Chapter 15
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 15 - ရှက်စရာအတိတ်
အပိုင်း (၁၅) – ရှက်စရာအတိတ်
👻👻👻
ကုန်းကျယ်က ခပ်တည်တည်ပင်ပြုံးနေသည်။ ဝမ်ကယ်ကတော့ သူ့လိုတည်ငြိမ်စွာရင်ဆိုင်ဖို့ဝေးစွ၊ ခုနကတစ်ကြိမ်လူအများအာရုံစိုက်ခံထားရသည့်အပြင် အခုလည်းသူတို့နောက်မှာလူတွေအများကြီးဝိုင်းကြည့်နေကာ စသလိုနောက်သလို လေချွန်သံများပင်ကြားလိုက်ရတာကြောင့် ချက်ချင်းမျက်နှာနီမြန်းကာ ခေါင်းမဖော်နိုင်ဖြစ်သွားသည်။
ကုန်းကျယ်လည်း ငွေရှင်း၍ အထုပ်အပိုးများသယ်ကာ မျက်နှာတစ်ခုလုံးသွေးထွက်မတတ်နီမြန်းနေသောသူ့ချစ်သူေလးကို စူပါမားကတ်ထဲမှအမြန်ခေါ်ထုတ်လာသည်။
သူတို့ပြန်ထွက်လာသည့်အချိန် လိုင်း၏နောက်ဆုံးတွင်တန်းစီနေသော တရုတ်လူမျိုးမိန်းကလေးတစ်ယောက်က သူတို့နှစ်ေယာက်ကျောပြင်ကိုကြည့်ကာ တွေဝေမှင်တက်သွားသည်။
“ငါ ကုန်းကျယ်နဲ့ဝမ်ကယ်ကို မြင်လိုက်သလိုပဲ။”
မိန်းကလေးက အကြာကြီးကြည့်ေနပြီးမှ ဘေးကသူငယ်ချင်းအဖော်ကိုလက်တို့၍ အခိုင်အမာပြောလိုက်သည်။
“ဘယ်သူလဲ။”
မိန်းကလေး၏သူငယ်ချင်းအဖော်က တစ်ချိန်လုံးဂိမ်းဆော့နေသည်။ ထို့ကြောင့် အရှေ့ဘက်လူအုပ်ထဲတွင်ဖြစ်ပျက်သွားသည်များကို သတိမထားမိလိုက်ပေ။
“ကုန်းကျယ်နဲ့ဝမ်ကယ်။”
မိန်းကလေးက ထပ်ပြောသည်။ သူ(မ)စကားကိုကြားတော့ သူငယ်ချင်းအဖော်ဖြစ်သူကဖုန်းကိုချကာ မိန်းကလေးနဖူးကိုလက်နှင့်စမ်းကြည့်ပြီး အရူးတစ်ယောက်ကိုကြည့်သလိုကြည့်ကာပြောလိုက်သည်။
“နင်ဟာလေ နင့်မင်းသားနတ်ဘုရားတွေအကြောင်း အတွေးလွန်ပြီရူးများသွားသလား။ ဒီနေရာကဂျာမနီလေ။ သူတို့က ဘယ်လိုလုပ်ဒီနေရာရောက်လာမှာလဲ။ နောက်ပြီး ကုန်းကျယ်နဲ့ဝမ်ကယ်အတူတူထွက်လာဖို့ နင်မို့လို့တွေးရဲတယ်။ ငါတော့ အိမ်မက်ထဲတောင် အဲ့လိုထည့်မမက်ရဲဘူး။”
“ငါလည်း ဒါလုံးဝမဖြစ်နိုင်မှန်းတွေးမိပါတယ်။ ဒါပေမဲ့ ငါက ငါးနှစ်တိတိ သူတို့နှစ်ယောက်ရဲ့အမာခံဖန်လုပ်လာတာ။ နောက်ကျောကြည့်ရုံနဲ့ အဲ့ဒါသူတို့မှန်းသေချာသိတယ်။ နင် ငါ့ဦးနှောက်ကိုမယုံရင်နေ။ ငါ့မျက်လုံးတွေကိုတော့ နင်မယုံလို့မရဘူး။”
