Chapter 21
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 21 - ရသစုံရှိုးအားလက်ခံခြင်း
အပိုင်း (၂၁) – ရသစုံရှိုးအားလက်ခံခြင်း
👻👻👻
ဝမ်ကယ်နှင့်ကုန်းကျယ်တို့နှစ်ယောက်လုံး တရုတ်နှစ်သစ်ကူးပွဲတော်အတွက်ပြန်လာခြင်းဖြစ်တာကြောင့် တရုတ်ပြည်သို့ပြန်ရန်အလျင်မလိုဘဲ ဗြိတိန်၌တစ်လကျော်နေထိုင်ခဲ့သည်။
ဝမ်ကယ်သည် ပွဲဦးထွက်ကတည်းက နှစ်စဥ်တရုတ်နှစ်သစ်ကူးပွဲတော်ချိန်ရောက်လျှင် လူအများရှေ့မှအချိန်တစ်ခုကြာပျောက်ကွယ်သွားတတ်မှန်းလူတိုင်းသိထားပြီးဖြစ်သည်။ ထို့ကြောင့် တရားဝင်ကြေညာချက်မထုတ်သည့်တိုင် ဖန်များကသူတို့နတ်ဘုရားလေး ဒီအချိန်ဘယ်ရောက်နေမှန်းသိနေကြပေသည်။ ဖန်များက ဝမ်ကယ်ကိုမိသားစုအပေါ်အလွန်အလေးထားမှန်းသိတာကြောင့် ဘယ်တော့မှအမြန်ပြန်လာဖို့မတိုက်တွန်းပေ။ အဲ့ဒီအစား ကောင်းကောင်းအနားယူပြီး ဖန်များအလွမ်းပြေကြည့်ရန်ဓာတ်ပုံများများတင်ပေးလျှင် ကိစ္စမရှိကြောင်းလိုလိုလားလားပြောဆိုကြလေသည်။
ဝမ်ကယ့်အတွက် ဒါကပြဿနာမရှိပေ။ သူက တစ်လလောက်အိမ်တွင် သက်တောင့်သက်သာနေရင်းစိတ်ကူးရတိုင်း Weibo တွင် ဓာတ်ပုံအချို့တင်ခဲ့ပြီး ထိုဓာတ်ပုံများက ဖန်များအားဆွဲဆောင်ကာ သူ့ပို့စ်အောက်တွင်တစ်နေ့လုံးကွန်မန့်များတက်၍ပွဲစည်နေတော့သည်။
ကုန်းကျယ်ကတော့ နှစ်ကုန်ခါနီးတွင်ရှေးခေတ်ဒရမ်မာတစ်ကားထုတ်လွှင့်ပြသနေတာရှိပြီး၊ နှစ်သစ်ကူးကာလတွင်လည်းရုပ်ရှင်တစ်ကားပြသဖို့ရှိနေသည်။ ထို့ကြောင့် သူ့ဖန်များက ငြိမ်သက်နေသည်ဟုဆိုရမည်။ သူတို့မင်းသားနတ်ဘုရားက အများရှေ့ဆယ်လခွဲကြာလူလုံးထွက်မပြသည့်တိုင် ဖန်များထံမှဘာသံမှမထွက်ပေ။ ဘာပဲပြောပြော လူအစစ်ကိုအကောင်လိုက်မမြင်ရသော်လည်း သူတို့က နတ်ဘုရား၏ရှေးခေတ်အဝတ်အစားများနှင့်အမိုက်စားပုံရိပ်များကိုကြည့်ကာ တီဗွီဖန်သားပြင်ကိုလျှာနှင့်လျက်၍ သွားရည်ယိုနိုင်သောကြောင့်ဖြစ်သည်။
တရုတ်နှစ်သစ်ကူးမတိုင်ခင်လဝက်အလိုတွင် ဖင်းကော်(ပန်းသီး)တီဗွီရုပ်သံလိုင်း၏ သဘာဝရသစုံရှိုးရိုက်ကူးေရးအစီအစဉ်များ စီစဉ်ပြီးစီးသွားသည်။ ထို့နောက် ပါဝင်ရန်ဖိတ်ကြားထားသည့်ဧည့်သည်စာရင်းကို တရားဝင်ကြေညာခဲ့သည်။
