Chapter 18
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 18 - လူသိရှင်ကြားထုတ်ပြောချင်တယ်။
အပိုင်း (၁၈) – လူသိရှင်ကြားထုတ်ပြောချင်တယ်။
👻👻👻
ကုန်းကျယ်ရယ်လိုက်၏။ ထို့နောက် သူစိတ်မကောင်းဖြစ်ကာ အချစ်တုံးလေးကိုပွေ့ချီပြီး ထမင်းစားခန်းထဲဝင်သွားသည်။ လူကိုထိုင်ခုံပေါ်တင်ပြီးနောက် ထမင်းပန်းကန်လုံးကိုင်ကာ သူကိုယ်တိုင် တစ်လုတ်ချင်းခွံ့ကျွေးလိုက်သည်။
ဝမ်ကယ်က ထိုင်ခုံနောက်မှီပြီး တီဗွီတွင်ပြနေကျလူမမာများကဲ့သို့ အားအင်ချည့်နဲ့ဟန်အတုခိုးကာ ပါးစပ်ကိုဖြည်းညင်းစွာဟ၍ ဖြည်းဖြည်းချင်းမျိုချလိုက်သည်။ ဝမ်ကယ်ဟန်လုပ်နေမှန်းသိသော်လည်း ကုန်းကျယ်က အလွန်လိုက်လျောညီထွေတုံ့ပြန်ပေးသည်။ ထမင်းတစ်လုံးနှင့် ကြက်စွပ်ပြုတ်တစ်ပန်းကန်ခွံ့ပြီးနောက် ကုန်းကျယ် တစ်ရှူးယူကာ ဝမ်ကယ်ကိုပါးစပ်သုတ်ပေးပြီး မေးလိုက်သည်။
“သခင်လေး၊ ဒီထမင်းတစ်နပ်စားရတာ ပျော်ရဲ့လား။”
“ပျော်တယ်။”
ဝမ်ကယ်က ကုန်းကျယ်ပြုစုသည်ကို ပျော်ပျော်ကြီးခံစားကာ သက်တောင့်သက်သာရှိလွန်းသဖြင့် မျက်လုံးလေးများပင်မှေးနေသည်။
“ဗိုက်ဝပြီမလား။”
ကုန်းကျယ် ဝမ်ကယ်ကိုကြည့်နေသည်။ သူ့မျက်ဝန်းများက အခြားရည်ရွယ်ချက်တစ်စုံတစ်ရာရှိနေပုံရသည်။
“အင်း၊ ဝပြီ။”
ဝမ်ကယ် မျက်လုံးများမှိတ်ကာ ခေါင်းညိတ်ပြလိုက်သည်။
“ဒါပေမဲ့ ကျွန်တော်ကတော့ဆာနေတုန်းပဲ သခင်လေးရဲ့။”
ကုန်းကျယ်က ဝမ်းနည်းကြေကွဲစွာပြောလိုက်၏။
ဝမ်ကယ် မျက်လုံးဖွင့်လာကာ သူ့ကိုတစ်ချက်လှမ်းကြည့်ပြီး:
“မင်းအခုလိုပြုစုတာကိုထောက်ထားပြီး၊ ဒါတွေအားလုံး မင်းအတွက်ဆုချလိုက်မယ်။”
ဝမ်ကယ်က ကျန်ရှိနေသောစားပွဲအပြည့်ဟင်းပွဲများကိုလက်ညှိုးထိုးကာ ရက်ရောစွာလက်ဝှေ့ယမ်းပြသည်။
ကုန်းကျယ်ကပြုံးပြီး မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ကာ:
“သခင်လေး၊ ကျွန်တော်စားချင်တာဒါမဟုတ်ဘူး။”
ဝမ်ကယ် အမြန်အသိဝင်သွားကာ ကုန်းကျယ်မျက်နှာကိုဖမ်းကိုင်ပြီးပြောလိုက်သည်။
“ကုန်းကျွမ်းကျွမ်း၊ မင်း ပြောင်းလဲသွားပြီ။ အရင်လိုမဖြူစင်တော့ဘူး။ ခေါင်းထဲမှာဘာတွေစဉ်းစားနေတာလဲ။”