မိန်းကလေးက သူ(မ)မျက်လုံးများကို လက်ညှိုးထိုးပြကာ လေးနက်စွာပြောလိုက်သည်။
မိန်းကလေး၏သူငယ်ချင်းအဖော်က သူ(မ)စကားကိုပြန်မချေပနိုင်ပေ။ အကြောင်းက သူ(မ)သည် လေယာဉ်မှူးတစ်ယောက်ဖြစ်ပြီး မျက်စိအမြင်အာရုံ (၂.၅)ရှိသူဖြစ်သည်။ သူ(မ)က မီတာ(၅၀)အကွာ၌ရပ်နေလျှင်ပင် မိမိမျက်နှာ၌မိတ်ကပ်ညီမညီ၊ ပျက်နေလား၊ ကွက်နေလားဆိုတာ အတပ်ပြောနိုင်သည်။ ဒါက အလွန်ထူးဆန်းသလို အလွန်လည်းကြောက်စရာကောင်းလှသည်။ သို့သော် သူ(မ)စကားကို ဒီအတိုင်းယုံကြည်ပေးလိုက်ဖို့လည်းမဖြစ်နိုင်ပေ။ သို့နှင့်သူငယ်ချင်းအဖော်ဖြစ်သူက သူ(မ)အား တစ်ခွန်းထပ်မေးသည်။
“ဒါဆို နင်ပြောကြည့်။ သူတို့ဘာလုပ်နေတာနင်မြင်လိုက်လဲ။”
“သူတို့…..နမ်းနေကြတာ။”
သူငယ်ချင်းအဖော် : …..
ငါးစက္ကန့်ကြာတော့ သူငယ်ချင်းအဖော်က ပြောလိုက်သည်။
“ငါ အခုတော့ နင်ထင်ယောင်ထင်မှားဖြစ်နေမှန်းသေချာသွားပြီ။ နင်နဲ့ကုန်းကျယ်လက်ထပ်လိုက်တယ်လို့ပြောရင်တောင် ငါနင့်ကို ယုံပေးလို့ရသေးတယ်။”
မိန်းကလေးက နှုတ်ခမ်းစေ့ကာ မပျော်မရွှင်ဖြစ်သွားလေသည်။
👻👻👻
အိမ်ပြန်ရောက်တော့ ကုန်းကျယ် ရေချိုးဆပ်ပြာဘူးကို ရေချိုးခန်းထဲအရင်ထည့်လိုက်သည်။ ဝမ်ကယ်က ဧည့်ခန်းထဲမှာဖုန်းပြောနေသည်။
ဖုန်းခေါ်သူက ယင်ယွီထျန်းဖြစ်သည်။ သူက ဝမ်ကယ်ကို မနက်ဖြန်အပြင်ထွက်လည်ချင်လားဟုမေးနေသည်။ နောက်ပြီး ရိုက်ကူးရေးအဖွဲ့ကလည်း သူတို့အား ဂျာမနီနိုင်ငံ၏ဓလေ့ထုံးစံများကိုလေ့လာရန် စိတ်အားထက်သန်စွာဖိတ်ခေါ်နေသည်။
ဝမ်ကယ်က ရေချိုးခန်းဘက်တစ်ချက်လှမ်းကြည့်ကာ :
“ကျွန်တော်မလိုက်တော့ဘူး။ ခင်ဗျားတို့ပဲပျော်အောင်လည်ခဲ့ပါ။ ကျွန်တော် အင်္ဂါနေ့မှ စတူဒီယိုကိုတန်းလာပြီး ခင်ဗျားတို့နဲ့တွေ့ေတာ့မယ်။”
