Chapter 31
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 31 - ကမ္ဘာအနှံ့လျှောက်လည်မယ်
အပိုင်း (၃၁) – ကမ္ဘာအနှံ့လျှောက်လည်မယ်
ကျူးဘားနိုင်ငံတွင် ဆေးပြင်းလိပ်နှင့်ကော့တေးဟူသောရတနာနှစ်မျိုးရှိသည်။
ကျူးဘားဆေးပြင်းလိပ်များမှာ ကမ္ဘာအနှံ့နာမည်ကျော်ကြားသည်။ ဆေးပြင်းလိပ်နှင့်ယှဉ်လျှင် ကော့တေး၏ေကျာ်ကြားမှုကအနည်းငယ်နိမ့်ပါးသည်။ သို့သော် တစ်ကြိမ်တစ်ခါမျှအရသာမြည်းစမ်းဖူးလျှင် တစ်သက်မမေ့နိုင်အောင်ဖြစ်ရသည်။ကျူးဘား၏ကော့တေးများစွာတွင် ငါးဆင့်စားသောက်ဆိုင်မှမိုဂျီတိုက စာရေးဆရာဟီမီဝေး၏အကြိုက်ဖြစ်တာကြောင့် ကမ္ဘာအနှံ့ခရီးသည်များကိုအဆွဲဆောင်နိုင်ဆုံးဖြစ်သည်။
ဤကမ္ဘာကျော်စာရေးဆရာကြီးက သူ့ရှေ့ရှိသာမည်ညောင်ညစားသောက်ဆိုင်လေးတစ်ဆိုင်က သူ့အားအိမ်ပြန်ဖို့ပင်မေ့လျော့သွားလောက်အောင် ဆွဲဆောင်နိုင်သည်ဟုဆိုခဲ့သည်။ သို့နှင့် ထိုဆိုင်လေးကိုလူအများစိတ်ဝင်စားလာခဲ့သည်။ လူအများစုက ဟီမီဝေး၏အတွေးကိုကောင်းစွာနားမလည်ကြသလို၊ သူ၏စာအုပ်များကိုဖတ်ဖူးရုံသာရှိပြီး သူ့အကြောင်းနက်နက်နဲနဲမသိကြပေ။ သို့နှင့် မသိသူများက ဤစားသောက်ဆိုင်လေး၏အဓိပ္ပါယ်နက်ရှိုင်းပုံကိုမသိဘဲ အနည်းငယ်ကြွားလုံးထုတ်နေသည်ဟုသာထင်ကြသည်။ စားသောက်ဆိုင်လေးက ခံစားချက်တမူထူးခြားသည်။ ဤဆိုင်လေးက ကမ္ဘာပေါ်ရှိအနုပညာရှင်များနှင့်လည်းတရင်းတနှီးရှိသည်။ လူတိုင်းက စိတ်ဝင်စားသည်ဖြစ်စေ၊ စိတ်မဝင်စားသည်ဖြစ်စေ ထိုနေရာသို့တစ်ခေါက်တော့ရောက်အောင်သွားလေ့ရှိကြသည်။
စားသောက်ဆိုင်ဘားက အလွန်နာမည်ကြီးသည့်အပြင် အချိန်ကလည်းထမင်းစားချိန်ဖြစ်တာကြောင့် ဆိုင်ရှေ့တွင်လူတန်းရှည်ကြီးစောင့်ဆိုင်းနေသည်။ စွန်းရှောင်ဖေးက တန်းစီနေသည့်လူများကိုရေတွက်ပြီး မဝံ့မရဲပြောလိုက်သည်။
“လူတွေအများကြီးပဲ။ ဘယ်အချိန်ထိတန်းစီရမလဲမသိဘူး။”
ကုန်းကျယ်ကပြုံးပြီး ဖုန်းထုတ်ဆက်လိုက်သည်။ ထို့နောက်စကားခဏပြောပြီး သူဖုန်းချလိုက်သည်။ သိပ်မကြာလိုက် ဆိုင်ဝန်ထမ်းဝတ်စုံနှင့်အမျိုးသမီးတစ်ဦး ဆိုင်ထဲမှထွက်လာကာ ဘေးပတ်ဝန်းကျင်ကိုေခြဖျားထောက်ကြည့်ပြီးေနာက် သူတို့ကိုတွေ့သွားသည်။ သူ(မ)ကသူတို့အဖွဲ့ကိုတွေ့တော့ သွားပေါ်အောင်ပြုံးကာ အားရပါးရလက်ဝှေ့ယမ်းပြသည်။
“သွားကြစို့။”
ကုန်းကျယ်က လူတိုင်းကိုရှေ့တက်ဖို့ပြောလိုက်သည်။
