောက်က သူ့ကိုသေချာပျိုးထောင်ပေးလိုက်ရင် သီချင်းဂီတလမ်းကြောင်းပေါ်မှာ သူ သေချာပေါက်ကောင်းကောင်းလျှောက်လှမ်းနိုင်လိမ့်မယ်။”
“မင်းက သူ့ကိုကိုယ်တိုင်သင်ပေးချင်တာလား။”
“လောလောဆယ် ဒီအကြောင်းပြောဖို့က စောပါသေးတယ်။အရင်စောင့်ကြည့်တာပေါ့။”
“တကယ် သူ့မှာဂီတပါရမီပါလို့သဘောကျရုံပဲမလား၊ တခြားကြောင့်သဘောကျတာမဟုတ်ဘူးမလား။”
ကုန်းကျယ်က စိုးရိမ်တကြီးနှင့်ထပ်မေးသည်။
ဝမ်ကယ်က မျက်ဖြူလှန်ပြကာ:
“အဲ့ကလေးက ခုမှ (၁၈)နှစ်ပဲရှိသေးတယ်၊ အမွေးတောင်စုံအောင်မပေါက်သေးဘူး။ ပြီးတော့ ငါ ဘယ်လိုပုံစံမျိုးကြိုက်တယ်ဆိုတာ မင်းစိတ်ထဲမှာသိပြီးသားလေ။”
ဝမ်ကယ်က လက်ချောင်းလေးများဖြင့် ကုန်းကျယ်ရင်ဘတ်ပေါ် စက်ဝိုင်းဝိုင်းနေသည်။ ကုန်းကျယ်လည်း နည်းနည်းကျေနပ်သွားသည်။ သို့သော် သူက စူပုပ်ပုပ်ဆက်လုပ်နေကာ မသိချင်ယောင်ဆောင်ပြီးမေးလိုက်သည်။
“မင်း ဘယ်လိုပုံစံမျိုးကြိုက်မှန်း ငါက ဘယ်လိုလုပ်သိမှာလဲ။”
ဝမ်ကယ်က ဒေါသထွက်သလိုပြုံး၍ သူ့ရင်ဘတ်ကိုလက်ညှိုးဖြင့်ထိုးကာ သူနှင့်အတူလိုက်ပြီးသရုပ်ဆောင်လိုက်သည်။
“မသိဘူးလား။ ဒါဆို ကိုကိုမင်းကိုနောက်တစ်ေခါက်ထပ်ပြောပြမယ်။ ကိုကို့အကြိုက်က အရပ်(၁၈၈) စင်တီမီတာအထက်၊ ဗိုက်ကြွက်သား (၈)ခုရှိပြီး၊ နတ်သားလေးလိုချောရမယ်၊ နာမည်နှစ်လုံးနဲ့ အသက်ကလည်း ငါ့ထက် (၂)နှစ်ငယ်ရမယ်။ ပြီးတော့…..”
ပြောနေရင်း သူ ကုန်းကျယ်လည်တိုင်ကိုဖက်တွယ်ကာ ကုန်းကျယ်နားထဲ စကားလုံးအချို့တီးတိုးပြောလိုက်သည်။ ပြောပြီးသည်နှင့် သူက ပရောပရည်လုပ်ကာ ကုန်းကျယ်နားရွက်ကို လျှာနှင့်လျက်လိုက်၏။
ကုန်းကျယ်၏မျက်လုံးများချက်ချင်းအရောင်လက်သွားသည်။ သူက လေတစ်ချက်ချွန်ကာ လူကိုအပေါ်ထပ်သို့ပွေ့ချီသွားရင်း:
“မင်းက ဒီလိုမျိုးသဘောကျမှတော့ ငါ မင်းကိုဖြည့်ဆည်းပေးရမှာပေါ့။”
*****
Aurora Novel Translation Team