ယင်ယွီထျန်းက ဝမ်ကယ်ကုန်းကျယ်နှင့်အတူရှိေနမှန်းသိတာကြောင့် ဒီအဖြေအပေါ် မအံ့ဩမိပေ။ သို့သော် သူက စိတ်မချနိုင်ေသးဘဲ သူတို့အပြင်ထွက်လျှင် သတိထားဖို့အထပ်ထပ်မှာကာ သတိပေးလိုက်သည်။ ပြည်ပတွင်ရောက်နေသော်လည်း တရုတ်လူမျိုးခရီးသွားများနှင့် မတော်တဆမဆုံဘူးဟုအတပ်မပြောနိုင်ပေ။ အကယ်၍ သူတို့ကိုမှတ်မိသွားပါက ပြဿနာအကြီးကြီးတက်သွားနိုင်သည်။
ဝမ်ကယ်က ကတိပေးကာပြောသည်။
“ခင်ဗျားတို့လည်း အပြင်ထွက်ရင်သတိထားဦး။ ယဲ့ချင်ကိုသေချာခေါ်သွား။ ပြဿနာတစ်ခုခုဖြစ်ရင် ကျွန်တော်ဆီဖုန်းဆက်နော်။”
ယင်ယွီထျန်းရောယဲ့ချင်ရော တစ်ယောက်မှဂျာမန်စကားမပြောတတ်ပေ။ ထို့ကြောင့် သူတို့နှစ်ဦးအပြင်ထွက်လည်မည်ကို ဝမ်ကယ်အတော်စိုးရိမ်မိသည်။ နောက်ပြီး ယင်ယွီထျန်းမှာ လမ်းနေရာများမမှတ်မိသူဖြစ်ကာ ယခင်ပြည်ပခရီးစဉ်များတုန်းကလည်း အကြိမ်ပေါင်းများစွာလမ်းပျောက်တတ်သူဖြစ်လေသည်။ ထို့ကြောင့် ဝမ်ကယ် သူတို့ကိုပိုစိတ်မချဖြစ်မိသည်။
“အေးပါ။”
ယင်ယွီထျန်းက မျက်နှာပေါင်းတင် mask ကပ်ရင်း မပွင့်တစ်ပွင့်ပြန်ဖြေကာ မနက်ဖြန်အပြင်ထွက်လျှင်ဝတ်ဖို့အဝတ်အစားများ ပျော်ပျော်ကြီးပြင်ဆင်လေေတာ့သည်။
သူ့ခမျာ လမ်းနေရာများမမှတ်မိသော်လည်း ပျော်ပါးလည်ပတ်ချင်စိတ်ကိုေတာ့ထိန်းမရနိုင်ပေ။
ညဆယ်နာရီကျော်တော့ သူတို့နှစ်ယောက်ရေချိုးကာ အိပ်ရာပေါ်တက်လိုက်သည်။ ဒီအိမ်၏အိပ်ရာက ပြည်မကြီးရှိအိပ်ရာလောက်မကြီးပေ။ သို့နှင့် သူတို့နှစ်ယောက် တစ်ဦးနှင့်တစ်ဦးပူးကပ်ကာအိပ်လိုက်သည်။ လက်မောင်းလက်မောင်းချင်း၊ ခြေဖျားခြေဖျားချင်း အလွန်နီးကပ်ဖက်တွယ်ကာ အသက်ရှူသံများ အချင်းချင်းရောယှက်သွားသည်။
အိပ်ရာထက်တွင်နီးကပ်စွာထိကပ်ရင်း မွေ့ယာအပူချိန် မသိလိုက်မသိဘာသာ တဖြည်းဖြည်းမြင့်တက်လာသည်။ ကုန်းကျယ် ဘေးစောင်းကာ ချစ်သူကိုရင်ခွင်ထဲတင်းကျပ်စွာဖက်လိုက်၏။ သူတို့နှစ်ဦးက ရင်ချင်းဆက်အမွှာများကဲ့သို့ပူးကပ်နေသည်။ ချစ်သူရင်ခွင်ထဲရှိနေတာမို့ သူ့နှလုံးသားက မြင်းများဒုန်းစိုင်းပြေးနေသကဲ့သို့ဗလောင်ဆူလာသည်။ လက်နှစ်ဖက်က သူ့စကားနားမထောင်ဘဲ တဖြည်းဖြည်းအထိန်းအချုပ်မဲ့ကာ ချစ်သူ၏ရင်ဘတ်နှင့်ဝမ်းဗိုက်သားများကို ဂရုတစိုက်ပွတ်သပ်နေသည်။ တစ်ချိန်တည်းမှာ ဝမ်ကယ့်ပုခုံးပေါ်သို့ နွေးထွေးစိုစွတ်သည့်အနမ်းများ တစ်ခုပြီးတစ်ခုဖြည်းညင်းစွာကျရောက်လာသည်။