“ဒီမနက်စောစောကပဲ ကျွန်ဝောာ်ဖုန်းဆက်ပြီးဘိုကင်လုပ်ထားတယ်။”
စွန်းရှောင်ဖေးက စိတ်ရင်းဖြင့်ပြောလိုက်သည်။
“အဖွဲ့ခေါင်းဆောင်ဆရာကုန်းက တကယ်တာဝန်ယူစိတ်ရှိတယ်။ ဆရာ၊ စိတ်မပူနဲ့၊ နောက်တစ်ခါကျရင်လည်း ကျွန်မဆရာ့ကိုပဲအဖွဲ့ခေါင်းဆောင်အဖြစ်ရွေးမယ်။”
“ကျွန်မလည်းရွေးမယ်။”
“ကျွန်မရောပဲ။”
မိန်းကလေးအားလုံးက ဩဘာပေးကြသည်။
စားပွဲထိုးကသူတို့ကိုအထဲခေါ်သွားသည်။ စားသောက်ဆိုင်တစ်ခုလုံးတွင်လူများပြည့်နှက်နေသည်။ ဒုတိယထပ်အခန်းေထာင့်၌ မနက်ကတည်းကသူတို့အတွက်ပြင်ဆင်ထားပုံရသော စားပွဲခုံနှစ်လုံးသာနေရာလွတ်နေသည်။ သူတို့က စားသောက်စရာများမှာကာ စားပွဲထိုးကလည်း ပြန်ထွက်သွားသည်။
ထိုအချိန်မှ ကုန်းကျယ်က ပြောလက်စစကားကိုပြန်သတိရပြီး စကားဆက်လိုက်သည်။
“ပြောရမှာတော့စိတ်မကောင်းပေမဲ့ ဒီလိုကိစ္စမျိုးဆိုတာ အနည်းဆုံးတစ်ခါလောက်တော့ကြုံဖူးသင့်တယ်။ ဒီတော့နောက်တစ်ခါကျရင် တခြားလူတစ်ယောက်ကိုအလှည့်ပေးလိုက်ပါဦး။ အင်း၊ ကျွန်တော့်အထင် ဆရာဝမ်ကအရမ်းကောင်းတယ်။ တစ်ချက်ကြည့်ရုံနဲ့အားလုံးကိုစောင့်ရှေုာက်နိုင်မယ်မှန်းသိသာတယ်။”
ယခုအချိန်တွင် ကုန်းကျယ်က တောအုပ်ကြီးထဲတွင်တစ်ကိုင်းတည်းနားနေရာမှ ဘေးအန္တရာယ်ကြုံတော့ သီးခြားပျံသန်းသွားသောငှက်မောင်နှံ၏သဘောသဘာဝကိုအပြည့်အဝဖော်ပြကာ ဤသို့လူကိုဒုက္ခများစေသည့်အဖွဲ့ခေါင်းဆောင်အလုပ်ကို ဝမ်ကယ်ခေါင်းပေါ်ပစ်ချပေးလိုက်သည်။
အစကဝောာ့ ဝမ်ကယ်က မိန်းကလေးများကုန်းကျယ်ကိုခေါင်းဆောင်ဆက်လုပ်ရန် တိုက်တွန်းပြောဆိုေနသည်ကို သူနှင့်မဆိုင်သလိုနားထောင်ရင်း စိတ်ထဲကကြိတ်ကျေနပ်နေသည်။ သို့သော် သူ့အိမ်သားကဒီလောက်အရှက်မဲ့လိမ့်မည်ဟု သူမထင်ထား၊ သူ့(ဝမ်ကယ့်)ကိုပါအပါဆွဲခေါ်ချင်နေမှန်းသိရဝောာ့ သူဘယ်လိုမှဆက်မရယ်နိုင်ဖြစ်သွားသည်။
“ဆရာကုန်းလုပ်တာကောင်းပါတယ်။ ဆရာပဲဆက်လုပ်ပါ။ ကျွန်ဝောာ်က တခြားလူတွေကိုမစောင့်ရှောက်နိုင်ဘူး။”
ဝမ်ကယ်ကတည်ငြိမ်စွာပြုံးပြီးပြောသော်လည်း စိတ်ထဲကတော့ကုန်းကျယ်ကိုအကြိမ်ကြိမ်မေတ္တာပို့နေသည်။
စွန်းရှောင်ဖေးကအနားရောက်လာပြီး စကားဖြတ်ပြောလိုက်၏။
“ကျွန်မအထင်တော့ ဆရာဝမ်ကတခြားသူတွေကိုစောင့်ရှောက်နိုင်မဲ့ပုံပါပဲ။”
ဝမ်ကယ်ကမျက်ခုံးပင့်လိုက်ကာ:
“ကျွန်တော့်ပုံစံက အဲလိုပုံပေါက်နေလို့လား။”