ဝမ်ကယ်နှင့်ကုန်းကျယ်တို့က ပြည်ပရောက်နေသည့်အတွက် ဒီသတင်းကိုသူတို့နောက်ကျမှသိခဲ့သည်။ သက်ဆိုင်ရာအေးဂျင့်များက သူတို့ထံပြည်ပဖုန်းခေါ်ဆို၍ ဒီကိစ္စအကြောင်းကြားလာချိန်တွင် ဧည့်သည်အများစု၏အမည်စာရင်းများကို အတည်ပြုပြီးဖြစ်နေသည်။ သူတို့လည်း ဧည့်သည်စာရင်းကိုမြင်မြင်ချင်း ရိုက်ကူးရေးလုပ်ရန်အဆင်ပြေမှန်းသိသွားသည်။
ရသစုံရှိုးကိုနောက်ဆုံးတွင် <<စွန့်စားလူငယ်များ>> ဟုအမည်ပေးခဲ့သည်။ ရှိုး၏အဓိကရည်ရွယ်ချက်မှာအမည်အတိုင်း ဝင်ငွေအားကောင်းသည့်လူငယ်များကိုအဓိကအသာေပးထားသည်။ ထို့ကြောင့် ဖိတ်ကြားသည့်ဧည့်သည်များကလည်း လတ်တလောရေပန်းစားကျော်ကြားနေသည့် အနုပညာရှင်များဖြစ်သည်။
ရှိုးတွင်စုစုပေါင်းဧည့်သည် (၈)ဦးပါဝင်ပြီး အမျိုးသား(၄)ဦး၊ အမျိုးသမီး(၄)ဦးဖြစ်သည်။ အမျိုးသမီးဧည့်သည်များတွင် လတ်တလောနန်းတွင်းဒရမ်မာဇာတ်ကားတစ်ကားဖြင့် ညတွင်းချင်းနာမည်ကြီးလာသောရုပ်ရှင်မင်းသမီးလေး— လျိုမော့၊ အမျိုးသမီးအဆိုတော်အဖွဲ့တစ်ခု၏ အဖွဲ့ဝင်—- စွန်းရှောင်ဖေး၊ အဆိုတော်အနုပညာရှင် — ရှထျန်းနှင့် ရုပ်ရှင်သရုပ်ဆောင်ရှောင်းရှောင်းတို့ဖြစ်သည်။
အမျိုးသားဧည့်သည်များတွင် ကုန်းကျယ်နှင့်ဝမ်ကယ်အပြင် ရုပ်ရှင်သရုပ်ဆောင်— ယင်ဟန်နှင့်နောက်တစ်ဦးကတော့— ယွီရန်ဖြစ်သည်။
ဧည့်သည်စာရင်းတွင် ယွီရန်ကိုမြင်တော့ ဝမ်ကယ်အနည်းငယ်အံ့အားသင့်သွားသည်။ အကြောင်းမှာဖင်းကော်(ပန်းသီး)တီဗွီရုပ်သံလိုင်း၏တစ်ခုတည်းသောစည်းမျဉ်းက နာမည်ကျော်ကြား၍ ကိုယ်ပိုင်အောင်မြင်မှုရရှိထားသူများကိုရွေးချယ်ရန်ဖြစ်သည်။ နောက်ပြီးယွီရန်မှာ အနုပညာလှုပ်ရှားမှုမရှိခဲ့သည်ကလည်း အချိန်အတော်ကြာပြီဖြစ်သည်။ ထို့ကြောင့် မည်သို့ပင်ဆိုစေ သူ့အားပရိုဂရမ်အဖွဲ့က ဖိတ်ကြားမည်မဟုတ်တာသေချာေနသည်။
ယင်ယွီထျန်းက ဝမ်ကယ်ဒီအကြောင်းသိချင်နေတာမြင်တော့ သူအရင်စပြီးရှင်းပြလိုက်သည်။
“သိပ်မကြာေသးခင်က တီဗွီပရိုဂရမ်တစ်ခုမှာသူပါတယ်လေ။ မင်း ဒီကောင်လေးရဲ့ရှက်တတ်ေနတာကိုပဲမကြည့်နဲ့ သူကရသစုံရှိုးတွေမှာအတော်လေးပါရမီရှိတယ်။ အဲ့ဒီရှိုးပြီးသွားတော့ သူဖန်တော်တော်များများရလိုက်တယ်။ င့ါအထင်ပရိုဂရမ်အဖွဲ့က သူ့ကိုအလားအလာေကာင်းတယ်လို့ထင်ထားပုံပဲ။”
ထို့နောက် ယင်ယွီထျန်းက ဝမ်ကယ်ကို အစီအစဉ်လက်ခံရန်သဘောတူမတူမေးလာသည်။ ကုန်းကျယ်လည်းသူ့ဘေးမှာရှိတာမို့ ဝမ်ကယ်ကချက်ချင်းအဖြေမပေးဘဲ ကုန်းကျယ်ကိုအရင်ကြည့်လိုက်သည်။
