Chapter 25
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 25 - အိပ်ရာဝင်အနမ်းလေးလိုချင်တယ်
အပိုင်း (၂၅) – အိပ်ရာဝင်အနမ်းလေးလိုချင်တယ်
👻👻👻
“အစ်ကိုဝမ်၊ ယင်ဟန်ကိုသတိထား။”
ဝမ်ကယ်ဒီစကားကြားတော့အံ့ဩသွားကာ ယွီရန်ကိုနားမလည်သလိုပြန်မေးသည်။
“ဘာလို့အဲ့လိုပြောတာလဲ။ သူမင်းကိုစော်ကားထားတာရှိလို့လား။”
ယွီရန်ကခေါင်းခါပြပြီး လက်ချောင်းများကိုအင်္ကျီထဲထည့်ကာအကြိမ်အနည်းငယ်လုံးချေလိုက်သည်။ ထို့နောက် ခဏချီတုံချတုံဖြစ်ပြီးပြောလိုက်သည်။
“ယင်ဟန်၊ သူကလေ အစ်ကိုနဲ့အစ်ကိုကုန်းတို့လိုအတူတူပဲ။”
“အတူတူပဲ?”
ဝမ်ကယ်စိတ်ထဲရှုပ်ထွေးသွားပြီးနောက် ခဏကြာဝောာ့ ရှင်းရှင်းလင်းလင်းနားလည်သွားသည်။
“မင်းပြောတာက သူလည်းပဲ…..”
နောက်ပိုင်းစကားများကိုဆက်မပြောဖြစ်တော့ပေ။ သို့သော် သူတို့နှစ်ဦးစလုံး ဘာကိုဆိုလိုမှန်းနားလည်လိုက်သည်။
ယွီရန်ကခေါင်းညိတ်ပြ၏။ ဒီတစ်ခေါက်တော့ သူ့လေသံကပိုတိုးသွားကာ ဝမ်ကယ့်နားရွက်နားလက်အုပ်ပြီး တီးတိုးပြောလိုက်သည်။
“ကျွန်တော့်အေးဂျင့်နဲ့သူ့အေးဂျင့်က သူငယ်ချင်းတွေ၊ တစ်ခါတုန်းက ယင်ဟန်ရဲ့အေးဂျင့်ကအရက်မူးပြီး ကျွန်တော့်အေးဂျင့်ကိုမတော်တဆထုတ်ပြောဖူးတာရှိတယ်။ ယင်ဟန်ကဂေးတဲ့၊ ပြီးတော့ အနုပညာအသိုင်းအဝိုင်းထဲမှာသူသဘောကျနေတဲ့လူက အစ်ကိုတဲ့။”
ဝမ်ကယ်လုံးဝထိတ်လန့်သွားသည်။ သို့သော်သူ့စိတ်ထဲတွင်နည်းနည်းတော်သေးသည်ဟုခံစားမိသည်။ ယင်ယန်သူ့အေပါ်သဘောကျခြင်းက ကိုယ်ကြိုက်နှစ်သက်သည့်အနုပညာရှင်အပေါ် ဖန်တစ်ယောက်မှသဘောကျခြင်းမျိုးသာဖြစ်မည်ဟုသူတွေးလိုက်သည်။ သို့သော် ယင်ဟန် သူ့ကိုစကားပြောဖို့တစ်ချိန်လုံးစကားစရှာနေပုံ၊ သူနှင့်အမြဲရင်းနှီးအောင်ကြိုးစားနေပုံများကိုပြန်စဉ်းစားမိသည့်အခါ သူခုနကလိုမတွေးမိတော့ပေ။
ယွီရန်ကဆက်ပြောသည်။
“ကျွန်တော့်အေးဂျင့်ပြောတာကြားဖူးတယ်။ ယင်ဟန်ဆိုတဲ့လူက စိတ်ထဲမှာဉာဏ်နီဉာဏ်နက်အတော်များတယ်တဲ့။ အရင်ကဆို CP သတင်းထွက်အောင်လုပ်ရတာအရမ်းကြိုက်တယ်လို့ပြောတယ်။ ဒီတစ်ခေါက်သူဒီလိုမလုပ်ဖူးလို့ပြောရခက်တယ်။ ဘာပဲဖြစ်ဖြစ်အစ်ကိုသူနဲ့ခပ်ဝေးဝေးနေတာကောင်းတယ်။ ယင်ဟန်ရဲ့အများအမြင်ကလည်းသိပ်ကောင်းတာမဟုတ်တော့ ဒီလိုကိစ္စမျိုးကယုံချင်စရာပဲ။”