ဝမ်ကယ် မျက်လုံးများဝေဝါးကာ ကုန်းကျယ်လက်မောင်းကိုဆုပ်ကိုင်လိုက်သည်။ ကုန်းကျယ်၏လက်ချောင်းများ အရှေ့မှအနောက်သို့ရွေ့လျားသွားသည့်အခါ ဝမ်ကယ်ရုတ်တရက်အသိဝင်ပြီး ကုန်းကျယ်လက်များကိုဖမ်းကိုင်လိုက်သည်။
“မဖြစ်ဘူး။ အောက်ထပ်မှာလူတွေရှိသေးတယ်။”
အတားခံလိုက်ရတော့ ကုန်းကျယ် နောက်ဆုံးမှာ ကိစ္စတချို့ကိုပြန်အမှတ်ရသွားသည်။
ဤအိမ်ကို မစ္စတာနှင့်မစ္စစမစ်တို့ငယ်စဉ်က ကိုယ်တိုင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း(၄၀)ကျော်သက်တမ်းရှိကာ မြို့ထဲရှိရှေးအကျဆုံးအိမ်များထဲမှတစ်ခုဟုမှတ်ယူနိုင်သည်။ အိမ်သက်တမ်းအလွန်ကြာမြင့်တာကြောင့် အနည်းနှင့်အများအိမ်အိုအိမ်ဟောင်းများ၏လက္ခဏာအချို့ရှိနေသည်။ ဥပမာ နံရံဆေးကွာတာမျိုး၊ လှေကားအိမ်ဟောင်းနွမ်းလာတာမျိုး၊ နံရံတွေပါးပြီး၊ အသံမလုံတာမျိုး……
နောက်ပြီး သူတို့အိပ်ခန်းအောက်တည့်တည့်တွင် မစ္စတာနှင့်မစ္စစမစ်တို့အိပ်ခန်းရှိသည်။ ပုံမှန်ဆို မစ္စတာနှင့်မစ္စစမစ်တို့မှာ သူတို့နှစ်ဦး အိမ်ထဲလှည့်ပတ်သွားကာ စကားပြောဆိုသံများကိုမကြားရပေ။ သို့သော် ပိုမိုကျယ်ေလာင်သည့်ဆူညံသံများဖြစ်သည့် အော်ဟစ်ရန်ဖြစ်တာမျိုး သို့တည်းမဟုတ် အပြင်းအထန်လေ့ကျင့်ခန်းလုပ်ကြတာမျိုးကိုတော့ သူတို့ရှင်းလင်းပြတ်သားစွာ ကြားနိုင်သည်။
အိမ်ပြောင်းပြီးပထမဆုံးလ၌ ဤအိမ်၏အသံလုံနိုင်စွမ်းမှာ အလွန်စိုးရိမ်စရာကောင်းေကြာင်း သူတို့မသိခဲ့ကြပေ။ သို့နှင့် နှစ်ယောက်သား အချို့ကိစ္စများလုပ်သည့်အခါ ထိန်းထိန်းသိမ်းသိမ်းမရှိခဲ့ပေ။ သစ်သားကုတင်က တကျွီကျွီမြည်အောင်လှုပ်ယမ်းေနသည့်အပြင် စိတ်မထိန်းနိုင်ဘဲအလွန်ကျယ်လောင်စွာအသံထွက်အော်ဟစ်မိတာမျိုးရှိေပသည်။ မိသားစုဝင်များ၏အနှောင်အဖွဲ့မှကင်းလွတ်၍ ပထမဆုံးအကြိမ်အတူတူနေထိုင်ကြခြင်းဖြစ်တာကြောင့် သူတို့နှစ်ယောက်စိတ်ရှိတိုင်း အတားအဆီးမရှိလွတ်လပ်စွာပျော်မွေ့ခဲ့ကြသည်။