ဒါသူ့ကိုယ်သူနှိမ်ချပြောခြင်းမဟုတ်၊ သူကတကယ်လည်းသူများကိုမစောင့်ရှောက်တတ်တတ်ခြင်းဖြစ်သည်။ ထို့အပြင်သူ၏ပင်ကိုစရိုက်ကအေးတိအေးစက်နိုင်ကာ နူးညံ့နွေးထွေးမှုတစ်စက်မှမရှိပေ။ ရှိသည့်နူးညံ့နွေးထွေးမှုနည်းနည်းကလည်းကုန်းကျယ်ကိုအကုန်ပေးလိုက်ပြီဖြစ်သည်။ ထို့ကြောင့် သူကအခြားသူများအပေါ်အနည်းငယ်အေးစက်စက်နိုင်သည်။ ထို့ကြောင့် စွန်းရှောင်ဖေး၏အတွေးက ဖန်တစ်ယောက်၏ချစ်ခင်သောမျက်စိဖြင့်ကြည့်ခြင်းကြောင့်ဖြစ်မည်ဟု သူတွေးလိုက်သည်။
စွန်းရှောင်ဖေးက ခေါင်းကုတ်ပြီး အကြောင်းပြချက်မပေးနိုင်ဖြစ်သွားသည်။
“ကျွန်မကဆရာဝမ်ကိုပေါင်းရသင်းရခက်လိမ့်မယ်ထင်တာ၊ ဒါပေမဲ့ တကယ်တမ်းကျဆရာကအရမ်းကိုနူးညံ့နွေးထွေးတဲ့လူတစ်ယောက်ပဲ။”
ကုန်းကျယ်က သူ(မ)စကားကိုခေါင်းညိတ်ထောက်ခံလိုက်သည်။ သို့သော် သူက စိတ်ထဲကနေ ‘ငါ့အပေါ်သာ အမြဲနူးညံ့နွေးထွေးတာ’ဟု ထပ်မံဖြည့်တွေးလိုက်သည်။ ကျိယွီလေးတောင် ဝမ်ကယ့်ဆီကနူးညံ့နွေးထွေးမှုမျိုးဘယ်တုန်းကမှမခံစားဖူးတာ၊ သူတို့ဆိုလျှင်တော့ဆိုဖွယ်ရမရှိပေ။
စားပွဲထိုးကအစားအသောက်များလာချပေးတော့ သူတို့ခဏစကားစပြတ်သွားသည်။ ဤစားသောက်ဆိုင်တွင်ရနိုင်သောအစားအစာများကသိပ်အမျိုးအစားမများလှပေ။ သို့နှင့်လူရှစ်ယောက်ညစာစားကြပြီး ကုန်းကျယ်ကမီနျူးတွင်ပါသော အစားအသောက်အားလုံးနီးပါးကိုမှာထားသည်။ သောက်စရာကတော့ သေချာပေါက်စာေရးဆရာဟီမီဝေးအကြိုက်မိုဂျီတိုဖြစ်သည်။
ကျူးဘားအစားအသောက်များက အနံ့မွှေးပြီးစချင့်စဖွယ်ဖြစ်သည်။ တစ်နေ့လုံးပင်ပန်းလာကြသည့်လူတစ်စုက အစားအသောက်များပေါ်ချက်ချင်းအာရုံရောက်ကာ စကားလုံးဝမပြောဖြစ်တော့ပေ။ မိနစ်(၂၀)ခန့်ကြာတော့ လူတိုင်းတစ်ယောက်ပြီးတစ်ယောက်စားသောက်ပြီး၍ စတင်စကားပြောကြသည်။
ရုတ်တရက်ကောရစ်တာဘက်မှသီချင်းသံထွက်လာသည်။ ထို့နောက်ဂီတတူရိယာများနှင့်အမျိုးသားငါးဦး သူတို့ရှိရာဒုတိယထပ်သို့လမ်းလျှောက်တက်လာသည်။ ဒါကစားသောက်ဆိုင်၏တီးဝိုင်းအသေးစားဖြစ်သည်။ အစကတုန်းက သူတို့က ကောင်တာတွင်ထိုင်နေသောဧည့်သည်များကိုသာ တီးမှုတ်ဖျော်ဖြေခဲ့ခြင်းဖြစ်သည်။ ထို့နောက်တရုတ်နိုင်ငံမှအနုပညာရှင်များလည်း ဒီနေရာသို့မကြာခဏရောက်လာတတ်တာကြောင့် ထိုအနုပညာရှင်များအတွက်လည်း တေးသီချင်းများတီးခတ်ဖျော်ဖြေပေးကြသည်။