ဝမ်ကယ်ခေါင်းညိတ်ပြပြီး မျက်နှာလေးနက်သွားသည်။ သို့သော်ငြား ခပ်ဝေးဝေးနေဖို့ဆိုတာ ဧည့်သည်(၈)ယောက်တွင် (၄)ယောက်တည်းယောကျာ်းလေးဖြစ်နေတော့ သူဘယ်လောက်ခပ်ဝေးဝေးနေနိုင်မှာလဲ။ နောက်ပြီးဘယ်လိုနေနေ အားလုံးကကင်မရာရှေ့မှာဖြစ်ပျက်နေတော့ သူ့ဘက်ကသူစိမ်းဆန်နေလျှင် အစီအစဉ်ထုတ်လွှင့်သည့်အခါ ယင်ဟန်ဖန်များကသူ့ကိုပြဿနာလာရှာပေလိမ့်မည်။
ဒီလိုကိစ္စမျိုးကိုကောင်းကောင်းမကိုင်တွယ်နိုင်လျှင် ကိုယ့်အပေါ်ဒုက္ခရောက်နိုင်သလို၊ ပြင်းထန်ပါကအစီအစဉ်ပေါ်ပါသက်ရောက်မှုရှိနိုင်သည်။
ထို့အပြင် ကုန်းကျယ်လည်းဒီမှာရှိနေသည်။ အကယ်၍ သူသာဒီအကြောင်းသိသွားလျှင်…….ထိုသို့စဉ်းစားမိသည်နှင့် ဝမ်ကယ်ယွီရန်ကိုအမြန်သတိပေးလိုက်သည်။
“ဒီကိစ္စတခြားလူကိုမပြောနဲ့ဦး။ ကုန်းကျယ်ကိုလည်းမပြောနဲ့။ ငါ့အထင် ဒီလောက်များတဲ့ကင်မရာတွေရှေ့မှာ ယင်ဟန်သိပ်လွန်လွန်ကျူးကျူးမလုပ်ရဲလောက်ပါဘူး။”
“အစ်ကိုကုန်းကျယ်ကို တကယ်မပြောလို့ဖြစ်ပါ့မလား။ သူ့ကိုပြောပြထားရင် ကျွန်တော်တို့အတူတူေပါင်းပြီး ဘယ်လိုဖြေရှင်းရမလဲဆွေးနွေးလို့ရတယ်။”
ဝမ်ကယ်က သဘောမတူသလိုခေါင်းခါပြလိုက်ကာ:
“ဒီကိစ္စ သူ့ကိုလုံးဝပြောလို့မဖြစ်ဘူး။”
ကုန်းကျယ်သည် ကြည့်လိုက်လျှင် ဖော်ေရွ၍ချဉ်းကပ်ရလွယ်ပုံရသည်။ အနုပညာအသိုင်းအဝိုင်းထဲဝင်ပြီးနောက် သူ၏ဒေါသကြီးသောအကျင့်လည်းပျောက်ကွယ်သွားခဲ့သည်။ သို့သော်ဆိုးသွမ်းသည့်ကလေးက သွန်သင်ခံရ၍လိမ္မာလာသည့်တိုင် အရိုးခံအတွင်းစိတ်ထဲမှာတော့ သွေးဆူလွယ်သည့်လူငယ်တစ်ဦးအဖြစ်သာရှိသေးသည်။ သူကလွယ်လွယ်စိတ်မဆိုးတတ်သော်လည်း တစ်ယောက်ယောက်ကဝမ်ကယ့်ကိုပြဿနာရှာလျှင်ဖြစ်စေ သို့မဟုတ် ဝမ်ကယ်ကိုအဆက်မပြတ်စိတ်ရှုပ်ေအာင်လုပ်နေလျှင်ဖြစ်စေ ကုန်းကျယ်က တစ်ခါတွေ့၊ တစ်ခါပေါက်ကွဲတတ်လေသည်။