ကုန်းကျယ်ကပြောသည်။
“ငါ မင်ဖန်းကိုပါမယ်လို့ပြောလိုက်ပြီ။”
ဝမ်ကယ်ခေါင်းညိတ်ပြကာ ဖုန်းထဲကနေယင်ယွီထျန်းကိုပြောလိုက်သည်။
“လက်ခံလိုက်တော့။”
ယင်ယွီထျန်းကကောင်းပြီဟုတစ်ခွန်းပြောကာ ကျန်ရှိသည့်ကိစ္စများဆက်လုပ်ရန် ဖုန်းအရင်ချသွားသည်။
အလုပ်အကြောင်းပြောပြီးနောက် ဝမ်ကယ် ကုန်းကျယ်ရင်ခွင်ထဲပြန်ဝင်သွားပြီး သူနှင့်အတူ အားလူကြော်တစ်ထုပ်အတူတူစားကာ ရုပ်ရှင်ကြည့်လိုက်သည်။
အဖေနှစ်ယောက်က ကုမ္ပဏီသွားေနပြီး အမေနှစ်ယောက်က လက်ချင်းချိတ်ကာဈေးဝယ်ထွက်သွားကြသည်။ ဝမ်ကျိယွီလည်း နွေရာသီကျောင်းပိတ်ရက်များကုန်ဆုံးသွားပြီဖြစ်တာကြောင့် သူတို့နှစ်ဦးတည်းသာ အိမ်တွင်ကျန်ရစ်ခဲ့သည်။ သူတို့ပျင်းပျင်းရှိသည်နှင့် ရုပ်ရှင်ကားတချို့ရွေးကာ ဝမ်ကျိယွီဖွက်ထားသည့်မုန့်များကိုရှာပြီး ရုပ်ရှင်ကြည့်ခန်းထဲ နေ့ခင်းဘက်အချိန်ဖြုန်းကြသည်။
ညနေခင်းရောက်တော့ ညစာထမင်းဝိုင်းတွင် သူတို့နှစ်ယောက်လာမည့်နှစ်၌ သဘာဝရသစုံရှိုးတစ်ခုတွင်အတူတကွပါဝင်မည့်အကြောင်း မိသားစုဝင်များကိုပြောပြလိုက်သည်။ အမေနှစ်ယောက်က အလွန်စိတ်လှုပ်ရှားသွားကာ တတွတ်တွတ်ပြောကြတော့သည်။
“ကောင်းတယ်၊ ကောင်းတယ်။ သိပ်ကောင်းတယ်။ နောက်ဆုံးတော့ ငါ့သားနှစ်ယောက်တီဗွီမှာ ပေါ်ေပါ်တင်တင်ချစ်ခင်ကြင်နာပြတာကြည့်ရပြီ။”
ကုန်းကျယ်နှင့်ဝမ်ကယ်တို့ ရယ်ရမလို၊ ငိုရမလိုဖြစ်သွားသည်။
“အမေ၊ ကျွန်တော်တို့က တီဗွီရှိုးမှာပါမှာ၊ လူသိရှင်ကြားချပြဖို့သွားမှာမဟုတ်ဘူး။”
ကုန်းကျယ်က သူ့အမေ၏လှပသောဆန္ဒလေးတစ်ခုကို မညှာမတာဖျက်ဆီးလိုက်၏။
မားမားကုန်းမှာ သံထည်ကစတီးမဖြစ်လာသည့်အတွက် မျှော်လင့်ချက်လေးပျောက်ဆုံးကာ စိတ်မရှည်စွာဖြင့် သူ(မ)သားနောက်ကျောကိုရိုက်၍ပြောလိုက်၏။
“ဘယ်တော့ကျမှလူသိရှင်ကြားချပြမှာလဲ! ငါ့ပြည်တွင်းကသူငယ်ချင်းက နေ့တိုင်း သူ(မ)ချွေးမကို ငါ့ဆီကြွားနေတာ၊ ငါ့မှာစိတ်ဆိုးလို့သေတော့မယ်။”
ဝမ်ကယ် ထမင်းပန်းကန်ထဲခေါင်းစိုက်ကာ ဘာမှမကြားချင်ယောင်ဆောင်နေသည်။
ကုန်းကျယ်ကတော့ရှောင်လို့မရတာကြောင့် မတတ်သာသည့်အဆုံး ရသေ့စိတ်ပြေပြောလိုက်၏။
“မကြာတော့ဘူး၊ မကြာတော့ဘူး။”
“လွန်ခဲ့တဲ့နှစ်နှစ်ကလည်း နင်အဲ့လိုပဲပြောခဲ့တာ!”