သီချင်းသံကမြူးကြွပြီးပျော်ရွှင်စရာကောင်းသည်။ ဧည့်သည်အများစုကကောင်တာဘားနားစုလာကာ သီချင်းသံနှင့်အတူခန္ဓာကိုယ်များကိုယိမ်းနွဲ့နေကြသည်။ သူတို့က တခြားသူများကိုပါ အတူဝင်ကဖို့မေမ့မလျော့ဖိတ်ခေါ်နေသည်။ မိန်းကလေးများက ထိုမြင်ကွင်းကြောင့်စိတ်လှုပ်ရှားသွားကာ နိုင်ငံရပ်ခြားမှမိတ်ဆွေများနှင့်အတူကခုန်ဖို့ ထိုင်ခုံများမှထလိုက်သည်။
ယင်ဟန်ကအမြဲလိုလိုအားပါးတရပျော်ပါးတတ်သူဖြစ်သည်။ သို့သော်ယခုတော့မိမိပုံရိပ်ကိုထိန်းသိမ်းရန် ကင်မရာရှေ့တွင်စိတ်ကိုအခါခါထိန်းချုပ်ထားသည်။
လက်ရှိတွင်မိန်းကလေးများအားလုံးစိတ်ပါဝင်စားနေကာ ငြိမ်ငြိမ်မထိုင်နိုင်ကြတော့ပေ။ သူတို့ကယွီရန်ကိုပါအတူကဖို့ဆွဲခေါ်သွားသည်။ အတင်းအခေါ်ခံရသည့်ယွီရန်ကလည်းကြောင်အမ်းအမ်းနှင့် ဘာလုပ်ရမှန်းမသိသလိုလူအုပ်ထဲငိုင်ငိုင်လေးရပ်နေသည်။
ယင်ဟန်က သူ့ပခုံးကိုပုတ်ကာ:
“ယွီရန်လေး၊ မင်းအကြာကြီးစိတ်တင်းထားရတာ၊ စိတ်ပြေလက်ပျောက်နေသင့်တယ်။”
ယင်ဟန်က ယွီရန်လေးဆိုသည့်နာမည်ကိုမိန်းကလေးများထံမှသင်ယူကာ သူတို့ခေါ်သလိုလိုက်ခေါ်လိုက်သည်။ ယွီရန်သည်အသက်အရအလွန်ငယ်သေးသည့်အပြင် ကိုယ်လုံးကိုယ်ပေါက်သေးပြီး အရပ်ကယင်ဟန်မေးစေ့လောက်သာရှိသည်။ ထို့ကြောင့် သူ့ကိုယွီရန်လေးဟုခေါ်တာက အတော်သင့်တော်သည်ဟုဆိုရမည်။
တစ်ဖက်မှာတော့ ယွီရန်ကလူလိမ္မာလေးဖြစ်ကာ တစ်ခါမှဘားမသွားဖူးပေ။ ထို့ကြောင့် သူက ယခုလိုအလွန်အကျွံစီးမျောပျော်ပါးကာ အထိန်းအကွပ်မဲ့နေသည့်မြင်ကွင်းကိုမြင်တော့ လက်ကိုပင်ဘယ်ထားလို့ထားရမှန်းမသိအောင် မနေတတ်မထိုင်တတ်ဖြစ်နေသည်။ သူက ယိမ်းနွဲ့လှုပ်ရှားနေသောလူအုပ်ကြီးကြား တောင့်တောင့်ကြီးရပ်နေသည်။
ယင်ဟန်ကပြုံးပြီး ကင်မရာအနေအထားကိုတစ်ချက်လှမ်းကြည့်လိုက်၏။ ထို့နောက်ကင်မရာဘက်ကျောပေး၍ နောက်လှည့်ကာ ယွီရန်ရှေ့ရပ်ပြီး မပြောမဆိုနှင့် ယွီရန့်မျက်နှာကိုတိတ်တဆိတ်ဖျစ်ညှစ်လိုက်သည်။
ယင်ဟန်၏ဘာလိုလိုမျက်ဝန်းများက ယွီရန်ကိုခေါင်းကြိမ်းသွားစေသည်။ သူကထိုနေရာတွင်အကြာကြီးမနေဝံ့ေတာ့ဘဲ စားပွဲသို့အမြန်ပြန်သွားသည်။
“မင်းဘာလို့ပြန်လာတာလဲ။”
ဝမ်ကယ်ကနားမလည်သလိုမေးလိုက်သည်။
ယွီရန်ကခေါင်းခါပြကာ ရှက်ကိုးရှက်ကန်းနှင့်ပြောသည်။
“ဘာမှမဖြစ်ပါဘူး။ ကျွန်တော်ဘယ်လိုကရမှန်းမသိလို့၊ အဲ့ဒီမှာနေနေရင်အခြားသူတွေအနှောင့်အယှက်ဖြစ်ေနမှာ။ ဒီမှာအစ်ကိုတို့နဲ့အတူတူထိုင်ပြီးသူတို့ကတာပဲကြည့်တော့မယ်။”