နောက်တစ်နေ့ရောက်တိုင်း မစ္စတာနှင့်မစ္စစမစ်တို့ သူတို့အပေါ်ကြည့်သည့်မျက်လုံးအကြည့်အရှုများက အနည်းငယ်မသင်္ကာစရာကောင်းေနသော်လည်း သူတို့မှာဂေးစုံတွဲများဖြစ်တာကြောင့် တမျိုးတမည်ကြည့်ကြခြင်းဖြစ်မည်ဟုတွေးကာ အထူးတလည်စိတ်ထဲမထားခဲ့ပေ။
တစ်လကြာတော့ မစ္စစမစ်တစ်ယောက် မျက်လုံးအောက်၌မျက်ကွင်းများညိုလာကာ အလွန်ပင်ပန်းနေပုံရသည်။ သူ(မ)က သူတို့နှစ်ဦးကိုအခန်းထဲဆွဲခေါ်သွားသည်။
မစ္စစမစ်မျက်တွင်းချောင်ဖြစ်နေတာမြင်တော့ ဝမ်ကယ်စိတ်ပူကာ သူ(မ)ကျန်းမာရေးများမကောင်းဘူးလားဟု စိုးရိမ်မိသည်။ သို့သော် သူ(မ)ပြောလိုက်သည့်စကားများနားထောင်ပြီးနောက် ဝမ်ကယ်တိုက်ပေါ်ကသာ ခုန်ချပစ်လိုက်ချင်ေတာ့သည်။
“မင်းတို့က သန်သန်မာမာအရွယ်ကောင်းလေးတွေဆိုတော့ မင်းတို့အသက်အရွယ်နဲ့ ဒီလိုကိစ္စမျိုးက ပုံမှန်ပါပဲ။ အန်တီနားလည်ပါတယ်။ ဒါပေမဲ့ အန်တီနဲ့စမစ်က ဘာပဲပြောပြောအသက်တွေလည်းကြီးပြီဆိုတော့ နေ့တိုင်းမနက်သုံးလေးနာရီအထိနိုးေနပြီးမှအိပ်ရာဝင်ရတာ တကယ်ခက်ခဲလို့ပါ၊ အဲ့ဒါကြောင့်….”
အာရှသားများက ဒီကိစ္စမျိုးကို အနောက်တိုင်းသားများလောက်ပွင့်ပွင့်လင်းလင်းမပြောကြမှန်း မစ္စစမစ်သဘောပေါက်ထားသည်။ ထို့ကြောင့် သူ(မ)က စကားလုံးများကို တမင်ထိန်းထိန်းသိမ်းသိမ်းရွေးချယ်ပြောခဲ့သည်။ သို့သော် ထိုသို့ပြောသည်ကပင် ဝမ်ကယ်ကိုမျက်နှာတင်မက နားရွက်၊ လည်ပင်းများအထိ ခရမ်းချဉ်သီးတစ်လုံးလိုနီရဲသွားစေသည်။
မစ္စစမစ်က ဒါကိုမြင်တော့ ဘာမှဆက်မပြောဘဲရပ်လိုက်သည်။
ကုန်းကျယ်ကတော့ သူလည်းအလွန်ရှက်သော်ငြား တည်တည်ငြိမ်ငြိမ်ရှိသေးသည်။ သူက မစ္စစမစ်ကိုတောင်းပန်စကားဆိုကာ နောင်ကိုထိန်းထိန်းသိမ်းသိမ်းလုပ်ပါ့မည်ဟု ကတိပေးလိုက်ပြီးနောက် ဝမ်ကယ့်ကိုဆွဲခေါ်လာသည်။ သူတို့အဲ့ဒီမှာကြာကြာဆက်နေေနလျှင် ဝမ်ကယ်တကယ်ကြီး ပြတင်းပေါက်ဖွင့်ကာ တိုက်ပေါ်ကခုန်ချသွားမှာစိုးရသည်။