“သေချာပေါက် မင်းအကြောင်းတွေပေါ့။”
ကုန်းကျယ်ပြောပြီးနောက် လူကိုအပေါ်ထပ်သို့ပွေ့ချီသွားသည်။
ဝမ်ကယ်က သူ့ကျောကိုရိုက်ပုတ်ရင်း:
“ငါအခုလေးတင်အစာစားပြီးတာ။”
“လေ့ကျင့်ခန်းလုပ်ပေးရင်အစာကြေလွယ်တယ်။”
ကုန်းကျယ်က ပြတ်ပြတ်သားသားပင် လူကိုအခန်းထဲတန်းခေါ်သွားကာ အခန်းတံခါးကိုခြေထောက်ဖြင့်ပိတ်လိုက်သည်။ သူတို့နောက်မှလိုက်လာသော သကြားခဲလေးကတော့ အခန်းအပြင်တွင်တံခါးပိတ်ခံလိုက်ရသည်။
👻👻👻
တစ်နာရီကြာပြီးနောက် ဝမ်ကယ် ကုန်းကျယ်လက်မောင်းပေါ်မှီရင်း အိပ်ချင်းမူးတူးဖြစ်နေသည်။ ကုန်းကျယ်က သူ့ခါးလေးကို လက်ဖြင့်ညင်သာစွာပွတ်ပေးနေသည်။
“ဖင်းကော်(ပန်းသီး)ရုပ်သံလိုင်းက မင်းကိုအစီအစဉ်မှာပါဖို့ကမ်းလှမ်းသေးလား။”
ဝမ်ကယ် အိပ်ပျော်လုဆဲဆဲအချိန်တွင် ကုန်းကျယ်ကရုတ်တရက်မေးလာသည်။
“ဘာအစီအစဉ်လဲ။”
ဝမ်ကယ် မျက်လုံးမှိတ်ထားရင်း ဗလုံးဗထွေးပြောလိုက်၏။
“အောက်ဒိုးသဘာဝရသစုံရှိုး၊ ခရီးသွားစွန့်စားခန်းတွေရိုက်တဲ့အစီအစဉ်မျိုးပဲ။”
ကုန်းကျယ်ကပြောလိုက်၏။
ဝမ်ကယ် ခဏစဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ပြကာ:
“အဲ့လိုအစီအစဉ်မျိုးငါ့ကိုလာကမ်းလှမ်းဖူးသလိုပဲ။ ဒါပေမဲ့ ငါငြင်းလိုက်တယ်။ မင်း ဒီအကြောင်းဘယ်လိုလုပ်သိတာလဲ။”
“သူတို့က ငါ့ကိုလည်းဖိတ်ထားတယ်။”
ဒီစကားထွက်လာတော့ ဝမ်ကယ်ရုတ်တရက်မျက်လုံးပွင့်လာသည်။
“သူတို့က မင်းကိုလည်းဖိတ်တယ်လား။ ဘယ်တုန်းကလဲ။”
“သိပ်မကြာသေးဘူး။ အစီအစဉ်ပရိုဂျူဆာက မုရန်နဲ့သူငယ်ချင်းတွေ။”
“မင်း လက်ခံလိုက်လား။”
ဝမ်ကယ် သူ့ကိုမော့ကြည့်လာသည်။
ကုန်းကျယ်က ခေါင်းခါပြကာ:
“လက်မခံရသေးဘူး။ စဉ်းစားနေတုန်းပဲ။”
“မင်း ဒီလိုမျိုးသဘာဝရသစုံရှိုးတွေကိုသဘောမကျဘူးမဟုတ်လား။ အရင်ကဆို တစ်ခါတည်းတန်းငြင်းတာပါ၊ ဒီတစ်ခေါက်က……..မုရန်ကြောင့်လား။”
ဝမ်ကယ် အနည်းငယ်အံ့အားသင့်သွားသည်။ ကုန်းကျယ်ကလည်း သူ့လိုပင်။ သူတို့က တခြားအကြောင်းထူးမရှိလျှင် ရသစုံရှိုးများကိုလက်ခံလေ့မရှိပေ။ နံပါတ်တစ်အချက်က အချိန်ကုန်၊ လူပင်ပန်းပြီး နံပါတ်နှစ်အချက်က သူစိမ်းများနှင့်ပြောဆိုဆက်ဆံရသည်ကို သူတို့နေသားမကျသောကြောင့်ဖြစ်သည်။