ပြည်ပတွင်ေပြာဆိုဆက်ဆံပုံများက အလွန်ပွင့်လင်းကြသည်။ အထက်တန်းစီနီယာနှစ်က အခြားအခန်းမှအာဖရိကန်ကောင်လေးတစ်ယောက်က ဝမ်ကယ့်ကို ရုတ်တရက်ချစ်ခွင့်ပန်ကာ သဘောကျကြောင်းပြောခဲ့သည်။ ဝမ်ကယ်ကတစ်ခါတည်းအပြတ်ငြင်းခဲ့သော်လည်း ထိုကောင်လေးကချက်ချင်းလက်မလျှော့ဘဲ ဝမ်ကယ့်ကိုအသည်းအသန်လိုက်ခဲ့သည်။ သူက နှင်းဆီပန်းတွေပို့ကာ ဝမ်ကယ့်ကို နေ့တိုင်းရုပ်ရှင်အတူတူသွားကြည့်ရန်၊ ထမင်းအတူစားရန်ဖိတ်ခေါ်ခဲ့သည်။ အဲ့ဒီတုန်းက ဝမ်ကယ့်ခမျာ ထိုကောင်လေးကိုရင်ဆိုင်ရ၍စိတ်ရာကိုယ်ပါပင်ပန်းခဲ့သည်။ ထိုအချိန် ကုန်းကျယ်က ကျောင်းဘတ်စကက်ဘောအသင်းနှင့်အတူ လဝက်ခန့်လေ့ကျင့်ရေးခရီးထွက်နေတာကြောင့် ဝမ်ကယ်က အသေးအမွှားကိစ္စနှင့်ကုန်းကျယ်ကိုစိတ်အနှောင့်အယှက်မပေးချင်ပေ။
ဤသို့ဖြင့် ဝမ်ကယ်လဝက်ခန့်စိတ်ရှုပ်ခံပြီးနောက် ကုန်းကျယ်ပြန်ရောက်လာသည်။ သို့သော် ဝမ်ကယ်သူ့ကိုပြောပြဖို့ပင်အချိန်မရလိုက်၊ တခြားသူများထံမှ သူဒီအကြောင်းသိသွားသည်။ ကုန်းကျယ်ကအထုပ်ေတာင်ချချိန်မရ၊ မျက်နှာကြီးမည်းကာထိုကောင်လေးအတန်းသို့ပြေးထွက်သွားသည်။ ထို့နောက် ကောင်လေးကိုဆွဲမ’ကာ ထိုးကြိတ်တော့၏။ ထိုစဉ်က ကုန်းကျယ်၏ကြမ်းတမ်းသောအမူအရာမှာ လူတိုင်းကိုအံ့ဩသွားစေသည်။ ဘယ်သူမှအနားသွားပြီးဝင်မဆွဲရဲကြပေ။ ကံကောင်းထောက်မစွာဖြင့် ဝမ်ကယ်အချိန်မီရောက်သွားကာ ကုန်းကျယ်ကိုဆွဲဖယ်ဖို့အချိန်အတော်ယူလိုက်ရသည်။ သို့သော် အာဖရိကန်ကောင်လေးမှာ အထိုးခံရ၍နှာခေါင်းသွေးယိုကာမျက်နှာကြီးရောင်ကိုင်းသွားသည်။ နောက်တော့ သူတစ်ပတ်လောက်ဆေးရုံတက်လိုက်ရသည်။
ထိုကိစ္စပြီးကတည်းက လူတို့နှစ်ယောက်အကြောင်းကို တစ်ကျောင်းလုံးသိသွားသည်။ သို့သော် ထိုအချိန်မှစ၍ ကုန်းကျယ်၏ကြောက်စရာလွှမ်းမိုးမှုကြောင့် ဘယ်သူမှဝမ်ကယ့်ကိုချစ်ခွင့်မပန်ရဲတော့ပေ။ ဤကား အဆိုးထဲကအကောင်းဟုဆိုရပေမည်။
အတိတ်ကကိစ္စကိုနမူနာယူ၍ ဝမ်ကယ် ကုန်းကျယ်ကိုဒီအကြောင်းပေးမသိရဲပေ။ သူ၏ဒေါသကြီးပုံနှင့်ဆို ကင်မရာရှေ့တွင်ယင်ဟန်ကိုဆွဲမထိုးဘူးဟုအာမမခံနိုင်ပေ။ ထို့ကြောင့် ဝမ်ကယ်ကိုယ့်ဟာကိုယ်သတိထားပြီး ယင်ဟန်နှင့်ခပ်ကင်းကင်းနေဖို့သာတတ်နိုင်သည်။
