Chapter 23
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 23 - ကနဦးရိုက်ကူးရေး
အပိုင်း (၂၃) – ကနဦးရိုက်ကူးရေး
👻👻👻
လူအများစိတ်ဝင်စားမည့်အကြောင်းအရာများကို အသာပေးေဖာ်ပြနိုင်ရန်ရည်ရွယ်၍ သဘာဝရသစုံရှိုးကဲ့သို့ပရိုဂရမ်အမျိုးအစားသစ်များကို များသောအားဖြင့် ဇာတ်ညွှန်းများကြိုတင်ချမှတ်လေ့ရှိကာ ဧည့်သည်များကဇာတ်ညွှန်းအတိုင်းသရုပ်ဆောင်ပေးဖို့သာလိုအပ်သည်။ သို့သော်သူတို့က လူငယ်များကြားအချင်းချင်းပေါင်းသင်းဆက်ဆံကြသော ပုံရိပ်အစစ်အမှန်များကိုတတ်နိုင်သမျှများများရယူလိုသည်။ ထို့ကြောင့် <<စွန့်စားလူငယ်များ>>အစီအစဉ်က ဧည့်သည်များကိုဇာတ်ညွှန်းလုံးဝမပေးဘဲ မိမိစိတ်တိုင်းကျလွတ်လပ်စွာသရုပ်ေဆာင်ခွင့်ပေးထားသည်။ သို့သော်ကနဦးအပိုင်းတိုရိုက်ကူးရာတွင် ရိုက်ကွင်းတည်ေနရာနှင့်အကြောင်းအရာများက အကန့်အသတ်များစွာရှိတာကြောင့် ရိုက်ကူးရေးလုပ်နေစဉ်ဘာပြောရမှန်းမသိဖြစ်သွားတာမျိုးမရှိရလေအောင် ပရိုဂရမ်အဖွဲ့က ဧည့်သည်များပြောရမည့်အဓိကအကြောင်းအရာများကိုအကြမ်းဖျင်းဇာတ်ညွှန်းတစ်ခုပေးထားသည်။
ဝမ်ကယ်က သဘာဝရသစုံရှိုးများတွင်မပါဝင်ဖူးသလို၊ ယခုကဲ့သို့ရိုက်ကူးရေးမျိုးလည်းတစ်ခါမှမလုပ်ဖူးသော်လည်း ဒရမ်မာဇာတ်လမ်းတွဲတချို့တွင်ပါဝင်သရုပ်ဆောင်ဖူးသည့်အတွက် သဘာဝရသစုံရှိုးများကို နိုင်နင်းစွာသရုပ်ဆောင်ရန် အတွေ့အကြုံလုံလောက်ပေသည်။ ထို့ကြောင့် ရိုက်ကူးရေးလုပ်နေစဉ် သူ့မျက်နှာအမူအရာနှင့် အပြောအဆိုများက အလွန်သဘာဝကျနေသည်။
ဝမ်ကယ်က ကင်မရာဖန်သားပြင်ကိုကြည့်ကာ ပြုံးပြီးပြောလိုက်သည်။
“ကျွန်တော့်အိမ်ကအရမ်းသေးတယ်။ ငါးစက္ကန့်နဲ့တင်ရိုက်လို့ပြီးသွားမှာ။”
သူတို့၏တောင်တန်းအလယ်ရှိစံအိမ်ကြီးနှင့်ယှဉ်လျှင် ဒီနေရာေလးကတကယ်ပင်အများကြီးပိုသေးနေသည်။ ကုမ္ပဏီကသူ့အတွက်ဒီအိမ်ကိုစီစဉ်ပေးစဉ်က သူသိပ်နာမည်မကြီးသေးပေ။ ထို့အပြင် ကုန်ကျစရိတ်လည်းအလွန်ကြီးတာကြောင့် နေရထိုင်ရအဆင်ပြေသည့် တစ်ယောက်တိုက်ခန်းကောင်းကောင်းလေးတစ်လုံးကိုသာသူရွေးချယ်ဖြစ်ခဲ့သည်။ ၎င်းကနှစ်အနည်းငယ်သာရှိသေးသော်လည်း ဝမ်ကယ်၏လက်ရှိအဆင့်အတန်းနှင့်ဆိုလျှင် ဒီနေရာမျိုးတွင်နေနေသည်က သူ့အတွက်အနည်းငယ်စုတ်ချာသည်ဟုဆိုနိုင်သည်။