“မုရန်ကြောင့်မဟုတ်ဘူး။”
ကုန်းကျယ်က ဝမ်ကယ်ကိုဖက်၍ကိုယ်ကိုလှိမ့်ကာ သူ့အပေါ်၌လှဲလျောင်းစေလိုက်သည်။
“အစကတော့ ငါတန်းငြင်းမလို့ပါပဲ၊ ဒါပေမဲ့ မုရန်က ပရိုဂရမ်အဖွဲ့က မင်းကိုလည်းဖိတ်ထားတယ်ပြောတာနဲ့ ငါချီတုံချတုံဖြစ်သွားတယ်။”
“ဒါပေမဲ့ ငါက ပရိုဂရမ်အဖွဲ့ကိုငြင်းလိုက်ပြီ။”
ဝမ်ကယ်က ကုန်းကျယ်ရင်ဘတ်ပေါ်လှဲရင်း ကုန်းကျယ်ဆံစများကို လက်ညှိုးလေးဖြင့်စက်ဝိုင်းပုံရစ်ပတ်ဆော့ကစားနေသည်။
“ငါလည်း အဲ့ဒီလိုပြောခဲ့တာပဲ။ ဒါပေမဲ့ မုရန်ကပြောတယ်၊ အကယ်၍ ငါသာပါမယ်ဆို မင်းလည်းပြန်စဉ်းစားကောင်းစဉ်းစားလိမ့်မယ်တဲ့။”
ဝမ်ကယ် ခဏအသံတိတ်သွားပြီး မေးလိုက်သည်။
“မင်းဘာလို့ ဒီအစီအစဉ်ကိုအဲ့လောက်ဂရုစိုက်နေတာလဲ။ ဒီလိုအစီအစဉ်မျိုး အရင်က မင်းကိုလာမကမ်းလှမ်းဖူးတာလည်းမဟုတ်ဘူး။ နောက်ပြီး ငါတစ်ခါမှလည်း မင်းဒီလောက်ဂရုစိုက်တာမတွေ့ဖူးဘူး။”
ကုန်းကျယ်က ခေါင်းတွင်တွင်ခါကာ:
“ငါကအစီအစဉ်ကိုဂရုစိုက်တာမဟုတ်ဘူး။ မင်းကိုဂရုစိုက်တာ။”
သူက ဝမ်ကယ့်မျက်ဝန်းများကို လေးနက်စွာကြည့်ကာ:
“ငါတို့ရဲ့ဆက်ဆံရေးကို တစ်နေ့ကျရင် မလွဲမရှောင်သာ လူသိရှင်ကြားချပြရမယ်လေ။”
ဝမ်ကယ်ကမျက်လွှာချကာ တွေးလိုက်သည်။
“မင်းဒီအစီအစဉ်ကိုလက်ခံချင်တာ ငါ့တို့နှစ်ယောက်ရဲ့ဆက်ဆံရေးအပေါ် အပြင်လူတွေရဲ့အမြင်ကို ပြောင်းလဲပစ်ဖို့မလား။”
ကုန်းကျယ်က ဝမ်ကယ့်မျက်လုံးများကိုနမ်းကာ ခေါင်းညိတ်ပြသည်။
“ငါတို့အနာဂတ်မှာ လူသိရှင်ကြားချပြနိုင်ဖို့ ပြင်ဆင်မှုေတွစလုပ်သင့်ပြီ။”
ဝမ်ကယ်လည်း ကုန်းကျယ်နှင့်သူ၏ဆက်ဆံရေးကို အများရှေ့မှာေသချာေပါက်ချပြချင်နေသည်။ သို့သော် လွန်ခဲ့သောနှစ်များတွင် သူတို့၏အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုအရှိန်အဟုန်အလွန်အားကောင်းခဲ့သည်။ ထိုစဉ်က သူတို့အချစ်ရေးအကြောင်းထုတ်ပြောရန် မသင့်တော်ခဲ့သလို၊ အေးဂျင့်များကလည်း သူတို့အချစ်ရေးအား တခြားမည်သူတစ်ဦးတစ်ယောက်ကိုမှအသိမေပးဖို့အကြိမ်ကြိမ်မှာကြားခဲ့သည်။ ထို့ကြောင့် သူတို့လူသိရှင်ကြားချပြမည့်ကိစ္စကို အခါခါရွှေ့ဆိုင်းခဲ့ရသည်။ ထိုသို့ရွှေ့ဆိုင်းခဲ့သည်မှာ ငါးနှစ်တာကြာမြင့်ခဲ့လေပြီ။ ယခုအခါ သူတို့သည်လည်းအနုပညာလမ်းကြောင်းပေါ်တွင် အခိုင်အမာရပ်တည်နိုင်နေပြီဖြစ်သည်။ အောင်မြင်ကျော်ကြားမှုနှင့်ကြွယ်ဝချမ်းသာမှုများကို ယခင်ကလောက်မမက်မောတော့ပေ။ သူတို့က လူသိရှင်ကြားချပြရန်ကိစ္စကိုသာ ပြန်လည်ဆွေးနွေးရန်ဆန္ဒရှိနေသည်။ ဒီအကြောင်းနှင့်ပတ်သက်ပြီး တစ်ယောက်ကိုတစ်ယောက် အတိအလင်းထုတ်မပြောဖြစ်သော်လည်း တစ်ဖက်လူက အပြင်သို့လူသိရှင်ကြားထုတ်ဖော်ရန် မည်မျှစိတ်ပြင်းပြနေကြောင်းသူတို့ချင်းအလိုလိုသိနေသည်။
အကယ်၍ အနုပညာရှင်အမျိုးသားကြယ်ပွင့်နှစ်ဦး အချင်းချင်းချစ်ကြိုက်နေပါသည်ဟု တစ်ချိန်တည်းမှာ လူသိရှင်ကြားဖွင့်ဟဝန်ခံလာခဲ့လျှင် ဒီကိစ္စသည် အချိန်ခဏလောက်ဂယက်ထသွားနိုင်သည့်တိုင် အနည်းဆုံးတော့ထိန်းချုပ်၍ရနိုင်သေးသည်။ အကယ်၍သူတို့နေရာတွင် ကုန်းကျယ်နှင့်ဝမ်ကယ်ကိုအစားထိုးလိုက်ပါက အပြင်လူများအမြင်တွင် ဂူတစ်ဂူတည်းခြင်္သေ့နှစ်ကောင်မအောင်းသည့်ရန်သူတော်နှစ်ဉီးမှာ ညတွင်းချင်းချစ်သူရည်းစားများဖြစ်လာကြလိမ့်မည်။ ထိုအခါ ပထမဆုံးပေါက်ကွဲထွက်သွားမည့်သူများမှာ နှစ်ဖက်ဖန်များဖြစ်သည်။ သူတို့အနေဖြင့် တခြားကိစ္စများကိုမစဉ်းစားချင်နေ၊ မိမိတို့အပေါ်အမြဲချစ်ခင်အားပေးခဲ့သောဖန်များကိုတော့ ထည့်သွင်းမစဉ်းစားဘဲနေလို့မဖြစ်ပေ။ ထိုအချိန်သို့ရောက်ခဲ့လျှင် ဖြစ်ပေါ်လာမည့်ဟာရီကိန်းဝဲဂယက်များကို လုံးဝမငြိမ်းသတ်နိုင်သည့်တိုင် အနည်းဆုံးေတာ့ တတ်နိုင်သမျှ ဝဲဂယက်အရှိန်အဟုန်များလျော့ပါးသက်သာအောင် ကြိုးပမ်းရပေမည်။
<<စနေနေ့တွေ့ကြမယ်>>အစီအစဉ်ထုတ်လွှင့်ပြီးကတည်းက သူတို့နှစ်ဦးကို စတိတ်စင်တစ်ခုတည်းပေါ်အတူတူရပ်ရန် အခြားအစီအစဉ်ပေါင်းများစွာမှ ထပ်မံကမ်းလှမ်းလာသည်။ သို့သော် ၎င်းတို့အားလုံးမှာတစ်ခုပြီးတစ်ခုငြင်းပယ်ခံခဲ့ရသည်။ အကြောင်းက ၎င်းတို့အားလုံးသည် ရသစုံရှိုးများဖြစ်ပြီး အစီအစဉ်တင်ဆက်ပုံများကလည်း <<စနေနေ့တွေ့ကြမယ်>>နှင့်ဆင်တူေသာေကြာင့်ဖြစ်သည်။ အပိုင်းတစ်ပိုင်းတည်းသာရိုက်ကူးပြီး ဖျော်ဖြေရေးဘက်အသားေပးကာ အဓိပ္ပါယ်ေလးေလးနက်နက်မရှိပေ။ ဂရိုဂရမ်အဖွဲ့က သူတို့နှစ်ဦး၏ လူပြောများ၍ နာမည်ကြီးကျော်ကြားမှုကို စားသုံးချင်ရုံသက်သက်ဖြစ်သည်။