သူတို့နှစ်ဦး သန့်စင်ခန်းထဲတွင်အကြာကြီးမနေရဲပေ။ သူတို့ပြန်ထွက်လာသည်နှင့် လေယာဉ်ထွက်ခွာမည့်အသိပေးကြေညာသံထွက်ပေါ်လာသည်။
ရိုက်ကူးရေးပိုမိုချောမွေ့စေရန် ပရိုဂရမ်အဖွဲ့က ပထမတန်းထိုင်ခုံများစီစဉ်ေပးထားသည်။ ထိုင်ခုံနေရာများရွေးချယ်သည့်အခါ မိန်းကလေး(၄)ယောက်က နှစ်ယောက်တစ်တွဲတွဲကာ ကိုယ်တိုင်နေရာများေရွးချယ်ထိုင်လိုက်သည်။
ဝမ်ကယ်က ယင်ဟန်အကြောင်းတွေးရင်း စိတ်နဲ့ကိုယ်နဲ့မကပ်တာကြောင့် ထိုင်ခုံနေရာရွေးဖို့စိတ်ထဲမရှိပေ။
ယင်ဟန်က ထိုင်ခုံနေရာများကိုကြည့်လိုက်ပြီး ဝမ်ကယ်နားရောက်လာကာမေးသည်။
“ဆရာဝမ်ဘယ်မှာထိုင်မှာလဲ၊ ကျွန်တော် ဆရာနဲ့အတူတူထိုင်လို့ရမလား။”
ဝမ်ကယ်နှင့်ယွီရန်စိတ်ထဲတွင် အချက်ေပးေခါင်းေလာင်းသံများ ဒိန်းခနဲထွက်ပေါ်လာသည်။ ကုန်းကျယ်ကအခြေအနေအရပ်ရပ်ကိုနားမလည်သော်လည်း ဝမ်ကယ့်အပေါ်ပိုင်ဆိုင်လိုစိတ်ကြီးတာကြောင့်ချက်ချင်းသတိထားမိသွားသည်။ သို့နှင့် လူသုံးယောက်မျက်လုံးသုံးစုံ ယင်ဟန်ကိုတစ်ပြိုင်တည်းလှမ်းကြည့်လာသည်။
ယင်ဟန်က သူအမှတ်မထင်မေးလိုက်သည့်စကားတစ်ခွန်းကြောင့် ယောကျာ်း(၃)ယောက်တစ်ပြိုင်တည်းလှမ်းကြည့်လာမည်ဟုမထင်ထားေပ။ သို့နှင့် သူ ခဏရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
ကင်မရာများကရိုက်ကူးရေးလုပ်နေဆဲဖြစ်ပြီး ယင်ဟန်ကလည်းမေးလိုက်ပြီဖြစ်တာကြောင့် အကျိုးသင့်အကြောင်းသင့်ဆိုရလျှင် လက်ခံသည်ဖြစ်စေ၊ ငြင်းဆန်သည်ဖြစ်ေစ ဝမ်ကယ်ဘက်မှပြန်လည်တုံ့ပြန်သင့်သည့်အနေအထားဖြစ်သည်။
အကယ်၍ယွီရန်သာသတိမပေးထားလျှင် ဝမ်ကယ်သူ့ကိုလက်ခံမိလောက်သည်။ သို့သော်ယခုတော့ ယင်ဟန်၏လိင်စိတ်တိန်းညွှတ်မှုကိုသူသိသွားသည့်အပြင် မိမိအပေါ်လည်းလျှို့ဝှက်အကြံအစည်များရှိနေပုံရတာကြောင့် သူလုံးဝလက်ခံဖို့မဖြစ်နိုင်ပေ။
ဝမ်ကယ်ဘက်မှအကြာကြီးစကားမပြန်တာမြင်တော့ ရိုက်ကူးရေးစကတည်းကတစ်ချိန်လုံးတိတ်ဆိတ်နေသူ၊ ယွီရန်က ရုတ်တရက်နေရာမှထ၍ ယင်ဟန်ကိုပြောလိုက်သည်။