မားမားကုန်းက စိတ်ဆိုးမာန်ဆိုးဖြင့် လေသံမြှင့်လိုက်သည်။
ကုန်းကျယ်က အဆိတ်ခံရ၍နီရဲနေသောသူ့လက်မောင်းလေးကို ဝမ်ကယ့်ရှေ့ထုတ်ပြကာ သနားစဖွယ်ဟန်လုပ်လိုက်သည်။ ဝမ်ကယ်ကခဏကြည့်လိုက်ပြီး လက်ထဲကတူကိုေဘးချကာ ထမင်းစားပွဲအောက်ကနေ သူ့အမျိုးသားလက်မောင်းကို တိတ်တိတ်လေးပွတ်ပေးလိုက်သည်။
နေ့ရက်များက မားမားကုန်၏နားပူနာဆာပူညံပူညံအသံများကြား တိတ်တဆိတ်ကုန်ဆုံး၍ တရုတ်နှစ်သစ်ကူးနေ့သို့ရောက်ရှိလာသည်။
ဗြိတိန်နိုင်ငံသားများက တရုတ်နှစ်သစ်ကူးပွဲေတာ်မကျင်းပကြပေ။ လမ်းမများပေါ်တွင်လည်း ပွဲတော်အငွေ့အသက်များရှိမနေပေ။ သို့သော် သူတို့ကတော့တရုတ်နှစ်သစ်ကူးနှစ်ကြောင်းစာတန်းလေးများကို တံခါးတွင်ကပ်ကြပြီး အိမ်ကိုလည်းကောင်းကောင်းအလှဆင်ကာ ပျော်ရွှင်ကြည်နူးစရာများပြည့်နှက်နေသည်။
ဗြိတိန်နှင့်တရုတ်ပြည်နှစ်နိုင်ငံကြား၌ အချိန် (၈)နာရီကွာခြားသည်။ ပြည်တွင်း၌ နှစ်သစ်ကူးညစာစားနေချိန်တွင် ဗြိတိန်၌နေ့လယ်ခင်းသာရှိသေးသည်။ အိမ်ရှိအမျိုးသားများမှာ ကုန်းကျယ်နှင့်ဝမ်ကယ်မှအပ အလုပ်သွားသူကသွား၊ ကျောင်းတက်သူကတက်နှင့် ထိုအချိန်အမီပြန်မလာနိုင်တာသေချာသည်။ ထို့ကြောင့် သူတို့ကဒေသစံတော်ချိန်အတိုင်းသာ နှစ်သစ်ကူးပွဲကျင်းပရမှာဖြစ်သည်။
ကုန်းကျယ်ဟင်းချက်ကောင်းမှန်းသိပြီးနောက်ပိုင်း နှစ်စဉ်နှစ်သစ်ကူးညစာချက်ပြုတ်ရန်တာဝန်မှာ သူ့ပခုံးပေါ်ကျရောက်သွားသည်။ အမေနှစ်ယောက်က မီးဖိုခန်းကို သူ့အားအပြည့်အဝလွှဲအပ်ကာ ထမင်းပွဲအဆင်သင့်ပြင်ပြီးသည်ကို ထိုင်စောင့်နေသည်။
ဝမ်ကယ်လည်း သူ့ဘေးကနေကူညီလုပ်ကိုင်ပေးနေသည်။ သို့သော် သူက ကြက်သွန်ခွာ၊ ပန်းကန်ကမ်းတာမျိုးလောက်သာလုပ်ရပြီး ကုန်းကျယ်က သူ့ကိုဘာမှမလုပ်ခိုင်းပေ။
“မင်းငါ့ကိုတစ်ခုခုလုပ်ခိုင်းပါလား။ ငါ မင်းကိုအရမ်းမပင်ပန်းစေချင်ဘူး။”
ကုန်းကျယ်ကဟင်းအိုးနှစ်အိုးရှေ့တွင်အလုပ်ရှုပ်နေသည်။ ကုန်းကျယ်ကို အနှောင့်အယှက်ဖြစ်မည်စိုးတာကြောင့် ဝမ်ကယ် အင်္ကျီစကိုမဆွဲရဲဘဲ အနောက်ကလျှောက်လိုက်နေသည်။ သူ ကုန်းကျယ်ကိုတကယ်ကူညီချင်သည်။ သူဟင်းမချက်တတ်သော်လည်း အသီးအရွက်ရေဆေး၊ လှီးဖြတ်တာလောက်တော့ လုပ်နိုင်သေးသည်။
သို့သော် သူအဲ့လိုပြောတိုင်း ကုန်းကျယ်ကသူ့ကိုငြင်းခဲ့သည်။ ကုန်းကျယ်က ဝမ်ကယ်လက်ဓားထိမည်စိုးသောကြောင့် သူ့ကိုဓားလုံးဝမကိုင်ခိုင်းရဲပေ။