ပရိုဂရမ်အဖွဲ့က သူနှင့်ကုန်းကျယ်၏ဆက်ဆံရေးကိုမသိတာကြောင့် ဒီအိမ်ကိုဝမ်ကယ့်အိမ်ဟုသာ တကယ်ထင်မှတ်သွားသည်။ သို့နှင့်သူတို့ကမေးလိုက်၏။
“နည်းနည်းပိုကြီးတဲ့အိမ်ပြောင်းဖို့မစဉ်းစားဘူးလား။”
ဝမ်ကယ်အံ့အားသင့်သွားကာ ပြုံးလိုက်သည်။
“နေတာကြာလာတော့ကျင့်သားရနေပါပြီ။ မပြောင်းချင်တော့ဘူး။ ဘာပဲပြောပြော တစ်ယောက်တည်းနေတာဆိုတော့ နေရာအကျယ်ကြီးမလိုပါဘူး။”
ယခင်ကဆို အနုပညာရှင်ကိုယ်တိုင်ကခံစားချက်နှင့်ပတ်သက်သောစကားများအစပျိုးလာလျှင် ပရိုဂရမ်အဖွဲ့ကလည်း အခွင့်အရေးကိုလက်လွှတ်မခံဘဲ ထိုစကားနောက်လိုက်ကာ နောက်ထပ်မေးခွန်းများေသချာေပါက်ထပ်မေးလေ့ရှိသည်။ သို့သော် သူတို့စာချုပ်မချုပ်ခင်ကတည်းက ရိုက်ကူးရေးလုပ်နေစဉ်ကိုယ်ရေးကိုယ်တာကိစ္စများ၊ အထူးသဖြင့်အချစ်ရေးနှင့်ပတ်သက်သည့်မေးခွန်းများမမေးရန် ဝမ်ကယ့်ဘက်မှပြတ်ပြတ်သားသားပြောထားတာရှိနေတော့ ပရိုဂရမ်အဖွဲ့ကထိုအခွင့်အရေးကိုလက်လွှတ်ကာ ဗီဒိုပေါ်ရှိအလှဆင်ပစ္စည်းများအကြောင်းစသည့် အသေးအဖွဲခေါင်းစဉ်များကိုပြောင်းမေးလိုက်သည်။
ထို့နောက်ဝမ်ကယ်အဝတ်အစားထည့်တာကိုရိုက်ကူးခဲ့သည်။
“ငါတို့သွားမဲ့နေရာက ကျူးဘားမလား။”
ဝမ်ကယ်ကအဝတ်ဗီရိုဖွင့်သည်နှင့် ကင်မရာမန်းဘက်လှည့်ကာ ရုတ်တရက်မေးလိုက်သည်။
ကင်မရာမန်းက ခေါင်းညိတ်ပြသည်။
ဝမ်ကယ်ကအဝတ်အစားထည့်ဖို့ အလျင်မလိုသေးဘဲ လက်ကိုင်ဖုန်းထုတ်ကာကျူးဘားနိုင်ငံ၏ရာသီဥတုအခြေအနေကို အရင်ရှာဖွေလိုက်သည်။ ထို့နောက်ကျူးဘားနိုင်ငံ၏ပထဝီအနေအထားကိုကြည့်ပြီး သူကိုယ့်ဟာကိုယ်ပြောလိုက်၏။
“ကျူးဘားက အမေရိကတိုက်အလယ်ပိုင်းမှာရှိတာဆိုတော့ နိုင်ငံရဲ့နေရာအများစုက အပူပိုင်းမိုးသစ်တောရာသီဥတုမျိုးပဲ။ အပူပိုင်းဒေသပါလား၊ ဒါဆိုတော်တော်ပူလိမ့်မယ်။ ပေါ့ပေါ့ပါးပါးအဝတ်အစားတွေထည့်သွားရမယ်။”
ဝမ်ကယ်ကလက်ကိုင်ဖုန်းကိုချကာ ဆွယ်တာဂျာကင်ကိုအဝတ်ဗီရိုထဲပြန်ထည့်လိုက်ပြီး ဗီရိုအောက်ဆုံးကနေလက်တိုအင်္ကျီနှင့် ဘောင်းဘီတိုများထုတ်ယူလိုက်သည်။