ဝမ်ကယ်ကခုနကမြင်ကွင်းကိုမမြင်လိုက်တာကြောင့် ဘာမူမမှန်တာမျိုးမှသတိမထားမိပေ။ သူကရေတစ်ခွက်ငှဲ့ကာ ယွီရန်ကိုကမ်းပေးသည်။
“ရေသောက်လိုက်၊ ဒီကော့တေးကအရမ်းပြင်းတယ်။ မင်းကငယ်သေးတော့ လျှော့သောက်ဦး။”
“ဟုတ်ကဲ့။”
ယွီရန်လည်းအနည်းငယ်မူးနေတာကြောင့် လိမ်လိမ်မာမာဖြင့် ရေတစ်ငုံသောက်လိုက်၏။ ထို့နောက် သူကအပေါ်မော့မကြည့်ဝံ့ဘဲစားပွဲခုံကိုသာငေးနေသည်။
စွန်းရှောင်ဖေးကတော့အလွန်ရယ်စရာကောင်းသည်။ သူ(မ)ကခေါင်းတွင်တွင်ခါးယမ်းကာကနေပြီး ဘားများကလပ်များသို့မကြာခဏသွားလေ့ရှိမှန်းသိသာသည်။
“ဟေး။”
သူ(မ)က လက်ဝှေ့ယမ်းကာ ဝမ်ကယ်နှင့်အခြားသူများကိုအော်ခေါ်သည်။
“ဆရာကုန်း၊ ဆရာဝမ်၊ ဆရာတို့လည်းလာလေ။”
ကုန်းကျယ်က ဝမ်ကယ့်ကိုတစ်ချက်လှမ်းကြည့်ကာမေးလိုက်သည်။
“သွားကြမလား။”
သီချင်းသံကအတော်ကျယ်တာကြောင့် ကုန်းကျယ်က ဝမ်ကယ့်နားရွက်နားကပ်ကာမေးလိုက်သည်။ သို့သော်ဝမ်ကယ်တစ်ေယာက်အာရုံပျံ့နေတာကြောင့် ကုန်းကျယ်ပြောသည်ကိုသေချာမကြားလိုက်ပေ။ သို့နှင့် သူကရှေ့နည်းနည်းတိုးကာ:
“မင်းဘာပြောလိုက်တာလဲ။”
ဝမ်ကယ့်နားရွက်သေးသေးလေးက ကုန်းကျယ်ပါးစပ်နားကပ်လာပြီး နားရွက်အောက်ဖျားမှနားသီးလေးက လုံးလုံးဝိုင်းဝိုင်းနှင့် ချစ်စရာကောင်းနေသည်။ ကုန်းကျယ်တံတွေးမျိုချလိုက်၏။ သူ ရုတ်တရက် ကိုယ်ကိုဘေးစောင်းကာ ဝမ်ကယ့်အနားတိုး၍ နားသီးေလးကိုကိုက်လိုက်သည်။
“အင့်။”
ကုန်းကျယ်အဲ့လောက်အတင့်ရဲလိမ့်မည်ဟု ဝမ်ကယ်မထင်ထားတာကြောင့် သူရုတ်တရက်လွှတ်ခနဲအော်မိကာ အလန့်တကြားနှင့်မျက်နှာဖြူဖျော့သွားသည်။
ကုန်းကျယ်အမူအရာကတော့ ပုံမှန်အတိုင်းပင်။ သူကကင်မရာထဲမပါအောင် ရှုထောင့်ကိုသေချာတွက်ချက်ထားသည်။ သို့သော်ဝမ်ကယ်ဆီမှတုံ့ပြန်မှုက ဤမျှကြီးမားမည်ဟု သူမထင်ခဲ့ပေ။ ခုနကသူ၏အမူအရာက အခြားသူများအမြင်တွင် အတော်လေးထူးဆန်းနေသည်။
“ဘာဖြစ်တာလဲ။ အနားအရမ်းကပ်လာလို့ လန့်သွားတာလား။”
ကုန်းကျယ်ကမေးပြီး ညာဘက်လက်ကစားပွဲခင်းအောက်ကနေ ဝမ်ကယ်လက်ဖဝါးကိုဖျစ်ညှစ်လိုက်သည်။
“မဟုတ်ပါဘူး။ ငါလည်ပင်းယားသွားလို့။”
ဝမ်ကယ်က ကုန်းကျယ်လက်ကိုတင်းကျပ်စွာပြန်လည်ဆုပ်ကိုင်ရင်း တဖြည်းဖြည်းတည်ငြိမ်လာသည်။ သူက ခုနကတုံ့ပြန်မှုလွန်ကဲသွားသည်ကိုကာဖို့ အကြောင်းပြချက်တစ်ခုပေးလိုက်သည်။