ဝမ်ကယ်က သူ့နောက်လျှောက်လိုက်နေသည်။ ကုန်းကျယ်က ဝမ်ကယ် ဆီညှော်နံ့များရှူမိမှာစိုးတာကြောင့် လူကိုဖက်ကာ ပြတင်းပေါက်ဘောင်နားခေါ်သွားပြီး နှုတ်ခမ်းများကိုနမ်းကာပြောလိုက်သည်။
“ဒီလောက်ဟင်းပွဲလေးနည်းနည်းကို ဘယ်လိုလုပ်ပင်ပန်းမှာလဲ။မင်းကူဖို့မလိုပါဘူး။ မင်းကဒီမှာလိမ်လိမ်မာမာလေးထိုင်ပြီး ကိုယ့်ယောကျာ်းဟင်းချက်တာကိုထိုင်ကြည့်နေရင်ရပြီ။”
“ဒါပေမဲ့ ငါမင်းအတွက်တစ်ခုခုလုပ်ပေးချင်တယ်။”
ဝမ်ကယ် ခေါင်းငုံ့ကာ လေသံလေးတိုးသွားသည်။
“မင်းငါ့ဘေးမှာပဲနေပြီး ငါ့လာဘ်ကောင်လေးလုပ်ပေးတာက ငါ့ကိုအကြီးမားဆုံးကူညီပေးတာပဲ။”
ကုန်းကျယ် ဝမ်ကယ့်မျက်နှာလေးကိုဖျစ်ညှစ်လိုက်သည်။
“လာ၊ ယောကျာ်းကိုပြုံးပြပါဦး။”
ဝမ်ကယ် တကယ်ပျော်သွားကာ ပြုံးပြုံးရွှင်ရွှင်ဖြစ်သွားပြီး ကူညီပေးမည်ဟုထပ်မပြောတော့ပေ။ သူက ကုန်းကျယ်မျက်နှာပေါ်တင်နေသည့်ရေစက်လေးများကိုသုတ်ပေးကာ နမ်းလိုက်ရင်း:
“ယောကျာ်းက မင်းကိုခွန်အားတွေပေးမယ်။ ဆက်လုပ်တော့။”
ကုန်းကျယ်က သူ့နှာခေါင်းလေးကိုပွတ်ကာ အချစ်များပြသလိုက်သည်။
နောက်ပြီး သူတို့နှစ်ဦးနီးနီးကပ်ကပ် နှာခေါင်းချင်းထိကာ နမ်းရှိုက်နေသည့်အချိန်တွင် မျက်ဝန်းနှစ်စုံက မီးဖိုခန်းမှန်တံခါးကိုဖြတ်ကာ သူတို့အားစောင့်ကြည့်နေသည်။
မားမားကုန်းက ကင်မရာတစ်လုံးကိုင်ကာဓာတ်ပုံများဆက်တိုက်ရိုက်ယူနေသည်။ မားမားဝမ်က ကိုယ့်လက်မောင်းကိုယ်ပွတ်ရင်း သွားစေ့ကာကုန်းမားမားကိုပြောလိုက်သည်။
“ကျွမ်းကျွမ်းရဲ့အပြောအဆိုတွေက တဖြည်းဖြည်းကြားရတာပိုအူယားစရာကောင်းလာတယ်။ နင်တို့နှစ်ယောက်က ချစ်စကားကြိုက်စကားပြောတဲ့နေရာမှာပါရမီမပါပါဘူး။ ဘယ်လိုလုပ်ဒီလောက်အချစ်စကားကြွယ်တဲ့သားလေးမွေးလာပါလိမ့်၊ ဗီဇပြောင်းဖြစ်စဉ်များလား။”
“ဘယ်သူသိမှာလဲ။”
မားမားကုန်းက ဓာတ်ပုံရိုက်ပြီးနောက် ကင်မရာကိုပြန်ချကာပြောလိုက်သည်။ သူ(မ)က ချွေးမဖြစ်သူနှင့်ချစ်စကားကြိုက်စကားများဆက်ပြောနေသော မိမိ၏သားဖြစ်သူကိုကြည့်ကာ သက်ပြင်းချလိုက်ရင်း:
“တကယ်အူယားစရာပဲ။ မဖြစ်တော့ဘူး၊ ဆက်နားထောင်နေရင် ငါအန်ချမိလိမ့်မယ်။”
ပြောပြီးသည်နှင့် သူ(မ)ကင်မရာပိုက်ကာ ဧည့်ခန်းထဲပြန်သွားေတာ့သည်။
သိပ်မကြာခင် တရုတ်အစားအစာများ ထမင်းစားပွဲပေါ်ရောက်လာသည်။ မိသားစုဝင်အားလုံးလည်း အိမ်ပြန်လာကြသည်။ ဤသို့ဖြင့် တရုတ်နှစ်သစ်ကူးညစာစားပွဲလေး တရားဝင်စတင်ခဲ့သည်။