“ဆရာယင်၊ ကျွန်တော်ဆရာနဲ့ထိုင်လို့ရနိုင်မလား။ ကျွန်တော့်မှာသရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး ဆရာ့ကိုမေးချင်တာလေးတွေရှိလို့ပါ။”
ယင်ဟန်နည်းနည်းမကျေမနပ်ဖြစ်သွားသည်။ သို့သော် လူအများကြီးေစာင့်ကြည့်နေပြီး ယွီရန်ကလည်းမေးစရာရှိ၍ သူနှင့်ထိုင်ချင်သည်ဟုပြောပြီးသားဖြစ်နေသည်။ နောက်ပြီးလေသံကလည်း စိတ်ရင်းနဲ့ပြောနေမှန်းသိသာတာကြောင့်သူငြင်းလိုက်လျှင်ဘဝင်မြင့်၍ပေါင်းသင်းရခက်ပုံပေါက်သွားပေလိမ့်မည်။
ထိုအချိန် ဝမ်ကယ်ကပြောလိုက်သည်။
“ဒီလိုဆို ငါကုန်းကျယ်ဘေးမှာထိုင်လိုက်မယ်။ မင်းတို့နှစ်ယောက်အတူတူထိုင်ပြီးဆွေးနွေးကြပေါ့။”
ဝမ်ကယ်ထိုသို့ပြောလိုက်တော့ ယင်ဟန်ဘာမှထပ်ပြောလို့မကောင်းပေ။ သို့နှင့် သူစိတ်မပါလက်မပါ ယွီရန်ဘေးဝင်ထိုင်လိုက်သည်။
ကုန်းကျယ် အစကတည်းကသူတို့တွေအတော်ထူးဆန်းနေတာသတိထားမိသည်။ သို့သော် ဘယ်နားထူးဆန်းနေမှန်းလည်းသူမသိပေ။ သို့နှင့် ကုန်းကျယ်ကနားမလည်ဘဲ သူတို့ဘေးအခြားတစ်ဖက်မှာဝင်ထိုင်ဖို့လုပ်လိုက်သည်။ သို့သော် ဝမ်ကယ်ကကုန်းကျယ်လက်ကိုတိတ်တိတ်ဆွဲသွားကာရှေ့တစ်တန်းတက်ပြီး ယင်ဟန်မမြင်နိုင်သည့်ရှေ့တည့်တည့်အတန်းတွင်ဝင်ထိုင်လိုက်သည်။
ဤသို့ဖြင့်လေယာဉ်စတင်ထွက်ခွာလာသည်။ ပြည်တွင်းမှကျူးဘားသို့ လေယာဉ်ခရီးရှည်စီးရမည်ဖြစ်ပြီး လမ်းတွင်လေယာဉ်တစ်ခါပြောင်းစီးရမည်ဖြစ်သည်။ ရိုက်ကူးရေးအဖွဲ့ကလည်း လမ်းခရီးတစ်လျှောက်လုံးရိုက်ကူးရေးလုပ်ရန်အဆင်မပြေတာကြောင့် လုံလုံလောက်လောက်ရိုက်ကူးပြီးနောက် ပစ္စည်းကိရိယာများသိမ်းကာ နေရာတွင်အသီးသီးထိုင်လိုက်သည်။
ကင်မရာများထွက်သွားပြီး မိုက်ခရိုဖုန်းများဖယ်ပြီးသွားသောအခါ ကုန်းကျယ် ဝမ်ကယ့်အနားတိုးကာ ခပ်တိုးတိုးမေးလိုက်သည်။
“ဘာလို့နေရာပြောင်းထိုင်ဖို့စဉ်းစားတာလဲ။ နောက်ပြီး ခုနကဘာဖြစ်နေတာလဲ။ ယင်ဟန်ထူးဆန်းနေတယ်လို့ငါခံစားရတယ်။”
ဝမ်ကယ်က ခံစားချက်များကိုဖုံးကွယ်ကာ ခေါင်းခါပြလိုက်ပြီး:
“ဘာမှမဖြစ်ပါဘူး။ သူတို့နဲ့ခပ်ဝေးဝေးနေချင်ရုံပါ။ သူတို့ကြောင့်အနှောင့်အယှက်မဖြစ်ချင်ဘူး။”
ကုန်းကျယ်ရင်ထဲထိသွားကာ ဝမ်ကယ့်လက်ကိုဆုပ်ကိုင်ပြီး ခြုံစောင်ထဲအတူထည့်လိုက်သည်။ ခြုံစောင်နှင့်ကွယ်ထားလျှင် သူတို့ကိုဘာလုပ်နေမှန်းအပြင်ကမမြင်နိုင်ပေ။ ထိုင်ခုံနောက်မီကလည်းအတော်မြင့်ကာ ဘေးမှာတခြားဘယ်သူမှမရှိပေ။ ထို့ကြောင့် ကုန်းကျယ်ဟန်မဆောင်တော့ဘဲအနားတိုးကာ ဝမ်ကယ့်မေးစေ့ကိုညှစ်၍ နက်ရှိုင်းစွာနမ်းရှိုက်လိုက်သည်။
သူတို့နှင့်နှစ်တန်းအကွာတွင် မိန်းကလေး(၄)ဦးက တီးတိုးစကားဆိုနေသည်။ ပိုဝေးသည့်နေရာမှာတော့ ပရိုဂရမ်အဖွဲ့က အစီအစဉ်အကြောင်းဆွေးနွေးတိုင်ပင်နေကြဆဲဖြစ်သည်။ ဤသို့လူတိုင်းကိုကျောပေး၍ တိတ်တဆိတ်ချစ်ကြိုးသွယ်ရသည့်ခံစားချက်က ဝမ်ကယ်တစ်ကိုယ်လုံးရှိအာရုံကြောများကိုတောင့်တင်းသွားစေသည်။ သူက ကုန်းကျယ်အနမ်းများကိုတုံ့ပြန်ရင်း ဘေးပတ်ဝန်းကျင်ကလှုပ်ရှားသံများကိုတစ်ချိန်လုံးသတိထားနေသည်။
အချိန်အတော်ကြာမှ ကုန်းကျယ်သူ့ကိုလွှတ်ပေးကာ ဆက်နမ်းချင်သေးသည့်ပုံနှင့် နေရာမှာပြန်ထိုင်လိုက်သည်။ ဝမ်ကယ်၏နှုတ်ခမ်းသားလေးများ နီရဲရောင်ကိုင်းကာ အရည်တလဲ့လဲ့တောက်ပသွားသည်။
လွင့်ပျံ့သွားသောစိတ်အစဉ်ကလည်း နောက်ဆုံးတော့ပြန်လည်အသိဝင်လာသည်။ ဝမ်ကယ်ကနှုတ်ခမ်းကိုလက်နှင့်သုတ်ကာ ကုန်းကျယ်ကိုမျက်စောင်းထိုးပြီး မျက်လုံးဖြင့်ခုနကလုပ်ရပ်ကိုမကျေနပ်ကြောင်းပြနေသည်။
ကုန်းကျယ်ကဂရုမစိုက်သလိုပြုံးကာ ဝမ်ကယ့်နားရွက်ကိုကိုက်ပြီး တီးတိုးပြောလိုက်သည်။
“ဘာတွေစိတ်ပူနေတာလဲ။ ငါအားလုံးကိုကြည့်ထားပါတယ်။”
လက်ရှိတွင် ဝမ်ကယ်အနမ်းခံရ၍လား၊ အကြောက်လွန်၍လားမသိ ခြေထောက်များပျော့ခွေကာ ဘယ်လိုမှမလှုပ်နိုင်ေပ။ သူကစူးရှသည့်အကြည့်များဖြင့်သာ ကုန်းကျယ်ကိုစိုက်ကြည့်နေသည်။ ကုန်းကျယ်ကအသည်းယားလာကာ သူ့မျက်ဝန်းများကိုလှမ်းပြီးထိကိုင်လိုက်သည်။
တရုတ်နိုင်ငံမှကျူးဘားသို့ တိုက်ရိုက်လေယာဉ်မရှိပေ။ ထို့ကြောင့် လေယာဉ်ပြောင်းစီးမည့်နေရာ’တိုရွန်တို’သို့ ဆယ်နာရီကြာလေယာဉ်အရင်စီးရမည်ဖြစ်သည်။ ကုန်းကျယ် ဝမ်ကယ့်မျက်ကွင်းညိုလေးများကို လက်မဖြင့်အသာပွတ်သပ်ကာ ညင်သာစွာတီးတိုးပြောလိုက်သည်။