ကင်မရာမန်းက ရုတ်တရက်ပြောလာသည်။
“အဝတ်အစားတွေ တော်တော်နည်းတယ်နော်။”
ဝမ်ကယ်လုပ်နေသည်များတုံ့ခနဲရပ်သွား၏။ ထို့နောက် ကင်မရာမန်းဘက်ကျောပေးကာ ခပ်ခြောက်ခြောက်ရယ်ရင်း ပြောလိုက်သည်။
“ရှေ့ရက်ကပဲ မဝတ်တော့တဲ့အဝတ်အစားတွေကိုတစ်သုတ်ရှင်းလိုက်တာ၊ အသစ်သွားမဝယ်ရသေးလို့။”
HUGO BOSS ၏အာရှတိုက်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဝမ်ကယ့်၏ ကိုယ်ပိုင်ဝတ်စုံနှင့် ဖျော်ဖြေရေးအဝတ်အစားများကိုပါ HUGO BOSS မှအားလုံးစီစဉ်ဖန်တီးပေးထားသည့်အပြင် အဝတ်အစားအသစ်များကိုလည်း အိမ်သို့မကြာခဏပို့ပေးလေ့ရှိတာကြောင့် ဝမ်ကယ့်မှာအဝတ်အစားပြတ်လပ်သည်ဟူ၍မရှိပေ။ သို့သော် ဒီတစ်ခေါက်အိမ်ပြောင်းရွှေ့ရန်အလွန်အလျင်လိုတာကြောင့် ဝမ်ကယ်အဝတ်အစားအနည်းငယ်သာယူလာပြီး ကျန်အဝတ်များမှာ တောင်တန်းအလယ်ရှိစံအိမ်ကအဝတ်ဗီရိုထဲတွင်ချိတ်လျက်သားကျန်ရစ်ခဲ့သည်။ ထိုအချိန်က ကျူးဘားနိုင်ငံရာသီဥတုအကြောင်းကို သူထည့်မစဉ်းစားဘဲ နေရာလွတ်ဖြည့်ရန်သာယူလာတာကြောင့် ပါလာသည့်ေနွရာသီအဝတ်အစားအရေအတွက်ကအတော်နည်းနေသည်။ ဝမ်ကယ်နွေရာသီအဝတ်အစားအားလုံးကို ခရီးဆောင်အိတ်ထဲထည့်သည့်အခါအိတ်တစ်ဝက်လောက်နေရာပိုနေသည်။ သို့နှင့် ကင်မရာမန်းကစိုးရိမ်တကြီးမေးလိုက်သည်။
“ကျွန်တော်တို့ရိုက်ကူးရေးက နှစ်လတောင်ကြာမှာ၊ ဒီအဝတ်အစားနဲ့လောက်ပါ့မလား။”
ဝမ်ကယ်လည်း အရဲစွန့်ကာပြောလိုက်သည်။
“မတတ်နိုင်ဘူး။ အဝတ်အစားတွေအများကြီးရှင်းထုတ်ထားတော့ အခုသွားဝယ်လို့မမီတော့ဘူး။ ဟိုရောက်မှကြည့်လုပ်တာပေါ့။ ယောကျာ်းလေးတွေက အဝတ်အစားအပေါ်သိပ်ဂရုမစိုက်ပါဘူး။ ဝတ်စရာရှိရင်ရပြီ။”
သူ့စကားကိုရိုက်ကွင်းရှိဝန်ထမ်းများအားလုံးသဘောကျသွားသည်။ ဤသို့ဖြင့် စကားခေါင်းစဉ်ကြောင့် အလန့်တကြားဖြစ်သွားသော်လည်း သူအခက်အခဲမရှိကျော်ဖြတ်နိုင်လိုက်သည်။
နေ့စဉ်ဘဝအကြောင်းဗီဒီယိုအတိုလေးရိုက်ကူးပြီးနောက် အင်တာဗျူးကိုချက်ချင်းစတင်ရိုက်ကူးသည်။ ရိုက်ကူးရန်နေရာကို အထူးတလည်မရွေးချယ်ဘဲ ဧည့်ခန်း၌ပင် မီးထိုးရိုက်ကူးခဲ့သည်။ ဝမ်ကယ်ကဆိုဖာပေါ်ထိုင်ကာ အင်တာဗျူးလက်ခံဖြေကြားခဲ့သည်။