သဘာဝရသစုံရှိုးများကတာ့ မတူကွဲပြားသည်။ သဘာဝရသစုံရှိုးများကို အခြေခံအားဖြင့် (၂) လ (၃)လ အချိန်ယူရိုက်ကူးရသည်။ ပါဝင်သူတိုင်းက နေ့ရောညပါ လက်ပွန်းတတီးရှိရပြီး ပရိသတ်များကိုပြသသည်များကလည်း အစစ်မှန်ဆုံးပုံရိပ်များဖြစ်သည်။
ကုန်းကျယ် သဘာဝရသစုံရှိုးကိုနှစ်သက်သည့်အကြောင်းရင်းက ရိုက်ကူးချိန်ကြာမြင့်ပြီး ဧည့်သည်များအကြား အချိန်အကြာကြီးအတူတူေနထိုင်ကာ ထိေတွ့ဆက်ဆံရတာကြောင့်ဖြစ်သည်။ ထို့ကြောင့် အစီအစဉ်တစ်လျှောက်တွင် သူနှင့်ဝမ်ကယ်တို့ တဖြည်းဖြည်းဆက်ဆံေရးပြေလည်လာသယောင် အပြည့်အဝဟန်ဆောင်လို့ရပေသည်။
“မင်းဘယ်လိုထင်လဲ။”
ကုန်းကျယ်က မိမိထင်မြင်ချက်ကိုပြောပြီးနောက် ဝမ်ကယ်ကိုမေးလိုက်သည်။
ဝမ်ကယ် ကုန်းကျယ်ရင်ဘတ်ပေါ်လှဲရင်း ခဏလောက်စဉ်းစားပြီးပြောလိုက်သည်။
“ငါရှောင်ထျန်းနဲ့အရင်တိုင်ပင်ကြည့်ဦးမယ်။”
“အင်း။”
ဝမ်ကယ်သည် သူစိမ်းများနှင့်ေပြာဆိုဆက်ဆံရန် အလွန်ဝန်လေးမှန်း ကုန်းကျယ်သိထားသည်။ ထို့ကြောင့် သူက စာနာနားလည်စွာပြောလိုက်၏။
“ဘာပဲဖြစ်ဖြစ် စောပါသေးတယ်။ အလျင်မလိုဘူး။ မင်းဖြည်းဖြည်းချင်းစဉ်းစားပေါ့။ ဒီ့ထက်ပိုကောင်းတဲ့နည်းလမ်းတွေလည်းရှိချင်ရှိလာမှာ။ သဘာဝရသစုံရှိုးတွေကိုပဲမဖြစ်မနေအားကိုးစရာမလိုပါဘူး။”
“ကောင်းပြီလေ။”
ဝမ်ကယ်ခေါင်းထဲတွင် သဘာဝရသစုံရှိုးနှင့် လူသိရှင်ကြားထုတ်ဖော်မည့်အကြောင်းများသာပြည့်နှက်ကာ လက်နှစ်ဖက်က ကုန်းကျယ်၏ညဝတ်အင်္ကျီကြယ်သီးများကို အလိုလိုလှမ်းဆုပ်ကိုင်မိသည်။
ကုန်းကျယ်က သူ့ချစ်သူကုပ်ပိုးကိုအသာပွတ်ပေးရင်း သက်ပြင်းချလိုက်၏။ ‘ဒီလောက်အလုပ်ရှုပ်မယ်မှန်းသိရင် အဲ့ဒီတုန်းက သူတို့ချင်းတမင်ရှောင်တာမျိုးမလုပ်ခဲ့ပါဘူး။ အခုတော့ကောင်းရော၊ တစ်ခါလောက်လူသိရှင်ကြားချပြဖို့အရေး၊ ဟိုဟာစိတ်ပူရ၊ ဒီဟာစိတ်ပူရနဲ့!’