နောက်တစ်နေ့တွင် ပိတ်ရက်မဟုတ်တာကြောင့် အဖေနှစ်ယောက်ရုံးသွားရမည်ဖြစ်သလို၊ ဝမ်ကျိယွီလည်း ကျောင်းတက်ရမှာဖြစ်သည်။ ထို့ကြောင့် တရုတ်နှစ်သစ်ကူးညစာစားပွဲကလွဲလျှင် တခြားဘာအစီအစဉ်မှမရှိပေ။ ကုန်းကျယ်နှင့်ဝမ်ကယ်က အဖေနှစ်ယောက်နှင့်အတူ ဝိုင်အနည်းငယ်သောက်ပြီး ညဆယ်နာရီထိုးတော့ အခန်းထဲပြန်လာသည်။
ဝမ်ကယ်တစ်ယောက် ဝိုင်နည်းနည်းသောက်ပြီး ရီဝေဝေဖြစ်ကာ ခြေလှမ်းများအနည်းငယ်ဒယိမ်းဒယိုင်ဖြစ်နေသည်။ သို့နှင့် ကုန်းကျယ်ကလူကိုတစ်ခါတည်းပွေ့ချီကာ အခန်းထဲပြန်ခဲ့သည်။ သူက ဝမ်ကယ်အအေးမိမှာစိုးတာကြောင့် ရေမချိုးပေးတော့ဘဲ မျက်နှာကိုအဝတ်စိုဖြင့်သုတ်ပေးကာ ခြုံစောင်ထဲသေချာထည့်လိုက်သည်။
ကုန်းကျယ် ရေချိုးပြီးထွက်လာတော့ ဝမ်ကယ်က ဘယ်တုန်းကအဝတ်အစားများကိုချွတ်ပစ်လိုက်သည်မသိ၊ ခြုံစောင်ပေါ်အဝတ်ဗလာဖြင့်ဝမ်းလျားမှောက်အိပ်နေတာတွေ့ရသည်။ သူ့မျက်ဝန်းအစုံကလည်းအရည်လဲ့နေကာ ကုန်းကျယ်ကိုရွှန်းရွှန်းစားစားစိုက်ကြည့်နေသည်။
ကုန်းကျယ် လည်ချောင်းထဲ ခပ်တင်းတင်းဖြစ်သွားသည်ကိုသာခံစားမိသည်။ သူ့ခါးရှိေရချိုးတဘက်ပတ်ထားသည့်တစ်ခုေသာနေရာကလည်း အနည်းငယ်စိတ်လှုပ်ရှားလာသည်။ ထိုအခိုက်တွင် ဝမ်ကယ်က ဝမ်းလျားမှောက်အိပ်နေရာမှ ပက်လက်လှန်ချလိုက်သည့်အခါ အမြင်အာရုံသက်ရောက်မှုများပိုမိုကြီးမားသွားသည်။ ကုန်းကျယ်နောက်ဆုံးတော့လုံးဝခံနိုင်ရည်မရှိဘဲ ရေချိုးတဘက်ကိုဆွဲချွတ်ကာ ခြေလှမ်းအနည်းငယ်အတွင်းကုတင်ပေါ်တက်သွားပြီး လူကိုသူ့အောက်ဖိထားလိုက်သည်။
ဝမ်ကယ်က အနည်းငယ်မူးနေကာ မျက်လုံးများအရည်လဲ့နေသည်။ ဒီလိုအချိန်မျိုးမှာတောင် သူ့မျက်နှာကအပြစ်ကင်းစင်နေသည်။ သူက ကိုယ်ပေါ်ဖျက်ခနဲတက်ဖိလာသည့်ကုန်းကျယ်ကိုကြည့်ပြီး ရုတ်တရက်ချိုချိုလွင်လွင်လေးရယ်မောလိုက်ပြီးနောက် နူးညံ့ညင်သာစွာခေါ်လာသည်။
“ယောကျာ်း~~”
ကုန်းကျယ်တစ်ကိုယ်လုံးရှိကြွက်သားများတောင့်တင်းကာ နှာခေါင်းထဲထူပူသွားသည်။ သူ့မှာ စက္ကပိုင်းအတွင်း နှာခေါင်းသွေးနှစ်ကြောင်းစီးကျလာတော့မလိုခံစားလိုက်ရသည်။ သူ ပေါက်ကွဲထွက်တော့မလိုဖြစ်နေသည့် ရမ္မက်ဆန္ဒများကိုထိန်းချုပ်ကာ အရဲစွန့်ခေါ်လိုက်သည်။
“မိန်းမ။”
“အင်း။”