အင်တာဗျူးက အစပိုင်းေတာ့ပေါ့ပေါ့ပါးပါးပင်။ သူတို့က ဝမ်ကယ့်ကို ဤသဘာဝရသစုံရှိုးတွင်ပါဝင်ရသည့်အကြောင်းရင်းနှင့် သူ၏အမြင်တချို့အားမေးမြန်းခဲ့သည်။ ဝမ်ကယ်က ကြိုတင်လေ့ကျင့်ထားသည့်အတိုင်း တစ်ခုချင်းပြန်ဖြေသည်။ မေးခွန်းလေးငါးခုပြီးသွားတော့ ဒါရိုက်တာကရုတ်တရက်ခေါင်းစဉ်ပြောင်းမေးသည်။
“မကြာခင် ကုန်းကျယ်နဲ့အတူတူ သဘာဝရသစုံရှိုးရိုက်ကူးရတော့မှာဆိုတော့ စိတ်ထဲဘယ်လိုခံစားရလဲ။”
ဝမ်ကယ်အံ့အားသင့်သွားကာ ယင်ယွီထျန်းအားအလိုလိုလှမ်းကြည့်လိုက်သည်။ ယင်ယွီထျန်းကလည်း မျက်မှောင်ကြုတ်သွားသည်။ ယခင် ဒါရိုက်တာအဖွဲ့သူတို့ကိုအင်တာဗျူးစဉ်က ကုန်းကျယ်အကြောင်းလုံးဝမမေးခဲ့ပေ။ ဒါကသူတို့နှစ်ယောက်ကိုအသုံးချပြီး နာမည်ကြီးအောင်လုပ်ချင်မှန်းအသိသာကြီးပင်။
ဝမ်ကယ်ကလည်း သူတို့ရည်ရွယ်ချက်ကိုချက်ချင်းသဘောပေါက်ကာ ပေါ့ပေါ့ပါးပါးပြုံး၍ တန်းပြီးဖြေလိုက်သည်။
“အတော်လေးမျှော်လင့်နေပါတယ်။”
“ဒီပရိုဂရမ်ကိုလက်ခံတုန်းက ကုန်းကျယ်ပါမယ်ဆိုတာသိလား။”
ပရိုဂရမ်အဖွဲ့က သူတို့နှစ်ယောက်နာမည်ကြီးသည်ကိုအသုံးချ၍ ဂယက်ထအောင်လုပ်ချင်မှန်း အလွန်သိသာသည်။ ထို့ကြောင့် မေးခွန်းများကလည်း တစ်ခုထက်တစ်ခုပိုမိုပြတ်သားလာသည်။
ဝမ်ကယ် ခေါင်းညိတ်ပြလိုက်၏။
“အဆင်မပြေတာမျိုးရှိလား။ ဘာပဲပြောပြော အားလုံးကမင်းတို့ကို ဂူတစ်ဂူထဲခြင်္သေ့နှစ်ကောင်မအောင်းတဲ့ရန်သူေတာ်ဟောင်းတွေလို့ပြောနေကြတာလေ။ အခုနှစ်ယောက်စလုံးက ရှိူးမှာပါဖို့တစ်ပြိုင်တည်းလက်ခံလိုက်တော့ ကျွန်တော်တို့အားလုံးလည်းအံ့ဩသွားတာ။”
ဝမ်ကယ်ကပြုံးပြီး တည်ငြိမ်စွာပြောလိုက်သည်။
“သေချာပေါက်ပြဿနာမရှိပါဘူး။ တကယ်တော့ ကျွန်တော်တို့ကခင်ဗျားတို့ပြောသလောက် တစ်ယောက်နဲ့တစ်ယောက်မတည့်ကြတာမျိုးမဟုတ်ပါဘူး။ အဲ့ဒီရှိုးမတိုင်ခင်ကလည်း ကျွန်တော်သူနဲ့တစ်ခါမှမဆုံဖူးဘူး။ ဘယ်ကနေဘယ်လိုလုပ်ပြီး ခင်ဗျားတို့ပြောနေကြသလို မျက်နှာကြောမတည့်တဲ့ရန်သူတွေဖြစ်သွားမှန်းကျွန်တော်လည်းမသိဘူး။”