ဤသို့ဖြင့် မတော်တဆကိစ္စကို သူတို့အန္တရာယ်ကင်းကင်းကျော်ဖြတ်နိုင်သွားသည်။ တခြားသူများက ခုန်ပေါက်ကခုန်ပြီး အမောတကောဖြင့် ထိုင်ခုံနေရာသို့ပြန်ရောက်လာသည်။
“မကတော့ဘူးလား။”
ကုန်းကျယ်ကမေးလိုက်သည်။
“ခြေထောက်နာလို့ မခုန်နိုင်တော့ဘူး။”
သူတို့ကထိုသို့ပြောကြသော်လည်း လူတိုင်း၏မျက်နှာ၌ စိတ်လှုပ်ရှားမှုများပေါ်လွင်ကာ ကျေနပ်အားရနေသည်။
“အချိန်လည်းမစောတော့ဘူး။ အရင်ပြန်ကြရအောင်၊ ပျော်လို့အားမရသေးရင် မနက်ဖြန်ကျမှပြန်လာတာပေါ့။”
တစ်နေ့လုံးအပြင်လျှောက်သွားပြီးနောက် လူတိုင်းပင်ပန်းသွားသည်။ ခုနကပျော်ပါးနေကြတုန်းကသတိမထားမိသော်လည်း ယခုတော့ပင်ပန်းသလိုခံစားလာရသည်။ သူတို့ချက်ချင်းအိမ်ပြန်၍ ရေနွေးပူပူဖြင့်သက်တောင့်သက်သာရေချိုးချင်လာသည်။
ည(၁၁)နာရီထိုးခါနီးတော့ အိမ်ပြန်ရောက်လာသည်။ တစ်နေ့လုံးအပြင်မှာလမ်းလျှောက်ခဲ့တာကြောင့် သူတို့တစ်ကိုယ်လုံးချွေးစော်နံနေသည်။ လူတိုင်းကနှုတ်ဆက်၍ကိုယ့်အခန်းကိုယ်အသီးသီးပြန်သွားသည်။
ဝမ်ကယ်နှင့်ကုန်းကျယ်လည်း တတိယထပ်အခန်းသို့ပြန်လာသည်။ သူတို့ကရေချိုးဖို့အလျင်မလိုဘဲ လေသာဆောင်ဘက်ထွက်ကာ ခဏလေညင်းခံလိုက်သည်။ လေသာဆောင်တွင်ကင်မရာမတပ်ထားတာကြောင့် ကင်မရာမန်းကကင်မရာသယ်ပြီး သူတို့ကိုအဝေးမှရိုက်ကူးနေသည်။
ဝမ်ကယ်ကလေသာဆောင်လက်ရန်းကိုမှီကာ အဝေးရှိကြယ်တာရာများကိုတိတ်ဆိတ်စွာကြည့်နေသည်။ လေပြည်လေညင်းက သူ့ကိုညင်သာစွာကျီစယ်တိုက်ခတ်သွားသည်။ သူလက်ဆန့်၍ ဖမ်းဆုပ်ဖို့ကြိုးစားသည့်အခါ ညလေအေးကသူ့လက်ချောင်းထိပ်များကြားမှပွတ်ကာသီကာဖြတ်သန်းသွားသည်။ သူ ရုတ်တရက်ပြောလိုက်သည်။
“အရက်ထပ်သောက်ရအောင်။”
ကုန်းကျယ်ကအဲ့ဒါကိုကြားတော့ ခရီးစဉ်လမ်းကြောင်းများစီစဉ်နေရာမှ ဘောပင်ချကာဘာမှမပြောဘဲအခန်းထဲပြန်ဝင်သွားသည်။ ငါးမိနစ်ကြာတော့ ဘီယာဗူးအနည်းငယ်နှင့်ပြန်ရောက်လာပြီး ဝမ်ကယ့်ဘေးရပ်ကာ ဘီယာဗူးကိုလက်ရန်းပေါ်တင်လိုက်သည်။
“အိပ်ရတော့မှာ၊ လျှော့သောက်ဦး။ ဒီနေ့သောက်တာများနေပြီ။ မူးသွားရင်မနက်ဖြန်ခေါင်းကိုက်နေမယ်။”
ဝမ်ကယ်ဘီယာဗူးယူပြီးဖောက်လိုက်တာမြင်တော့ ကုန်းကျယ်သတိပေးလိုက်သည်။