ထိုနေ့ပြီးကတည်းက ဝမ်ကယ်တစ်ယောက် တစ်လလုံးလုံး မစ္စတာနှင့်မစ္စစမစ်ကိုမျက်နှာမပြရဲပေ။ သူက မျက်နှာလေးရဲကာ အဓိကတရားခံဖြစ်သူကုန်းကျယ်အား လည်ပင်းညှစ်ပစ်လိုက်သည်။ သူ့မှာ ရှက်လည်းရှက် ဒေါသလည်းထွက်ကာ နေ့တစ်ဝက်လောက် ငိုကြွေးမြည်တမ်းပြီးနောက် တစ်လတိတိထိုကိစ္စရှောင်ဖို့ ရာဇသံထုတ်လိုက်သည်။
ထိုအချိန်မှစ၍ ဝမ်ကယ် ကုန်းကျယ်နှင့်ပြန်လည်ချစ်တင်းနှောသည့်အခါ ဘယ်တော့မှထပ်ပြီးမအော်ရဲတော့ပေ။ ကုန်းကျယ်ဘယ်လောက်ပြင်းပြင်းထန်ထန်လုပ်ပါစေ၊ ဝမ်ကယ်က အသံမထွက်အောင်သည်းခံမျိုသိပ်ခဲ့သည်။ တစ်ခါတရံ ကုန်းကျယ်လှုပ်ရှားရင်းနည်းနည်းပြင်းသွားလျှင်တောင် ဝမ်ကယ်က ကုတင်ပေါ်မှာရန်မလုပ်ဘဲ ကိုယ့်ဟာကိုယ်အံကြိတ်သည်းခံခဲ့သည်။ ထို့အပြင်ကုတင်ကလည်းအရည်အသွေးမကောင်းတာကြောင့် နည်းနည်းလုပ်တာပြင်းသွားသည်နှင့် တကျွီကျွီအသံထွက်လာသည်။
ဒီနေရာတွင်မနေတာအလွန်ကြာပြီမို့ ကုန်းကျယ် ဒီအကြောင်းကို မေ့ေပျာက်လုနီးပါးဖြစ်နေသည်။ ဝမ်ကယ်လည်း ဒီအကြောင်းတကယ်ပင်မေ့လျော့နေခဲ့သည်။ သို့သော် သူ အခုလေးတင်အတွေးဝင်မိတော့ မစ္စစမစ်မျက်နှာက သူ့စိတ်ထဲရုတ်တရက်ဘွားခနဲပေါ်လာသည်။ သူချက်ချင်းပဲအတိတ်ကိုပြန်သတိရသွားကာ သူတို့အပေါ်စနောက်စရာေနာက်ထပ်အကြောင်းရင်းတစ်ရပ်ပေါ်လာမည်စိုးတာကြောင့် အမြန်ရပ်ခိုင်းလိုက်သည်။
ကုန်းကျယ် ချွေးပေါက်ပေါက်ကျလုနီးပါးဖြစ်နေသည်။ သို့သော် ဝမ်ကယ်က မျက်နှာအရေမထူသလို စိတ်ထိခိုက်လွယ်ကာ အတင်းဖိအားေပးလို့မရမှန်းသူသိထားသည်။ သို့နှင့် သူက လူကိုအိပ်ရာထဲမှ မြန်နိုင်သမျှမြန်မြန်ပွေ့ချီကာ ပြတင်းပေါက်နားဖိထားပြီး ဆက်လုပ်လိုက်သည်။
ညအိပ်မီးအိမ်လေးက ခပ်မှိန်မှိန်လင်းနေကာ မြစိမ်းရောင်ခန်းစည်းစပေါ်တွင် အရိပ်နှစ်ခုလှုပ်ရှားနေသည်။ နောက်ပြီး ခန်းလုံးပြည့်ချစ်သင်းရနံ့များက မနက်ခင်းအရုဏ်တက်ရောင်နီသန်းမှ တဖြည်းဖြည်းရပ်တန့်သွားသည်။