ဝမ်ကယ်က စိတ်ထဲမှာတစ်ခုခုရှိနေလျှင် အခြားကိစ္စများမလုပ်နိုင်တော့ပေ။ သို့နှင့် နောက်တစ်နေ့မှာပင် သူ့ကုမ္ပဏီသို့ကားမောင်းထွက်လာကာ ယင်ယွီထျန်းကိုသွားရှာသည်။
ယင်ယွီထျန်းက သူနှင့်ကုန်းကျယ်၏အစီအစဉ်ကိုကြားတော့ လုံးဝမအံ့ဩပေ။ ဘာပဲပြောပြော သူတို့နှစ်ယောက်ဆက်ဆံရေးကို စတင်သိသည့်နေ့မှစ၍ ဒီလိုနေ့မျိုးတစ်နေ့ကျရှိလာမည်ဆိုတာ သူကြိုသိနေသည်။ သူက တည်တည်ငြိမ်ငြိမ်ပင် ဒီအစီအစဉ်အလုပ်ဖြစ်နိုင်လား၊ မဖြစ်နိုင်လား ဝမ်ကယ်နှင့်ဆွေးနွေးလိုက်သည်။
ယင်ယွီထျန်းသည် အနည်းငယ်မိန်းမဆန်၍ ကနွဲ့ကလျ၊ အားနည်းသည့်ပင်ကိုဟန်ရှိကာ အလွန်နုနယ်ပုံပေါ်သည်။ သို့သော် သူ၏အလုပ်အပေါ်ကျွမ်းကျင်ပိုင်နိုင်မှုက အနုပညာလောက၌ နှစ်ယောက်မရှိပြိုင်စံရှားလှသည်။ သူသည် ဝမ်ကယ်မတိုင်ခင် အမျိုးသမီးရုပ်ရှင်ဧကရီနှစ်ဦးကို ပျိုးထောင်မွေးထုတ်ပေးခဲ့ပြီး အများကအသိအမှတ်ပြုထားသည့် အလုပ်လုပ်နိုင်စွမ်းအလွန်ကောင်းသူတစ်ဦးဖြစ်သည်။ ထို့ကြောင့် ဝမ်ကယ်က ဆုံးဖြတ်ရခက်သည့်ကိစ္စတချို့ရှိလာလျှင် ယင်ယွီထျန်းထံ အမြဲအကြံဉာဏ်တောင်းလေ့ရှိသည်။
ဒီတစ်ခေါက်လည်း ယင်ယွီထျန်းက ဝမ်ကယ်ကိုအသေးစိတ်သုံးသပ်ပြပြီးနောက် သူ့ထင်မြင်ချက်အား အကြံပေးလာသည်။
“ငါတော့ မင်းကို ဒီအစီအစဉ်လက်ခံလိုက်စေချင်တယ်။ ကုန်းကျယ်တွေးပုံက တကယ်တမ်းတော့ အတော်ကောင်းတယ်။ မင်းစမ်းကြည့်ပေါ့။ နောက်ပြီး မင်းနောက်နှစ်ထဲမှာ ဂီတဖျော်ေြဖပွဲတစ်ခုရှိေနတော့ အချိန်အရလုံး၀ပြဿနာမရှိတဲ့အပြင် သဘာဝရသစုံရှိုးအားကိုးနဲ့ ပရိသတ်နဲ့အထိအတွေ့အပြည့်အဝရနိုင်တယ်။”
ဝမ်ကယ် သူ့ကိုအသံပြုကာဖြေလိုက်သည်။ တကယ်တော့ ကုန်းကျယ်အတွေးကိုကြားပြီးကတည်းက သူ့စိတ်ထဲမှာဆုံးဖြတ်ချက်ချပြီးသားဖြစ်သည်။ သို့သော် ထုံးစံအတိုင်း ယင်ယွီထျန်းနှင့် သေချာအောင်တိုင်ပင်ခဲ့တာဖြစ်သည်။
“အရင်တစ်ခေါက် ငါမင်းအစားငြင်းလိုက်ပြီးမှ ပရိုဂရမ်ဘက်က အခေါက်ပေါင်းများစွာထပ်ပြီးကမ်းလှမ်းနေတာ။ ကြည့်ရတာ သူတို့က မင်းကိုအရမ်းပါစေချင်ပုံပဲ။”
ယင်ယွီထျန်းကပြောသည်။