“ခဏနားလိုက်ဦး။ မျက်နှာဒီလောက်ဆိုးနေတာ။ တစ်ချက်ကြည့်ရုံနဲ့ မနေ့ညကကောင်းကောင်းမအိပ်ခဲ့ရမှန်းသိသာတယ်။ ငါရင်နာလို့သေတော့မယ်။”
ဝမ်ကယ်က ကုန်းကျယ်လက်ဖဝါးကိုလိုလားတမ်းတစွာပါးနှင့်ပွတ်လိုက်သည်။ ကုန်းကျယ်ထိုသို့ပြောပြီးနောက် သူလည်းအိပ်ချင်လာကာတစ်ချက်သန်းဝေလိုက်သည်။
ကုန်းကျယ်က ဝမ်ကယ့်ကိုမျက်စိအကာတပ်ပေးကာ စောင်ထုတ်ခြုံပေးသည်။ ဝမ်ကယ်က သူ့ပခုံးကိုမှီကာ ခဏကြာတော့အိပ်ပျော်သွားသည်။ ကုန်းကျယ်က ဝမ်ကယ်မှီလို့အဆင်ပြေအောင် ရှေ့သို့အနည်းငယ်တိုးထိုင်လိုက်သည်။
သူတို့(၁၂)နာရီနီးပါးလေယာဉ်စီးခဲ့သည်။ ဝမ်ကယ်က လေယာဉ်ပေါ်ရောက်သည်နှင့်အိပ်ပြီး ညစာစားချိန်ရောက်သည်အထိ တောက်လျှောက်အိပ်နေသည်။ ကုန်းကျယ်သာ သူ့ကိုတစ်နေ့လုံးအစာမစားဘဲဗိုက်ဆာနေမှာစိုး၍လာမနှိုးလျှင် သူဆက်ပြီးအိပ်ပျော်နေလောက်သည်။ ဝမ်ကယ်အိပ်ရာေကာင်းေကာင်းမနိုးသေးတာကြောင့် မျက်စိသေချာမပွင့်ဘဲမျက်လုံးေမှးကြည့်လာသည်။ ကုန်းကျယ်ကသူ့ကိုနည်းနည်းချင်းခွံ့ကျွေးလိုက်သည်။
ကံကောင်းစွာဖြင့် အခြားသူများလည်း ကိုယ်စီညစာစားနေချိန်ဖြစ်နေသည်။ မဟုတ်လို့သူတို့ကိုတွေ့သွားလျှင်ရှင်းပြဖို့ခက်ပေမည်။ ပန်းကန်လုံးတစ်ဝက်လောက်ခက်ခက်ခဲခဲခွံ့ကျွေးပြီးနောက် ဝမ်ကယ်ပြတင်းပေါက်ဘောင်မှီကာ ပြန်အိပ်ပျော်သွားသည်။ ကုန်းကျယ်ကထမင်းတစ်ဝက်ကျန်သေးသော ပန်းကန်လုံးကိုကိုင်ရင်း သက်ပြင်းချလိုက်သည်။ သူကကျန်ထမင်းတစ်ဝက်ကို နှစ်လုတ်တည်းနှင့်အကုန်စားပြီးနောက် သူ့ကိုယ်ပိုင်ညစာကိုဖွင့်လိုက်သည်။
ညသန်းခေါင်ရောက်တော့ဝမ်ကယ်ပြန်နိုးလာသည်။ သူခါးကြောဆန့်ကာ အိပ်ရေးဝနေပုံပေါ်သည်။ လေယာဉ်အတွင်းပိုင်းတွင်မီးများမှိတ်ထားပြီး မီးအိမ်ငယ်လေးအချို့သာထွန်းထားသည်။ ဘေးပတ်လည်ကိုကြည့်လိုက်တော့ လူတိုင်းအိပ်ပျော်နေသည်။ ကုန်းကျယ်လည်း ထိုင်ခုံနောက်မှီကာအိပ်ပျော်နေသည်။