ဝမ်ကယ်လည်း ပြုံးပြီးခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်ဖွင့်ပြီးသားဘီယာဗူးကို ကုန်းကျယ်ထံကမ်းပေးပြီး သူ့ဟာသူနောက်တစ်ဗူးဖွင့်လိုက်သည်။ ဝမ်ကယ်က ဘီယာဗူးကိုင်ကာ လက်ကိုလှုပ်ပြသည်။ ကုန်းကျယ်ကလည်း သူနှင့်ခွက်ချင်းတိုက်ဖို့မှန်း အလိုလိုသဘောပေါက်လိုက်သည်။
“ဒီမှာတကယ်လှတယ်နော်။”
ဝမ်ကယ်ကဘီယာသောက်ပြီး လက်ရန်းပေါ်ထိုင်ကာခြေထောက်များလှုပ်ယမ်းလျက် ကျူးဘားညအလှကိုကြည့်ရင်းပြောလိုက်သည်။
ကုန်းကျယ်က ဝမ်ကယ့်ဘေးတွင်ရပ်ကာလက်ရန်းပေါ်လက်တင်၍ ဝမ်ကယ်ပြုတ်မကျအောင်တစ်ချိန်လုံးစောင့်ကြည့်နေသည်။
“ဒီနေရာကိုကြိုက်လား။”
ဝမ်ကယ်ကခေါင်းညိတ်ပြလိုက်သည်။
“ဒါပြီးရင် ထပ်လာလည်ပေါ့။”
ကုန်းကျယ်ကပြောပြီးမေးလိုက်သည်။
“ဒီနေရာအပြင်တခြားဘယ်သွားချင်သေးလဲ။”
ဝမ်ကယ်ကခပ်ဖွဖွပြုံးကာ:
“အများကြီးပဲ။ ငါတစ်ကမ္ဘာလုံးကိုသွားချင်တယ်။”
“ကိစ္စမရှိဘူး။ တစ်နေ့ကျတစ်ကမ္ဘာလုံးအနှံ့ခရီးသွားနိုင်မှာပါ။”
“တကယ်လား။”
ဝမ်ကယ် သူ့ကိုလှမ်းကြည့်လိုက်သည်။ ကင်မရာကသူတို့နှင့်အနည်းငယ်ဝေးတာကြောင့် ယခုချိန်ဝမ်ကယ့်မျက်ဝန်းထဲမှ နူးညံ့နွေးထွေးမှုအကြင်နာလှိုင်းတံပိုးများကိုတော့ မရိုက်ကူးလိုက်နိုင်ပေ။
ကုန်းကျယ်ကလည်း သူ့ကိုလေးလေးနက်နက်ကြည့်ကာ:
“ဒါပေါ့၊ အနာဂတ်ကအရှည်ကြီးပဲ။ ဖြစ်ချင်တဲ့ဆန္ဒမှန်သမျှပြည့်ဝလာမှာ၊ ကမ္ဘာအနှံ့ခရီးသွားတာရောပေါ့။”
“မင်းကကမ္ဘာအနှံ့ခရီးသွားမှာ၊ ဘယ်သူနဲ့လဲ။”
ဝမ်ကယ်ကမေးလိုက်သည်။
ကုန်းကျယ်ကနောက်ထပ်ဘီယာတစ်ဗူးထပ်ဖွင့်ကာပြောလိုက်သည်။
“သေချာပေါက်ချစ်သူနဲ့ပေါ့၊ ပြောစရာလိုသေးလို့လား။”
ဒါကအများရှေ့တွင်သာမန်စကားဝိုင်းလေးတစ်ခုသာဖြစ်သော်လည်း ဝမ်ကယ်ကတော့ ကုန်းကျယ်ဆီက ဒေါသသံနည်းနည်းကိုခံစားမိပြီးရယ်မောလိုက်၏။
သူတို့စကားဝိုင်းက ခရီးသွားခြင်းအကြောင်းမှ တခြားနေရာများသို့ရောက်သွားသည်။ ယူလာသည့်ဘီယာများကုန်တော့ သူတို့နှစ်ယောက်အထဲပြန်ဝင်လာသည်။ ထိုအခါကင်မရာမန်းအစ်ကိုကြီးလည်း ယနေ့အတွက်အလုပ်သိမ်းလိုက်သည်။
ကုန်းကျယ်လည်း ယနေ့ညအတွက်ရိုက်ကူးရေးပြီးသွားပြီဟုတွေးကာ သက်တောင့်သက်သာဖြင့် ကင်မရာများကိုတဘက်ဖြင့်အုပ်လိုက်သည်။
“ဆရာဝမ်ရေချိုးတော့မှာ၊ မသင့်တော်တာတွေမကြည့်ကြနဲ့။”