အရက်မူးနေသည့်ဝမ်ကယ်က အလွန်စကားနားထောင်သည်။ သူက ကုန်းကျယ်လည်ပင်းကိုသိုင်းဖက်ကာ လိမ်လိမ်မာမာပြန်ဖြေလာသည်။
ကုန်းကျယ် မျက်ခုံးတစ်ဖက်ပင့်သွားပြီး အကြံဆိုးကြီးဖြင့်ပြုံးကာ ဝမ်ကယ့်နားရွက်နားကပ်၍ ပရောပရည်ပြောလိုက်သည်။
“ဒီနေ့တရုတ်နှစ်သစ်ကူးနေ့ဆိုတော့ နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့ ယောကျာ်းကိုအားရအောင်ေပျာ်ခွင့်ပေး။ ဟုတ်ပြီလား။ ယောကျာ်းက ရပ်မယ်မပြောမချင်းရပ်လို့မရဘူးနော်။”
“အင်း။”
ဝမ်ကယ် မျက်လုံးများဝေဝါးနေကာ ညင်သာစွာပြန်ဖြေသည်။
စကားဆုံးသည်နှင့် ကုန်းကျယ်ထံမှအနမ်းများကျရောက်လာသည်။ ဝမ်ကယ်ကလိမ်လိမ်မာမာပါးစပ်ဟ၍ သူ့ဘက်ကစပြီး လျှာလေးထုတ်ကာ ရစ်ပတ်နမ်းရှိုက်လိုက်၏။
ကုန်းကျယ်နမ်းရင်း ကုတင်ခေါင်းရင်းမီးများပိတ်ပြီးနောက် အခန်းတစ်ခုလုံးအမှောင်ထုထဲသို့ နောက်တစ်ကြိမ်ကျရောက်သွားလေသည်။
တိတ်ဆိတ်သောအမှောင်ထုထဲတွင် နမ်းရှိုက်သည့်ရင်ဖိုဖွယ်အသံများ၊ ရှိုက်သံများပြတ်သားစွာကြားရသည်။ ထို့နောက်တွင်တော့ ငိုညည်းသံလေးက အမှောင်ည၏ရမ္မက်ဆန္ဒမီးစာအား အပြည့်အဝလောင်မြှိုက်သွားစေခဲ့သည်။
ကုန်းကျယ်ပြောသည့်အားရအောင်ပျော်မည်ဆိုသောစကားက အမှန်တကယ်အားရအောင်ပျော်ခြင်းဖြစ်လေသည်။ ကြီးမားသည့်ကုတင်ကြီးက တကျွီကျွီလှုပ်ခါနေသည်မှာ ကောင်းကင်၌ရောင်နီသန်းချိန်မှရပ်တန့်သွားသည်။ နောက်ဆုံးကွန်ဒုံးတစ်ခုသုံးလို့ကုန်သွားတော့ ကုန်းကျယ်ပက်လက်လှန်ကာ ဝမ်ကယ်ဘေးဝင်လှဲလိုက်သည်။ သူ့တစ်ကိုယ်လုံးချွေးပေါက်များပွင့်သွားကာ သက်တောင့်သက်သာရှိနေသည်။ ဝမ်ကယ်ကတော့ ခံနိုင်ရည်မရှိဘဲသတိလစ်သွားလေပြီ။ သို့သော် သူ့မျက်လုံးထောင့်များ၌ ကြည်လင်သောမျက်ရည်စလေးများ တွဲလွဲခိုနေဆဲပင်။
ကုန်းကျယ် ချစ်သူကိုရင်ခွင်ထဲတင်းကျပ်စွာဖက်လိုက်၏။ သူ့နှလုံးသားထဲ၌ ပြောမပြနိုင်လောက်အောင် ကျေနပ်အားရမှုများခံစားေနရသည်။
လက်ထပ်ခဲ့တာ (၇)နှစ်ရှိပြီ၊သူတို့နှစ်ေယာက်ဆက်ပြီးပျော်ရွှင်သွားချင်သေးတယ်။
တရုတ်နှစ်သစ်ကူးပွဲတော်ပြီးသွားတော့ သူတို့ ဗြိတိန်တွင် တစ်ပတ်ခန့်ဆက်နေပြီး တရုတ်နိုင်ငံသို့ပြန်ခဲ့သည်။ သူတို့က ဖန်များကိုရှောင်ရန် ညသန်းခေါင်ဆိုက်မည့်လေယာဉ်ကိုရွေးချယ်ခဲ့သည်။
အိမ်ပြန်ရောက်ပြီးနောက်တစ်နေ့၌ အေးဂျင့်နှစ်ယောက်က သူတို့အိမ်တံခါးဝသို့အတူတူရောက်လာသည်။
“ခင်ဗျားတို့…..”