နောက်ဆုံးအခေါက်ပြီးတော့ ဝမ်ကယ်အလွန်ပင်ပန်းကာ အိပ်ရာပေါ်တင်ေပးလိုက်သည်နှင့် ချက်ချင်းအိပ်ပျော်သွားသည်။
သူအိပ်မောကျနေတုန်း အပြင်ဘက်မှ အသံဗလံအချို့မပီဝိုးတဝါးကြားရသည်။ သို့သော် သူ့မှာ မျက်ခွံများလုံးဝဖွင့်မကြည့်နိုင်အောင်လေးလံနေသည်။ သို့နှင့် သူနောက်တစ်ကြိမ်ပြန်အိပ်ပျော်သွားသည်။ သူ နိုးလာတော့ နေ့လယ်(၂)နာရီထိုးနေပြီ။
ကုန်းကျယ်က အိမ်မှာမရှိပေ။
“ကျွမ်းကျွမ်း။”
ဝမ်ကယ် အော်ခေါ်လိုက်သည်။ သူ့အသံကအက်ရှနေဆဲပင်။
သူအကြာကြီးစောင့်နေသော်လည်း ဘာအသံမှမကြားရတာကြောင့် ကုန်းကျယ် အိမ်မှာမရှိတာသေချာသွားသည်။ ဝမ်ကယ် ထထိုင်လိုက်တော့ ကုတင်ဘေးမှာစာတိုလေးတစ်စောင်ေတွ့ရသည်။—
[ငါအပြင်ခဏသွားတယ်။ မြန်မြန်ပြန်ခဲ့မယ်]
ဝမ်ကယ် အကြောဆန့်ကာ အိပ်ရာဖြည်းဖြည်းထ၍ ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲဝင်သွားသည်။
သူပြန်ထွက်လာတော့ တံခါးဝမှအသံများကြားရသည်။ ဝမ်ကယ်ဧည့်ခန်းဘက်လျှောက်သွားတော့ ကုန်းကျယ်က စားစရာအထုပ်နှစ်ထုပ်သယ်ကာ သူ့ကိုပြုံးပြီးပြောလိုက်သည်။
“အတော်ပဲ၊ ငါထမင်းဝယ်လာတယ်။ ထမင်းအရင်စားရအောင်။”
ကုန်းကျယ်က ထမင်းဘူးစားပွဲပေါ်တင်ပြီးအဖုံးဖွင့်လိုက်တော့ တရုတ်အစားအစာဖြစ်နေသည်။
“ဒီနားမှာတရုတ်စားသောက်ဆိုင်ရှိတယ်လား။”
ဝမ်ကယ်အံ့အားသင့်သွားသည်။ သူဒီမှာလေးနှစ်ကြာနေခဲ့စဉ် ဒီနားတစ်ဝိုက်တွင် တရုတ်စားသောက်ဆိုင်တစ်ခါမှမရှိခဲ့ဖူးပေ။ ယခင်က တရုတ်အစားအစာစားချင်လျှင် တစ်နာရီကျော်ကြာမြေအောက်ရထားစီး၍ တခြားေနရာသွားစားရသည်။
“အသစ်ဖွင့်ထားတာ၊ မင်းအိပ်နေတုန်း မစ္စစမစ်လာသွားတယ်။ သူ(မ) ငါ့ကိုပြောပြတာ။”
ဝမ်ကယ်က တူကိုကိုက်ရင်း:
“မစ္စစမစ်လာသွားတယ်လား။”
“အင်း။ အစကတော့ သူ(မ)က ငါတို့ကိုထမင်းစားလာဖိတ်တာ။ ဒါပေမဲ့ မင်းအိပ်နေသေးတာနဲ့ ငါအချိန်ရွှေ့လိုက်တယ်။”
ကုန်းကျယ်က ဝမ်ကယ်ကို တူဖြင့်အာလူးပျော့ကြော်တစ်လုတ်ခွံ့ကျွေးလိုက်သည်။