“ကျွန်တော်နဲ့ကုန်းကျယ်အပြင် တခြားဘယ်သူတွေ ဧည့်သည်အဖြစ်လာမှာလဲ။”
ဝမ်ကယ်ကမေးလိုက်သည်။
“သေချာမသိရသေးဘူး။ အခုထိတော့ မင်းနဲ့ကုန်းကျယ်ကိုပဲအတည်ပြုရသေးတယ်။ အဲ့ဒါကြောင့် ငါတို့ဘက်က သူတို့ကိုအလျင်စလိုအကြောင်းပြန်ဖို့မလိုဘူး။ လာမဲ့ဧည့်သည်စာရင်းအတိအကျထွက်လာမှ ငါတို့အကြောင်းပြန်လိုက်မယ်။”
ယင်ယွီထျန်းက သူတို့အတွက်တိုးသာဆုတ်သာရှိအောင် လမ်းပေါက်တစ်ခုချန်ထားခြင်းဖြစ်သည်။ အကယ်၍ လာမည့်ဧည့်သည်များထဲတွင် သူတို့မကြိုက်သည့်သူ သို့မဟုတ် သူတို့နှင့်အဆင်မပြေဖြစ်ဖူးသည့်သူပါလျှင် သူတို့မှာငြင်းလိုက်ဖို့အချိန်ရှိပေသည်။
ဒီကိစ္စဆွေးနွေးပြီးနောက် ဝမ်ကယ်အိမ်သို့ပြန်ခဲ့သည်။ ကုန်းကျယ်က သကြားခဲလေးကို ရေချိုးပေးဖို့လုပ်နေသည်။ မည်းတူးညစ်ပတ်နေသည့် သူ့သားေလးကိုမြင်တော့ ဝမ်ကယ် ထခုန်မတတ်လန့်ဖျပ်သွားသည်။
“သူ ဗွက်အိုင်ထဲလူးလာတာလား။”
“သိပ်မကွာဘူး။”
ကုန်းကျယ်က ဝမ်ကယ်ကို ရွှံ့ရေမစင်အောင် ခပ်ဝေးဝေးသွားရပ်နေဖို့ပြောလိုက်သည်။ ထို့နောက် အကင်္ျီလက်များကိုပင့်တင်၍ ဆောင့်ကြောင့်ထိုင်ကာ သကြားခဲလေးကိုရေချိုးပေးလိုက်သည်။ သူက ရေချိုးပေးရင်း ဝမ်ကယ့်ကိုရှင်းပြသည်။
“နေ့လယ်တုန်းကယွီရန်ရောက်လာပြီး သူ့ကိုအပြင်မှာလမ်းလျှောက်ဖို့ခေါ်သွားတယ်။ အဲ့ဒီမှာတခြားအိမ်ကခွေးနဲ့ရန်ဖြစ်ပါလေရော။ နောက်တော့ နှစ်ကောင်လုံးဗွက်အိုင်ထဲပြုတ်ကျပြီး ဒီပုံပေါက်လာတာပဲ…..”
ဝမ်ကယ် ငိုရခက်ရယ်ရခက်ဖြစ်သွားသည်။ သို့နှင့် သူဖိနပ်လဲစီးကာ အခန်းထဲဝင်လာပြီး ကုန်းကျယ်နှင့်အတူ ရေကူချိုးလိုက်သည်။ ထို့နောက် သူ့သားမျက်နှာကိုကိုင်ပြီး အေးစက်စက်မျက်နှာထားဖြင့် ဆုံးမလိုက်၏။
“သိပ်တော်နေတယ်ပေါ့ဟုတ်လား၊ တခြားခွေးနဲ့တောင် ရန်ဖြစ်ရဲနေပြီ။”
သကြားခဲလေးမှာ စကတည်းက ရန်ဖြစ်တာရှုံးလာ၍ စိတ်ဓာတ်ကျနေသည်။ အခု သူ့ဖေဖေလေးဆီကပါ ထပ်မံအဆူခံရတော့ ပို၍ပင်စိတ်မကောင်းဖြစ်သွားသည်။ သူ ကြမ်းပေါ်လှဲလျက်သားပုံစံနှင့် အားငယ်သလိုတအီအီညည်းလိုက်သည်။ ပုံမှန်ဆို ရေချိုးရမှာအကြောက်ဆုံးသူက အခုတော့ အဖေနှစ်ယောက်ကို စိတ်တိုင်းကျပွတ်တိုက်ခွင့်ပေးထားကာ ခုခံချင်စိတ်လည်းလုံးဝမရှိတော့ပုံရသည်။