ဝမ်ကယ် ထိုင်ခုံလက်တန်းပေါ်တံတောင်ထောက်ကာ လက်ပေါ်မေးတင်ပြီး ကုန်းကျယ်ကိုကြည့်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင် အချစ်စိတ်နှင့်အပြုံးရိပ်များပြည့်နှက်နေသည်။ ထို့နောက်မျက်စိနှင့်ကြည့်ရုံဖြင့်အားမရတာကြောင့် လက်ချောင်းများဆန့်ကာ ကုန်းကျယ်မျက်နှာသွင်ပြင်တိုင်းကို ဂရုတစိုက်ထိကိုင်ကြည့်လိုက်သည်။ နောက်ဆုံးတွင် အနည်းငယ်ပွင့်ဟနေသောနှုတ်ခမ်းများဆီသို့တိုးသွားကာ ညင်သာစွာနမ်းရှိုက်လိုက်သည်။
အကြာကြီးအိပ်ပြီးနောက် ဝမ်ကယ်လုံးဝပြန်မအိပ်ချင်တော့ပေ။ သို့နှင့် ရုပ်ရှင်တစ်ကားရှာပြီးကြည့်လိုက်သည်။ ကုန်းကျယ်ကအိပ်နေရင်း ဘေးကအလင်းရောင်ကြောင့်နိုးလာသည်။ သူကအိပ်ချင်မူးတူးဖြင့်မျက်လုံးဖွင့်ကြည့်ပြီး ဝမ်ကယ်ရုပ်ရှင်ကြည့်နေတာမြင်တော့ ဗလုံးဗထွေးနှင့်ပြောလိုက်သည်။
“နိုးပြီလား။”
“အင်း၊ ဆက်အိပ်လိုက်ဦး။”
ဝမ်ကယ် ကုန်းကျယ်ကိုစောင်ခြုံပေးလိုက်သည်။
ကုန်းကျယ်က ဝမ်ကယ်ပခုံးပေါ်ခေါင်းမီှကာပွတ်သီးပွတ်သပ်လုပ်ရင်း မပီမသခေါ်လိုက်သည်။
“မိန်းမ။”
“အင်း။”
ဝမ်ကယ်ကကုန်းကျယ်၏အခေါ်အဝေါ်ကိုအငြင်းပွားမနေဘဲ သူ့ခေါင်းကိုပွတ်သပ်ပေးလိုက်သည်။
ကုန်းကျယ်၏အသံကသိပ်မကျယ်လှ။ နောက်ပြီးလူတိုင်းအိပ်ပျော်နေပြီဖြစ်တာကြောင့် တခြားသူများကြားသွားမှာလည်း မစိုးရိမ်ရပေ။ သို့နှင့် သူခေါင်းမော့ကာ ကလေးလေးတစ်ယောက်လိုချွဲနွဲ့ပြောလိုက်သည်။
“နမ်းပါဦး၊ မိန်းမရဲ့အိပ်ရာဝင်အနမ်းလေးမရှိရင်အိပ်မပျော်လို့။”
ပြောပြီးသည်နှင့် သူကနှုတ်ခမ်းစူပေးလာသည်။
ဝမ်ကယ်မှာ ကုန်းကျယ်မကြာခဏကလေးဆန်ဆန်ချွဲနွဲ့တတ်သည့်အပေါ် လုံးဝခုခံနိုင်စွမ်းမရှိပေ။ သို့နှင့်ခေါင်းငုံ့ကာ ကုန်းကျယ်ကိုနမ်းလိုက်သည်။
ဒီတော့မှကုန်းကျယ်လည်းကျေနပ်ကာ ပြန်အိပ်ပျော်သွားသည်။
လေယာဉ်ခန်းထဲတွင် နောက်တစ်ကြိမ်ပြန်လည်တိတ်ဆိတ်သွားသည်။ သို့သော်ကုန်းကျယ်သူ့ကိုမိန်းမဟုခေါ်လိုက်ချိန်တွင် သူတို့နောက်၌ လူတစ်ယောက်ဖြည်းဖြည်းချင်းမျက်လုံးပွင့်လာသည်ကိုတော့ ဝမ်ကယ်သတိမထားမိလိုက်ပေ။
*****
Aurora Novel Translation Team