ဝမ်ကယ်တစ်ယောက် လော့မင်ဖန်း၏လက်မောင်းကိုစိုက်ကြည့်ရင်း ပြောမည့်စကားများပင်ဆွံ့အသွားသည်။
“ငါတို့ဘာဖြစ်လဲ။”
ယင်ယွီထျန်းကနားမလည်သလိုဖြစ်ကာ ဝမ်ကယ်ကြည့်နေသည့်နေရာဆီ အကြည့်ရောက်သွားသည်။ ထို့နောက် သူ့လက်က လော့မင်ဖန်းလက်မောင်းကို အလွန်ရင်းနှီးသည့်အနေအထားဖြင့်တွဲထားဆဲဖြစ်နေတာမြင်တော့ သူမျက်နှာရဲသွားကာ လက်ကိုအမြန်ရုတ်လိုက်သည်။ သူက ရှားရှားပါးပါး ရှက်ကိုးရှက်ကန်းဖြစ်ကာ အထစ်ထစ်အငေါ့ငေါ့ရှင်းပြသည်။
“ငါ….ငါ ပြီးခဲ့ရက်ပိုင်းက ခြေဆစ်လွဲသွားလို့၊ မင်ဖန်းက ငါလဲကျမှာစိုးလို့ ငါ့ကိုစေတနာနဲ့တွဲပေးတာ။ မင်းတို့လျှောက်မတွေးနဲ့ေနာ်။”
ပါးစပ်ကမင်ဖန်း၊ မင်ဖန်းလို့တောင်ခေါ်နေပြီကို လျှောက်မစဉ်းစားဖို့ပြောနေသေးတယ်။
ဝမ်ကယ်စိတ်ထဲက သရော်ပြောပြောလိုက်သည်။ သို့သော် မျက်နှာကတော့ပြုံးထားကာ သဘောပေါက်သလိုခေါင်းညိတ်ပြလိုက်သည်။
လော့မင်ဖန်းက အိမ်ထဲဝင်လာကတည်းက ဘာစကားမှမဆိုေပ။ ခုနကအတွေးများစရာမြင်ကွင်းမျိုးဖြစ်သွားတာတောင် သူကဘာတစ်ခွန်းမှဝင်ရှင်းပြခြင်းမရှိပေ။ (၁.၉)မီတာနီးပါးရှိေသာအရပ်၊ တည်ငြိမ်အေးဆေးသည့်မျက်နှာအမူအယာနှင့် လူကိုအလွန်လှည့်စားမည့်ပုံေပါက်နေသည့် လော့မင်ဖန်း။ နောက်ပြီး သူ့ဘေးတွင် အရပ် (၁.၇၅)မီတာရှိသောယင်ယွီထျန်းရပ်နေပုံက ကူကယ်ရာမဲ့နေသည့်ချစ်စရာငှက်ငယ်ကလေးနှင့်တူပေသည်။ ဝမ်ကယ်ကြည့်ရင်းကြည့်ရင်း သူတို့နှစ်ဦးကရုပ်ရည်သွင်ပြင်ချင်း တကယ်လိုက်ဖက်သည်ဟုခံစားလာရသည်။ သို့သော်…. ပင်ကိုစရိုက်များကတော့ လွဲမှားနေသည်။
ယခင်က သူတို့နှစ်ဦးအိမ်သို့ အေးဂျင့်များ အကြိမ်များစွာလာေရာက်စကားပြောဖူးသည်။ သို့သော် လူချင်းမဆုံအောင်တမင်ရှောင်ကာချိန်းခဲ့ပြီး ယခုလိုအေးဂျင့်နှစ်ဦးလုံး အိမ်သို့အတူတူရောက်လာခြင်းမျိုးတစ်ခါမှမရှိခဲ့ဖူးပေ။ နောက်ပြီး ဒီတစ်ခေါက်အလုပ်ကိစ္စက သူတို့နှစ်ဦးစလုံး အတူတူပါဝင်လုပ်ကိုင်ရမည်ဖြစ်တာကြောင့် နှစ်ဦးလုံးကို အထူးတလည် အတူလာဖို့ခေါ်ခဲ့ခြင်းဖြစ်သည်။
*****
Aurora Novel Translation Team