စောင့်ကြည့်ခန်းတွင်ထိုင်နေသောဒါရိုက်တာ ခမျာ သွေးအန်လုနီးပါးဖြစ်သွားသည်။ အမြဲတမ်းဒီလိုချည်းပဲ! အခေါက်တိုင်းပဲ! မင်းတို့ရေချိုးကြရင် အပေါ်ပိုင်းပေါ်မှာမို့ကြည့်ရမှာမဟုတ်ဘူးလား။ ပရိသတ်တွေက မင်းတို့ရဲ့အဝတ်ဗလာနဲ့ပုံ၊ အိပ်နေတဲ့ပုံတွေကိုကြည့်ချင်တာလေ။ ဘာလို့ကင်မရာကိုအုပ်ရတာလဲ။ ပရိုဂရမ်အဖွဲ့ကဘာသွားရိုက်ရတော့မှာလဲ။
သို့သော် ဒါရိုက်တာမည်သို့ပင်မကျေမနပ်ပြောစေကာမူ၊ အိပ်ရာမဝင်ခင်မြင်ကွင်းက ပထမဆုံးနေ့မှ ရိုက်ကူးရေးနောက်ဆုံးနေ့အထိ ဒီအတိုင်းတစ်ပုံစံတည်းသာဖြစ်လေသည်။
ကင်မရာအုပ်ပြီးသွားတာသေချာမှ ဝမ်ကယ်ရှပ်အင်္ကျီချွတ်ကာ ရေချိုးခန်းထဲဝင်၍ ရေချိုးဖို့လုပ်လိုက်သည်။ သို့သော်ရေချိုးခန်းထဲမရောက်ခင် ကုန်းကျယ်ကဝမ်ကယ့်ကျောတွင်ကော်လိုကပ်ပြီး အနောက်မှလိုက်ဝင်လာသည်။
“ငါရေချိုးမလို့၊ မင်းမြန်မြန်အပြင်ထွက်။”
ဝမ်ကယ်အသံနှိမ့်ကာ သူ့ကိုမောင်းထုတ်လိုက်သည်။
ကုန်းကျယ်ကခေါင်းခါပြပြီး ရေချိုးခန်းတံခါးပိတ်ကာ အဝတ်အစားများချွတ်လိုက်၏။
“နောက်ကျနေပြီ၊ စောစောအိပ်ရာဝင်ရအောင်၊ မြန်မြန်ရေချိုးပြီး စောစောအိပ်ကြမယ်။”
သူကပြောပြီးသည်နှင့် ရေချိုးကန်ထဲထိုင်ပြီးသားဖြစ်နေပြီး ဝမ်ကယ်ကိုလည်းအမြန်ဝင်ထိုင်ဖို့လက်ဟန်ပြလိုက်၏။
ရေချိုးကန်ကလူနှစ်ယောက်ဆန့်လောက်အောင်အတော်လေးကြီးသည်။ ဝမ်ကယ်လည်းကုန်းကျယ်အပြောကအဓိပ္ပါယ်ရှိတာကြောင့် ဘာမှထပ်မပြောဘဲဘောင်းဘီချွတ်ကာ အထဲဝင်လိုက်သည်။ သူခြေတစ်ချောင်းချလိုက်သည်နှင့် ကုန်းကျယ်လက်ကသူ့ခြေထောက်ကိုလာထိသည်။
“မိန်းမ၊ ငါမင်းကိုလွမ်းတယ်။”
ကုန်းကျယ်၏အပြုံးက ရှားရှားပါးပါးချစ်စရာကောင်းနေသည်။ သို့သော်ဝမ်ကယ်ကတော့ကောင်းကင်ကိုမော့ကြည့်ကာ သက်ပြင်းချလိုက်သည်။
“ကုန်းကျွမ်းကျွမ်း၊ ငါမင်းကိုအရမ်းယုံမိသွားပြီ။”
ဝမ်ကယ်က ကုန်းကျယ်သူ့အားရေချိုးကန်အစွန်းမှာဖိထားတော့ ခုခံနေတာကိုရပ်လိုက်သည်။
ကုန်းကျယ်က သူ့ကို ခေါင်းငုံ့နမ်းရှိုက်လာသည်။
“မိန်းမ၊ မင်း မလုပ်ရတာကြာလို့ ဒီအကြောင်းတွေးနေမှန်းငါသိပါတယ်။ အကြာကြီးအောင့်ထားလို့မကောင်းဘူး။ ပြီးတော့ယောကျာ်းရဲ့လိင်မှုဘဝလေးကလည်းသာသာယာယာရှိသင့်တယ်ေလ။”
အပြင်ဘက်တွင်ကင်မရာများကိုအုပ်ထားသော်လည်း အသံကတော့ကြားနေရဆဲ၊ အသံဖမ်းနေဆဲဖြစ်သည်။ သို့နှင့် သူတို့နှစ်ဦးစကားကျယ်ကျယ်မပြောဝံ့ကြပေ။ ဝမ်ကယ့်ခမျာ အသံထွက်သွားမည်စိုးသဖြင့် ပါးစပ်ကိုလက်ဖြင့်ခပ်တင်းတင်းအုပ်ထားရလေသည်။
*****
Aurora Novel Translation Team