ဝမ်ကယ်က ကင်မရာေရှ့တွင်စကားအများကြီးေပြာခဲသူဖြစ်၏။ ထို့ကြောင့် သူဆုပေးပွဲအခမ်းအနားများတက်ရောက်ရန် ပျက်ကွက်ခဲ့သည်ကို မီဒီယာများကနာမည်ကြီး၍ဘဝင်မြင့်သည်ဟုေဝဖန်ဖော်ပြခဲ့သည့်ေနာက်ပိုင်း သူ့မှာကိုယ့်ကိုယ်ကိုယ်ရှင်းပြဖို့အခွင့်အရေးမရခဲ့ပေ။ သို့သော် ဒီတစ်ခေါက်တော့ သူနှင့်ကုန်းကျယ်၏ဆက်ဆံရေးကို လူသိရှင်ကြားဖွင့်ချရန်စဉ်းစားထားတာကြောင့် ဝမ်ကယ်ကမေးခွန်းများကို အလေးအနက်ပြန်ဖြေကာ စိတ်ရှည်လက်ရှည်ရှင်းပြနေသည်။
“တကယ်ရန်သူေတွမဟုတ်ဘူးပေါ့။”
ဒါရိုက်တာက လက်မလျှော့ဘဲထပ်မေးသည်။
ဝမ်ကယ်ကခေါင်းညိတ်ပြကာ:
“ကျွန်တော် ကုန်းကျယ်ကိုအရမ်းေလးစားပါတယ်။”
ဒါရိုက်တာက ကုန်းကျယ်နှင့်ပတ်သက်၍ထပ်မေးချင်နေသည်။ သို့သော် ယင်ယွီထျန်းက ဘေးကနေတစ်ချိန်လုံးမျက်နှာကြီးမည်းကာ တောက်လျှောက်တားနေတာကြောင့် သူလက်လျှော့ပြီးအခြားလူများအကြောင်းမေးခွန်းအနည်းငယ်ထပ်မေးကာ အင်တာဗျူးကိုအဆုံးသတ်လိုက်သည်။ ဝမ်ကယ်၏ကနဦးဗွီဒီယိုရိုက်ကူးရေး အောင်မြင်စွာပြီးဆုံးသွားသည်။ ဒါရိုက်တာအဖွဲ့လည်းပစ္စည်းများသိမ်းကာ အရင်ပြန်သွားသည်။
တစ်နာရီကြာတော့ ဝမ်ကယ်ကားပေါ်တက်ကာ တောင်ကြားရှိစံအိမ်သို့ပြန်လာသည်။
ဝမ်ကယ်တံခါးဖွင့်လိုက်သည်နှင့် ကုန်းကျယ် တံခါးဝတွင်ရပ်ကာ ပြုံးပြီးမေးလာသည်။
“ရိုက်ကူးရေးပြီးသွားပြီလား။”
ဝမ်ကယ်က မျက်နှာအမူအရာပေါ့ပေါ့ပါးပါးဖြင့် ဖိနပ်ပင်မလဲဘဲ ကုန်းကျယ်ကိုအရင်ပွေ့ဖက်လိုက်သည်။
“အရမ်းပင်ပန်းနေလား။”
ကုန်းကျယ်က ဝမ်ကယ့်ကိုဖက်ကာမေးလိုက်သည်။
“အဆင်ပြေပါတယ်။ ကောင်းကောင်းမအိပ်ရတာပဲရှိတာ။”
ဝမ်ကယ်က ကုန်းကျယ်ရင်ခွင်ထဲတိုးဝှေ့ကာပြောလိုက်သည်။
“ငါရောပဲ၊ မင်းငါ့ဘေးနားမှာမရှိတော့ ငါလည်းအိပ်မပျော်ဘူး။”
ကုန်းကျယ် သူ့လက်နှစ်ဖက်ဖြင့် လူကိုရင်ခွင်ထဲတင်းကျပ်စွာပွေ့ဖက်လိုက်သည်။
ခဏပွေ့ဖက်ပြီးနောက် ဝမ်ကယ်က သူ့ရင်ခွင်ထဲမှထွက်ကာ ဖိနပ်လဲပြီးအိမ်ထဲဝင်လိုက်သည်။
“ဒီနေ့အင်တာဗျူးတာဘယ်လိုလဲ။ ငါ့အကြောင်းမေးသေးလား။”
ကုန်းကျယ်ကမေးလိုက်သည်။
ဝမ်ကယ်ကရေတစ်ငုံသောက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူခဏစဉ်းစားကာ ပြန်မေးသည်။
“မင်းလည်းအမေးခံရတယ်လား။”
ကုန်းကျယ်က မျက်ခုံးပင့်ကာပြုံးပြသည်။