သကြားခဲလေးကိုရေချိုးပေးရသဖြင့် ဝမ်ကယ့်အဝတ်အစားများ ရေတွေစိုရွှဲကုန်သည်။ သို့နှင့် သားကိုေသချာသန့်ရှင်းေရးလုပ်ပြီးနောက် အဝတ်လဲခန်းထဲဝင်ကာ အင်္ကျီလဲလိုက်သည်။ ကုန်းကျယ်ကလည်း အနောက်မှလိုက်လာပြီး သူအဝတ်လဲနေတုန်း အကူအညီပေးသည်ဟုအမည်ခံကာ လက်အငြိမ်မနေဘဲဟိုကိုင်ဒီကိုင်လုပ်နေသည်။ ဝမ်ကယ် ခက်ခက်ခဲခဲအဝတ်အစားလဲပြီးသွားတော့ ကုန်းကျယ်က သူ့ကိုအနောက်မှလှမ်းဖက်ကာ ဘောင်းဘီဇစ်ရှိရာဆီလက်လှမ်းရင်း တည်ကြည်စွာပြောလိုက်သည်။
“ဒါလည်းစိုနေပြီ၊ ငါတို့ ဘောင်းဘီပါလဲရအောင်။”
ဝမ်ကယ်နောက်လှည့်ပြီး မျက်ဖြူလှန်ပြကာ:
“အကယ်၍အတွင်းခံပါစိုနေရင်၊ မင်းငါ့ကိုကူပြီးလဲပေးချင်လို့လား။”
ကုန်းကျယ်မျက်လုံးများအရောင်လက်သွားသည်။ သို့နှင့် သူကဘောင်းဘီချွတ်ချလိုက်ပြီးနောက် အတွင်းခံပေါ် အမြန်လက်တင်ကာ ပါးစပ်ကလည်း အတည်ပေါက်ပြောလိုက်၏။
“အလကားပြောနေတာမဟုတ်ဘူး။ အဝတ်အစားတွေရေစိုနေရင် အအေးမိလိမ့်မယ်။”
နောက်ဆုံးတော့ ဝမ်ကယ်က သူ့လောက်မျက်နှာအရေမထူတာကြောင့် ကုန်းကျယ်၏စတင်လှုပ်ရှားလုဆဲဆဲလက်တစ်စုံကို ကပျာကယာတားကာ ဘောင်းဘီတစ်ထည်အမြန်ကောက်ဝတ်လိုက်သည်။
ကုန်းကျယ်ကနောင်တရသလိုသက်ပြင်းချကာ ငါးမရရေချိုးပြန်ဆိုသလို ဘောင်းဘီဇစ်ဆွဲကာကြယ်သီးတပ်ေပးသည့်အလုပ်ကို တာဝန်ယူလိုက်သည်။ အဲ့ဒါတောင် ဝမ်ကယ်ခမျာ ရှက်ကာ မျက်နှာတစ်ခုလုံးနီရဲသွားသည်။
ကုန်းကျယ် မှန်ထဲကတစ်ဆင့် လည်ပင်းတစ်ခုလုံးနီရဲနေသည့်ချစ်သူကိုကြည့်ရင်း နှုတ်ခမ်းထောင့်ရှိအပြုံးများပိုမိုနက်ရှိုင်းသွားသည်။ သူက ဝမ်ကယ့်နားရွက်လေးကိုနမ်းပြီးနောက် လည်တိုင်ကြားထဲမျက်နှာအပ်ကာ ပွတ်သပ်လိုက်ရင်း:
“ငါ လူသိရှင်ကြားထုတ်ပြောချင်နေပြီ။မင်းနဲ့ လူရှေ့သူရှေ့မှာ ပေါ်ပေါ်တင်တင်ချစ်ချင်တာ။”
ဝမ်ကယ်ခေါင်းမော့လာကာ မှန်ထဲမှတစ်ဆင့်ကုန်းကျယ်ကိုကြည့်လိုက်သည်။ ထို့နောက် သူက ခါးပေါ်သိုင်းဖက်ထားသည့်လက်တစ်ဖက်ကိုဆုပ်ကိုင်ကာ ပြုံးလိုက်ရင်း:
“ငါရောပဲ။”
*****
Aurora Novel Translation Team