ဝမ်ကယ် ပါးစပ်ကဟင်းကိုစက်ရုပ်တစ်ရုပ်လိုဝါးရင်း ရင်ထဲမှာခါးသီးနာကျင်သွားသည်။ အစက သိပ်ကြီးကြီးမားမားလှုပ်ရှားသံမထွက်လျှင် မနေ့ညကသူတို့ဘာလုပ်ခဲ့တယ်ဆိုတာ ဘယ်သူမှမသိလောက်ဘူးဟုသူတွေးခဲ့သည်။ သို့သော် မစ္စစမစ်က သူတို့ထံလူကိုယ်တိုင်လာရှာမည်ဟု သူမမျှော်လင့်ထားပေ။ နေ့ဖင်ထိုးသည်အထိအိပ်တုန်းဆိုတော့ ဒါတစ်နည်းအားဖြင့် သူ(မ)ကို မနေ့ညက သူအရမ်းပင်ပန်းထားတာကြောင့် ခုချိန်ထိမနိုးသေးဘဲအိပ်နေတာပါဟု သွက်ဝိုက်ပြောသလိုဖြစ်နေသည်မဟုတ်ပါလား။ နောက်ပြီး မစ္စစမစ်က ဒီလိုကိစ္စမျိုး ယခင်ကလည်းမကြုံဖူးတာမဟုတ်။ အိုက်ယား! ဒီလောက်နှစ်တွေကြာတော့ အတိတ်ကအမည်းကြီးကို နောက်ဆုံးမှာပယ်ဖျောက်ပစ်နိုင်ပြီထင်တာ၊ မထင်မှတ်ဘဲ ပထမဆုံးနေ့မှာတင် အရင်လိုပြန်ဖြစ်ရတယ်လို့!
သူတော့ မစ္စစမစ်ရှေ့မှာ လုံးဝမျက်နှာပျက်ရပြီ။
ထမင်းစားပြီးသိပ်မကြာလိုက် မစ္စစမစ်က သူတို့ထံသစ်သီးများလာပို့သည်။ ဝမ်ကယ်နိုးနေတာမြင်တော့ သူ(မ)က ဝမ်ကယ့်ခန္ဓာကိုယ်အခြေအနေကောင်းရဲ့လားမေးလိုက်သည်။
ဝမ်ကယ်က တည်ငြိမ်စွာြဖင့် နေကောင်းကြောင်းပြန်ဖြေလိုက်သည်။ ထို့နောက် သူ(မ)ပြန်သွားမှ မျက်နှာေလးနီမြန်းကာ ကုန်းကျယ်ရင်ဘတ်ကို ဆက်တိုက်ထုရိုက်လိုက်သည်။
သူတော့မျက်နှာလည်းပျက်၊ အရှက်လည်းကွဲလေပြီ!
“အပြင်ထွက်လမ်းလျှောက်ချင်လား။”
သူ ထုရိုက်လို့အားရတော့ ကုန်းကျယ်က လူကိုရင်ခွင်ထဲထည့်ကာ ကော်ဇောပေါ်ထိုင်ပြီး အတူတူသစ်သီးစားကြသည်။
ဒီေနရာတွင်လေးနှစ်တောင်ဈေးဝယ်ထွက်ခဲ့တာကြောင့် ဝမ်ကယ် အပြင်ထွက်ရမှာစိတ်မဝင်စားပေ။ သို့နှင့် သူကခေါင်းခါပြကာ တီဗွီဖွင့်ပြီး ကုန်းကျယ်နှင့်အတူေန့ခင်းဘက်ရုပ်ရှင်ကြည့်ရင်း အချိန်ဖြုန်းဖို့လုပ်လိုက်သည်။
သို့သော် သူရုပ်ရှင်စကြည့်ရုံရှိသေး၊ ယင်ယွီထျန်းဆီမှဖုန်းဝင်လာသည်။ ဝမ်ကယ်ဖုန်းကိုင်လိုက်သည်နှင့် ဖုန်းထဲမှ ယင်ယွီထျန်း၏အာခေါင်ခြစ်အော်ငိုသံထွက်လာလေသည်။
“ရှောင်ကယ်၊ ငါတို့လမ်းပျောက်နေလို့!!!”
*****
Aurora Novel Translation Team