“သူတို့ရှေ့မှာအောင်မြင်မှုကြီးအဆင်သင့်ရှိနေတာ၊ ကောင်းကောင်းအသုံးမချဘဲနေမလား။”
ကုန်းကျယ်က ဝမ်ကယ့်ထက်တစ်ရက်စော၍အင်တာဗျူးလုပ်ခဲ့သည်။ သူ့ကိုဝမ်ကယ့်အကြောင်းမေးသည့်အခါ ဝမ်ကယ့်ကိုလည်း ဒီမေးခွန်းပဲမေးမယ်ဆိုတာသူသေချာသိနေသည်။
“ငါ အသုံးချခံေနရတယ်ဆိုတဲ့ခံစားချက်ကြီးကိုမုန်းတယ်။”
ဝမ်ကယ် ကုန်းကျယ်ပေါင်ပေါ်လှဲရင်း ကုန်းကျယ်ကုတ်အင်္ကျီကြယ်သီးကိုဆွဲကာ မပျော်မရွှင်ပြောလိုက်သည်။
“ငါလည်းမကြိုက်ပါဘူး။”
ကုန်းကျယ်က ဝမ်ကယ့်ပါးကိုလက်ညှိုးနှင့်ထိကာ:
“ဒါပေမဲ့ သူတို့ကငါတို့ကြိုက်၊မကြိုက်ဂရုစိုက်နေမှာမဟုတ်ဘူး။ နောက်ဆိုငါတို့ခဏခဏအသုံးချခံရလောက်တယ်။ ဘာပဲပြောပြော အကြီးမားဆုံးစွဲဆောင်မှုကငါတို့နှစ်ယောက်ပဲ။ အကယ်၍ငါတို့နှစ်ယောက်ချက်ချင်းထရန်ဖြစ်ရင်တောင် သူတို့ကဝမ်းသာလို့ထခုန်နေကြမှာ။”
ဝမ်ကယ်ကရယ်ရင်း ကုန်းကျယ်ရင်ဘတ်ကြွက်သားများကို မကျေနပ်သလိုလက်ညှိုးဖြင့်ထိုးလိုက်သည်။
“မင်းနဲ့ရန်ဖြစ်ရတာအရမ်းပျင်းဖို့ကောင်းတယ်။ အဲ့ဒီအစားမိန်းကလေးတွေအချင်းချင်းရန်ဖြစ်တာကြည့်ရတာကမှပိုကောင်းဦးမယ်။”
“ငါနဲ့ရန်ဖြစ်ရတာပျင်းစရာကောင်းတယ်ဟုတ်လား။”
ကုန်းကျယ်ကိုယ်ကိုကိုင်းကာ ဝမ်ကယ်ရှေ့မျက်နှာအပ်လိုက်သည်။
“ပျင်းစရာကောင်းတယ်။”
ဝမ်ကယ်ကလက်ဆန့်ကာ ကုန်းကျယ်မျက်နှာကိုတွန်းဖယ်ရင်း:
“စကားနှစ်ခွန်းလောက်ရန်ဖြစ်လို့မနိုင်တာနဲ့ ဒူးထောက်ပြီးအမှားဝန်ခံနေတော့ဘာအဓိပ္ပါယ်ရှိမှာလဲ။ ဒီနေရာကျမင်းကမင်းအဖေနဲ့အတူဆုံးပဲ၊ ရန်တောင်မဖြစ်တတ်ဘူး။ မင်းအမေမင်းကိုဘဝင်မကျတာလည်းမထူးဆန်းတော့ပါဘူး။”
“အဲ့ဒါမိန်းမကိုချစ်တယ်လို့ခေါ်တယ် ဟုတ်ပြီလား။”
ကုန်းကျယ်ကမကျေမနပ်နှင့်:
“အကယ်၍ မင်းကတစ်နေ့လုံးရန်ဖြစ်ရတာသဘောကျတယ်ဆို၊ ငါမင်းကျေနပ်အောင်နေပေးလို့ရပါတယ်။”
“သွားသွား၊ ဘယ်သူကအလုပ်မရှိအလုပ်ရှာရန်ဖြစ်ရတာသဘောကျမှာလဲ။”
ဝမ်ကယ် ထိုင်ရာမှထကာ အပေါ်ထပ်တက်ပြီး ရေချိုးဖို့ပြင်လိုက်သည်။
ကုန်းကျယ်က အပေါ်ထပ်လိုက်သွားကာ:
“ငါကမင်းကိုချစ်တာမို့ မင်းနဲ့ရန်မဖြစ်ရက်တာ။ မင်းကငါ့ကိုပျင်းစရာကောင်းတယ်ပြောလို့ ငါကမင်းကျေနပ်အောင်နေ့တိုင်းရန်ဖြစ်ပေးမယ်ဆိုတော့လည်း မင်းကမကြိုက်ဘူး။ ကလေးလေး မင်းဘယ်တုန်းကဒီလောက်အကြိုက်ဆောင်ရခက်သွားတာလဲ။”
“ထွက်ထွက်၊ ငါရေချိုးမလို့၊ မင်းအထဲလိုက်ဝင်ပြီးဘာလုပ်မလို့လဲ။”
ဝမ်ကယ် သူ့ကိုခပ်ပြင်းပြင်းတွန်းထုတ်လိုက်သည်။
ကုန်းကျယ်က သွားဖို့တွန့်ဆုတ်နေကာ:
“မမြင်ဖူးတာမှမဟုတ်တာ။ ကိုင်တာဘယ်နှခါမှန်းေတာင်မသိတော့ဘူး။ ဘာလို့အခုမှရှက်နေတာလဲ။”
ဝမ်ကယ်ရှက်သွေးဖြာကာ ဒေါသထွက်သွားသည်။ သူက ကုန်းကျယ်ကိုရေချိုးခန်းထဲမှတွန်းထုတ်ကာ တံခါးကိုဆောင့်ပိတ်လိုက်သည်။
“သွား၊ သားကိုနို့သွားတိုက်ချေ။”
ကုန်းကျယ်ကတော့ ရေချိုးခန်းတံခါးကိုမှီကာ တုပ်တုပ်မျှမလှုပ်ပေ။ ထို့နောက်သူမျက်လုံးေထာင့်ကနေ ကုတင်ပေါ်ကျန်နေခဲ့သည့်ရေချိုးတဘက်ကိုမြင်သွားကာ ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။ ထို့နောက်သူက ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ကာ သီချင်းေလးတညည်းညည်းဖြင့် ခွေးသားလေးကိုအစာကျွေးရန် အောက်ထပ်ဆင်းသွားသည်။ အောက်ထပ်တွင်ခဏနေပြီးနောက် ကုန်းကျယ်အချိန်ခန့်မှန်းကာ အပေါ်ပြန်တက်လာသည်။ အခန်းတံခါးဖွင့်လိုက်သည်နှင့် ရေချိုးခန်းတံခါးပွင့်လာတာတွေ့ရသည်။ ဝမ်ကယ်က အထဲမှာအဝတ်ဗလာဖြင့်ရပ်ကာ အပြင်သို့လှမ်းထွက်ဖို့ပြင်နေသည်။ သို့သော် ရုတ်တရက် တံခါးအပြင်ဘက်တွင်ကုန်းကျယ်ရပ်ေနတာမြင်သွားတော့ ဝမ်ကယ်လန့်ပြီးတံခါးပြန်ပိတ်လိုက်သည်။
ကုန်းကျယ်ကလူရမ်းကားတစ်ေယာက်ကဲ့သို့ လေလေးတချွန်ချွန်နှင့် ရေချိုးခန်းတံခါးဆီလျှောက်လာသည်။
“ဘာလို့ပြန်ဝင်သွားတာလဲ။ ငါမမြင်ဖူးတာမှမဟုတ်တာ။”
“ငါကမင်းစိတ်မထိန်းနိုင်ဘဲဝံပုလွေပုံပြောင်းသွားမှာစိုးတာ။”
ဝမ်ကယ်က အကျယ်ကြီးအော်ကာပြန်ပက်လိုက်သည်။
“ငါ့ကိုရေချိုးတဘက်ကမ်းပေး။”
“မပေးချင်ဘူး။”
ကုန်းကျယ်ကသမာသမတ်ကျကျ ငြင်းဆိုလိုက်သည်။
“မင်းကိုယ်တိုင်လာယူ။”
“ကုန်းကျွမ်းကျွမ်း၊ မင်းအတင့်ရဲလာပြီပေါ့၊ဟုတ်လား။”
ဝမ်ကယ် နံဘေးရှိရှပ်အင်္ကျီတစ်ထည်ကိုယူကာကိုယ်မှာပတ်လိုက်သည်။ ထို့နောက်စိတ်ဆိုးမာန်ဆိုးဖြင့် ရေချိုးခန်းတံခါးကိုဖွင့်လိုက်၏။ သူကရေချိုးတဘက်သွားယူဖို့အလျင်မလိုဘဲ ကုန်းကျယ်ကိုအရင်ခြေထောက်နှင့်ကန်လိုက်သည်။
“ဒီရက်ပိုင်းငါမင်းအပေါ်သိပ်ကောင်းေပးနေလို့ ဒီအိမ်မှာဘယ်သူကအာဏာအရှိဆုံးလဲဆိုတာမေ့သွားတာလား။”
ကုန်းကျယ်ကတော့ ဝမ်ကယ်ပြောသည်ကိုဘာမှမကြားပေ။ သူ့အာရုံအလုံးစုံက ဝမ်ကယ်၏ဖြူသွယ်ရှည်လျားသည့်ခြေထောက်များပေါ်ကျရောက်နေသည်။
နောက်ဆုံးတော့သူစိတ်မထိန်းနိုင်ဘဲ အတင့်ရဲစွာလက်ဆန့်၍လှမ်းပြီးထိကိုင်လိုက်၏။ နူးညံ့ချောမွတ်သည့်ခံစားချက်ကအတော်လေးကိုင်လို့ကောင်းပေသည်။ ဝမ်ကယ် ဒေါသပုံထကာ အကြိမ်အနည်းငယ်ထပ်ကန်လိုက်သည်။ သို့သော် သူစိတ်ဆိုးမပြေတာကြောင့် ပါးစပ်နဲ့လည်း အကြိမ်အနည်းငယ်ကုန်းကိုက်လိုက်၏။
ကုန်းကျယ်က လူကိုပွေ့ချီကာ ဝမ်ကယ်ခြေထောက်များကိုသူ့ခါးမှာရစ်ပတ်စေလိုက်သည်။ ထို့နောက် သူ့လက်နှစ်ဖက်ကို ပြည့်ပြည့်ဖြိုးဖြိုးတင်ပါးသားလေးများပေါ်တင်ကာ စိတ်တိုင်းကျအသားယူ၊ တို့ဟူးစားလိုက်သည်။ ဝမ်ကယ် သူ့ကိုဒေါသတကြီးရှူးရှဲရှဲနှင့်စိုက်ကြည့်နေတာမြင်တော့ ကုန်းကျယ်ကစာနာသလိုအနားတိုး၍လည်ပင်းဆန့်ပေးလိုက်သည်။
“ကိုက်လေ၊ ဒီလိုဆိုနည်းနည်းစိတ်ပြေသွားလိမ့်မယ်။”
ဝမ်ကယ် မိုးပေါ်မော့ကာသက်ပြင်းအရှည်ကြီးချလိုက်သည်။
“ကုန်းကျွမ်းကျွမ်း၊ မင်းကတကယ်ဆေးမမီတော့ဘူး။”
👻👻👻
တစ်ပတ်ကြာပြီးနောက် အစီအစဉ်ရိုက်ကူးရေးတရားဝင်စတင်ခဲ့သည်။ ကုန်းကျယ်နှင့်ဝမ်ကယ်က ရိုက်ကူးရေးမစမီတစ်ရက်အလိုတွင် သူတို့ယာယီနေထိုင်ရာတိုက်ခန်းများဆီပြန်သွားသည်။ အနုပညာရှင်တိုင်းတွင်အိမ်ကစထွက်သည့်အချိန်မှ လေဆိပ်ရောက်သည်အထိ ကိုယ်ပိုင်ရိုက်ကူးရေးအဖွဲ့များအသီးသီးရှိလေသည်။
အဖွဲ့ဝင်(၈)ဦးတွင် ယွီရန်မှာ သဘာအနုဆုံးဖြစ်သည်။ သူက အဖွဲ့ထဲတွင်အငယ်ဆုံးလည်းဖြစ်တာကြောင့် လေဆိပ်သို့စောနိုင်သမျှစောစောရောက်လာကာ နားနေခန်းထဲတွင် စီနီယာများကိုတလေးတစားနှုတ်ဆက်လိုက်သည်။
တိုက်ဆိုင်၍ပဲလားမသိ၊ ဝမ်ကယ်နှင့်ကုန်းကျယ် လေဆိပ်သို့တစ်ချိန်တည်းရောက်ရှိလာသည်။ သူတို့နှစ်ဦးက တစ်ဦးကအရှေ့ဘက်မှဝင်၍ နောက်တစ်ဦးကအနောက်ဘက်မှဝင်ကာ လေဆိပ်ဂိတ်ပေါက်တွင်သွားဆုံကြသည်။
*****
Aurora Novel Translation Team